Wednesday 18 July 2012

လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူနှင့် တကယ်ထိတွေ့နိုင်ရဲ့လား


ရန်ကုန် (မဇ္ဈိမ)။   ။ တနှစ်ကျော် ကာလထဲကို ရောက်လာပြီဖြစ်သည့် အစိုးရသစ်လက်ထက် လွှတ်တော်များ
တွင် ၀င်ရောက်ဆွေးနွေးနေကြသည့် လွှတ်တော်အမတ်များသည် ပြည်သူများနှင့် အမှန်တကယ်အချိန်ပေး ထိတွေ့နိုင်ရဲ့လားဆိုသည်ကို လေ့လာသုံးသပ်သူများက မေးခွန်းများ ထုတ်လာကြသည်။



ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း တပ်မတော်ကိုယ်စားလှယ် အပါအ၀င် လွှတ်တော်

ကိုယ်စားလှယ်ပေါင်း ၆၆၀ ကျော်ရှိသည့်အနက် ၎င်းတို့သည် သက်ဆိုင်ရာ မိမိတို့မဲဆန္ဒရှင်များနှင့် အချိန်ေ
ပး စကားပြောဆိုခဲ့မှုများ နည်းပါးနေကြောင်း ရန်ကုန်မြို့ခံအချို့က ဆိုသည်။

နေပြည်တော်တွင် စတုတ္ထကြိမ်မြောက် ကျင်းပလျက်ရှိသည့် လွှတ်တော် အစည်းအဝေးများတွင် ကိုယ်စား

လှယ်များ ဆွေးနွေးပြောဆိုနေမှုများမှာ ပြည်သူလူထုအားလုံးကို ကိုယ်စားပြုပြီး တင်ပြသည့်အဆိုများ
လော၊ မိမိတို့နှင့် နီးစပ်ရာများမှ ထွက်ပေါ်လာသည့် ကိစ္စရပ်များလော ဆိုသည်ကို ပြည်သူများက မေးမြန်း
ပြောဆိုမှုများလည်း ရှိလာသည်။

“တချို့ကိုယ်စားလှယ်တွေက ဘယ်လောက် လူသိများလဲဆိုရင် အဲဒီမြို့နယ်မှာ နေတဲ့သူက ကိုယ့်လွှတ်တော်
အမတ် ဘယ်သူမှန်းတောင် မသိဘူး။ အမှန်က လွှတ်တော်အမတ်တွေက ကိုယ့်မဲဆန္ဒရှင်တွေကို လွှတ်တော်နဲ့

 ပတ်သတ်တာတွေ အမြဲရှင်းလင်းပြောပြနေရမယ်။ သူတို့လိုအပ်ချက်တွေကို မေးမြန်းနေဖို့ လိုတယ်။ ဒါပေမယ့် 
မမြင်ရပါဘူးဗျာ” ဟု မရမ်းကုန်းမြို့နေ အငြိမ်းစား ၀န်ထမ်းတဦးဖြစ်သူ ဦးတင်မြင့်က ဆိုသည်။

ယခင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်က လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော် အား

လပ်ချိန်တွင် အတွေ့အကြုံများကို မိမိတို့မဲဆန္ဒရှင်များအား ပြန်လည် ရှင်းပြကြလေ့ရှိကြောင်းလည်း ၎င်းက 
ဆက်ပြောသည်။

“လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူနဲ့ အစိုးရအကြားကို ပေါင်းကူးပေးတာ။ ပြည်သူထဲ မဆင်းဘဲ 

လွှတ်တော်မှာ ဘာတွေအဆိုတင်သွင်းမှာလဲဆိုတာ မေးခွန်းထုတ်ရမယ်” ဟု မဇ္ဈိမကို ပြောသည်။

မြို့ပြကြီး အချို့ရှိ မဲဆန္ဒရှင်အချို့သာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ထိတွေ့ပြောဆိုရန် စိတ်ပါဝင်စားကြ
ကြောင်းလည်း နိုင်ငံရေးလေ့လာသူ ရန်ကုန်မြို့ခံအချို့က ပြောသည်။

“တချို့မြို့နယ်တွေမှာဆို ကိုယ့်သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကို ကြုံနေရတဲ့ အခက်အခဲလေး
တွေ ဖြေရှင်းပေးနိုင်ဖို့ အကူအညီ သွားတောင်းကြည့်တယ်။ မအားဘူးပြောတာ ရှိတယ်။ မသိချင်ယောင်
ဆောင်နေတာတွေတောင် ရှိတယ်။ တချို့ မဲဆန္ဒရှင်တွေဆိုရင် ကိုယ်မဲပေးခဲ့တဲ့သူတွေရဲ့ ဆက်သွယ်ရမယ့်

 ဖုန်းနံပါတ်တွေတောင် စုထားပြီးတော့ အခက်အခဲတွေ့ရင် ဖြေရှင်းပေးဖို့ လာပြောတာတွေလည်း ရှိတယ်”
 ဟု ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ်တဦးက ဆိုသည်။

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်မှာမူ ၎င်း၏ မြို့နယ်
အတွင်းမှ မဲဆန္ဒရှင်များ၏ နစ်နာမှုများကို လိုက်လံ ဆောင်ရွက်ပေးနေသည်များကို မီဒီယာများမှ တဆင့်
သော်လည်းကောင်း၊ ထိုမြို့နယ်သူမြို့နယ်သားအချင်းချင်း ပြောဆိုမှုများကြောင့်သော်လည်းကောင်း၊ လာေ

ရာက်တိုင်ကြားထားသော စာများ တနှစ်ကျော်အတွင်း များစွာရရှိထားသည် ဟုလည်း ဦးသိန်းညွှန့်၏
 အမျိုးသားဒီမိုကရေစီပါတီသစ် မှ ဦးကျော် က ဆိုသည်။

“ဒီသင်္ဃန်းကျွန်းကတောင် မဟုတ်ဘဲ တခြားမြို့နယ်ကပါ လာရောက်အကူအညီပေးဖို့ ပြောတဲ့အတွက် 

သူတို့မြို့နယ်က သက်ဆိုင်ရာ ကိုယ်စားလှယ်တွေဆီ သွားဖို့လည်း ပြောရတယ်” ဟု မဇ္ဈိမကို ပြောသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း လတ်တလောတွင် မြေယာကိစ္စရပ်
များနှင့် ပတ်သတ်ပြီး အကူအညီများပေးရန် လာရောက်တိုင်ကြားပြောဆိုမှုများ ရှိသည့်အတွက် ထိုကိစ္စရပ်များ
ကို အလေးပေး ကူညီပေးနေသည်ဟုဆိုသည်။

“အုပ်ချုပ်ရေးပိုင်းတွေမှာ အားနည်းချက်တွေ ရှိနေသေးတယ်။ လယ်မြေ အသိမ်းခံရတာတွေကအစ

အခက်အခဲမျိုးစုံ တွေ့တဲ့သူတွေက လာရောက်ကူညီပေးဖို့ ပြောတာတွေ အများကြီးလက်ခံရပါတယ်” ဟု
 ဦးခင်မောင်ဆွေ က ပြောသည်။

ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်အနက် ကြံ့ခိုင်ရေးပါတီမှ အရေအတွက်

 အများဆုံးဖြစ်လေရာ ထိုလွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ရွေးကောက်ပွဲကာလတွင်သာ အမျာြး
ပည်သူများအတွင်းသို့ အမှန်တကယ် ရောက်ရှိခဲ့ပြီး ဆက်လက်ထိတွေ့ အဆိုတင်သွင်းမှုများ လုပ်ဆောင်
နိုင်ဖို့ လိုအပ်နေပြီဖြစ်ေ
ကြာင်း မြန်မာ့နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

http://myanmartharkaung.blogspot.com/2012/07/blog-post_6464.html

အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီးသခင်မြ မိသားစုဝင်များနှင့် တွေ့ဆုံခြင်း

၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ရက်တွင် ကျရောက်မည့် ၆၅ နှစ်မြောက် အာဇာနည်နေ့မတိုင်မီ ယနေ့ဇူလိုင် ၁၈ရက်နေ့တွင်အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျန်ရစ်သူမိသားစုဝင်အချို့ နှင့် ပေါ်ပြူလာနယူးစ်အဖွဲ့သားများတွေ့ဆုံမေးမြန်းခဲ့ပြီး မိသားစုဝင်များ၏ အမှတ်တရခံစားမှုများနှင့် အာဇာနည်နေ့အတွက် ပြင်ဆင်နေမှုများကို ဖေါ်ပြလိုက်ပါသည်။

အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး ဘဏ္ဌာရေးနှင့်အခွန်တော်ဌာန၀န်ကြီးသခင်မြ (၁၈၉၇- ၁၉၄၇)၏ နေအိမ်တွင် ကျန်ရစ်သူမိသားစုဝင်များဖြစ်သောကိတ္တိမသားဖြစ်သူ ဦးရဲမြင့်အောင် နှင့် မိသားစုများအားတွေ့ဆုံမေးမြန်းခဲ့သည်။

မေး။ ။ အချိန်ကာလအားဖြင့်တော့ ၆၅ နှစ်ရှိခဲ့ပါပြီ။ အခု ကျန်ရစ်တဲ့မိသားစုတွေအနေနဲ့ ဒီနေ့ရောက်တိုင်းဖြစ်ရတဲ့ ခံစားမှုကို သိချင်ပါတယ်။
UYMA။ ။ ဒီနေ့ရောက်တိုင်းမိသားစုဝင် တွေအနေနဲ့ ၀မ်းနည်းစိတ်နဲ့မမေ့နိုင်သေးပါဘူး။ နှစ်တိုင်းအိမ်မှာ ဆွမ်းကျွေးပါတယ်။အာဇာနည်ကုန်းမှာ လုပ်လုပ်မလုပ်လုပ် ဒါတော့ နှစ်တိုင်းလုပ်ဖြစ်ပါတယ်။ ဖိတ်စာတွေဘာတွေနဲ့လည်းမဖိတ်ပါဘူး။ဒါပေမယ့်သိတဲ့သူတွေက ဒီလိုနေ့မှာ လာကြပါတယ်။ကျွန်တော်တို့ကတော့ ကန့်သတ်မထားပါဘူး။ အယုတ်အလတ်အမြတ်မရွေးလှူပါတယ်။လာချင်တဲ့သူလာပါပဲ။ သခင်မြအိမ်လို့သိကြတဲ့သူတွေဆိုလည်း အလှူလာကြတယ်။

မေး။ ။ အရင်တုန်းက အာဇာနည်နေ့ဆို အထိမ်းအမှတ်အနေနဲ့ ကားတွေ၊ သဘောင်္တွေ၊ ရထားတွေကဥသြဆွဲပြီးရောက်တဲ့နေရာမှာ ရပ်အလေးပြုရတယ်။အခုဒီအလေ့အထလည်း ပျောက်ကွယ်သွားတာကြာပြီဆိုတော့ ဒါကိုဘယ်လိုမြင်ပါသလဲ။
UMYA။ ။ ပြန်ဖြစ်စေချင်တယ်။ နိုင်ငံတော်က လုပ်ပေးတာမလုပ်ပေးတာ သူ့အပိုင်းပဲ။ အခုခေတ်ကလေးတွေက အာဇာနည်နေ့ဆိုတာကို မသိကြတော့ဘူး။ အဆိုတော်အာဇာနည်မွေးနေ့လား ဆိုပြီးဖြစ်နေကြတာ တော်တော် ၀မ်းနည်းဖို့ကောင်းပါတယ်။

။မေး။ ။ အာဇာနည်နေ့တွေမှာ အရင်က အမှတ်တရကြုံခဲ့ရတာမျိုးရောရှီပါသလား။
UMYA။ ။ ဗိုလ်ချုပ်ကြီးနေ၀င်းခေတ်အထိပေါ့။ ဗိမာန်ကို ဂါရ၀ပြုသွားတဲ့အခါ အဲဒီမှာ အာဇာနည်ကြီးတွေရဲ့ အထုပ္ပတ္တိစာအုပ်တွေပေးတယ်။ပြီးတော့ ဗိုလ်ချုပ်ကြီးနေ၀င်း က မိသားစုတစ်ဦးချင်းစီကို လက်ဆွဲနှုတ်ဆတ်တယ်။ ဒီလို အလေးထားပြီး ဂရုစိုက်ပေးတော့ ၀မ်းသာရပါတယ်။အခုတော့ မင်္ဂလာဗျူဟာမှာပဲ နေရတယ်။တစ်နှစ်မှာတစ်ခါပဲ အာဇာနည်မိသားစုတွေချင်း တွေ့ကြ၊ နှုတ်ဆတ်စကားပြောကြပေါ့။ အကြီးအကဲတွေပန်းခွေချပြီးမှသာ ကျွန်တော်တို့ဝင်ရတယ်။ ဒါတောင် ကားတစ်စီးချင်း မိသားစုတစ်စုချင်းစီပဲဝင်ရတာပါ။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော အဲဒီမှာ ဆုံဖူပါသလား။
UYMA။ ။ အာဇာနည်ဗိမာန်မှာ ဒေါ်စုနဲ့တစ်ခါမှ မဆုံဖူးဘူး။ တီဗီမှာ ပြန်ကြည့်မှသာ ဒေါ်စုတက်ရောက်သွားတာကို သိရတာပါ။ အပြင်က မင်္ဂလာဆောင်တို့ ဘာတို့မှာပဲ တစ်ခါတစ်ရံတွေ့ရတော့မှ သခင်မြမိသားစုကပါဆိုပြီး သွားနှုတ်ဆတ်ရတယ်။

မေး။ ။ ဂါရ၀ပြုကန်တော့တဲ့အခါ ခံစားမှုနဲ့ ဘာကိုတိုင်တည်ဆုတောင်းမိပါသလဲ။
UYMA။ ။ မိသားစုဆိုတော့ ၀မ်းနည်းရတယ်။ အသစ်လိုမျိုး ဖြစ်တယ်။ ဆုတောင်းမယ်ဆိုရင် ကောင်းရာဘုံဘ၀ကိုရောက်ပါစေလို့ဆုတောင်းဖြစ်တယ်။ ဘ၀ဆက်တိုင်းဒီလိုအဖြစ်မျိုးမကြုံရပါစေနဲ့ပေါ့။ အဲဒီနေ့မှာ မိုးရွာရွာနေပူပူ သွားဖြစ်တယ်။ ဗုဒ္ဓဘာသာဆိုတော့ရှိခိုးတယ်။

မေး။ ။ အမှတ်တရပြောချင်တာဘာများရှိပါသလဲ။
UYMA။ ။ ဒီလိုနေ့မျိုးကို ကျင်းပပေးတာ အများကြီးဝမ်းသာပါတယ်။ ၆၅ နှစ်မှာ ဒီထက်ပိုပြီး လုပ်ပေးရင်ကောင်းမယ်။ ဒီထက်ပိုလုပ်ပေးမယ်ဆိုတဲ့ မျှော်လင့်ချက်တော့ရှီတယ်။ သားသမီးတွေကိုလည်း ခေါင်းထဲရိုက်သွင်းထားတယ်။ အာဇာနည်နေ့မှာ ဘယ်သူဝတ်ဝတ်မ၀တ်ဝတ်အကျီင်္အဖြူ လုံခြည်အမည်း ၀တ်ခိုင်းတယ်။ မိသားစုအတွက် အရမ်းဝမ်းနည်းရတဲ့နေ့ပါပဲ။

အင်းလုပ်ပိုင်ခွင့် KNU မှ ပိတ်လိုက် သဖြင့် လေလံသမားများ နစ်နာ


innပဲခူးတိုင်း ရွှေကျင်မြို့နယ်ရှိ အစိုးရထံ လေလံ ဆွဲထားသော အင်းသူကြီး များအား ဤနှစ် အတွက် အင်းလုပ်ပိုင်ခွင့်ကို KNU က ပိတ်ပင်လိုက် သဖြင့် ကျပ်သိန်းပေါင်း နှစ်ထောင်ခန့် နစ်နာ ခဲ့ရသည်ဟု နစ်နာ ဆုံးရှုံး ခဲ့ရသည့် အင်းသူကြီး တစ်ဦးမှ ပြောပါသည်။
“ လုပ်ရဲရင် လုပ်ကြည့်တဲ့ ကျည်ဆံ တထောင့်မှ (၃၅)ကျပ်ဘဲ၊ အင်းစောင့် လုပ်ပစ်မယ်။ မင်းတို့ ဘယ်လိုပဲ လေလံတွေ ကောက်ထား ပါစေ ဒီနှစ် ၀င်မလုပ်ရဘူး၊ ဒါဟာ အများပိုင် ဘုံမြေ အဖြစ် သတ်မှတ်မယ်တဲ့ စသဖြင့် ပေါ့လေ ဒီရွှေကျင်မြို့နယ်၊ ဟင်္သာဝဲ ကျေးရွာနဲ့ ကျွန်းကြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ စောဝီလျံတို့က အဓိက ခြိမ်းခြောက် နေတာပါ၊ စောဝီလီယံ ကတော့ ဒီနယ်မှာ ရှိတဲ့KNU တပ်ရင်း(၉)မှူးရဲ့ သားပါဘဲ။ ခြိမ်းခြောက် ခံနေရ တာပေါ့” အခြိမ်းအခြောက် ခံရသည့် အင်းသူကြီး တစ်ဦးမှ ပြောပါသည်။
ရွှေကျင် မြို့နယ်တွင် အင်းပေါင်း (၄၅)ခန့် ရှိပါသည်။ အင်းတအင်းလျှင် အနည်းဆုံး ကျပ်သိန်း(၂၀)မှ သိန်း(၅၀) အတွင်း ပြည်နယ် အစိုးရ၌ လေလံ ဆွဲထား ရပါသည်။ အလားတူ KNU ကိုလည်း နှစ်စဉ် (၅) သိန်းနှင့် (၁၀)သိန်းကြား အခွန်များ ပေးဆောင် ရပါသည်။ ဤနှစ်တွင် အပစ်အခတ် ရပ်စဲချိန် ဖြစ်သည့်အတွက်  KNU ဖက်က အင်းကြေး မယူဘဲ ပိတ်ပင် လိုက်ခြင်း ဖြစ်ပါသည်။
fishing-in-lake-2
မန္တလေးရှိ တောင်သမန်အင်း၌ ဒေသခံများ ငါးဖမ်းနေကြပုံ (ဓါတ်ပုံ-ZeeGlobe)
ဤကိစ္စကို အင်းလေလံ ဆွဲထား သူများက ပြည်နယ် အစိုးရထံ ပြီးခဲ့သည့် လဆန်းပိုင်းမှ စပြီး (၂) ကြိမ်တိုင် တိုင်ကြား ခဲ့သော်လည်း ယနေ့အထိ ဖြေရှင်းပေးခြင်း မရှိဟု ဆိုပါသည်။ ဤကဲ့သို့ ဖြေရှင်းခြင်း မရှိသည့် အတွက် လေလံ ရထားသော အင်းသူကြီး များသည် ကျောက်ကြီး မြို့ရှိ KNU ဆက်ဆံရေးရုံး တာဝန်ခံ စောကနဲထူးဗျိုင်းထံ တိုင်ကြား ပြန်ပါသည်။
“ ဒီနှစ် အတွက်တော့ ခင်ဗျားတို့ မလုပ်ကြ ပါနဲ့တော့တဲ့၊ သူ့ဆီကို ကျေးရွာ အုပ်ချုပ်ရေးမှူး များနဲ့ ရပ်မိရပ်ဖ (၂၂) ဦး ကနေ စာတင် ထားတာ ရှိပါတယ်။ သဘော ကတော့ ဒီအင်းတွေကို အများပိုင် လုပ်ဖို့ အဆိုပြု ခဲ့တာပါ။ ဒါကြောင့် တနှစ် လောက်တော့ ၀င်မလုပ် ကြပါနဲ့တော့ တင်ထားတဲ့ လေလံတွေ အဆုံးခံ လိုက်တော့ ဒေသခံ တွေကိုဘဲ လုပ်ခွင့် ပေးလိုက်ပါ” ဆိုပြီး KNU ဆက်ဆံရေးရုံး တာဝန်ခံ စောကနဲထူးဗျိုင်းက ပြောခဲ့ပါသည်။
ပဲခူးတိုင်းမှ အင်းပြသနာသည်၊ နှစ်စဉ်KNU ၏ ခြိမ်းခြောက်မှုကို ခံခဲ့ရ ပါသည်။ ကေအန်ယူလည်း အပစ်အခတ် ရပ်စဲရေး မရှိသည့် အတွက် စစ်ရေး အခြေအနေ အရ ယခုကဲ့သို့ လုပ်ပိုင်ခွင့် မရှိသေးသည့် အတွက် အကြမ်းနည်းဖြင့် နှစ်စဉ်ကြေး ရရန် တောင်းဆို ခဲ့ရပါသည်။ ဤသို့ကြောင့် လေလံ သမားများသည် အစိုးရ အာဏာပိုင်နှင့် ကေအန်ယူ အာဏာပိုင် အကြား၌ နစ်နာ ဆုံးရှုံးမှု များအပြင် အသက်ပင် စတေးရ မလို ဖြစ်လာ နေရသည်မှာ ဆယ်စုနှစ်ပေါင်း များစွာ ခံခဲ့ရပြီး ဖြစ်ပါသည်။

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၈-၇-၂၀၁၂ - ညပိုင်း)

၁၈၊၇၊၂၀၁၂ သတင်းများကို အောက်ပါလင့်တွင်သွားရောက်ဖတ်ရှုနိုင်ပါသည်။

http://drlunswe.blogspot.com/2012/07/blog-post_2533.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FqgUvx+%28%E1%80%B1%E1%80%92%E1%80%AB%E1%80%80%E1%80%B9%E1%80%90%E1%80%AC%E1%80%9C%E1%80%BC%E1%80%8F%E1%80%B9%E1%80%B8%E1%80%B1%E1%80%86%E1%80%BC%29

လျှပ်စစ်မီး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စများ သမ္မတထံ ၁၀ ပါတီ တင်ပြ


 ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီမှ ခေါင်းဆောင်များနှင့် သမ္မတ ဦးသိန်းစိန်တို့ ပထမဆုံး အကြိမ် တွေ့ဆုံမှုကို နေပြည်တော် သမ္မတ အိမ်တော်တွင် ဗုဒ္ဓဟူးနေ့က ပြုလုပ်ရာ ဒေသတွင်း လိုအပ်ချက်များ
ဖြစ်သည့် လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင်ပေးရေး၊ ကျောင်းပညာရေး လိုအပ်ချက်များ
ဖြည့်ဆည်းပေးရန်တို့ကို တင်ပြဆွေးနွေးခဲ့သည်ဟု ပါတီခေါင်းဆောင်များက မဇ္ဈိမကို ပြောသည်။

“ကျနော်တို့က နိုင်ငံတည်ဆောက်ရေးမှာ တည်ဆောက်ဖေါ် တည်ဆောက်ဖက်အနေနဲ့ အကြံဉာဏ်တွေ ပေးကြဖို့၊ အတူတူ ဝိုင်းလုပ်ကြဖို့ ရည်ရွယ်ချက်နဲ့ တွေ့ဆုံတာပါ။ ပြည်နယ်တွေကတော့ သူတို့ ဆိုင်ရာပြည်နယ်တွေမှာ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်ရရှိရေး အဲဒါတွေမှာ လိုအပ်တာတွေကို အကူအညီပေးဖို့ တင်ပြပါတယ်” ဟု
ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ က ပြောသည်။

“သမ္မတကတော့ သူတို့ကလည်း အစီအစဉ်တကျ လုပ်နေတယ်ပေါ့လေ။ အခု တင်ပြတာတွေထဲက ဖြစ်နိုင်တာတွေကို ချက်ချင်း လုပ်ပေးမယ် ဆိုပြီးတော့ ပြောပါတယ်” ဟုလည်း ဦးသုဝေ က ဆက်ပြောသည်။
10party
ထို့အပြင် ဗဟိုအစိုးရ၏ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များ၊ စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်နေမှုများကို ၁ဝ ပါတီ
ခေါင်းဆောင်များသို့ သမ္မတ က ပြန်လည်ရှင်းပြခဲ့သည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ၏ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က ပြောသည်။

ဆွေးနွေးပွဲတွင် ဦးခင်မောင်ဆွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက အငြင်းပွားမှုများ ဖြေရှင်းနိုင်ရန် ခုံသမာဓိအဖွဲ့ ဖွဲ့စည်းဖြေရှင်းနိုင်ရန် တင်ပြခဲ့သည်ဟုလည်း မဇ္ဈိမကို ပြောသည်။

NDF ၏ ပါတီခေါင်းဆောင်ဖြစ်သူ ဒေါက်တာသန်းငြိမ်း ကလည်း လက်ရှိ ကျင့်သုံးနေသည့် ရွေးကောက်တင်မြှောက်ပုံ စနစ်သည် မဲဆန္ဒနယ်တခုအတွင်း ပါတီနှစ်ခုမှ ကိုယ်စားလှယ်နှစ်ဦး ဝင်ပြိုင်ပါက မဲ တမဲ အသာဖြင့်ပင် အနိုင်ရသည့် စနစ် ဖြစ်ခြင်းကြောင့် မဲဆန္ဒရှင်အများစု၏ ဆန္ဒကို ကိုယ်စားပြုနိုင်ရန် လာမည့် ရွေးကောက်ပွဲများတွင် ‘အချိုးကျ ကိုယ်စားပြုစနစ်’ ကို ပြောင်းလဲ အသုံးပြုရန် ဆွေနွေးတင်ပြခဲ့သည်ဟု သိရသည်။

ထိုတင်ပြချက်နှင့်ပတ်သက်၍ “သမ္မတက ဒီစနစ်တခုဟာ လူအများစုကို အကျိုးပြုတာဆိုတော့ သူလည်းပဲ သဘောကျ တာ ရှိပါတယ်။ ဒီကိစ္စကိုတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ လိုတယ်ပေါ့နော်။ အားလုံးလည်း သဘောတူမယ်
ကောင်းတယ်ဆိုရင်တော့ လုပ်ကြမယ်ပေါ့ဗျာ” ဟု ဦးခင်မောင်ဆွေ က ပြောသည်။

အဆိုပါ သမ္မတနှင့် တွေ့ဆုံပွဲသို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ညီညွတ်ရေး
နှင့် ငြိမ်းချမ်းရေးပါတီတို့မှ ပါတီခေါင်းဆောင် ၁၂ ယောက် တက်ရောက်ခဲ့ကြသည်။ အစိုးရ ဘက်မှ သမ္မတ ဦးသိန်းစိန်
နှင့်အတူ မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် စက်မှုဝန်ကြီး ဦးစိုးသိန်းတို့ တက်ရောက်ခဲ့ကြသည်။

သမ္မတ ဦးသိန်းစိန်က တိုင်းပြည်တိုးတက်ရေးအတွက် ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန် ၁ဝ ပါတီ ခေါင်းဆောင် များအား ပြောကြားခဲ့ပြီး “ကျနော်တို့လည်း အဲဒါပဲ လုပ်နေတယ်၊ ကျနော်တို့လည်း လိုလားတယ်ပေါ့လေ။ နောက် ဒီလို ကာလမှာ တယောက်နဲ့တယောက် သံသယတွေထားပြီးတော့ အငြင်းပွားနေကြရမယ့် အချိန် မဟုတ်တော့ဘူး။ အားလုံး စုပေါင်းပြီးတော့လုပ်ဖို့ ကြိုးစားမယ်။ ကျနော်တို့ကလည်း တိုင်းပြည်အတွက် ပူးပေါင်းပြီး လုပ်ဆောင်ဖို့ အဆင်သင့် ရှိပါတယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်” ဟု  ဦးသုဝေက မဇ္ဈိမကို ပြောဆိုသွားသည်။

မျိုးသန့် |    
ရန်ကုန် (မဇ္ဈိမ)



http://www.thithtoolwin.com/2012/07/blog-post_7899.html#.UAbL6pPbXbM

လျှပ်စစ်မီး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စများ သမ္မတထံ ၁၀ ပါတီ တင်ပြ


 ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီမှ ခေါင်းဆောင်များနှင့် သမ္မတ ဦးသိန်းစိန်တို့ ပထမဆုံး အကြိမ် တွေ့ဆုံမှုကို နေပြည်တော် သမ္မတ အိမ်တော်တွင် ဗုဒ္ဓဟူးနေ့က ပြုလုပ်ရာ ဒေသတွင်း လိုအပ်ချက်များ
ဖြစ်သည့် လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင်ပေးရေး၊ ကျောင်းပညာရေး လိုအပ်ချက်များ
ဖြည့်ဆည်းပေးရန်တို့ကို တင်ပြဆွေးနွေးခဲ့သည်ဟု ပါတီခေါင်းဆောင်များက မဇ္ဈိမကို ပြောသည်။

“ကျနော်တို့က နိုင်ငံတည်ဆောက်ရေးမှာ တည်ဆောက်ဖေါ် တည်ဆောက်ဖက်အနေနဲ့ အကြံဉာဏ်တွေ ပေးကြဖို့၊ အတူတူ ဝိုင်းလုပ်ကြဖို့ ရည်ရွယ်ချက်နဲ့ တွေ့ဆုံတာပါ။ ပြည်နယ်တွေကတော့ သူတို့ ဆိုင်ရာပြည်နယ်တွေမှာ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်ရရှိရေး အဲဒါတွေမှာ လိုအပ်တာတွေကို အကူအညီပေးဖို့ တင်ပြပါတယ်” ဟု
ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ က ပြောသည်။

“သမ္မတကတော့ သူတို့ကလည်း အစီအစဉ်တကျ လုပ်နေတယ်ပေါ့လေ။ အခု တင်ပြတာတွေထဲက ဖြစ်နိုင်တာတွေကို ချက်ချင်း လုပ်ပေးမယ် ဆိုပြီးတော့ ပြောပါတယ်” ဟုလည်း ဦးသုဝေ က ဆက်ပြောသည်။
10party
ထို့အပြင် ဗဟိုအစိုးရ၏ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များ၊ စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်နေမှုများကို ၁ဝ ပါတီ
ခေါင်းဆောင်များသို့ သမ္မတ က ပြန်လည်ရှင်းပြခဲ့သည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ၏ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က ပြောသည်။

ဆွေးနွေးပွဲတွင် ဦးခင်မောင်ဆွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက အငြင်းပွားမှုများ ဖြေရှင်းနိုင်ရန် ခုံသမာဓိအဖွဲ့ ဖွဲ့စည်းဖြေရှင်းနိုင်ရန် တင်ပြခဲ့သည်ဟုလည်း မဇ္ဈိမကို ပြောသည်။

NDF ၏ ပါတီခေါင်းဆောင်ဖြစ်သူ ဒေါက်တာသန်းငြိမ်း ကလည်း လက်ရှိ ကျင့်သုံးနေသည့် ရွေးကောက်တင်မြှောက်ပုံ စနစ်သည် မဲဆန္ဒနယ်တခုအတွင်း ပါတီနှစ်ခုမှ ကိုယ်စားလှယ်နှစ်ဦး ဝင်ပြိုင်ပါက မဲ တမဲ အသာဖြင့်ပင် အနိုင်ရသည့် စနစ် ဖြစ်ခြင်းကြောင့် မဲဆန္ဒရှင်အများစု၏ ဆန္ဒကို ကိုယ်စားပြုနိုင်ရန် လာမည့် ရွေးကောက်ပွဲများတွင် ‘အချိုးကျ ကိုယ်စားပြုစနစ်’ ကို ပြောင်းလဲ အသုံးပြုရန် ဆွေနွေးတင်ပြခဲ့သည်ဟု သိရသည်။

ထိုတင်ပြချက်နှင့်ပတ်သက်၍ “သမ္မတက ဒီစနစ်တခုဟာ လူအများစုကို အကျိုးပြုတာဆိုတော့ သူလည်းပဲ သဘောကျ တာ ရှိပါတယ်။ ဒီကိစ္စကိုတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ လိုတယ်ပေါ့နော်။ အားလုံးလည်း သဘောတူမယ်
ကောင်းတယ်ဆိုရင်တော့ လုပ်ကြမယ်ပေါ့ဗျာ” ဟု ဦးခင်မောင်ဆွေ က ပြောသည်။

အဆိုပါ သမ္မတနှင့် တွေ့ဆုံပွဲသို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ညီညွတ်ရေး
နှင့် ငြိမ်းချမ်းရေးပါတီတို့မှ ပါတီခေါင်းဆောင် ၁၂ ယောက် တက်ရောက်ခဲ့ကြသည်။ အစိုးရ ဘက်မှ သမ္မတ ဦးသိန်းစိန်
နှင့်အတူ မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် စက်မှုဝန်ကြီး ဦးစိုးသိန်းတို့ တက်ရောက်ခဲ့ကြသည်။

သမ္မတ ဦးသိန်းစိန်က တိုင်းပြည်တိုးတက်ရေးအတွက် ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန် ၁ဝ ပါတီ ခေါင်းဆောင် များအား ပြောကြားခဲ့ပြီး “ကျနော်တို့လည်း အဲဒါပဲ လုပ်နေတယ်၊ ကျနော်တို့လည်း လိုလားတယ်ပေါ့လေ။ နောက် ဒီလို ကာလမှာ တယောက်နဲ့တယောက် သံသယတွေထားပြီးတော့ အငြင်းပွားနေကြရမယ့် အချိန် မဟုတ်တော့ဘူး။ အားလုံး စုပေါင်းပြီးတော့လုပ်ဖို့ ကြိုးစားမယ်။ ကျနော်တို့ကလည်း တိုင်းပြည်အတွက် ပူးပေါင်းပြီး လုပ်ဆောင်ဖို့ အဆင်သင့် ရှိပါတယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်” ဟု  ဦးသုဝေက မဇ္ဈိမကို ပြောဆိုသွားသည်။

မျိုးသန့် |    
ရန်ကုန် (မဇ္ဈိမ)



http://www.thithtoolwin.com/2012/07/blog-post_7899.html#.UAbL6pPbXbM

ပေါက်မြို့နယ်တွင် လယ်မြေဧက ၃ သောင်းကျော် အသိမ်းခံရ


မကွေးတိုင်း ပေါက်မြို့နယ်ထဲမှာ စစ်တပ်က လယ်သိမ်းပြီး သီးစားပြန်ချထားခံရတဲ့ လယ်သမားတွေဟာ သူတို့အခက်အခဲကို ဖြေရှင်းပေးဖို့ သမ္မတထံ စာရေးတောင်းဆိုလိုက်ပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ်ထဲမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် ၂၄ အစိုးရတပ်က တပ်မြေအဖြစ် ဧက ၃ သောင်းကျော်ကို သိမ်းပြီး လယ်သမားတွေကို ပြန်ပြီး သီးစားချနေတာပါ။

ကပစ ၂၄ တပ်က ရေဖြူ၊  မြှားပိုင်း၊ ပျဉ်းမ၊ ချောင်းကူး၊ တလောင်း၊ ယဉ်ကောင်၊ မိုးကောင်း၊ အုန်းပင်၊ လေးပင်အိုင် စတဲ့ ရွာပေါင်း ၁၂ ရွာက ရွာသားပိုင် လယ်မြေတွေကို ၂၀၀၈ ခု နှောင်းပိုင်းကစ သိမ်းယူခဲ့ပြီး မနှစ် ဇွန်လက ၁ ဧကကို ကျပ် ၅ ထောင်နှုန်း လျော်ပေးခဲ့ပါတယ်။

လျော်ကြေးပေးပြီးတာနဲ့ စစ်တပ်ဆီက ၁ နှစ် တခါ စာချုပ်နဲ့ ပြန်ငှားဖို့ ဒုစက်ရုံမှူး ဦးကျော်မြင့်နိုင်က လက်မှတ်ထိုးခိုင်းတာကြောင့် ရွာသားတွေ လက်မှတ်မထိုးကြဘူးလို့ ရွာသူ ဒေါ်တင်တင်ကြူက ပြောပါတယ်။ သိမ်းဆည်းခံရတဲ့ မြေဧကပေါင်း ၃ သောင်းဝန်းကျင်လောက် ရှိတယ်လို့ ဆိုပါတယ်။

သူတို့ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်လာတဲ့ လယ်မြေမှာ ခုလိုပြန်ပြီး ငှားရမ်းလုပ်ကိုင်ရမယ့်အပြင် နယ်မြေထဲ သွားလာမှုနဲ့ လုပ်ကိုင်စားသောက်မှုတွေ စားကျက်တွေပေါ်မှာ စည်းကမ်းချက်တွေထုတ်ပြီး ကန့်သတ်လာတဲ့အတွက် ရွာသားတွေက သမ္မတ ဦးသိန်းစိန်ဆီ စာပေးပို့ တိုင်တန်းခဲ့ကြတာ ဖြစ်ပါတယ်။

မနှစ် အောက်တိုဘာလဆန်းမှာ သမ္မတဆီ စာပို့ပြီးနောက်ပိုင်း  နေပြည်တော်က ဗိုလ်မှူးတွေ ရောက်လာကာ ကွင်းဆင်းကြည့်ရှုသွားပြီး ရွာတချို့ မပြောင်းရွှေ့ရအောင် ပြောပေးမယ်လို့ ကတိပြုသွားပေမယ့် လက်တွေ့မှာတော့ လေးပင်ကိုင်း တရွာလုံး ပြောင်းရွှေ့ပေးခဲ့ရတဲ့ သာဓကတခုရှိတယ်လို့ ပြောပါတယ်။

ဒါကြောင့်  ဇူလိုင် ၆ ရက်နေ့ နေ့စွဲနဲ့ သမ္မတဆီကို ဒုတိယအကြိမ် စာတစ်စောင် ထပ်မံ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ရွာသားတွေက သူတို့အခက်အခဲကို ဖြေရှင်းဖို့ ပေါက်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုလည်း တိုင်ကြားထားရာမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ ဦးခင်မောင်ညိုက လွှတ်တော်မှာ တင်ပြမယ့်အကြောင်း အခုလို ပြောပါတယ်။

“နောက်တပတ် ဗုဒ္ဓဟူးလောက်မှာ ကျနော် ဆွေးနွေးခွင့်ရမယ်လို့ မှန်းထားတယ်။ လွှတ်တော်မှာ လယ်ယာမြေသိမ်းဆည်းမှုနဲ့ ပတ်သက်ပြီးတော့မှ အမှန်တရားပေါ်ပေါက်ရေးဆိုပြီး ဇလွန်မဲဆန္ဒနယ်က ဦးတင်ထွတ်ရဲ့ အဆို ပြည်ထောင်စုလွှတ်တော်မှာတင်ထားတယ်။ တင်ထားတဲ့ အဆိုပေါ်မှာ ကျနော်က အခြေခံပြီးတော့ ကျေးရွာတွေရဲ့ မြေသိမ်းခံရမှုနဲ့ ပတ်သက်ပြီး နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးဖို့ ထည့်သွင်းဆွေးနွေးမယ်လို့ စာရင်ပေးထားတယ်။” 

by နန်းမြနဒီ (ဒီဗွီဘီ)



http://www.thithtoolwin.com/2012/07/blog-post_8638.html#.UAbLXJPbXbM

နိုင်ငံရေးပြဿနာကို စစ်တိုက်မဖြေရှင်း နိုင်ဟု KIA ပြောဆို


နိုင်ငံရေးပြဿနာကို စစ်တိုက်မဖြေရှင်းနိုင်ဟု KIA ပြောဆိုနိုင်ငံရေး ပဋိပက္ခကြောင့် ဖြစ်ပွားသည့် စစ်ပွဲကို နိုင်ငံရေး နည်းအရ မဖြေရှင်းလျှင် ငြိမ်းချမ်းရေးရရန် မဖြစ် နိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများက ပြောသည်။ ကိုမြအေး ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများဖြစ်ကြသည့် ကိုထွန်းမြင့်အောင်၊ ကိုစိုးထွန်း၊ ပဏ္ဏိတ်ထွန်း၊ မမီမီလွင်၊ မစမ်းစမ်းမော်တို့ကချင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီးKIO လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံခြင်း၊မြန်မာအစိုးရငြိမ်းချမ်းရေး တည်ဆောက်ရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းတို့နှင့် တွေ့ဆုံ ခဲ့မှုများပြုလုပ်ပြီးနောက် ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“KIAဟာသဘောထားတင်းမာတယ်။KIA ဟာခေါင်းမာတယ်။KIA ဟာ ဟိုလူဒီလူတွေရဲ့ ထောက်ပံ့ မှုနဲ့ ကျယ်နေတာပါဆိုတဲ့စကားတွေ ငြိမ်းချမ်းရေးကို မလိုလားတဲ့ အပျက်ရှုထောင့်ကနေ ကြားနေရတာတွေ ရှိပါတယ်။KIA က ထိပ်တန်းခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ရာမှာ အဲလိုသဘောထားမရှိဘူဆိုတာ တွေ့ခဲ့ရ ပါတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးကဆိုသည်။
ကချင်ပြည်နယ်သို့ ငြိမ်းချမ်းရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသားများသည် KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ KIO တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးလာနန်တို့နှင့် ငြိမ်းချမ်း ရေး တွေ့ ဆုံဆွေးနွေးခဲ့ကြသည်။ ယင်းနောက် နေပြည်တော်၌ ငြိမ်းချမ်းရေးတည်ဆောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းနှင့် တွေ့ဆုံခဲ့ကြသည်။
“တစ်လောက ထိုးစစ်ဆင်မှုကိုရပ်ဆိုင်းဖို့ ဆိုပြီးတော့ အမိန့်ထုတ်ပြန်ခဲ့တယ်။ အားလုံးလည်း သိပါတယ်။ ဒါပေမယ့် စစ်တပ်က ထိုးစစ်မပြတ်ဆင်နွှဲသွားတာကို တွေ့ရပါတယ်။ ဒီနေရာမှာကတော့ အစိုးရမှာ ပိုတာဝန် ရှိတယ်လို့ ကျွန်တော်မြင်တယ်။ အဲဒီတော့ အစိုးရရဲ့ဩဇာအာဏာ ဖြန့်ကြက်မှုဟာ တစ်တိုင်းတစ်ပြည်လုံးပေါ် မှာ လွှမ်းခြုံနိုင်မှုအတိုင်းအတာ ဘယ်လောက်ရှိလည်းမရှိဘူးလည်းဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဒါကတော့ သမ္မတနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေးကော်မတီကတော့ တပ်မတော်နဲ့ညှိနှိုင်းလို့မရသေးဘူးလို့ ထင်ပါ တယ်”ဟု ၄င်းကဆိုသည်။
KIA ဘက်မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က လက်ရှိအခြေခံအကျဆုံးအချက်အဖြစ် ရင်ဆိုင်ထား သည့်အနေအထားမှ နှစ်ဖက်တပ်များအား ရွှေ့ဖို့လိုအပ်ကြောင်း၊ နှစ်ဖက်တပ်များအနေဖြင့် ဂုဏ်သိက္ခာရှိရှိ ရွှေ့ပေးဖို့က အရမ်းအရေးကြီးပါကြောင်း၊ တပ်တွေအား ရှုံးနိမ့်ခြင်းကြောင့် ဆုတ်ခွာဖို့ပြောနေရခြင်း မဟုတ် ကြောင်း ကိုမြအေးကပြောသည်။
“အမျိုးသားပြန်လည်သင့်မြတ်ရေးကို မထူထောင်နိုင်သေးဘူး၊ ဒီအမျိုးသား ပြန်လည်သင့်မြတ်ရေးက တိုင်းပြည်မှာ အရမ်းအရေးကြီးနေတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဒီငြိမ်းချမ်းရေးခရီးစဉ်ကို သွားခဲ့ပြီး နှစ်ဖက်စလုံးနဲ့ ညှိနှိုင်းပေးရခြင်းဖြစ်တယ်”ဟု ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုစိုးထွန်းကဆိုသည်။
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဆိုသည့်လမ်းကြောင်းကို လျှောက်နေသည့် ၈၈ မျိုးဆက်ကျောင်း သားများသည် ကချင်ပြည်နယ်ဒေသတွင်သာမက အခြားဒေသများတွင်ပါ ငြိမ်းချမ်းရေးရရှိစေရန် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက ရှင်းလင်းပြောဆိုကြသည်။

မောင်တော ဆူပူမူနှင့် ဆက်စပ် ဖမ်းဆီးခံရသူ ဒေါက်တာ ထွန်းအောင်ကို စစ်တွေတွင် ရုံးတင်



စစ်တွေ အကျဉ်းထောင်ကို လုံခြုံရေး ယခုလို တင်းကျပ်ထားသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
မောင်တောမြို့တွင် ဖမ်းဆီးခံရပြီး စစ်တွေ အကျဉ်းထောင်သို့ လွဲပြောင်းခံရသူ ဒေါက်တာ ထွန်းအောင် (ခေါ်) နုရ်ဟောက်အား ယမန်နေ့က စစ်တွေ ခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သည်ဟု သိရသည်။

“ နေ့လည် ၂ နာရီခွဲမှာ မနေ့က ရုံးထုတ်ပါတယ်။ ကျွန်တော်တို့လည်း နားထောင်ခွင့်ရမလားလို့ သွားတာ အထဲကို ၀င်ရောက်ခွင့်မရတဲ့ အတွက် အပြင်ကဘဲ နားထောင်ရပါတယ်။ အပြင်က နားထောင်တော့ ဘာမှ မကြားရပါ” အမည်မဖေါ်လိုသူ စစ်တွေ ဒေသခံ တစ်ဦးက ပြောသည်။

ဒေါက်တာ ထွန်းအောင်အား  အင်္ဂါနေ့က နေ့လည်တွင်  ရုံးထုတ်စဉ် ရန်ကုန်မှ ရှေ့နေ  အမျိုးသမီးကြီး တစ်ဦးလည်း သူ့အမူကို လိုက်ပါ ဆောင်ရွက်ရန် ရောက်ရှိသည်ဟု သူက ပြောသည်။

“ ရန်ကုန်က ရှေ့နေ အမျိုးသမီး တစ်ဦးရောက်ပါတယ်။ ရဲတွေလည်း အများကြီး လုံခြုံရေး ယူထားပါတယ်။ နောက်တစ်ပတ်ကို ရုံးချိန်းပေးလိုက်တယ်လို့ သိရပါတယ်” ဟု သူက ဆက်ပြောသည်။

ဒေါက်တာ ထွန်းအောင် မည်သည့်အမူနှင့် စွဲချက်တင်ပြီး တရားရုံးလွတ်လပ်ခွင့် မည်မျှထိ ရှိသည်ကို နိရဉ္စရာမှ ဆက်လက် စုံစမ်းမေးမြန်း နေတုန်း ဖြစ်ပါသည်။

ဇွန်လ ၁၁ ရက်နေ့  နေ့လည် ၁၂ နာရီခန့်တွင် ဒေါက်တာထွန်းအောင် (ခေါ်)  နုရ်ဟောက် ကို မောင်တောအခြေစိုက် UNHCR  ရုံးမှ နစက အာဏာပိုင်များမှ ဖမ်းဆီးခဲ့သည်။ ဒေါက်တာ ထွန်းအောင် ဇွန်လ ၈ ရက်နေ့က  စတင်ခဲ့သော မောင်တော အကြမ်းဖက် ဆူပူမူတွင် တာဝန်ရှိသူဟု စွပ်စွဲကာ ဖမ်းဆီးခြင်း ဖြစ်သည်။

ဒေါက်တာ ထွန်းအောင်သည် ဇွန်လ ၈ ရက်နေ့ မောင်တောမြို့  ငြိမ်းချမ်းစွာ ဘာသာရေး ဆုတောင်းပွဲကို ဘာပြဿနာမှ မဖြစ်စေရဟု အာဏာပိုင်များထံမှ အာမခံ ခွင့်တောင်းကာ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ဒေါက်တာထွန်းအောင်သမီးဖြစ်သူ UNHCR အကြီးတန်းဝန်ထမ်းတဦးဖြစ်သူ ဒေါ်မြနန္ဒာအောင် ကိုလည်း ဇွန် လ ၁၁ ရက်နေ့က စစ်တွေ လေဆိပ်တွင်အဖော် နှစ်ဦးနှင့်အတူဖမ်းဆီးခဲ့ပြီး ယင်းနေ့ နေ့လည် ၁ နာရီခန့်တွင် ပြန်လည် လွတ်ပေးလိုက်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

အလားတူ စစ်တွေမြို့ မကျေးမြိုင်ရပ်ကွက်တွင်နေထိုင်သည့်  နယ်စည်းမခြားဆရာဝန်များအဖွဲ့ AZG ၀န်ထမ်း တဦးဖြစ်သူ မွတ်ဆလင် လူမျိုး  ဦးကျော်လှအောင်ဆိုသူကိုလည်း စစ်တွေမြို့တွင် ရုံးထုတ် စစ်ဆေးနေသည် ဆိုသော သတင်းများ လက်ခံ ရရှိသော်လည်း နိရဉ္စရာမှ သီးခြားအတည်မပြုနိုင်ခြင်း မရှိသေးပါ။

 နိဉ္စရာ သတင်းဌာန



http://www.thithtoolwin.com/2012/07/blog-post_2913.html#.UAbLIZPbXbM

နှစ်(၂၀)အတွင်း အပိတ်ခံထားရသော ရန်ကုန်နည်းပညာတက္ကသိုလ် YTU ပြန်ဖွင့်ပြီ


မြန်မာနိုင်ငံ၏လက်ရှိအခြေ အနေအရ ပညာရေးအဆင့်အ တန်းအား မြှင့်တင်ရန် ကြိုးစား နေလျက်ရှိရာ ယခုတွင် နည်းပညာ တက္ကသိုလ်များ အဆင့်မြှင့်တင် ရန်အတွက် ပထမအဆင့်အနေ ဖြင့် ယခင်ကအပိတ်ခံထားရသော နည်းပညာကျောင်းတစ်ကျောင်း ဖြစ်သည့် ရန်ကုန်နည်းပညာ တက္ကသိုလ် YTU အားပြန်လည် ဖွင့်လှစ်ခွင့်ရပြီဖြစ်ကြောင်း သိပ္ပံ နှင့် ပညာရေးဝန်ကြီးဌာနမှသိရ သည်။

အဆိုပါ ရန်ကုန်နည်းပညာ တက္ကသိုလ်သည်ကမ္ဘာကအသိအ မှတ်ပြုသည့်ကျောင်းတစ်ကျောင်း ဖြစ်ပြီး လူတော်လူကောင်းမြောက် များစွာနှင့် အတတ်ပညာရှင်များကို မွေးထုတ်ပေးနေသည့် ၎င်းကျောင်း သည် ယခုပြန်လည် ဖွင့်လှစ်ရာ တွင်လည်း ယခင်နည်းစနစ်များ အတိုင်းသင်ကြားသွားမည်ဖြစ် ကြောင်း ကျောင်းသားခေါ်ယူ သည့်နေရာမှာ လည်းအခြားနည်း ပညာတက္ကသိုလ်များနှင့်အတူ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြား သည်။ 

““ဒီရန်ကုန်နည်းပညာ တက္ကသိုလ်မှာတော့အခြားကျောင်း တွေနဲ့မတူ ဘာသာရပ် (၁၂)ခုကို သင်မယ်။ ကျောင်းသားခေါ်ယူ တဲ့နေရာမှာလည်း အမှတ်(၄၅၀) နှင့်အထက် ကျောင်းသားကျောင်း သူဦးရေ (၂၅၀)ကို သာခေါ်ယူ သွားမှာဖြစ်ပါတယ်။ သင်ကြား သည့်နေရာမှာလည်း နိုင်ငံတကာ အဆင့်မီ သင်ရိုးညွှန်းတမ်းများ သင်ကြားမှုစနစ်များဖြင့် အင်ဂျင် နေရာပုံစံကျကျ သင်ကြားပေး သွားမည်ဖြစ်ပါတယ်””ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 အဆိုပါကဲ့သို့ ကမ္ဘာအသိအမှတ် ပြုသည့် ကျောင်းအား ပြန်လည် ဖွင့်လှစ်ပေးခြင်းကြောင့် နည်း ပညကျောင်းသားများ၏ ပညာ ရည်အဆင့်အတန်းသည်ယခင် ထက်ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း နည်းပညာကျောင်းသားတစ်ဦးဖြစ် သူ ကိုကြည်ဟိန်းညွန့်မှပြောကြား သည်။

 ““အခုလို ကမ္ဘာကအသိအ မှတ်ပြုခံရတဲ့ ဒီလိုကျောင်းကြီးကို ပြန်ဖွင့်ပေးတော့ အရမ်းကိုဝမ်း သာပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလိုကျောင်းကြီးကိုတက်ခွင့်မရတဲ့ အခါ နောင်တလည်းရပါတယ်။    ဒီကျောင်းမှာက သင်ထောက်ကူ ပစ္စည်းက အစုံအလင်ရှိသလို သင်ကြားတဲ့ ဆရာ ဆရာမတွေ ကလည်း အရမ်းတော်တဲ့ ဆရာ ဆရာမတွေကိုစုထားတဲ့ကျောင်း တစ်ကျောင်းဖြစ်ပါတယ်။ ကျွန် တော်ကျောင်းတက်တုန်းက ကျွန် တော့်ကျောင်းမှာမရှိတဲ့စာအုပ်တွေ ကို ဒီမှာပဲလာရှာရတယ်။ ဒီကျောင်း  ကြီးပြန်ဖွင့်တာအရမ်းကိုဝမ်းသာ ပါတယ်။ နည်းပညာကျောင်းသား တွေအတွက်တော့ နည်းနည်း အခက်အခဲရှိတယ်။ ဘာလို့လည်း ဆိုတော့ ဒီလိုကမ္ဘာက အသိ အမှတ်ပြုတဲ့ရန်ကုန်နည်းပညာ တက္ကသိုလ်ကြီးကို ပြန်ဖွင့်လိုက်ပြီ ဆိုတော့ အခြားနည်းပညာ တက္ကသိုလ်က ဘွဲ့ရထားတဲ့ကောင်တွေ သေရော၊ ဘွဲ့ခြင်းတူတာတောင် ဒီလိုကျောင်းကြီးနဲ့ ဂုဏ်ခြင်းမတူ ပါဘူး””ဟုနည်းပညာကျောင်းသား တစ်ဦးဖြစ်သူ ကိုကြည်ဟိန်းညွန့် မှပြောကြားခဲ့သည်။

 အဆိုပါ ရန် ကုန်နည်းပညာတက္ကသိုလ် YTU သည် ရုရှားနိုင်ငံမှ တည်ဆောက် ပေးခဲ့သော ကျောင်းတစ်ကျောင်း ဖြစ်ပြီး သင်ကြားသည့် ဆရာ၊ ဆရာမများသည်လည်း နာမည် ကျော်ဆရာ၊ ဆရာမများဖြစ်ပြီး သင်ထောက်ကူပစ္စည်းများသည် လည်း အစုံအလင်ရှိသည့်ကျောင်း တစ်ကျောင်းဖြစ်ကြောင်း သိရ သည်။

ဖြိုးအောင် - Hot News



http://www.thithtoolwin.com/2012/07/ytu.html#.UAbKlJPbXbM

ဂျပန်နိုင်ငံမှ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အတွက် ကူညီလှူဒါန်

ဂျပန်နိုင်ငံမှ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အတွက် ကူညီလှူဒါန် JICA ခေါ် ဂျပန်နိုင်ငံ တကာ ပူးပေါင်း ဆောင်ရွက် ရေး အေဂျင်စီ မှ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အတွက် အသုံးပြုမည့် ပစ္စည်းကိရိယာ များ ထောက်ပံ့ကူညီခြင်းနှင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်း ဆည်တည် ဆောက်ရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၃၀.၂၄ သန်း တန်ဖိုးရှိသော အကူအညီပေးအပ်ရေး ရေးထိုးခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံရေး အကျဉ်းသမားများ လွှတ်ပေးရေးများ ပြုလုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံအား ပြန်လည်ကူညီထောက်ပံ့ခဲ့ကြသော အာရှနှင့် အနောက်နိုင်ငံများအနက် ဂျပန်သည် အများဆုံးသော ဖွံ့ဖြိုးမှု အတွက် လှူဒါန်းသူတစ်ဦးဖြစ်သည်။ ဂျပန်နိုင်ငံသည် ပြီးခဲ့သည့် ဧပြီလက မြန်မာနိုင်ငံက ပေးရန်ရှိသောြွေကးမြီ သန်းထောင်ပေါင်း ၃.၄ (ဘီလျံ) ကိုလည်း ရုပ်သိမ်းပေးခဲ့သည်။

ဇေကမ္ဘာ တာလမ်းကြောင့် ရေဘေးအန္တရာယ် စိုးရိမ်နေကြ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် နိတုံရွာ အနီးတွင် ဇေကမ္ဘာကုမ္ပဏီက တည်ဆောက် လျက် ရှိသည့် ဘိလပ်မြေစက်ရုံ စီမံကိန်း၏ အစိတ်အပိုင်းတခု ဖြစ်သည့် ၁၅ ပေမြင့် နိတုံ-အတ္တရံ မော်တော်ကားလမ်း
ဖောက်မှုကြောင့် ရွာ ၉ ရွာ ရေမြုပ်နိုင်သည့်အတွက် ကန့်ကွက်သွားမည် ဖြစ်ကြောင်း
 ဒေသခံများက ပြောသည်။

နိတုံတောင် (စပယ်ဂူ) အနီးရှိ စက်ရုံမှ ကျိုက်မရောမြို့သို့ တိုက်ရိုက်ဆက်သွယ်မည့် အဆိုပါ တာလမ်းကို ဧပြီလက စတင်ဖောက်လုပ်လျက်ရှိပြီး ပြီးစီးပါက တောင်ကျရေများ အတ္ထရံမြစ်အတွင်းသို့ စီးဝင်နိုင်ခြင်း မရှိတော့ဘဲ ရေလှောင် တမံကဲ့သို့ ဖြစ်ကာ ရေကြီးနိုင်သည့်အတွက် ကန့်ကွက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဒီရွာတွေက နှစ်တိုင်း ဝါခေါင်လလောက်မှာ ရေကြီးတယ်။ ဒူးလောက် ရင်လောက်ထိ ရှိတယ်။ ရေတခါကြီး ဆယ့်ငါးရက် ရက်နှစ်ဆယ်လောက် ကြာတယ်။ တခါတလေနှစ်တွေမှာ နှစ်ကြိမ်လောက် ရေကြီးတယ်။ အခုလို ၁၅ ပေအမြင့်လမ်းကို ဖောက်လိုက်ရင်တော့ အိမ်တွေပါ မြုပ်သွားနိုင်တယ်” ဟု နိတုံရွာခံ ဘုန်းတော်ကြီးတပါးက မိန့်ဆိုသည်။

ဒေသခံများအနေနှင့် တာလမ်း ဖောက်လုပ်ခြင်းကို မကန့်ကွက်သော်လည်း ရေနုတ်မြောင်းများ ရှိသည့် အမြင့် ၃ ပေရှိ လမ်းကိုသာ ဖောက်လုပ်စေချင်ကြသည်ဟု ဆိုသည်။

တာလမ်းကြောင့် နိတုံ၊ ကွမ်ငန်း၊ မယ်ကသာ၊ ဦးလေး၊ ငါးပြည်မ စသည့် မြေနိမ့်ပိုင်းရှိ ရွာ ၉ ရွာမှာ တနှစ်လျှင် ၄ လခန့် ရေမြုပ်သွားနိုင်ပြီး လူဦးရေ ၁၃,၀၀၀ ကျော် ရေဘေးအန္တရာယ်နှင့် ရင်ဆိုင်ရလိမ့်မည်ဟု ဆိုသည်။

အတ္ထရံမြစ်ကွေ့အနီးတွင် တည်ရှိသည့် ၎င်းရွာများသည် မြစ်အထက်ပိုင်းမှ စီးဆင်းလာသည့် တောင်ကျရေများကြောင့် မိုးရာသီတွင် နှစ်စဉ် တလခန့် ရေလွှမ်းမိုးမှုနှင့် ကြုံတွေ့ရလေ့ ရှိပြီး စာသင်ကျောင်းများကို ပိတ်ထားရလေ့ ရှိသည်။

၁၅ ပေအမြင့် လမ်းဖောက်လုပ်ခြင်းကို ရပ်တန့်ပေးရန် ဇူလိုင်လ ၅ ရက်နေ့က ရွာ ၉ ရွာမှ ဒေသခံ ၂၀၀ ခန့်က ဆန္ဒပြခဲ့ကြသည်။

လမ်းဖောက်လုပ်ခြင်းကြောင့် ကြုံတွေ့လာရမည့် နစ်နာဆုံးရှုံးမှုအတွက် နိုင်ငံတော် သမ္မတနှင့် သက်ဆိုင်ရာဌာနများသို့ စုပေါင်းလက်မှတ်ထိုးကာ တင်ပြသွားမည် ဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။

လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာများကို မှတ်တမ်းကောက်ယူနေသည့် ထိုင်းနိုင်ငံ အခြေစိုက် မွန်ပြည် လူ့အခွင့် အရေး ဖောင်ဒေးရှင်း HURFOM မှ တာဝန်ခံ ကိုဦးမွန်က အဆိုပါလမ်း ဖောက်လုပ်ခြင်း စီမံကိန်းသည် ဒေသခံများ၏ လယ်မြေများကို ကုမ္ပဏီက နည်းပရိယာယ်ဖြင့် သိမ်းယူနိုင်ရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဒီတာလမ်း ဖောက်လိုက်ရင် လယ်တွေလည်း ရေမြုပ်သွားမယ်။ ရေနက်ကွင်း ဖြစ်သွားရင် တန်ဖိုး မရှိတော့ဘူး။ လယ်သမားတွေလည်း ဒီမြေကို မလုပ်ချင်တော့ဘူး။ ဒီတော့ ဇေကမ္ဘာအနေနဲ့ လယ်သမားတွေဆီက ဈေးပေါပေါနဲ့ ယူလို့ ရသွားမယ်” ဟု ၎င်း၏ အမြင်ကို ပြောသည်။

လမ်းဖောက်လုပ်ခြင်းကြောင့် လယ်သမားများက လယ်မြေများ ထုတ်ရောင်းမည်ကို ရွာခံဘုန်းတော်ကြီးများက စိုးရိမ်ပြီး ထုတ်မရောင်းကြရန် သစ္စာရေတိုက်ကာ ကတိသစ္စာ တောင်းဆိုထားကြောင်းလည်း သိရသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေပိုင် ဇေကမ္ဘာ ကုမ္ပဏီက ဘိလပ်မြေစက်ရုံ ဆောက်ရန် အတွက် ၂၀၁၀ ခုနှစ်တွင် နိတုံရွာမှ လယ်မြေဧက ၈၃ဝ ကို တဧက ၃၅၀,၀၀၀ ကျပ်နှုန်းဖြင့် လျော်ကြေးပေးကာ သိမ်းယူခဲ့သည်။

၂ဝ၁၁ ခု နှစ်ဆန်းမှ စ၍ ဇေကမ္ဘာကုမ္ပဏီက အမေရိကန် ဒေါ်လာ သန်း ၂၂၀ ကုန်ကျမည့် သုံးနှစ် စီမံကိန်း စက်ရုံ အတွက် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နေပြီး စက်ရုံမှ တနေ့လျှင် ဘိလပ်မြေ အိတ်ပေါင်း ၆၆,၀၀၀ (တန်ချိန် ၃,၃၀၀) ကို ထုတ်လုပ်နိုင်မည်ဟု ကုမ္ပဏီသတင်းရပ်ကွက်မှတဆင့် သိရသည်။

ကွန်းချမ်း | 
စံခလပူရီ (မဇ္ဈိမ)



http://www.thithtoolwin.com/2012/07/blog-post_3045.html#.UAbKSJPbXbM

Open Tender အမည်ခံလုပ်ပွဲကြီးလား



ပညာရေး ၀န်ကြီးဌာန၏ ၂၀၁၂/၁၃ ဘတ်ဂျက်နှစ် အတွက် တည်ဆောက် ရန်ရှိသော
တက္ကသိုလ် /ကောလိပ်များ၏ တည်ဆောက်ရေး လုပ်ငန်းများ အတွက် သတင်းစာများမှ
တဆင့် ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်း ကုမ္ပဏီများအား ဇူလိုင်လဆန်းတွင်
အိတ်ဖွင့် တင်ဒါခေါ်ယူခဲ့ပါသည်။

ထိုသို့ခေါ်ယူထားသော တက္ကသိုလ်အသီးသီးရှိတည်ဆောက်ရေးလုပ်ငန်းများမှာ
 လုပ်ငန်းတန်ဖိုး အနည်းဆုံးကျပ်သိန်းတစ်ရာခန့် မှ အများဆုံး ကျပ်သိန်းတစ်သောင်းခွဲခန့်
အထိလုပ်ငန်းများပါရှိခဲ့ပါသည်။

တင်ဒါတင်သွင်းသည်ကုမ္ပဏီများမှလည်း အလယ်/အလတ်ကုမ္ပဏီများပါဝင်သကဲ့သို့
ဧရာရွှေဝါ ၊ Original Group စသည်ဖြင့်ယခင်အစိုးရလက်ထက်တွင်ကြီးပွားလာခဲ့သော Crony
စီးပွားရေးလုပ်ငန်းရှင်အုပ်စုများ နှင့် ယခုအစိုးရလက်ထက် ထိပ်ပိုင်း
အစိုးရ၀န်ကြီး ၊ အရာရှိကြီးများနှင့် ဆက်နွယ်သော ကုမ္ပဏီကြီးများလည်း
ပါဝင်သည်ကိုတွေ့ရှိရပါသည်။

 Tender ပွဲအပြီး ၀န်ကြီးဌာန အရာရှိတစ်ဦး၏ မှတ်ချက်စကားကြောင့် အလယ်အလတ်တန်းနှင့်
 ကုမ္ပဏီငယ်များမှ စိတ်ပျက်အားရော့မှုကြုံတွေ့ခဲ့ရပါသည်။ ထိုအရာရှိ၏ မှတ်ချက်မှာ ၀န်ကြီး
ဒေါက်တာမြအေး မှ ကုမ္ပဏီကြီးများကိုသာ ဦးစားပေးရွေးချယ်ရန်
မှာကြားကြောင်း ပြောဆိုခြင်းဖြစ်သည်။

ထိုမှတ်ချက်အရဆိုလျှင် အလယ်အလတ်ကုမ္ပဏီများ  နှင့် ကုမ္ပဏီငယ်များမှာ ကုမ္ပဏီကြီးအဆင့်သို့
ရှင်သန်ကြီးထွားခွင့် ကိုပိတ်ပင်ထားသကဲ့သို့ ဖြစ်နေပါသည်။

အခြားကြားသိရသည့် အချက်တစ်ခုမှာလည်း Tender စတင်ခေါ်ယူစဉ်ကာလက ကုမ္ပဏီ
Profile နှင့် Details တွက်ချက်မှုများ ပါရှိရမည်ဟု စည်းကမ်းသတ်မှတ်ထားသော်လည်း
 လူသိများသော ကုမ္ပဏီကြီးတော်တော်များများမှာ ထိုအချက်များကိုယူဆောင်လာခြင်း
မရှိကြောင်းတွေ့ရှိရပါသည်။

Tender ပွဲမှာလည်း ရှုပ်ရှက်ခတ် ၍ လူများအုံလျှက် ဘုရားပွဲဈေးတန်းကဲ့သို့
ဖြစ်နေပါသည်။ ထိုကြောင့် အထက်ပါအချက်များကို ကြည့်၍ Open Tender
ဟုဆိုသော်လည်း စည်းကမ်းနှင့် ပြည့်စုံမှုမရှိသော ကုမ္ပဏီကြီးများကို
သာဦးစားပေးရွေးချယ်မှုပြုခဲ့လျှင် ပညာရေးဝန်ကြီးနှင့် ကုမ္ပဏီကြီးများ၏
လက်ဝါးရိုက်ပြီးသား Tender ပွဲကြီးဟုသာ ထင်မြင်ရန်ရှိသည်ဟု Open Tender
ပွဲ တက်ရောက်ခဲ့သူများက Myanmar News Now ကိုပြောပြပါသည်။



http://www.thithtoolwin.com/2012/07/open-tender.html#.UAbJLZPbXbM

ဘုရားဆင်းတုတော်ပေါ်မှရွှေများ ကိုချွတ်ယူ၍ ထင်တိုင်းကြဲနေကြသော သာသနာဖျက်ဘုန်းကြီးများ



ညောင်ရွှေအုပ်ချုပ်ရေးမှူး
 ဦးထွန်းသိန်းမှ လာရောက်စစ်ဆေးသည့်အခါ 
ရွှေ  ကျပ်  ပဲ ဘောက်ချာ ကို သက်သေအဖြစ်ရယူခဲ့ပြီးမည်သို့ မျှ 
အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ပါ။

အမှန်တကယ် ရှေးဟောင်းဘုရားပေါ်မှာ ချွတ်ယူခဲ့သည့် ရွှေမှာ ၇၀ 
ကျပ်သားကျော်သည်ဟု သိရှိရပါသည်။

မည်သည့် ဒါယကာ အထောက်အပံ့မည်မည်ရရ မရှိပါပဲ ၂၀၁၂ ဂျွန်လ 
တွင် သိန်း ၂၅၀ တန်ကားဝယ်စီးခြင်း၊ ဆိုင်ကယ်အသစ်ဝယ်ခြင်း၊ 
လယ်သစ်ဆရာတော် ဦးကောဝိဒမှ ဆိုင်ကယ်အသစ်ဝယ်ယူခြင်း၊ 
ကွန်ပြူတာ ၀ယ်ယူခြင်း များအပြင် လယ်ယာမြေများအပေါင်ခံခြင်းများ --