Wednesday 18 July 2012

မိခင်နှင့် ကလေးများအတွက် ဓါတ်ပုံပြိုင်ပွဲ ကျင်းပမည်



မိခင်နှင့် ကလေးများအတွက် ဓါတ်ပုံပြိုင်ပွဲ ကျင်းပမည်Royal Link Service မှ ကြီးမှူး၍ ပျော်ရွှင် နေသော မေမေ နှင့် ကျန်းမာသော ရင်သွေး ကလေးများ ဓါတ်ပုံပြိုင်ပွဲကို ဩဂုတ်လ ၅ ရက်နေ့ ၂၀၁၂ ခုနှစ်တွင် ဒဂုံစင်တာ ၂ တွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး အသက် ၃ လမှ ၃ နှစ်အတွင်းရှိသောကလေးများနှင့်မိခင်များအဆိုပါ ဓါတ်ပုံပြိုင် ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်းသိရှိရသည်။
အဆိုပါ ဓါတ်ပုံပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် မိခင်များ မှမိမိတို့ရင်သွေးကလေးငယ်နှင့်အတူ ပျော်ရွှင်စွာရိုက်ကူးထားသော စိတ်ကြိုက်ဓါတ်ပုံတစ်ပုံနှင့်Kids Planet တံဆိပ်ကလေးဝတ်အထည်များမှ နှစ်သက်ရာဝတ်စုံကိုဝတ်ဆင်၍ ရိုက်ကူးထားသောကလေးငယ်၏ အလှ ဓါတ်ပုံကို ၃၀ရက်နေ့ထက် နောက်မကျဘဲ Royal Link Service ၏Email ဖြစ်သည့်royallinkservice@gmail.comThis email address is being protected from spambots. You need JavaScript enabled to view it. သို့ E.mail ဖြင့်ပေးပို့နိုင်ကြောင်း သိရှိရသည်။
၎င်းဓါတ်ပုံပြိုင်ပွဲအတွက် ပထမ၊ ဒုတိယ၊ တတိယfacebook Popular Award များနှင့်အတူ Main Sponsored. Co.Sponsored. kids PlanNet မှ သီးသန့် ချီးမြှင့်မည့် kids PlanNet Award တို့ကိုလည်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကာ ဓါတ်ပုံပြိုင်ပွဲအတွက် Co.Sponsored အဖြစ်ပါဝင်သော ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ ငုဝါလမ်းနှင့်ဆင် မင်းလမ်းထောင့်ရှိ J-Two Digital Studio တွင်လည်း ပြိုင်ပွဲဝင်ဓါတ် ပုံများ လာရောက်ရိုက်ကူးသူ မိခင်နှင့်ကလေးငယ်များအတွက် ၂၀ ရာခိုင် နှုန်းDiscount ဖြင့် ဓါတ်ပုံများရိုက်ကူးပေးမည်ဖြစ်ကြောင်း သိရှိရပြီး ပြိုင်ပွဲနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များ ရယူသိရှိလိုသူ များအနေဖြင့် နီးစပ်ရာKids Pla Net အရောင်းကောင်တာများတွင် လည်းကောင်း၊Royal Link Service ၏ facebook စာမျက်နှာwww. facebook. com/Happymum Healthy Baby တွင်လည်းကောင်း ဖုန်းနံ ပါတ် ဝ၉-၇၃၀၅၉၄၉၁ သို့လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ကြောင်းသိရှိရသည်

No comments:

Post a Comment