Wednesday, 31 October 2012
ယိုင်နဲ့နေသောခြေလှမ်းများနင့် မီးခိုးထွက်နေသောအနာဂတ်များ
ယနေ့အချိန်အခါသည်..စနစ်ဟောင်းသို့စွန့်ခွာပြေး၍ စနစ်သစ်တို့ပြေးဝင်လာသော အချိန်အခါ။ဒီမိုကရေစီပန်းပွင့်က ဖူးစ၊ပြူစ၊လန်းစ အချိန်အခါ။ ပွင့်လင်းမြင်သာသော စီးပွားရေးတံခါးဖွင့်မူဝါဒနှင့်အတူ အရှေ့၊အနောက်တို့မှ အဆင့်မြင့်နည်းပညာသုံးပစ္စည်းများ
တလကြမ်းဝင်ရောက်လာသည့် အချိန်အခါ။နည်းပညာပစ္စည်းများနှင့်အတူ အရှေ့၊အနောက်တို့မှ အဆင့်မြင့်နည်းပညာသုံးပစ္စည်းများ တလကြမ်းဝင်ရောက်လာသည့်အချိန်အခါ။နည်းပညာပစ္စည်းများနှင့်အတူ.ယဉ်ကျေးမှုရေစီးကြောင်းများက မြန်မာ့ယဉ်ကျေးမှု အဆီအနှစ် များကိုပြင်းထန်စွာ တိုက်စားလျှက် ၀င်ရောက်လာတော့သည်။ကောင်းတာကိုတော့အတုမယူ။မဟုတ်တာကိုတော့အယူလွယ်သောအခါ ။လွပ်လပ်ခြင်းနဲ့အတူ ။လွပ်လပ်ခြင်းနှင့်အတူ ပျက်စီးခြင်းတို့ရောပါလာတော့သည်။တိုင်းပြည်၏အနာဂတ်တိုးတက်မှုကိုခြိမ်းခြောက်လာတော့သည်။ရုပ်မြင်သံကြားမှပြသနေသောဇာတ်လမ်းတွဲများ ကလည်းး အခြေမခိုင်သူ နုနယ်သောလူငယ်များ အတွက်ပျက်စီးဖို့ရာလမ်းစများ၊နည်းပေးလမ်းပြများ ဖြစ်လာတော့သည်။စက္ခုအာရုံမှကူးစက်ခဲ့သော တိုင်းတစ်ပါးယဉ် ကျေးမှုများကလူငယ်တို့၏ အသွင်အပြင် ၊ဓလေ့စရိုက်၊အမူအကျင့်များကို ဖြည်းဖြည်းချင်းမသိမသာ ၀ါးမျိုဖျက်ဆီးတော့သည်။အဆင့်မြင့် နည်းပညာပစ္စည်းများ၏ကောင်းမှုတို့ကြောင့် ကမ္ဘာအရပ်ရပ်မှ အဖော်အချွတ်နှင့် အညှီအဟောက် များက ချိုသူတို့အတွက် ချိုသလို အသိနှင့် သတိ ရှိသော လူများအတွက်တော့ မချိုနိုင်။မအီနိုင် မစိမ့်နိုင် ။သောကများနှင့်အခါးသက်သက်သာဖြစ်တော့သည်။အကင်ပေါင်းစုံလဲ အရောင်းသွက် လှသည်။အရက်တွေလည်းအ၀ယ်ကြမ်းကြသည်။ရုပ်သံဇာတ်လမ်းများ ကြည့်ရှုပြီး ပျိုမေတို့ ကြီးကြီးငယ်ငယ်မဟူ ဖြတ်ကြ ၊တောက်ကြ၊တိုကြ၊ခွဲကြ၊လှန်ကြ၊ဖော်ကြသည်မှာ တ၀င်းဝင်း၊တစိုစို။မေကြီးက၀ယ်ဆင်သည်။သမီးလေးက၀တ်ပြသည်။အဖေကလဲမတားတော့ ၊အရှက်မလုံတာ အဟုတ်ထင်တော့ဘေးလူကသရမ်းတော့သည်။သူ့နိုင်ငံမှာတော့ သူ့ယဉ်ကျေးမှုနှင့်အတူ။ကိုယ့်နိုင်ငံမှာတော့ရာဂကိုလက်ယပ်၍ ခေါ်သလို။ဖော်ရဲသူကဖော်တော့ ကြည့်ရဲသူကကြည့်တော့သည်။မကြည့်ရဲသူက မျက်စိရှက်သည်။လူငယ်တွေက လည်ပြန်၊လူကြီးတွေက(တံတွေးမျိုသံ )ဂလုံဆန်။ဖိုးဖိုးတောင်မှ ငယ်မူပြန်စရာတွေဖြစ်ကုန်ကြသည်။နိုင်ငံတော်၏လူမှုရေးဦးတည်ချက်များ လည်းဝေေ၀၀ါးဝါး ဖြစ်ကုန်သည်.စိတ်ဓါတ်တွေလည်းမရှိတော့။စာရိတ္တလဲမသိတော့။ယဉ်ကျေးမှုလည်း မထိန်းနိုင်တော့။အမျိုးသမီးများ၏ ခတ်ရေစီးကြောင်းမျောပါမှု က ယဉ်ကျေးမှုကိုဖျက်တော့သည်။အမျိုးသမီး ပြီးတော့ အမျိုးသားတွေကို ဆန်းစစ်ကြည့်ပြန်တော့ အမျိုးသားတွေလည်းမဟန်နိုင်။ယမကာယဉ်ကျေးမှုထဲခုန်ချကြသည် အချိန်မရွေးနေရာမရွေး အရက်မရွေးပဲသောက်ကြည်သည်။အနံ့လေးတသင်းသင်းနဲ့ဘေးကလူတွေနှာခေါင်းရှုံပေမဲ့သူတို့ကရေမွှေးဖြန်းထားသလို။ရေမွှေးဖြန်းထားသလို။အရက်မသောက်သူကို သူတော်ကောင်းလုပ် သည်ဟုပင်စကားနာထိုးကြသည်။အရက်သောက်ပြီး မဲပေါက်လို့ ပွသူလဲရှိသည်။အရက်သောက်ပြီး အသက်ပျောက်သူလည်းရှိသည်။မဲပေါက်လို့ပွသူကိုတော့အားကျသည်။အရက်သောက်လို့သေသူကိုတော့တရားမကျ။အရှင်လတ်လတ်အသည်းမရှိတဲ့လူတွေလည်းပေါလှသည်။တချို့ဆိုလျှင် အရက်ဆိုင်မှာမူးလဲအောင်သောက်လို့ မိသားစုကဗိုက်မှောက်နေရတာလည်းဒုနဲ့ဒေးပင်။ဆုံလို့သောက်၊ကြုံလို့သောက်။မဆုံဆုံအောင် မကြုံကြုံအောင် လုပ်ပြီးသောက်ကြသူများလည်းရှိသည်။ခေါင်းစဉ်တွေကလည်းအမျိုးမျိုးအဖုံဖုံ။နှစ်ကူးလို့သောက်သည်…သီတင်းကျွတ်လို့သောက်သည်။လွတ်လပ်ရေးနေ့မှာပျော်လို့သောက်သည်။ဘကြီးဆုံးလို့သောက်သည်။ကလေးမွေးလို့
သောက်သည်။ဟိုတုန်းကယောက်ျားငမူးကိုသာရှောင်ရတိမ်းရ ရန်ဖြစ်ရသည်။အခုတော့မိန်းမငမူးတွေကိုလည်းရှောက်ရ တိမ်းရပြေးရတော့သည်.အမှုတွေလည်းများလှသည်။သောကတွေလည်းပွားရသည်.ဤသို့ဤပုံအရက်ကို လူတန်းစားမျိုးစုံကသောက်ကြ၊သုံးကြမူးယစ်ကြသည်မှာ ယမကာယဉ်ကျေးမှု လို့ပဲခေါ်ရမလို။အရက်မသောက်ရင်ပဲ လူရာမ၀င်တော့သလို သေရည်အရက်က တန်ခိုးထက်နေတော့သည်။နိုင်ငံတော်ကြီး အဘယ်မှာတိုးတက်
အံ့နည်း။ပျက်စီးခြင်းကိုသာရှေးရှုတော့မည်။ဒီကြားထဲလူကြီးတွေကြားမှာ လူငယ်တွေက၀င်ရှုပ်ကြသည်တစ်ခွက်တစ်ဖလား ၀င်မော့ကြသည်။ကိုယ်တိုင်ကပျက်နေသောလူကြီးတွေလည်း လူငယ်တွေကို မဆုံးမနိုင်တော့၊မတားနိုင်မဆီးနိုင်တော့၊မဟိန်းနိုင်မဟောက်နိုင်တော့။ထိုင်ကြည့်နေရုံသာတတ်နိုင်တော့သည်။အထူးသဖြင့် အထက်တန်းကျောင်းသားလူငယ်လေးများဆေးလိပ်တွေကို လက်ကြား၊နားကြားညှပ်လို့ရှိုက်လို့ဖွာလို့ ။ကိုယ်တွင်းအင်္ဂါတွေကို မိုက်မိုက်မဲမဲ ဖျက်ဆီးနေကြသည်။နုနယ်လှသောအဆုတ်များကိုဖျက်ဆီးနေကြသည်မှာရင်နာစရာ တချို့ဆိုလျှင်ဆေးလိပ်ပါမက အရက်ပါသောက်နေကြသည်။
ဆံပင်တွေက တထောင်ထောင် အငွေ့ကတလူလူ အရက်နံ့တသင်းသင်းဖြင့်..လူမြင်ကွင်းမှာလဲသောက်သည်။ကွယ်ရာမှာလဲသောက်သည်။ရှက်ရကောင်းမှန်းလည်းမသိ ကြောက်ဖို့ဆို ဝေလာဝေး ။ဘယ်လိုမှ မတင့်တယ်..မြင်ရတွေ့ရသည်မှာ ရင်နာစရာ စိတ်မကောင်းစရာ။အချို့အထက်တန်းကျောင်းသားလေးများသည်မကောင်းမှုများကိုကျောင်းအိမ်သာထဲ၌ကျူးလွန်ကြသည်…ဆေးလိပ်ခိုးသောက်သည်…အရက်ခိုးသောက်သည်…ကျောင်းအိမ်သာခေါင်မိုးပေါ်၌ဆေးလိပ်များအရက်
များကိုဝှက်ထားတတ်သည်။ရောင်းသူဝယ်သူလည်းရှိတတ်ကြသည်။အနံ့ အသက်ဆိုးရွားလှသောကျောင်းအိမ်သာများသည် ၄င်းတို့အတွက်တော့ နိဗ္ဗာန် ဘုံများဖြစ်နေတော့သည်။တချို့ကျောင်းသားများသည် ဘာမီတွန်များ၊၀မ်းပိတ်ဆေး(Decotil) များ၊ချောင်းဆိုးပျောက်ဆေး(အ၀ါလုံးလေးများ)နှင့်(Dextr BS) တို့ကိုမူးယစ်ဆေးဝါးအဖြစ် ၀ယ်ယူသုံးစွဲတတ်ကြသည်ကိုတွေ့ရသည်။၎င်းဆေးများကို လိုသည်ထက်ပို၍သုံးစွဲပါက ရီတီတီ မှိုင်းတိုင်းတိုင်းဖြင့်.သာယာမှုတစ်မျိုးကို ခံစားရကြောင်းသိရသည်.မိတ်ဆွေတစ်ဦး၏ပြောကြားချက်အရဆိုလျှင် အချို့သောကျောင်းသားများသည်..ကော်ဗူးကိုမီးရှို့ပြီးး အငွေ့များကိုရှုကြကြောင်း၊တစ်ချို့သည်ကျွတ်ဖာရာ၌သုံးသောကော်များကို မီးရှို့ပြီးအခိုးအငွေ့များကို မူးယစ်စေရန်အလို့ငှာရှုကြရှိုက်ကြကြောင်း..ကြားသိရလျှင်အလွန်အံ့သြ၀မ်းနည်းရပေသည်။ ဤသို့သာရေရှည်ဆက်ဖြစ်နေမည် ဆိုပါလျှင်…တိုင်းပြည်၏အနာဂတ်ကိုပုံဖေါ်ထုဆစ်မည့်သားကောင်းလေးများ ၊နောင်တစ်ချိန်မှာ သူရဲကောင်းဖြစ်ဖို့ မလွယ်တော့။အဆုတ်ကမကောင်း ၊အသည်းကပျက်နှင့် လူငယ်တွေကို ဆေးလိပ်အရက်မရောင်းဖို့ အထူးကြပ်မတ်သင့်ပြီလို့ထင်သည်။တချို့ကလေးတွေက လူကြီးများကြောင့်ပျက်ရသည်။အပေါင်းအသင်းများကြောင့်ပျက်ရသည်။အတုခိုးမှားလို့လမ်းမှားရောက်ရသည်။အရွယ်မတိုင်ခင်လမ်းမှားရောက်သော် တိုင်းပြည်အတွက်နစ်နာလှသည်။ဘ၀တွေလည်းနစ်မွန်းရသည်။ကြီးမိုက်တွေကိုတော့ မပြောချင် ။ငယ်ဆိုးလေတွေကိုတော့…တားမြစ်၊ကာကွယ်၊စောင့်ရှောက်ပေးသင့်ပြီဟုထင်မိသည်.လူငယ်လူရွယ်များအားထိမ်းသိမ်းစောင့်ရှောက်ခြင်းသည် အမိ အဖ ဦးလေးသားချင်း ဆရာသမားများ၌တာဝန်ရှိလှပါသည်။အစိုးရမှလည်း ဥပဒေများတင်းကြပ်စွာထုတ်သင့်ြ့ပီ ။သို့မဟုတ်ပါကနောင်တစ်ချိန်တွင် စာရေးသူတို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးသည် အိုနာကျိုးကန်း၍ မစွမ်းမသန်သောလူမမာကြီးဖြစ်ရချေတော့မည်.နိုင်ငံတစ်ကာအလယ် ၌ ဂုဏ်သရေ ညှိုးရချေတော့မည်။ဤသို့မဖြစ်ရအောင် အစိုးရနှင့် တကွ ပြည်သူအားလုံးက ၀ိုင်းဝန်းပြုပြင် သင့်လှပေသည်။
မောင်ကြယ်စင်
By Hot News Weekly
Subscribe to:
Post Comments (Atom)
No comments:
Post a Comment