Saturday, 4 August 2012

နည်းပညာ အားနည်းချက်ကြောင့် ဟိုင်ဒြိုဂျင် ပါရောက်ဆိုဒ် စက်ရုံပေါက်ကွဲမှုဖြစ်ရဟု စက်ရုံမှူးပြော


ဝါဆိုလပြည့်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်း ချောက်မြို့နှင့် စလေမြို့အကြားရှိ စက်မှုဝန်ကြီး
ဋ္ဌာနပိုင် အိမ်သုံးပစ္စည်းစက်ရုံ  မှ ဓါတုပစ္စည်း ပေါက်ကွဲမီးလောင်ကျွမ်းခဲ့ရခြင်းမှာ တရုတ် ကုမ္ပဏီမှ တည်ဆောက်သည့် စက်ရုံ၏ နည်းပညာဆိုင်ရာ အားနည်းမှုကြောင့် ဟု စက်ရုံမှူးက သုံးသပ်ပြောဆိုသည်။

စက်ရုံတွင် ကွန်ပျူတာစနစ်နှင့် လူကိုယ်တိုင် ကိုင်တွယ် ဆောင်ရွက်ရသည့် (Manual) ဖြင့်လုပ်ဆောင်ရသည့် စနစ် ၂ မျိုးရောနှောနေကာ ဗား(valve) အဖွဲ့အပိတ်ကဲ့သို့သော လုပ်ဆောင်မှုမျိုးကို လူကိုယ်တိုင် ဆောင်ရွက်ရသည်ဟု ၎င်းကပြောသည်။

ကွန်ပျူတာနှင့် အလိုအလျှောက်ထိန်းချုပ်သည့် စနစ်နှင့် လူကိုယ်တိုင် ဆောင်ရွက်ရသည့် စနစ်နှစ်မျိုးကြောင့် ယခုလို မတော်တဆအဖြစ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းအနေဖြင့် မှတ်ချက်ချ ပြောဆိုသည်။

သြဂုတ်လ ၂ ရက်နေ့က စက်ရုံမီးလောင်မှု ကို ငြိမ်းသတ်နေစဉ်။

အခင်းဖြစ်ပွားစဉ်နေ့က ဗား ချို့ယွင်းကာ  ဓါတုအရည်များ ဖိတ်လျှံလာပြီး ယင်းအရည်များက လေနှင့်ထိတွေ့ကာ မီးလောင်မှု စတင်ခဲ့ခြင်းဖြစ်သည်ဟုလည်း စက်ရုံမှူးက ပြောသည်။

“အဲဒီနေ့ နေ့လည် ၁နာရီဝန်းကျင်က ကျွန်တော်အိမ်မှာရှိနေတုန်း စက်ရုံထဲက စက်ပုံမှန် မဟုတ်တဲ့ အသံထွက်လာတယ်၊ ဘာဖြစ်တာလဲလို့ သွားကြည့်တော့ ဒုတိယထပ် တာဝါတိုင်က ဓါတုအရည် လျှံကျနေတာတွေ့တယ်၊ အဲနောက် မကြာခင် အသေးစားပေါက်ကွဲမှု တခုဖြစ်တာပဲ” ဟု ယင်းနေ့အဖြစ်အပျက်နှင့် ပတ်သက်၍ စက်ရုံမှူးက ရှင်းပြသည်။


အသေးစားပေါက်ကွဲမှု မှထွက်လာသည့် အပူနှင့် မီးတောက်ကြောင့် နောက်ထပ်ပေါက်ကွဲမှုကြီး ဖြစ်ပွားရခြင်းဖြစ်သည်ဟုလည်း သိရှိရသည်။ ပထမ အသေးစားပေါက်ကွဲမှုဖြစ်ပွားလိုက်ခြင်းက စက်ရုံဝန်ထမ်းများကို စက်ရုံမှ ဝေးရာသို့ တိမ်းရှောင်ခဲ့သဖြင့် နောက်ဆက်တွဲ ပေါက်ကွဲမှုတွင် ဒဏ်ရာရမှု နည်းပါးခဲ့ခြင်းဖြစ်သည်ဟု စက်ရုံဝန်ထမ်းများ၏ ပြောဆိုချက် အရသိရှိရသည်။

သြဂုတ်လ ၂ ရက်နေ့ ပေါက်ကွဲမှုကြောင့် စုစုပေါင်း ၇ ဦးဒဏ်ရာရခဲ့ကာ တဦးမှာ နောက်ကျော မီးလောင်ဒဏ်ရာ ပြင်းထန်သဖြင့် ချောက်ဆေးရုံတွင် ကုသမှု ခံယူနေကြောင်း၊ အခြားဒဏ်ရာရသူများမှာ မျက်စေ့ထဲသို့  ဓါတုဆေးရည် ၀င်သဖြင့် မျက်လုံးစပ်သည့် ဒဏ်ခံစားနေရကြောင်း စက်ရုံဝန်ထမ်းများက ပြောဆိုသည်။

ရေနံချောင်းမြို့မှ စက်ရုံဝန်ထမ်းတဦးဖြစ်သူ ကိုမင်းမင်းထွန်းမှာလည်း မျက်စေ့ ဒဏ်ရာရသဖြင့် ၎င်းနေထိုင်ရာမြို့သို့ ပြန်လာပြီး မျက်စေ့အထူးကု ဆရာဝန်ဖြင့် ပြသလျှက်ရှိသည်ဟု ကိုမင်းမင်းထွန်း၏ ပြောဆိုချက်အရ သိရသည်။

ယင်းစက်ရုံကို ၂၀၀၅ ခုနှစ်တွင် တရုတ်ကုမ္ပဏီ CMCEC က တည်ဆောက်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ပြီးစီးဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယခုလက်ရှိ ၀န်ထမ်းအင်အား ၁၈၀ ဖြင့်လည်ပတ်လျှက်ရှိကြောင်းလည်း သိရှိရသည်။

ယင်းပေါက်ကွဲမှု ဖြစ်ပွားသည့်နေ့က စက်မှုဝန်ကြီးဋ္ဌာန ပြည်ထောင်စု ဒုဝန်ကြီး နှင့် ကျောက်ပန်းတောင်း တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းဝင်း လာရောက်ခဲ့ကာ နောက်တရက်တွင် စက်မှုဝန်ကြီးဋ္ဌာန ပြည်ထောင်စု ၀န်ကြီးဦးစိုးသိန်းနှင့် မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ တို့လာရောက်ခဲ့သည်။

ပျက်စီးဆုံးရှုံးမှု တန်ဖိုး မသိရှိရသေးသော်လည်း စက်ရုံတခုလုံး မီးကျွမ်းလျှက်ရှိသည်ကို တွေ့မြင်ရသည်။



မီးလောင်ကျွမ်းနေသည့် ဟိုင်ဒြိုဂျင် ပါရောက်ဆိုဒ် စက်ရုံ

By Yangon Press International
ပေါက်ကွဲမှု အရှိန်ကြောင့် စက်ရုံမှန်များနှင့် နံရံကြွေပြားများ ကွဲအက် ပျက်စီးခဲ့သည်။

ခြစားမှုဖြင့် နာမည်ကြီး ငွေချမ်းသာလာနေသူ မူဆလင်တဦးအား မျိုးချစ်များက ထုတ်ဖေါ်ပြောဆို

arakan-photo-by-narinjaraရခိုင်ပြည်နယ်အတွင်း အကြမ်း
ဖက်ပဋိပ
က္ခနှင့် ဆက်နွယ်မှုရှိသူ ဘူးသီးေ
တာင်မြို့
တွင် လာဒ်ပေး၊ လာဒ်ယူ ခြစားမှု
များဖြင့် 
ချမ်းသာ လာနေသူ ဦးရော်ဖိအား
 သက်
ဆိုင်ရာမှ အရေးယူပေးရန် မြို့
ခံမျိုးချစ်
လူငယ်များက ယမန်နေ့က ထု
တ်ဖေါ်ြေ
ပာဆိုလိုက်သည်။
" သူက ရော်ဖိပါ၊ တဦးတည်းကိုယ်စား
လှယ် ဒီနှစ်နွားသတ်လိုင်စင်ရဖို့ အာ
ဏာပိုင်ကို သိန်း ၇၀၀ ကျပ်ပေးပြီး ယူ
ထားသူပါ၊ အခုသူ ကျပ်သိန်း ၁၀၀၀
 ကျော်လောက် ချမ်းသာနေပါပြီ၊ နယ်ြေ
မတခုလုံး နွားသတ်လိုင်စင်ကိုပြပြီး နွား၊
 ကျွဲ၊ ဆိတ်မကျန် ခိုးနေသူ ဖြစ်ပါတယ်၊ ဒေသအာဏာပိုင်၊ ဒေသလူဆိုးသူခိုးတွေနဲ့ ပူးပေါင်းပြီး 
ရာဇ၀တ်ေ
တွကိုလည်း ကျူးလွန်မှုတွေ ရှိခဲ့ပါတယ်၊ အရေးအခင်းကို ဖန်တီးခဲ့သူလို့လည်း သတင်းတွေ 
ထွက်ပေါ်ေ
နပါတယ်။ " ဟု ဘူးသီးတောင်မြို့မှ မျိုးချစ်လူငယ်များက ပြောသည်။
ဆက်လက်ပြီး " ဇွန် ၈ ရက်နေ့က စတင်တဲ့ အကြမ်းဖက်မှု ၂ လကာလအတွင်း ကျပ်သိန်း ၇၅၀
 ကျော်
ရရှိသွားပြီလို့ သိရပါတယ်၊ သူကအထက်တန်း အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ကုလားတွေဆီက 
လာဒ်ေ
ငွစား လွှတ်ပေးခဲ့သူတွေ အများကြီး ရှိတယ်လို့ သိရပါတယ်၊ မောင်တော-ဘူးသီးတောင်မြို့နယ်
တွင်
 တာဝန်ကျခဲ့ကြတဲ့ ရဲခရိုင်မှူးတွေနဲ့ပူးပေါင်းပြီး ဝေမျှစားခဲ့သူပါ၊ သူအခုလို ရှိနေသရွေ့ ဒေသခံ
တိုင်း
ရင်းသားများ အနာဂါတ် အန္တရာယ်ရှိလာဖို့ကိုတွေးပြီး အရေးယူမိအောင် ဖွင့်ချရခြင်းဖြစ်ပါတယ်။"
 ဟု
 ရှင်းပြသည်။
အဆိုပါ ရော်ဖိ(၄၀)နှစ်မှာ ဘူးသီးတောင်မြို့ အမှတ်(၄)ရပ်တွင် နေထိုင်သူဖြစ်ပြီး ဒေသခံ အာ
ဏာပို
င်များနှင့် ပူးပေါင်းကာ ငွေရှိသူများ ထံမှ လာဒ်ငွေများယူ၍ လွှတ်ပေးလျက်ရှိပြီး မကြေနပ်သူ
များအား
 ဖမ်းဆီးရန် ညွှန်ပြလျက်ရှိနေကြောင်း ဆိုသည်။
လွန်ခဲ့သော ၂၀၀၈ ခုနှစ်က မောင်တောမြို့မှ ပြောင်းရွေ့သွားသော ရဲခရိုင်မှူးနှင့် ကျပ်သိန်း
 ၅၀၀ 
ခန့်အချေအတင် ရှိခဲ့ကြောင်း၊ စစ်တွေမြို့ ဒေသကွပ်ကဲရေးမှူးဌာနချုပ်နှင့်လည်း ငွေအချေအတင် 
လာဒ်ပေးလာဒ်ယူများ ရှိနေကြောင်း၊ ပြောင်းရွေ့သွားသော နစက အောင်ကြီးနှင့် အပေးအယူများ
ရှိခဲ့ကြောင်း၊ နွား-ကျွဲ-လူတို့ကို စီးပွားရေးအရ ဂိုဏ်းဖွဲ့ပြီး ပွဲစားလုပ်နေသူဖြစ်ကြောင်းနှင့် ယခုအခါြ
ခစားမှုများဖြင့် ချမ်းသာလာနေသူဖြစ်ကြောင်း စစ်တပ်သတင်းက အတည်ပြုပြောဆိုသည်။
အဆိုပါ နွားသတ်လိုင်စင်ဖြင့် ဘက်စုံရပ်ကာ ခြစားမှုဖြင့် ငွေချမ်းသာလာနေသူမှာ ရခိုင်ပြည်နယ်
အတွင်း အကြမ်းဖက်မှု ဖြစ်ပေါ်လာရန် ဦးစွာ အားပေးအားမြောက်နှင့် ငွေအမြောက်အများ ကူညီေ
ပးခဲ့သူဖြစ်ကြောင်းနှင့် ဘင်္ဂလာမှ မှောင်ခိုစီးပွားရေးသမားကြီးများနှင့် ဆက်နွယ်မှုများ ရှိနေကြောင်း
 ခိုင်လုံသော သတင်းများက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ယင်းကဲ့သို့ ငွေလာဘကြီးသူများမှာ ဌာနဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းပြီး 
နည်းမျိုးစုံဖြင့် လာဒ်ပေးလာဒ်ယူ ခြစားမှုများအား မျှဝေစားနေကြသူများ အများအပြားရှိနေကြောင်းနှင့်
 ဇွန် ၈ ရက်နေ့က စတင်သည့် ပဋိပက္ခ ဖြစ်ပေါ်မှုမှ နယ်စပ် ဒေသများအတွင်းမှ ခြစားမှုတချို့ ပေါ်ထွက်
လာခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် ကျောက်ဖြူ-စစ်တွေ- တောင်ကုတ်- ရမ်းဗြဲ- သံတွဲ-ဂွ- ဘူးသီးတောင်-မောင်တော- ကျော
က်တော်-ပလက်ဝပြည်နယ်နှင့် ဘင်္ဂလာ- အိန္ဒိယအကြား အရင်းအနှီးအနည်းငယ်ဖြင့် ကူးလူးဆက်ဆံ
နေကြသော စီးပွားရေးသမားများမှာ ဒေသအတွင်း အခြေစိုက် နေကြသော အာဏာပိုင်အဆင့်ဆင့်အား
 လာဒ်ငွေများ အဆမတန်ပေးဆောင်နေရမှုဖြင့် အရင်းအနှီးပြုတ်သွားကြသူများ ရှိကြောင်း လူငယ်မျိုးချ
စ်များက ဆိုသည်။
သို့သော်လည်း စီးပွားရေးအရ အရင်းအနှီးအများအပြားဖြင့် အာဏာပိုင်များနှင့် အကျိုးတူ ပူးပေါင်းလု
ပ်ဆောင်နေကြသူများမှာ ကြီးပွား နေကြပြီး မဟုတ်အမှန်အလုပ်များကို လုပ်ဆောင်လာနေကြကြောင်း
 ပြောသည်။


By Arakan Times

တကျော့ပြန်ဆင်ဆာကြောင့် သတင်းလွတ်လပ်ခွင့် နောက်ကြောင်းပြန်


သမ္မတဦးသိန်းစိန်က ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေကြောင်း နိုင်ငံတကာမှ ချီးမြှောက်နေချိန်မှာပဲ စိစစ်ရေး တကျော့ပြန်လာပြီဆိုတဲ့ စိုးရိမ်ချက်နဲ့ ပြည်တွင်း အပတ်စဉ်ထုတ် ပုဂ္ဂလိကပိုင် သတင်းဂျာနယ်တွေကတော့ ယခင်ကထက်ပိုပြီး သတိထား ဆင်ခြင်နေရပါတယ်။
ပြီးခဲ့သည့် အင်္ဂါနေ့က အစိုးရချမှတ်ထားတဲ့ ကျင့်ဝတ်စည်းကမ်းတွေကို မလိုက်နာဘူးဆိုပြီး အပတ်စဉ်ထုတ်သတင်းဂျာနယ် နှစ်စောင်ကို အချိန်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တာကြောင့် သတင်းထောက်တွေနဲ့ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနအကြား ဆက်ဆံရေး တင်းမာလာခဲ့ပါတယ်။
ဇွန်လအကုန်မှာ စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းပြီး မီဒီယာဥပဒေသစ်တခု ပြဌာန်းပေးမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက အရင်ကပြောခဲ့တာမို့ အခုဆို အလိမ်ခံရသလို ခံစားရကြောင်း သတင်းထောက်တဦးဖြစ်သူ ကိုသူရမျိုးက ပြောပါတယ်။
“မီဒီယာဥပဒေသစ်ဆိုတာလည်း မမြင်ရသေးဘူး၊ ဂျာနယ်တွေလည်း ပိတ်ခံရတယ်ဆိုတော့ ကျနော်တို့ကို ခြိမ်းခြောက်ဖို့ စာပေစိစစ်ရေးမှာ အာဏာ ဆက်ရှိနေဆဲဆိုတာကို ပြတာပဲ” လို့လည်း ပြောပါတယ်။
The Voice နဲ့ Envoy ဂျာနယ်တွေမှာ ထူးထူးခြားခြား နစ်နာမှုမရှိနိုင်တဲ့ ၀န်ကြီးအပြောင်းအလဲသတင်း၊ မီဒီယာလွတ်လပ်ခွင့်ကို သရော်ထားတဲ့ ကာတွန်းနဲ့ တရုပ်နိုင်ငံ Southern Weeken ဂျာနယ်မှာပါတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းရဲ့ အင်တာဗျူးဘာသာပြန် စတဲ့သတင်းများ ထည့်သွင်းဖော်ပြတာကြောင့် အကန့်အသတ်မရှိ ထုတ်ဝေခွင့် ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ ယူဆရပါတယ်။
စာပေစိစစ်ရေးမှူးချုပ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေကတော့ အဲဒီဂျာနယ်တွေဟာ စာပေစိစစ်ရေးအဖွဲ့ထံ သတင်းများ မတင်ပြဘဲ ထုတ်ဝေခြင်း အပါအ၀င် စာပေစိစစ်ရေးရဲ့ သတ်မှတ်ချက် တော်တော်များများကို ချိုးဖောက်ခဲ့တာကြောင့် အခုလို ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်တာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ သီချင်း၊ ပုံနှိပ်စာ၊ ရုပ်ရှင် သို့မဟုတ် အနုပညာလက်ရာ ဖန်တီးမှုတွေကို အစိုးရရဲ့ ခွင့်ပြုချက် ယူနေရတာ ရာစုနှစ်ဝက်ကြာနေခဲ့ပါပြီ။
သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီး မနှစ်ကစလို့ မီဒီယာတွေကို ဖြေလျော့ပေးမှု တချို့ရှိလာခဲ့ပါတယ်။ သတင်းတွေကို ပုံမှန်အတိုင်း တင်ပြစရာ မလိုတော့တာ၊ အပတ်စဉ်ထုတ် စာစောင်တချို့ဆို စာပေစိစစ်ရေးရဲ့ ခွင့်ပြုချက် မယူဘဲနဲ့တောင် ထုတ်ဝေတာ အထိ ဖြစ်လာခဲ့ပါတယ်။
အမည်မဖော်လိုတဲ့ ရန်ကုန်အခြေစိုက် အမျိုးသမီးအယ်ဒီတာတဦးက စာပေစိစစ်ရေးကို တင်သင့်မတင်သင့် ဆုံးဖြတ်ရာမှာ အယ်ဒီတာအဖွဲ့က ကိုယ်ပိုင် တာဝန်ခံရတယ်လို့ ပြောပါတယ်။
“သတင်းတပုဒ်က အစိုးရမူဝါဒနဲ့ မဆိုင်ဘူးဆိုရင် စာပေစိစစ်ရေးကို မတင်ဘဲ ဒီအတိုင်း ထုတ်လိုက်တယ်။ နိုင်ငံရေးအရ အတိမ်းအစောင်းမခံတဲ့ သတင်းမျိုးဆိုရင်တော့ စာပေစိစစ်ရေးကို တင်ပြတယ်။ စိစစ်ရေးကို မဖြတ်လို့လည်း ကျမတို့ သတိပေးခံရဖူးတယ်” တဲ့။
စာပေစိစစ်ရေးဟာ ဘက်လိုက်ပြီး ပုံသေ တသမတ်တည်းမရှိလို့ သူက ဆက်ပြောပါတယ်။ သတင်းတပုဒ်ကို ဂျာနယ်တစောင်မှာ ဖော်ပြခွင့်မပေးပင်မဲ့ တခြားစာစောင်မှာ ဖော်ပြခွင့်ပေးတာကြောင့် စာစောင်ထုတ်ဝေသူ တချို့က “သစ္စာဖောက်ခံရတယ်” လို့ ခံစားရတယ်လို့ ဆိုပါတယ်။
“The Voice နဲ့ Envoy ဖြစ်ရပ်မှာ ကြည့်မယ်ဆိုရင် ကျမထင်တာက သူတို့ နောက်ကျ ကျန်ခဲ့မှာ စိုးလို့ ဖြစ်မယ်။ သူတို့သတင်းက အရမ်းကောင်းနေတယ်။ နောက်ပြီး စိစစ်ရေးကို တင်လိုက်ရင်လည်း ဆင်ဆာထိမှာ သူတို့သိတယ်။ ဒါပေမယ့် တခြားသတင်းဂျာနယ်တွေရဲ့ မျက်နှာဖုံးမှာ ဒီသတင်းပါလာမယ်ဆိုတာ သူတို့ သိနေတယ်။ အဲဒါကြောင့် သူတို့ စွန့်စားပြီး လုပ်လိုက်တာ နေမှာ” လို့ ပြောပါတယ်။
ဂျာနယ်နှစ်စောင်ပိတ်ပင်ခံရတာကြောင့် မြန်မာ့မီဒီယာလောက တုန်လှုပ်သွားခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနအပေါ် မယုံကြည်မှု ထပ်တိုးလာပါတယ်။
“အခုဆို နောက် ဘယ်သူ့အလှည့်လဲ၊ ငါ့အလှည့်ကော ဘယ်တော့လဲ ဆိုတာကို ကျနော်တို့ တွေးပူနေရပြီ” လို့ အပတ်စဉ်ထုတ် ဗီးနပ်ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ တခြားဝန်ကြီးဌာနတွေ ရှေ့တိုး ဆောင်ရွက်နေချိန် ပြန်ကြားရေးဝန်ကြီးဌာနက ဂငယ်ကွေ့ ပြန်ကွေ့သလို ဖြစ်နေတယ်လို့ ကိုသူရမျိုးကလည်း ထောက်ပြပါတယ်။
“ပြည်ထဲရေးဝန်ကြီးဌာနဆို အများကြီး ပြောင်းသွားတယ်။ ရဲစခန်းတွေက အခုဆိုရင် ကျနော်တို့ မေးတာတွေကို ဖြေဖို့ အသင့်ပဲ။ အရင်က ဆက်ဆံရေးနဲ့မတူတို့ဘူး။ ကျနော်တို့ကို တံခါးဖွင့်ပေးတယ်။ ဒါပေမယ့် စာပေစိစစ်ရေးရဲ့ လုပ်ရပ်တွေကတော့  အခုထိ မှားနေတုန်းပဲ” လို့ သူက ပြောပါတယ်။
ရခိုင်ပြည်နယ် အဓိကရုဏ်းတွေ စဖြစ်ကတည်းက မြန်မာနိုင်ငံရဲ့ ပေါ်ထွန်းစ သတင်းစာလွတ်လပ်ခွင့်ဟာ တရှိန်ထိုး ကျဆင်းသွားတယ်လို့ စာနယ်ဇင်းလောကက မြင်ပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှုတွေ စဖြစ်စေခဲ့တဲ့  ရခိုင်အမျိုးသမီး အလောင်း ဓါတ်ပုံကို ပုံနှိပ်ဖော်ပြခဲ့တာကြောင့် လျှပ်တပြက်ဂျာနယ်ကို ဇွန်လထဲမှာ ထုတ်ဝေခွင့် ပိတ်ခဲ့ပါတယ်။ အစိုးရက ဒီဗုဒ္ဓဟူးနေ့က ထုတ်ဝေခွင့် ပြန်လည်ခွင့်ပြုလိုက်ပေမဲ့ ဂျာနယ်က တရားရုံးမှာ တရားရင်ဆိုင်နေရဆဲပါ။
ကြာသပတေးနေ့ကတော့ ယခင်စစ်အစိုးရလက်အောက် အိပ်မက်ပင် မမက်ဖူးတဲ့ ရှားရှားပါးပါး တုံ့ပြန်ချက်တခု ဖြစ်ပေါ်ခဲ့ပါတယ်။ မီဒီယာ လွတ်လပ်ခွင့်ကို ကာကွယ်နိုင်မယ့် ကော်မတီတခု ဖွဲ့ဖို့ ရန်ကုန်က သတင်းထောက် ၉ ၂ ဦး စုစည်းခဲ့ကြပါတယ်။
အပိတ်ခံရတဲ့ ဂျာနယ်နှစ်စောင်ကို ဆက်လက်ထုတ်ဝေခွင့်ပြုပေးဖို့၊ သတင်းထောက်တွေကို ကာကွယ်ပေးဖို့၊ လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်ကို အာမခံဖို့၊ ပုံနှိပ်မီဒီယာဥပဒေမူကြမ်းရေးဆွဲရာမှာ သတင်းစာသမားတွေ ပါဝင်ခွင့်ပြုဖို့  အစိုးရထံ တောင်းဆိုထားတဲ့ ကြေညာချက်တစောင်ကို သတင်းလွတ်လပ်ခွင့်ကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။
“လျှပ်တပြက်ဂျာနယ် အပိတ်ခံရတုန်းက ကျနော်တို့ဘက် တုံ့ပြန်မှု လုံးဝမရှိခဲ့တဲ့အတွက် စာပေစိစစ်ရေးက ကျနော်တို့အပေါ် တင်းကြပ်လို့ ရမယ်လို့ ထင်ပုံရတယ်။ သူတို့မှားတယ်ဆိုတာ အခု ကျနော်တို့သက်သေပြလိုက်ပြီ” လို့ ကော်မတီအဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုဇော်သက်ထွေးက ပြောပါတယ်။
ကော်မတီဟာ မီဒီယာလွတ်လပ်ခွင့်ကို အလေးထားတဲ့ သတင်းစာသမားတွေအတွက်  “ဘုံရပ်တည်ချက်တခု” အဖြစ် ရှိသွားမယ်လို့ ကိုသာလွန်ဇောင်းထက်ကလည်း ပြောပါတယ်။
ကော်မတီရဲ့ ကြေညာချက်ကို သမ္မတရုံး၊ လွှတ်တော်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနတွေဆီ ရှေ့အပတ်မှာ ပေးပို့သွားမယ်လို့လည်း ဆိုပါတယ်။
“ကျနော်တို့ တောင်းဆိုချက်တွေကို ဂရုမစိုက်ဘူးဆိုရင် ရှေ့ဆက် လုပ်ဆောင်သွားမယ့်အစီအစဉ်တွေ ရှိပါတယ်။ အခုချိန်မှာတော့ အဲဒီအစီအစဉ်တွေကို ကျနော်တို့ ထုတ်မပြောပါရစေနဲ့” လို့ ကော်မတီအဖွဲ့ဝင်တဦးကလည်း ပြောပါတယ်။
ကော်မတီက ဆုံးဖြတ်သလို လိုက်လုပ်ဖို့ တခြားသတင်းထောက်များနည်းတူ အဆင်သင့်ပဲလို့ ကိုသူရမျိုးက ဆိုပါတယ်။ “ကျနော်တို့အခွင့်အရေးတွေကို ကျနော်တို့ကာကွယ်ရမယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာ ကျနော်တို့အတွက်ပဲ မဟုတ်ပါဘူး။ အားလုံးအတွက်ပါ” လို့ သူက ဖြည့်ပြောသွားပါတယ်။

By Irrawaddy

စစ်တပ်ဖမ်းသွားတဲ့ ကချင်အမျိုးသမီး ပြန်လည်လွတ်မြောက်လာ


မြန်မာအစိုးရစစ်တပ်က သြဂုတ်လ ၂ ရက်နေ့မှာ ကေအိုင်အိုနဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးသွားတဲ့ ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် အတွင်း က ကချင်အမျိုးသမီးတစ်ယောက် ဒီနေ့ ထွက်ပြေးလွတ်မြောက်လာ ပါတယ်။ 

သြဂုတ်လ ၂ ရက် မနက်စောစောမှာ ရှမ်းပြည်မြောက်ပိုင်းမုံးကိုးမြို့နယ် မန်ခရွမ် ကျေးရွာက အသက် ၄၄ နှစ်အရွယ် မလထော် ဂျာဒွဲ ကို ဟိုပန်အခြေစိုက် ခလရ ၁၄၃ တပ်ကနေ ဖမ်းဆီးသွားတဲ့အကြောင်း တူမဖြစ်သူက ပြောပြပါတယ်။


"မနက်စောစော ၅ နာရီလောက်မှာ စစ်တပ်ကလူက ၀င်လာပြီးမှ အိမ်မှာက ငါးကန်တစ်ခုရှိတယ်လေ။ ဘယ်သူပြောပြလဲမသိဘူး။ အဲဒီငါးကန်မှာ
သေနတ်ရှိတယ် ဆိုပြီးတော့ သူတို့က အဲဒီငါးကန်ကို အရင်ရှာလို့ မတွေ့တော့မှ သူ့ကို တိုင်တစ်ခုမှာ ချည်ထားပြီးမှ မေးတယ်တဲ့။ ကေအိုင်အေ ရဲ့ လက်နက်တွေ ဘယ်မှာဝှက်ထားလဲ။ သိလျက်သားနဲ့ မပြောဘူးလို့
ပြောတယ်။ ကျောမှာရော ရိုက်တယ် ပီးရင် ပေါင်မှာမဲနေတာပဲ ရိုက်တာ
နေရာလည်း မရွေးဘူး ခေါင်းမှာလည်း ထိတာပဲ"

သူ့ကို မနက်စောစောက ဖမ်းဆီးသွားကာ မုံးကိုးမြို့နယ်အတွင်းရှိ ရှင်ဆိုင်ဖန် နဲ့ ကောင်းလုံ ကျေးရွာတွေ အနီးမှာလည်း တနေကုန် အဲဒီ ကေအိုင်အို လက်နက်တွေ ရှာဖွေပေးရပြီး ဘယ်မှာမှ ရှာမတွေ့ဘူးလို့ သိရပါတယ်။
နောက်ဆုံးမခံနိုင်တဲ့အဆုံးမှာ နည်းလမ်းရှာပြီးထွက်ပြေးခဲ့ရတဲ့အကြောင်း သူက ဆက်ပြောပြပါတယ်။

"အဲဒီနေ့ တနေ့လုံးလိုက်ရှာပြီးမှ ညနေပိုင်း ၃နာရီလောက်မှာ သူက အရမ်းရိုက်တော့ မခံနိုင်တော့ဘူးလေ။ အဲဒါနဲ့ သေနတ်သွားယူပေးမယ် သွားရှာပေးမယ်။ အဲလိုမျိုး အာမခံတယ်ဆိုပြီးမှ အဒေါ်က အဲလိုပြောပြီးမှ သူ့ကိုလွှတ်လိုက်တော့ ပြန်မယူလာလို့ရှိရင် တွေ့တဲ့နေရာမှာ သတ်ပစ်လိုက်မယ်။ အဲဒီအတိုင်းပြောပြီး လွှတ်လိုက်တယ် အဒေါ်က အဲဒီကနေ ထွက်လာပြီးမှ သူတို့ဆီပြန်မသွားတော့ဘူး။ ဒီနေ့ ကျမှပဲ ဒီမှာရောက်လာတာ။"

သူ့အနေနဲ့ နောက်တစ်ကြိမ် အဖမ်းခံရမှာ စိုးရိမ်တာကြောင့် အိမ်ကို မပြန်ရဲတော့ဘဲ တရုတ်နိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

သူနဲ့အတူ မုံးကိုးမြို့နယ် ကောင်းလုံရွာက အသက် ၅၀ကျော် အရွယ်
ယောကျာ်းတစ်ယောက်လည်း ပြန်လွှတ်တဲ့အထဲ ပါလာပြီး အဲဒီလူ ကတော့ ကေအိုင်အို က ဆေးဆရာဝန် ဆိုတဲ့ သံသယနဲ့ အဖမ်းဆီးခံရတာ လို့ နောက်ထပ် ဒေသခံ ကချင်အမျိုးသမီး တစ်ယောက်က ပြောပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကလည်း မုံးကိုးမြို့နယ် ယီးခူးကျေးရွာသူရွာသား ၂၀ ကျော်ကို ကေအိုင်အိုနဲ့ ဆက်စပ်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နယ်မြေခံ အစိုးရတပ်တွေက ဖမ်းဆီးသွားပြီး ပြန်လွတ်ပေးခဲ့ပေမဲ့ တစ်ယောက်ကတော့ သေဆုံးတဲ့အလောင်းကိုပဲ ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။




By RFA Burmese

တက်ဘလက် အတွက် မောက်စ်နှင့် ကီးဘုတ် ကို မိုက်ခရိုဆော့ဖ် ထုတ်လုပ်



တက်ဘလက် အတွက် မောက်စ်နှင့် ကီးဘုတ် ကို မိုက်ခရိုဆော့ဖ် ထုတ်လုပ် မိုက်ခရို ဆော့ဖ် ကုမ္ပဏီသည် လာမည့် လများအတွင်း၌ ကွန်ပျူ တာ ဈေး ကွက် အတွင်းသို့ ဖြန့်ချိမည့် Windows 8 စက်လည်ပတ် မှုစနစ် အသုံးပြု Surface တက်ဘလက်နှင့် အခြား တက်ဘလက် အမျိုးအစားအစုံအတွက် ဒီဇိုင်းဆန်းသည့် ကီးဘုတ်နှင့် မောက်စ်တို့ကို ဖန်တီး ထုတ်လုပ်လိုက်ကြောင်း သိရသည်။
အမျိုးအစား လေးမျိုးခွဲခြား၍ ထုတ်လုပ်ထားသည့် အဆိုပါ ကီးဘုတ်နှင့် မောက်စ်များတွင် Bluetooth နည်းပညာကို ထည့်သွင်းထားပြီး လက်တော့ပ် ကွန်ပျူတာများနှင့် တွဲဖက် အသုံးပြုနိုင်မည်ဟုလည်း သိရသည်။
ထို့ပြင် Android နှင့် iOS စက်လည်ပတ်မှုစနစ် အသုံးပြုထားသည့် မိုဘိုင်း ပစ္စည်းများနှင့်လည်း အလုပ်လုပ်ဆောင်မည်ဖြစ်ပြီး ဒီဇိုင်းပုံစံ အလှဆုံး ကီးဘုတ် အမျိုးအစားမှာ Wedge မိုဘိုင်းကီးဘုတ်ဖြစ်ကြောင်း သိရသည်။ ရော်ဘာအခြေခံပြီး ဖန်တီးထားခြင်းဖြစ်ကြောင်း မိုက်ခရိုဆော့ဖ်ဟာ့ဒ်ဝဲ ထုတ်လုပ်ရေး အင်ဂျင်နီယာအဖွဲ့က ပြောကြားထားပြီး ဈေးနှုန်းကို သတ်မှတ်ထားခြင်း မရှိသေးကြောင်း သိရှိရသည်။

By ရိုးရာလေး

KIA နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ နိုင်ငံရေးတွေ့ ဆုံဆွေး နွေးမှုစတင်လုပ်ဆောင် သွား မည် ဟု ဦးအောင်မင်း ပြောကြား

========================================
ဝေမာသိမ့်
========================================

KIA နှင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ဒုတိယ အဆင့်ဖြစ်သည့် နိုင်ငံရေး ဆွေးနွေးရေးလမ်း စဉ်ဖြင့် မကြာမီ ဆွေးနွေး သွားမည်ဖြစ်ကြောင်းပြည်ထောင် စု အဆင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့အတွင်း ရေးမှူး ဦးအောင်မင်း က ရန်ကုန်တိုင်းမ်ဂျာနယ် ၏မေး မြန်းမှု တွင်ဖြေကြားခဲ့သည်။

“political dialoge ကအခုလည်းတက်နေတာပဲ။ ကျန်တဲ့အဖွဲ့တွေနဲ့ လည်း ဆွေးနွေး နေတာပဲ။ သူတို့အဖွဲ့က seat fire မလုပ်ပဲဆွေးနွေးမယ် ဆိုလည်း ဆွေးနွေးလို့ရတာပဲ။ political dialoge ဆိုလည်း ကျွန်တော်တို့သဘော တူပါတယ်'' ဟု ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးဖော်ဆောင် မှုအဖွဲ့အတွင်းရေး မှူး ဦးအောင်မင်း ကဆိုသည်။

ထိုသို့ပြောကြားခြင်း မှာ ဩဂုတ်(၁)ရက်နေ့တွင် စက်မှု ဝန် ကြီးဌာနတွင်ပြုလုပ်သည့် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှု ကော်မရှင်အစည်းအဝေး အပြီးတွင် မီဒီယာများ ကငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှင့် ပက်သက်၍ မေးမြန်းကြရာတွင် အထက်ပါအတိုင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

KIA အဖွဲ့ကအစိုးရ နှင့်ငြိမ်းချမ်းရေးဆွေးနွေးရေးလမ်း စဉ်တွင်ပထမအဆင့်ဖြစ်သောအ ပစ်အခတ်ရပ်စဲရေး သဘောတူညီ မှုကို မစတင်မီဒုတိယ အဆင့်ဖြစ် သောနိုင်ငံရေး ဆွေးနွေးမှုကိုပြုလုပ် လိုသည်ဟု တောင်းဆိုသဖြင့် ပြည် ထောင်စုအဆင့်ငြိမ်းချမ်းရေး ဖော် ဆောင်မှုအဖွဲ့က နေရာညှို နှိုင်းမှုပြီး စီးပါကမကြာမီနိုင်ငံရေးဆွေးနွေးမှု ကိုစတင်ဆောင်ရွက်သွားမည် ဖြစ် ကြောင်းသိရသည်။

''ကေအိုင်အေနဲ့စကား ပြောထားတယ်။သူတို့ကို မူဆယ် မှာလာဆွေးနွေးပါလို့ပြောထားတယ်။ သူတို့က မူဆယ် မဟုတ်ဘူးရွှေလီ လို့ပြောတယ်။အခုသွားမှာ ဝန်ကြီးတွေ၊ ဗိုလ်ချုပ်ကြီး စိုးဝင်း တို့ပါတော့ သူများနိုင်ငံမှာ ဆွေးနွေးတာမကောင်းဘူးလေ။ မူဆယ်ဘက်မှာ လာဖို့ တော့ပြောထား တယ်။ ဒီတစ်ခါတော့ တပ်တွေနေရာချမှာ တပ်တွေနေ ရာချပြီးရင်ငြိမ်းချမ်းပြီပေါ့။သူတို့ ဘက်က နေရာရပြီးရင် နေရာအတည်ပြုပြီး တာနဲ့သွားကြမယ်''ဟု ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့အတွင်း ရေးမှူး ဦးအောင်မင်း ကဆိုသည်။

စစ်အားစစ်ဘက်၊တပ် ဘက်အပါအဝင် KIO အဖွဲ့ ဘက်ကလည်း လိုချင်မည်မဟုတ်သကဲ့သို့ ကမ္ဘာက လည်းကြိုက်မည် မဟုတ်ကြောင်း၊ခေတ်ကလည်း လက်မခံ တော့သည့်အတွက်ငြိမ်းငြိမ်းချမ်း ချမ်းနှင့်ပူးပေါင်းဆောင်ရွက်ရန်သာ ရှိကြောင်း၊ခေတ်က လက်မခံတော့ သောစစ်အား ဆက်လက် ဆုပ်ကိုင် ထားသူသည် မိုက်မဲသူဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည်ဒီမိုကရေစီစနစ် ကိုကျင့်သုံး နေပြီဖြစ် ကြောင်း ဦးအောင်မင်း ကပြော ကြားသည်။
စည်းလုံးညီညွှတ်ရေး နှင့် ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်) မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ''အပစ်အခတ်ရပ်ဆဲပြီး နိုင်ငံရေးဆွေးနွေးတာက ပြည်သူ တွေ အတွက်ပို ကောင်း ပါတယ်။အခုလို နိုင်ငံရေး ကိုအရင်ဆွေးနွေး မယ်ဆိုလည်းကောင်းပါတယ်။ဘာဟာပဲ စစ စဖို့က အရေးကြီး ပါတယ်။ အပစ်အခတ်ရပ်စဲရေး ကတော့တပ်မတော်က လုပ်ရမယ့်အပိုင်းပါ။ အစိုးရ နဲ့လွှတ်တော်က နိုင်ငံရေးဆွေးနွေးရေး ကိုဆောင်ရွက်ရမှာဖြစ်တာကြောင့် အပစ်အခတ်တွေရပ်စဲ သွားရင် တော့ ပိုကောင်းတာပေါ့'' ဟုဆိုသည်။

တိုင်းရင်းသားလက် နက်ကိုင်များ နှင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ပထမအဆင့် အနေဖြင့် အပစ်အခတ်ရပ်စဲရေး၊ ဒုတိယအနေဖြင့် နိုင်ငံရေးဆွေးနွေးရေး နှင့်တတိယဆင့်အနေဖြင့် အားလုံး ပါဝင်သောညီလာခံ ကျင်းပရေးတို့ကို အဆင့်ဆင့်ဆောင် ရွက်သွားမည်ဖြစ်ကာတိုင်းရင်းသား လက်နက်ကိုင်ဖွဲ့ (၁၀) ဖွဲ့နှင့်အပစ်အခတ်ရပ်စဲရေး ကိုသဘော တူညီခဲ့ပြီး နိုင်ငံရေးဆွေး နွေးမှုကိုသွား နေပြီဖြစ် ကြောင်း၊KIAအဖွဲ့နှင့်အပစ်အခတ်ရပ်စဲရေး ကို ခေတ္တချန်ထားပြီး နိုင်ငံရေး တွေ့ဆုံမှုကို ဦးဆုံး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။



By Yangon Media Group

မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း(ရန်ကုန်တိုင်းဒေသကြီး) အလုပ် အမှုဆောင် ၂၁ ဦးကို အပြီးသတ်ရွေးချယ်

မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း(ရန်ကုန်တိုင်းဒေသကြီး) အလုပ်အမှုဆောင် ၂၁ ဦးကို အပြီးသတ်ရွေးချယ်ခဲ့ကြောင်းသိရသည်။ 

မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း(ရန်ကုန်တိုင်းဒေသကြီး) ပထမ အကြိမ် ညီလာခံကို သြဂုတ်လ ၄ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel တွင် ကျင်းပပြု လုပ်ခဲ့ရာ ဒီမိုကရေစီစနစ်ဖြင့် အလုပ်အမှုဆောင်အဖွဲ့ကို မဲပေးရွေး ချယ်ခဲ့ခြင်းဖြစ်သည်။

ယင်းအလုပ်အမှုဆောင် အဖွဲ့မှာ ဦးကြည်မင်း (ဥက္ကဌ) ၊ ဒေါက်တာဇော်သန်း (ဒု-ဥက္ကဌ (၁)) ၊မောင်ယဉ်ကျော် (ဒုဥက္ကဌ(၂)) ၊ဦးနေမျိုးကျော် (ခ) နေဘုန်းလတ် (အတွင်းရေးမှူး) ၊တွဲဖက်အတွင်းရေးမှူး(၁) ဦးဇေယျာမြတ်ခိုင်၊တွဲဘက် အတွင်းရေး မှူး(၂) ဦးလှိုင်ဘွား ၊တွဲဘက် အတွင်းရေးမှူး (၃) ဒေါ်ဂျူလိုင်မိုး ၊ ဘဏ္ဍာရေးမှူးဒေါ် အိအိမြတ် (ခ) အိမ့်မှူးခင် ၊ စာရင်းစစ် ဦးခင်မောင်မြင့် ၊ ပြန်ကြားရေးမှူး ဒေါ်အေးမွန် ၊ အဖွဲ့ဝင်များ အဖြစ် ဒေါ်ချိုအိဇင် ၊ ဦးဘသန်းတင် ၊ ဦးအေးချမ်းဟိန် ၊ ဦးတင့်လွင် ၊ ဦးအောင်ထွန်းဝင်း ၊ ဦးသန်းအေး ၊ ဦးထိန်ဝင်း ၊ ဦးမျိုးမင်းသိန်း ၊ ဦးစိန်ရွှေ(စိန်ရွှေလှိုင်) ၊ ကာတွန်း(အာယု)၊ နှင့် ဦးသန့်ကျော်ဇင် တို့ဖြစ်ကြောင်း သိရသည်။

ယင်းအလုပ်အမှုဆောင်အဖွဲ့သည် သြဂုတ်လ ၁၁ ရက်တွင် ယုဇနဂါး ဒင်းဟော်တယ် ၌ ကျင်းပမည့် မြန်မာနိုင်ငံ သတင်းစာ ဆရာ အသင်း ညီလာခံသို့တက်ရောက်မည် ဖြစ်ကြောင်းသိရသည်။





By Yangon Media Group

အစွမ်းထက်နေတဲ့ ဦးခင်ရွှေ


(ဓာတ်ပုံများ - စည်သူ/ဧရာဝတီ)

ဒီတခါ တင်ပြမယ့် သတင်းတပုဒ်က ဇေကမ္ဘာကုမ္ပဏီနဲ့ ပါတ်သက်ပါတယ်။
ဟုတ်ပါတယ် - လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးခင်ရွှေရဲ့ ဇေကမ္ဘာကုမ္ပဏီပါ။

လှည်းကူးမြို့နယ် ဆင်ဖုန်ကျေးရွာကို လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေဖို့ ၂၀၀၀ ပြည့်နှစ် ဇွန်လ ၂၄ ရက်နေ့မှာ အစိုးရက လမ်းခင်းပေးခဲ့ပါတယ်။

ဇေကမ္ဘာကုမ္ပဏီက လမ်းကို ပိတ်ပစ်လိုက်လို့ ဆင်ဖုန်ကျေးရွာအပါအ၀င် စစ်ပင် ၊
ဘားလား ၊ မလစ်ရွာက ဒေသခံ ပြည်သူတွေ သွားလာရေးအတွက် အခက်ခဲဖြစ်ကြောင်း ဒေသခံတွေက ပြောပြပါတယ်။
ဒါ့အပြင် ဆင်ဖုန်ကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် အစိုးရက ထရန်စဖော်မာ တလုံးနဲ့ ဓါတ်တိုင်ပေါင်း ၆၀ ကို လာစိုက်ပေးပြီးပါပြီ။

ဒါပေမယ့် ဒီဓာတ်တိုင်တွေဟာ သူ့ပိုင်နက်ထဲ ရောက်နေတယ်လို့ ဇေကမ္ဘာကုမ္ပဏီက ဆိုပါတယ်။
ဓါတ်တိုင် ၃၄တိုင်ကို ပြန်နုတ်ပေးဖို့ ပြောနေတာကြောင့် လျှပ်စစ်မီး တွယ်တန်းရမယ့် အစီအစဉ်ကို အစိုးရလျှပ်စစ်ဌာနက ရပ်ဆိုင်းထားရကြောင်း သိရပါတယ်။

ဥပဒေအာဏာ သက်ရောက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရထက် ပုဂ္ဂလိက လုပ်ငန်းရှင်က ဒီလောက် အစွမ်းထက်ပြီး လုပ်ပိုင်ခွင့်တွေ များနေရင် ပြည်သူတွေကို
ဘယ်သူက ကြည့်ကြမှာလဲလို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)က တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးသောင်းထွန်းက သုံးသပ်ပြပါတယ်။
ဆင်ဖုန်ရွာကို တည်ခဲ့တာ နှစ်ပေါင်း ၇၄၈ နှစ် ရှိခဲ့ပြီဖြစ်ပြီး ရှေးဟောင်းသမိုင်းဝင် ကျေးရွာတရွာ ဖြစ်ကြောင်း သိရပါတယ်။ လမ်းပန်းဆက်သွယ်ရေး မဖွံ့ဖြိုးသေးတဲ့ ကာလမှာ ရာသီဥတုကြောင့်
မိုးရေတိုက်စားမှုရှိပြီး လှေ ၊ သမ္မာန် ၊ ပဲ့တောင်တွေနဲ့ ခေတ်အလိုက်အသုံးပြုခဲ့ရတာလို့ ဒေသခံတွေက ရှင်းပြပါတယ်။
၁၉၈၇ ခုနှစ်မှာ ကိုယ်ထူကိုယ်ထ မြေသားလမ်းတွေ ဖေါက်လုပ်ခွင့် ပေးခဲ့ပြီး ၂၀၀၀ ခုနှစ်မှာတော့ အစိုးရက တရားဝင် ဂ၀ံလမ်း ဖောက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဆင်ဖုန်ကျေးရွာနဲ့ ရွေပေါက်ကံမြို့သစ်ကို ဆက်သွားတဲ့ ဒီမြို့ဆက်လမ်းဟာ ရန်ကုန်မြို့နဲ့ အနီးတ၀ိုက်ကို အလွယ်တကူ သွားလာလို့ ရနိုင်တဲ့ လမ်းဖြစ်ပြီး ကျေးလက်ပြည်သူတွေ ကျန်းမာရေးအတွက်
မြောက်ဥက္ကလာ ဆေးရုံကြီးနဲ့ အနီးဆုံး လမ်းဖြစ်ကြောင်း သိရပါတယ် ခင်ဗျာ။

By Irrawaddy

မြန်မာ့လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီအက်ဥပဒေ သက်တမ်းတိုး


အမေရိကန်ပြည်ထောင်စုက ၂၀၀၃ နှစ်မှာ ပြဌာန်းခဲ့တဲ့ မြန်မာ့လွတ်မြောက်ရေးနှင့် ဒီမိုကရေစီအက်ဥပဒေ (Burmese Freedom and Demmocracy Act - BFDA) ကို အင်္ဂါနေ့မှာ လွှတ်တော် ၂ ရပ်စလုံးက သဘောတူညီချက်နဲ့ နောက်ထပ် တနှစ် သက်တမ်းတိုးလိုက်ပါပြီ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ ဒီပဲရင်းမှာ အတိုက်အခိုက်ခံရပြီးတဲ့နောက် ၂၀၀၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့မှာ အဲ့ဒီအချိန်က အမေရိကန်သမ္မတဖြစ်တဲ့ ဂျော့ခ်ျ ဒဗလျူ ဘွတ်ရှ်က လက်မှတ်ရေးထိုးပြီး ဒီအက်ဥပဒေကို အတည်ပြုပြဌာန်းခဲ့တာပါ။

မြန်မာပြည်ကနေ အမေရိကန်ပြည်ထောင်စုကို တင်ပို့မယ့် ပို့ကုန်တွေကို BFDA က အဓိက တားမြစ်ထားတာ ဖြစ်ပါ တယ်။

BFDA အစအဆုံးကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

ဒီသတင်း အပြည့်အစုံကိုတော့ ဧရာဝတီ မြန်မာပိုင်းစာမျက်နှာ (burma.irrawaddy.org/archives/16731) မှာ ဖတ်ရှုနိုင်ပါတယ်။



By Irrawaddy

မယ်ဆိုင်ချောင်းရေမြင့်တက်နေ


တာချီလိတ်မြို့ ၏နယ်စပ်အခြေအနေမြင်ကွင်းဓါတ်ပုံများဖြစ်ပါသည်။
ယနေ့ မနက်ပိုင်း၊မယ်ဆိုင်ချောင်းအတွင်းရေမြင့်တက်လာသည့်အခြေအနေ။
မယ်ဆိုင်ချောင်းအနီး၊မြန်မာဖက်ခြမ်းရှိ၊ကုန်တိုက်တခုအတွင်းနှိုက်ကားတစီးရေမြုပ်။
မယ်ဆိုင်ချောင်းအတွင်းရေများမြင့်တက်လာနေမှုအားတွေ့ မြင်ရစဉ်။
ရေတက်နေတာစိတ်ဝင်စားပြီးဓါတ်ပုံရိုက်နေသည့်နိုင်ငံခြားသားတစ်ဦး။
တာလော့ဈေးသို့ လာလည်သည့်ခရီးသည်များအမှတ်(၁)တံတားဖြတ်သန်းစဉ်စိတ်ဝင်စား။
တာလော့ဈေးတန်းအတွင်းရေများဝင်။
အမှတ်(၁)ချစ်ကြည်ရေးတံတားပေါ်မှလှမ်းမြင်ရ။
ကုန်တိုက်အောက်ထပ်သို့ ရေများဝင်ရောက်။
အမှတ်(၁)ချစ်ကြည်ရေးတံတားကူးလက်မှတ်လုပ်သည့်အနီးရှိTAXIဂိတ်။
တာလော့ဈေးတန်းလမ်းအတွင်းရေများဝင်။

By mandalaygazette

နိုင်ငံတကာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ တိုးတက်ဆောင်ရွက်လျက်ရှိ

နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလလိကဘဏ်လုပ်ငန်းများအား နိုင်ငံတကာ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများကို တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ဆောင်ရွက်ခွင့်ပြုခဲ့ရာ ယခုအခါ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းများတွင် မရှိမဖြစ် အရေးပါသော နိုင်ငံခြားငွေလွှဲစာတမ်း (Letter of Credit) L/C ဖွင့်လှစ်ပေးခြင်းဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများကို ကမ္ဘောဇဘဏ် အပါအဝင်ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်အချို့တွင် စတင်ဆောင်ရွက်လျက်ရှိပြီဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံတကာ ဘဏ်လုပ်ငန်း ဆောင်ရွက်မှု အစပိုင်းတွင် နိုင်ငံခြားငွေကြေး လဲလှယ်ရေး ကောင်တာများဖွင့်လှစ်၍ နိုင်ငံခြားငွေလဲလှယ်ရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများကို နိုင်ငံခြားဘဏ် လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသော ပုဂ္ဂလိက ဘဏ်များက ဆောင်ရွက် ပေးနိုင်ခဲ့သည်။ ဆက်လက်၍ ပြည်ပရောက် မြန်မာလုပ်သားများမှ မြန်မာနိုင်ငံရှိ မိသားစုများထံသို့ လစာငွေများ ပြန်လည်ပေးပို့နိုင်ရန်အတွက် ယင်းနိုင်ငံများရှိ ဌာနေဘဏ်များနှင့် ချိတ်ဆက်၍ လစာများလွှဲပို့မှုကို ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းနောက် ဇူလိုင် ၉ ရက်မှစတင်၍ အမေရိကန်ဒေါ်လာ၊ FEC ၊ ယူရိုနှင့် စင်ကာပူဒေါ်လာငွေကြေးများကို ပုဂ္ဂလိကနှင့် ကုမ္ပဏီများအတွက် စာရင်းရှင်းစာရင်း ဖွင့်လှစ်ခွင့်ပြုခဲ့ရာ ယင်းဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်ရန် အသင့်ဖြစ်နေသော ပုဂ္ဂလိကဘဏ်များမှ ဆက်လက်၍ ဝန်ဆောင်မှုပေးနိုင်ခဲ့ကြသည်။ ယခုအခါ  ယင်းလုပ်ငန်းများအပြင် စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုများ အပါအဝင် ကိစ္စရပ်များအတွက် ပြည်ပသို့ ငွေလွှဲပို့ခြင်း/ လက်ခံခြင်းများ၊ ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုတစ်ရပ်ဖြစ်သော ငွေလွှဲစာတမ်းဖွင့်လှစ်ခြင်းစသည့် ဝန်ဆောင်မှုများကို ကမ္ဘောဇဘဏ် လီမိတက်အပါအဝင် ပုဂ္ဂလိကဘဏ် အချို့မှ ဆောင်ရွက်ပေးလျက်ရှိနေပြီဖြစ်သည်။ အသေးစိတ်သိရှိလိုပါက သက်ဆိုင်ရာပုဂ္ဂလိကဘဏ်များသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ 


By Khit Luu Nge

နိုင်ငံတကာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ တိုးတက်ဆောင်ရွက်လျက်ရှိ

နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလလိကဘဏ်လုပ်ငန်းများအား နိုင်ငံတကာ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများကို တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ဆောင်ရွက်ခွင့်ပြုခဲ့ရာ ယခုအခါ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းများတွင် မရှိမဖြစ် အရေးပါသော နိုင်ငံခြားငွေလွှဲစာတမ်း (Letter of Credit) L/C ဖွင့်လှစ်ပေးခြင်းဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများကို ကမ္ဘောဇဘဏ် အပါအဝင်ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်အချို့တွင် စတင်ဆောင်ရွက်လျက်ရှိပြီဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံတကာ ဘဏ်လုပ်ငန်း ဆောင်ရွက်မှု အစပိုင်းတွင် နိုင်ငံခြားငွေကြေး လဲလှယ်ရေး ကောင်တာများဖွင့်လှစ်၍ နိုင်ငံခြားငွေလဲလှယ်ရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများကို နိုင်ငံခြားဘဏ် လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသော ပုဂ္ဂလိက ဘဏ်များက ဆောင်ရွက် ပေးနိုင်ခဲ့သည်။ ဆက်လက်၍ ပြည်ပရောက် မြန်မာလုပ်သားများမှ မြန်မာနိုင်ငံရှိ မိသားစုများထံသို့ လစာငွေများ ပြန်လည်ပေးပို့နိုင်ရန်အတွက် ယင်းနိုင်ငံများရှိ ဌာနေဘဏ်များနှင့် ချိတ်ဆက်၍ လစာများလွှဲပို့မှုကို ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းနောက် ဇူလိုင် ၉ ရက်မှစတင်၍ အမေရိကန်ဒေါ်လာ၊ FEC ၊ ယူရိုနှင့် စင်ကာပူဒေါ်လာငွေကြေးများကို ပုဂ္ဂလိကနှင့် ကုမ္ပဏီများအတွက် စာရင်းရှင်းစာရင်း ဖွင့်လှစ်ခွင့်ပြုခဲ့ရာ ယင်းဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်ရန် အသင့်ဖြစ်နေသော ပုဂ္ဂလိကဘဏ်များမှ ဆက်လက်၍ ဝန်ဆောင်မှုပေးနိုင်ခဲ့ကြသည်။ ယခုအခါ  ယင်းလုပ်ငန်းများအပြင် စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုများ အပါအဝင် ကိစ္စရပ်များအတွက် ပြည်ပသို့ ငွေလွှဲပို့ခြင်း/ လက်ခံခြင်းများ၊ ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုတစ်ရပ်ဖြစ်သော ငွေလွှဲစာတမ်းဖွင့်လှစ်ခြင်းစသည့် ဝန်ဆောင်မှုများကို ကမ္ဘောဇဘဏ် လီမိတက်အပါအဝင် ပုဂ္ဂလိကဘဏ် အချို့မှ ဆောင်ရွက်ပေးလျက်ရှိနေပြီဖြစ်သည်။ အသေးစိတ်သိရှိလိုပါက သက်ဆိုင်ရာပုဂ္ဂလိကဘဏ်များသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ 


By Khit Luu Nge

သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ) လက်မှတ်ရေးထိုး လှုပ်ရှားမှုစတင်

ရန်ကုန်၊ သြဂုတ် ၎
ပြန်ကြားရေး ၀န်ကြီးဌာနက ပြည်တွင်းရှိ ပုဂ္ဂလိက မီဒီယာများအပေါ် ဆက်တိုက် ဖိနှိပ်အရေး ယူမှုများ ပြုလုပ်လာသဖြင့် သတင်းလွတ် လပ်ခွင့်များ ရရှိရေး တောင်းဆိုရန် ဖွဲ့စည်းလိုက်သည့် သတင်းလွတ်လပ် ခွင့်ကော်မတီ (ယာယီ)၏ တောင်းဆိုချက်များအပေါ် အရေးယူဆောင် ရွက်ပေးရန် လက်မှတ်ရေးထိုး လှုပ်ရှားမှုတစ်ရပ် ယနေ့စတင် လုပ်ဆောင် မည်ဖြစ်ကြောင်း ယင်းကော်မတီ ထံမှသိရသည်။

“ကျွန်တော်တို့ရဲ့ တောင်းဆိုချက်တွေကို နိုင်ငံတော်သမ္မတကြီးနဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဌကြီး ထံကို အဓိကထားပေးပို့သွားဖို့ ရှိပါတယ်။ ဒီလိုပေးပို့ရာမှာ ဒီတောင်းဆိုချက်တွေကို အားလုံးကဆန္ဒရှိကြောင်း သိစေဖို့ လက်မှတ်တွေစုဆောင်းတဲ့လှုပ်ရှားမှုကို စလုပ်တာပါ”ဟု ယင်းကော်မတီ၏ ပြန်ကြားရေးတာဝန်ခံ တစ်ဦးကဆိုသည်။

အဆိုပါကော်မတီ၏ တောင်းဆိုချက်များ ရရှိရေးအတွက် လှုပ်ရှားမှုများ အဆငိ့လိုက် ဆက်လက်လုပ်ဆောင်သွားရန်ရှိကြောင်းလည်း ၎င်းကရှင်းပြသည်။

ကော်မတီအနေနှင့် အစိုးရ၏ ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်များကို လုံးဝ ထောက်ခံယုံကြည်ပါကြောင်း၊ သို့သော် ပြန်ကြားရေးဝန်ကြီးဌာန၏ ယခုလုပ်ရပ်မှာ ဒီမိုကရေစီဖော်ဆောင်နေသော အစိုးရအဖွဲ့ အပေါ် ပြည်သူလူထု၏ ယုံကြည်မှုလျော့နည်းစေသောလုပ်ဆောင် ချက်ဖြစ်ပြီး ယနေ့ကာလတွင် မပြုသင့်သောပြုမူချက်ဖြစ်ကြောင်း၊ ယင်းလုပ်ရပ်ကို အစိုးရအဖွဲ့က တာဝန်ယူဖြေရှင်းပေးသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)၏ ထုတ်ပြန်ကြေညာချက်
ရက်စွဲ- ၁.၈.၂၀၁၂

၁။ ပိတ်ပင်ခံထားရသောThe Voice Weekly , Envoy ၊ လျှပ်တပြက်ဂျာနယ်တို့ကိုချက်ချင်းထုတ်ဝေခွင့်ပေးရန်။

၂။ ပြုပြင်ပြောင်းလဲမှုများကို ထိခိုက်စေသည့်နောက်ပြန်ဆွဲသော မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်လုပ်ရပ်မျိုးကိုမဆိုအရေးယူဖယ်ရှားပေးရန်။

၃။ ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေနှင့်မီဒီယာများကိုဖိနှိပ် ကန့်သတ်ထားသောဥပဒေများကိုချက်ချင်းဖျက်သိမ်းပေးရန်။

၎။ သတင်းမီယာများအပေါ် အရေးယူမှုများကိုထပ်မံလုပ်ဆောင်ခြင်းမပြုရန်။

၅။ ကျင့်ဝတ်နှင့်အညီရေးသားဖော်ထုတ်သော မည်သည့်ရေးသားမှုကို အစိုးရကဥပဒေကြောင်းအရတရားစွဲမှုများကိုချက်ချင်းရပ်ဆိုင်းရန်။

၆။ မီဒီယာသမားများသဘောဆန္ဒမပါဝင်ဘဲရေးဆွဲထားသည့် မည်သည့်မီဒီယာဥပဒေကိုမဆိုလက်မခံပါ။

၇။ လတ်တလောဖြစ်ပွားနေသောစာပေလွတ်လပ်ခွင့်ဆုံးရှုံးမှုများအတွက် မီဒီယာသမားများအား နိုင်ငံတော်၏ တာဝန်အရှိဆုံးပုဂ္ဂိုလ်ကအမြန်ဆုံးတွေ့ဆုံဖြေရှင်းပေးရန်။

The Voice Weekly

အရစ်ကျစနစ်ဖြင့် GSM/ WCDMA မိုဘိုင်းလ်တယ်လီဖုန်း သုံးစွဲသော နိုင်ငံ့ဝန်ထမ်းများသို့ အသိပေးတင်ပြချက်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် နေပြည်တော်အပါအဝင် ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ကြီးဌာနအသီးသီးရှိ နိုင်ငံ့ဝန်ထမ်းများအနက်မှ အရစ်ကျစနစ်ဖြင့် မိုဘိုင်းလ်တယ်လီဖုန်း ကိုင်ဆောင်သုံးစွဲလိုသည့် ဝန်ထမ်းများအား ကျပ်နှစ်သိန်းတန် GSM မိုဘိုင်းလ် တယ်လီဖုန်းကို တစ်လလျှင် ကျပ်လေးသောင်းနှုန်းဖြင့် (၅)ရစ်ပေးချေသည့် စနစ်ဖြင့် လည်းကောင်း၊ နှစ်သိန်းခွဲတန် WCDMA မိုဘိုင်းလ်တယ်လီဖုန်းကို တစ်လလျှင် ကျပ်ငါးသောင်းနှုန်းဖြင့် (၅)ရစ် ပေးချေသည့်စနစ်ဖြင့် လည်းကောင်း ၂၀၁၂ ခုနှစ် ဇွန်လနှင့် ဇူလိုင်လတို့တွင် (၂)ကြိမ် သုံးစွဲခွင့်ပြုပြီး ဖြစ်ပါသည်။ မိုဘိုင်းလ်တယ်လီဖုန်းများကို အရစ်ကျပေး ငွေချေစနစ်ဖြင့် သုံးစွဲနေသည့် နိုင်ငံ့ဝန်ထမ်းများတွင် အချို့ဝန်ထမ်းများမှာ ပထမအရစ်ကိုလည်းကောင်း၊ အချို့ဝန်ထမ်းများမှာ ပထမအရစ်နှင့် ဒုတိယအရစ် (၂)ရစ်ကို လည်းကောင်း ပေးသွင်းကြပြီး ဖြစ်ပါသည်။ ဝန်ထမ်းများအနေဖြင့် ယင်းကိစ္စနှင့် ပတ်သက်၍ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်နှင့် ပိုမိုအဆင်ပြေစွာဖြင့် အရစ်ကျပေးသွင်းနိုင်ရေးအတွက် GSM/WCDMA မိုဘိုင်းလ်တယ်လီဖုန်းများအတွက် ဆက်လက်ပေးသွင်းရန် ကျန်ငွေများကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်မှစ၍ မူရင်းလစာ ကျပ်တစ်သိန်းနှင့်အောက် ဝန်ထမ်းများအနေဖြင့် လစဉ် ၁၀၀၀၀ ကျပ် (ကျပ်တစ်သောင်းတိတိ) နှုန်းဖြင့်လည်းကောင်း၊ မူရင်းလစာ ကျပ်တစ်သိန်းအထက် ဝန်ထမ်းများအနေဖြင့် လစဉ် ၁၅၀၀၀ ကျပ် (ကျပ်တစ်သောင်းငါးထောင်တိတိ) နှုန်းဖြင့်လည်းကောင်း ဆက်လက်ပေးချေ သုံးစွဲသွားနိုင်ပါကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အသိပေးတင်ပြအပ်သည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။ 


By Khit Luu Nge

‎"နိုင်ငံတွင်း အလုပ်လက်မဲ့ဦးရေ ၁ဝ သန်းခန့်ရှိ

အလုပ်အကိုင်ဖန်တီးပေးနိုင်စွမ်းနည်းပါး၍ မြန်မာနိုင်ငံအတွင်း အလုပ် လက်မဲ့ဦးရေ ၁ဝ သန်းနီးပါးခန့် ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံအတွင်း စုစုပေါင်းလူ ဦးရေ ၅၇ သန်းကျော်ရှိသည့်အနက် အသက် ၁၈ နှစ်မှ ၆ဝ နှစ်ကြား အလုပ်လုပ်နိုင်သည့် လူဦးရေ ပမာဏမှာ ၃၂ သန်းဝန်းကျင်ရှိပြီး ယင်းထဲမှ လူဦးရေသန်း ၂ဝဝန်းကျင် ခန့်သာ ပုံမှန်ဝင်ငွေရသည့် အလုပ်များကိုလုပ်ကိုင်ခွင့်ရနေကြကြောင်း ဇူလိုင် ၂၇ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများထဲတွင် ဖော်ပြထားသည်။ ”အလုပ် လက်မဲ့ ဖြေရှင်းပေး ဖို့က ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အရေး ဖန်တီးပေးရမယ်။ ပြည် တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေအ တွက်လည်း အလုပ်အကိုင်အခွင့် အရေးတွေ လိုတယ်။ အခုသွားနေ တဲ့လမ်းစဉ်က မှားနေတယ်။ ဘာကြောင့်လဲ ဆိုရင်လူတွေက ပေါ်ပင် စီးပွားရေးပဲ လုပ်နေ ကြတယ်။ တတကယ် ထုတ်လုပ်မှုလုပ်ငန်းတွေကို မလုပ်ကြဘူး။ ပြည်ပ ရင်းနှီးမြှုပ်နှံမှု တွေဆိုရင်လည်း တကယ့်တကယ် လူသားအရင်းအမြစ်ကို အသုံးပြုပြီး လုပ်တဲ့အလုပ်မရှိဘူး။ ကိုယ့် ဆီက သယံဇာတတွေကို လာယူတဲ့ လုပ်ငန်းတွေပဲ ရှိနေပါတယ်”ဟု ပြည်တွင်းမှ

စီးပွားရေး လုပ်ငန်း ရှင် တစ်ဦးက ထောက်ပြပြောဆိုသည်။ နိုင်ငံရေးစနစ်၏ အပြောင်း အလဲ နောက်ကွယ် နိုင်ငံတကာ၏ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများ က မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ရန် တာစူလျက်ရှိနေပြီး မကြာမီ လွှတ် တော်တွင်းပြဋ္ဌာန်းမည့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု ဥပဒေသစ်မှာ အဓိကအခရာပင်ဖြစ်နေသည်။ လက်ရှိအခြေအနေ၌ နိုင်ငံ တကာမှ စီးပွားရေး လုပ်ငန်းရှင် များကလည်း မြန်မာနိုင်ငံသို့ လာ ရောက်ကာ စီးပွားရေးအခွင့်အလမ်း အရ အားသာနိုင်မှုရှိမရှိ ကိုလေ့လာ နေကြ သလို နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ကော်မရှင်သို့လည်းသွားရောက် ကာ စုံစမ်းမှုများပြု လုပ်ေ နကြ ကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ စုံစမ်းသိရှိ ရသည်။ ”အခု နိုင်ငံ အတော်များများက ဒီကိုလာပြီး စုံစမ်း တာတော့ ရှိ တယ်။ ရင်းနှီးမြှုပ်နှံရေးနဲ့ ပတ်သက်တဲ့ အကြောင်း အရာတွေကိုတော့ အသေးစိတ်မဆွေးနွေးရသေးပါဘူး” ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။အမှန်တကယ် အခြေအနေ အရ အမေရိကန် အပါအဝင် တခြား နိုင်ငံများက မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ် လျှင် စွမ်းအင်နှင့် သတ္တုတွင်း လုပ်ငန်းများ၌သာ ရင်းနှီးမြှုပ်နှံ လိုကြပြီး လူသား အရင်းအမြစ်များများ သုံးရသည့် လုပ်ငန်းများ၌ မူရင်းနှီးလို စိတ်မရှိကြ ကြောင်းသိရသည်။ထို့အတွက်ကြောင့် ပြည်တွင်းမှ လုပ်သား များ အလုပ်အကိုင် ရရှိ ရေးအ တွက်ဆိုလျှင် နိုင်ငံတော် အစိုးရပိုင်း မှ ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အရေးသစ်များ ဖန်တီး ပေးရမည်ဖြစ် သလို ပြည်ပရင်းနှီးမြှုပ် နှံမှုများကိုလည်း ကိုယ့်လူမျိုးအမှန် တကယ် အကျိုးရှိမည့် လုပ်ငန်းမျိုး ကိုသာ လက်ခံသင့်ကြောင်း စီးပွားရေး လုပ်ငန်း ရှင် ဒေါက်တာစိုးထွန်းက ပြောသည်။”အလုပ်အကိုင် အခွင့်အလမ်း တွေပေါ် ဖို့အတွက် ကို နိုင်ငံတော်နဲ့ ကျွန်တော်တို့ပုဂ္ဂလိက လုပ်ငန်းရှင် တွေ ပူးပေါင်း ပြီးလုပ်နေတယ်။ ဒါတွေ ဟာအချိန်နဲ့တစ်ပြေးညီ ပြေလည် သွားမှာဖြစ်ပါ တယ်”ဟု ကုန်သည်/ စက်မှု အသင်းချုပ်ဥက္ကဋ္ဌဦးဝင်းအောင် က ပြောကြား ခဲ့သည်။





 By AF Ijournal

စားကျက်မြေများ၊အင်းများနှင့် သင်္ချိုင်းမြေကိုပါ စတီးလ်စတုန်းကုမ္မဏီမှသိမ်းယူ


ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် တောစွန်း ကျေးရွာ၊ ဘူးသနွတ် ကျေးရွာ၊ မကိုက်ပုံ ကျေးရွာ၊ ဘိုးနတ်ပေး ကျေးရွာ တို့ရှိ စားကျက်မြေ ၊ သင်္ချိုင်းမြေ၊ နှင့် မိရိုးဖလာ လုပ်ကိုင်ကြသော အင်းများ စုစုပေါင်း ၅၇၅.၉၄ ဧက ကို ၂၀၀၅ ခုနှစ်မှ စ၍ စတီးလ်စတုန်းကုမ္မဏီ(Steel Stone Company) က ကျေးရွာ ရ.ယ.က ၊ ထန်းတပင်မြို့နယ် မ.ယ.က တို့နှင့်ပူးပေါင်း၍ သိမ်းယူခဲ့ပါသည်။

   ယင်းသို့သိမ်းယူခဲ့သည့်အတွက်ကြောင့် ကျေးရွာများမှ စားကျက်မြေများ မရှိတော့သည့်အတွက် နွားကျွေးရန် မြစ်ကိုကူး၍ တစ်ဖက်ကမ်း ညောင်တုန်းမြို့နယ်သို့ သွားရောက်၍ မြက်ရိတ်ရသည့်အတွက် အလွန်ဒုက္ခရောက်ရကြောင်း၊ သွားရောက်၍ မြက်မရိတ်နိုင်လျှင် မြက်ပေါသော မိုးရာသီ ဖြစ်သော်လည်း ကောက်ရိုးများကိုသာ ကျွေးရကြောင်း၊ သိမ်းယူသည့် မြေများအတွင်း သချိုင်းမြေပါသွားသည့်အတွက် နာရေးဖြစ်လျှင် ကုမ္မဏီမှ သိမ်းယူထားသည့် နယ်နိမိတ်အနီးမှ တာရိုးတွင် တိတ်တဆိတ်မြုပ်နှံ သဂြိုဟ်ရကြောင်း၊ သိမ်းယူထားသည့် စားကျက်မြေများ အတွင်းသို့ နွားများ ဝင်ရောက်ပါက နွားများကို ဖမ်းထားသောကြောင့် နွားတစ်ကောင်လျှင် ငွေသုံးထောင်ကျပ်ပေး၍ ပြန်လည်ရွေးယူရကြောင်း တောစွန်းကျေးရွာမှ လယ်သမားတစ်ဦးမှ ဘားမားဗီဂျေမီဒီယာကို ပြောပါသည်။

     ထို့ပြင် ယခင်ကတည်းကရှိခဲ့သော ရွာချင်းဆက်လှည်းလမ်းကို ကုမ္မဏီမှ မြေဖို့ထားရာ လှည်းလမ်း ပြန်လည်ဖောက်လုပ်သော လယ်သမား ၁၃ ဦးကို ကုမ္မဏီမှ အကျိုးဖျက်ဆီးမှု (ပုဒ်မ ၄၂၇)ဖြင့် ထန်းတပင် မြို့နယ်တရားရုံးတွင် စွဲဆိုခဲ့သည့်အတွက် တရားရင်ဆိုင်နေရသည်။

စားကျက်မြေများ ပြန်လည်ရရှိရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ယခုနှစ် ၄ လပိုင်းတွင် အသနားခံစာတင်သွင်း လျှောက်ထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရှိရပါသည်။







“စိတ်စွမ်းအင် ပညာရှင်တစ်ဦးက နေပြည်တော်ရှိ အခြေခံပညာကျောင်းများ တွင်အခမဲ့ စွမ်းရည်ပြသမည်”


နေပြည်တော်ဒေသတွင်းရှိ စာသင်ကျောင်းများ မှကျောင်းသူ၊ကျောင်းသားများကို သက်ဆိုင်ရာ၏ ခွင်ပြုချက်ဖြင့် အခကြေးငွေ မယူဘဲမ်ွမ်းအင် ပြသမည်ဟု ဆရာကြီးငြိမ်းချမ်းအောင်က ဂျာနယ်သို့ပြောသည်။
နေပြည်တော် ကောင်စီနယ်မြေတွင်းရှိ အခြေခံပညာကျောင်း များတွင်ပြသရာ၌ သင်ကြား သင်ယူခြင်း လုပ်ငန်းများ မပျက်စီးစေဘဲ ပြသခွင့် ကို နေပြည်တော် ပညာရေးမှုးရုံးက ခွင့်ပြုပေး ထားပြီး ဖြစ်ကြောင်းသိရသည်။ 
ထို့ပြင် ယင်းသို့ပြသနိုင်ရေး အတွက် သင်ကြားရေးလုပ် ငန်းများ ထိခိုက်မှု မရှိစေဘဲ ကူညီပေးရန် အတွက်နေပြည်တော်ကောင်စီ နယ်မြေတွင်းရှိမြို့နယ် ပညာရေး မှုးရုံးများသို့ နေပြည်တော် ပညာရေးမှုးရုံးမှ အကြောင်းကြားစာ ပို့ထားကြောင်း သတင်းရရှိသည်။ 
“ကျောင်းသားတွေကို ပြရတဲ့ရည်ရွယ်ချက်က တို့မြန်မာတွေ ဒီလိုစွမ်းဆောင်နိုင်တယ် ဆိုတာ သိဖို့ရယ်၊ ကြိုးစားမှုရဲ့ စွမ်းအား၊ စိတ်စွမ်းအင်ရဲ့ အားကြီးမှု တွေ သိစေချင်လို့ပါ။ နောက်တစ်ခု ကလည်း ဟေးလား ၀ါးလားနေတာထက် တစ်ခုခုမှာ စိတ်တည်ငြိမ်အောင်လုပ်ကိုင် တက်စေ ချင်တယ်။ ကိုယ်တိုင်ပြသပြီး သိမြင်အောင်ပြောပြချင်တယ်။”ဟုအထက်ပါပုဂ္ဂိုလ်က ပြောသည်။ အထက်ပါ မဟာစွမ်းအားရှင်(ဘွဲ့ရ) ဆရာကြီးသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်မှာ လာရောက်ခြင်းဖြစ်ပြီး ၄င်းပိုင်းစွမ်းအားများဖြင့် ကမ္ဘာ့အသိမှတ်ပြု ဂရင်းနစ်စံချိန်တင်ကြိုးပမ်းရန် အတွက် နေပြည်တော် ကောင်စီနယ်မြေသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ စိတ်ပိုင်း ဆိုင်ရာ စွမ်းအင်ကိုအသုံးပြု၍ ရုပ်ပိုင်းဆိုင်ရာ စွမ်အားပြကွက်ပေါင်းငါးရာကျော် တီထွင်ထားကြောင်း၊ တီထွင်ထားသည့် ပြကွက် ငါးရာကျော် အနက်မှ ပြကွက် ၁၅ မျိုးခန့်မှာ ဂရင်နစ်စံချိန်ဝင်ပြကွက်များ ဖြစ်ပြီးစွမ်းအားပိုင်းဆိုင်ရာ ဂရင်းနစ်စံချိန်ဝင်ပြကွက်များ ကိုလေ့လာရာတွင် ထို ၁၅မျိုးမတွေ့ ရသေးကြောင်း၊ ၄င်းလေ့ကျင့်ထားသည့် ပြကွက် ငါးရာအနက် ဆံပင်ကိုကျစ်ဆံမြီးထိုးကာ အဆိုပါ ကျစ်စံမြီးဖြင့် လူအယောက်သုံးဆယ်ပါ ဆိုင်ကယ်၁၀စီးကို ဆွဲပြသည့်ပြကွက် ကိုလူကြိုက်အများ ဆုံးဖြစ်ပြီ ထိုကျစ်ဆံမြီးဖြင့်လေယာဉ် ပျံကိုပင် ဆွဲပြ နိုင်ကြောင်း၊ ယင်းသို့ ဆွဲပြခွင့်ရရှိရန် အတွက် သက်ဆိုင်ရာသို့ စာတင်၍ ခွင့်ပြုချက်ရယူလျှက် ရှိကြောင်းသိရသည်။ 
“ပြကွက်တွေက အောက်လမ်း၊ဆေး၊ကဝေ၊ဖုတ်သွင်း၊မျက်လှည့်တွေ မဟုတ်ဘူး။လေးနှစ်သား ကတည်းကလေ့ကျင့်လာတဲ့ စိတ်တန်ခိုး စွမ်အင်ရယ် ၊ရုပ်စွမ်းအင်ရယ်၊ တိုင်းရင်းဆေးစွမ်းအင်ရယ်ကို အချိုးကျကျ ပေါင်းစပ်တာဖြစ်လို့ မှားသွားရင်သေနိုင်တယ် အနည်းဆုံးတော့ ဆေးရုံတက်ပြီ ကုသရတယ်။ လေးနှစ်သားကတည်းက ကျင့်လာတာ ၃၈နှစ်သားရောက်တော့ ပြသလို့ရပြီ။ အခု ၆၈နှစ်ရောက်ပြီ လေ့ကျင့်နေတုန်းပဲ။ ဒီပညာက အုံဖွယ် ပညာမဟုတ်လို့ ချက်ခြင်း သင်လို့မရဘူး။ နုနုနယ်နယ် ကတည်းက အရိုးတွေကိုပြုပြင်ထားရတယ်။ ကျပ်စည်းရတယ် စိတ်စွမ်းအင် အသုံးချ တက်အောင် လေ့ကျင့်ရသလို၊ ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိအောင်လဲ ကျင့်ထားရတယ်။ ဥပမာ ဆရာကြီးပြတဲ့ လည်မျိုကို လေးပိသာရှိတဲ့ သံတုတ်နဲ့ အရိုက်ခံတာပေါ့။ အဲ့ဒီမှာ စိတ်စွမ်းအင် တစ်ခုတည်းနဲ သွားလုပ်ရင် ဘယ်ရမလဲ။ သေသွားမှာပေါ့။ ရုပ်ပိုင်းဆိုင်ရာကလည်း လေးနှစ်သား ကတည်းက လေ့ကျင့်ထားရတာ။ ဒီအတိုင်းကြီး ဥုံဖွ နဲ့တော့ လုံးဝမရဘူး။ မျက်လှည့်တွေ ဓါတုဗေဒ ဆေးဝါးတွေလဲ မဟုတ်ဘူး။ဒီလောက်ဆိုရင် ဆရာကြီးပညာဟာ လူတိုင်းလေ့ကျင့်လို့ရ တယ်ဆို တာနားလည်ကြပြီပေါ့”ဟု ၄င်းက ထပ်လောင်းပြောသည်။ 


By Popular Myanmar News Journal

screen ကို လက်ဖ၀ါးနဲ့ ရမ်းလိုက်တာနဲ့ screenlock ဖြစ်စေမဲ့ Awesome On Off Ultimate v2.0 APK


Android OS သုံးဖုန်းမျက်နှာပြင်ကို လက်ဖ၀ါးနဲ့ ရမ်းလိုက်တာနဲ့ screen ပိတ်သွားပြီး ဖုန်းရဲ့ cpu ကို sleep mode ဖြစ်စေမဲ့
အလန်းစား Awesome On Off Ultimate v2.0 ကိုမျှဝေပေးလိုက်ပါတယ်။
ဒီ app လေးက screen ကို ပိတ်သွားစေရုံတင်မကဘဲ ဖုန်းကို ကောက်ကိုင် လိုက်ရင်လဲ screen သူ့အလိုလို ပွင့်သွားအောင်ပါ လုပ်နိုင်ပါသေးတယ်။
စိတ်ဝင်စားသွားလို့ သုံးကြည့်ချင်တယ်ဆို လိုအပ်ချက်တချို့ကိုပြောပြပါမယ်။
-Android version 2.2 နှင့် အထက်လိုအပ်ပါတယ်။
-ဖိုင်ဆိုဒ်ကတော့-462KB ပဲရှိပါတယ်။
-awesome on/off သုံးရန် အသုံးပြုမဲ့ ဖုန်းမှာ  gyrosensor ပါရှိရပါမယ်။
gyrosensor ဖုန်းမှာ ပါမပါကို ဖုန်းခေါ်ပြီး ဖုန်းနှင့် နားနဲ့ ကပ်တဲ့ အချိန်မှာ ဖုန်း screen က သူ့အလိုလို ပိတ်သွားပြီး အရေပြားနဲ့ ခွာလိုက်တဲ့ အချိန်မှာ screen ပြန်ပွင့်မပွင့်နဲ့ စမ်းသပ်နိုင်ပါတယ်။
Awesome On Off  ရဲ့ setting ချိန်နည်းကို အောက်မှာ ဖတ်ပါ။
install လုပ်ပါ။ပြီးရင် awesome on/off ထဲဝင်ပါ>Device Administrationမှာ Screen lock Permission ကို အမှန်ခြစ်ပါ။
Activate security polocies? လို့မေးလာရင် Activate လုပ်ပါ။
(မှတ်ချက်။ uninstall လုပ်မယ်ဆို ပြန်ဖြုတ်ဖို့လိုပါတယ်/ဒါကို permission
ပေးထားမှသာ Awesome off ကိုသုံးနိုင်မှာဖြစ်ပါတယ်။)
ပြီးရင် Awesome on ကို အမှန်ခြစ်ပါ။
Enable Vibration ကိုအမှန်ခြစ်ပါ။
Awesome on Sensitivity မှာ 60 Degrees လောက်ထားပါ။
ထို့နောက် Awesome off ကို အမှန်ခြစ်ပါ။
Enable Vibration ကို အမှန်ခြစ်ပါ။
အပေါ်ကပြောပြသွားခဲ့တာတွေက အဓိက ချိန်ရမယ့် setting တွေပါ။
ကျွန်တော် အပေါ်က ပြောပြသွားခဲ့တဲ့ ssetting အကုန်ချိန်ပြီးရင် သုံးလို့ရပါပြီ
Awesome On ထားလိုက်မယ်ဆိုရင်..
အခုလို ကောက်ကိုင်လိုက်တာနဲ့ screen သူ့အလိုလို ပွင့်သွားမှာပါ။
Awesome off ထားမယ်ဆိုရင် ဖုန်းပေါ်ကို လက်ရမ်းလိုက်တာနဲ့
vibrate ပေးပြီး screen အလိုလို ပိတ်ပေးပြီး cpu ကို deep sleep ဖြစ်နေမှာပါ။
အောက်ပါလင့်တွင် ရယူနိုင်ပါသည်။