Saturday 4 August 2012

ရိုဟင်ဂျာ အရေးတွင် အကြမ်းဖက် သမား များနှင့် ဆက်သွယ် သူများ ဒုက္ခသည် အဖြစ် ပါဝင်နိုင်ဟုဆို



ရိုဟင်ဂျာ အရေးတွင် အကြမ်းဖက် သမား များနှင့် ဆက်သွယ် သူများ ဒုက္ခသည် အဖြစ် ပါဝင်နိုင်ဟုဆိုရိုဟင်ဂျာ များကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက လက်ခံပေးမည် မဟုတ်ဘဲ အဆိုပါ အုပ်စုများထဲတွင် အကြမ်းဖက် သမားများနှင့် အဆက်အသွယ် ရှိသူများ ပါဝင်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာသီနာက လန်ဒန်ထုတ် သတင်းစာ တစ်စောင် ဖြစ်သော Sunday Express ကို ပြောကြားလိုက်ကြောင်း သိရသည်။
“ကျွန်မတို့ ဆက်ပြီး လက်ခံပေးမှာ မဟုတ်သလို လာတဲ့သူတွေကိုလည်း အကြမ်းဖက်သမားတွေနဲ့ ပတ်သက်တယ်လို့ ယူဆလို့ ရနိုင်တယ်” ဟု ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောကြားသည်။ ရှိတ်ဟာဆီနာ၏ အဆိုအရ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးဌာနမှ အစီရင်ခံစာတွင် ဘင်္ဂလားဒေ့ရှ်တွင် ရှိသော ဂျမက်အီး အစ္စလာမ်မီး အဖွဲ့ကဲ့သို့သော အစွန်းရောက် အစ္စလာမ်အဖွဲ့များ ပါဝင်ပတ်သက်မှု ရှိနေသည်ဟုလည်း သိရသည်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ၎င်းတို့ နိုင်ငံအတွင်းရှိ အကြမ်းဖက်သမားများနှင့် ယခုကိစ္စအပေါ် ပါဝင်ပတ်သက်သည်ဟု ယူဆရသူများကို နှိမ်နင်းရေးအတွက် ဗြိတိန်နှင့် စကော့တလန်ယာ့ဒ် ထောက်လှမ်းရေးအဖွဲ့များကို အကူအညီ တောင်းခံထားပြီးပြီ ဖြစ်ကြောင်းလည်း ပြောကြားသည်။

By ရိုးရာလေး

No comments:

Post a Comment