Saturday 4 August 2012

UNHCR ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်သူ အချို့ ခေတ္တခေါ်ယူစစ်ဆေးခံရ

နိုင်ငံတော် သမ္မတကြီး၏ ရိုဟင်ဂျာအရေး သဘောထားထုတ်ပြန်ချက်ကို ထောက်ခံသော အနေနှင့် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR ) ရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သူ လေးဦးကို စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းက ခေါ်ယူ စစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့စခန်းက ခေါ်ယူစစ်ဆေးမှုတွင် ပါဝင်ခဲ့သူ ဦးအောင်နိုင်ဝင်းက ပြောကြားသည်။

အဆိုပါ ဆန္ဒဖော်ထုတ်သူ လေးဦးကို သြဂုတ်လ ၃ရက်နေ့ ညနေ ၄နာရီခန့်က ယင်းရဲတပ်ဖွဲ့စခန်းက ခေါ်ယူခဲ့ပြီး ည ၁၂ရီခန့်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း၊ အဆိုပါလေးဦးကို ယနေ့နံနက် ၁၀နာရီ ၃၀မိနစ်တွင် ထပ်မံခေါ်ထားကြောင်း၊ ယင်းခေါ်ယူ စစ်ဆေးမှုတွင် ဦးအောင်နိုင်ထွန်း အပါအ၀င် ဦးဝင်းခန့်၊ ဦးအောင်ကျော်ကျော်၊ ဦးမျိုးမင်းစိုး တို့ပါဝင်ကြောင်း ၄င်းက ဆိုသည်။

“ရဲစခန်းက ခေါ်ပေမယ့် အေးအေးဆဲဆဲပဲ။ ဒီနေ့တော့ ဘာပြောမလဲ မသိဘူး“ ဟု ဦးအောင်နိုင်ဝင်းက ရှင်းပြသည်။

နိုင်ငံတော် သမ္မတကြီး၏ ရိုဟင်ဂျာ အရေးကို ရဲရင့် ပြတ်သားစွာ ပြောကြားချက်ကို ထောက်ခံကြောင်း၊ UNHCR မဟာ မင်းကြီးပြောကြားသော ရိုဟင်ဂျာများနှင့် အတူယှဉ်တွဲ နေထိုင်ရေး ပြောကြားချက်အား ကန့်ကွတ်ရှုတ်ချသော အနေနှင့် ပြည်သူ ၂၀ခန့် UNHCR ရုံးရှေ့တွင် သြဂုတ်လ ၃ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။





By The Voice Weekly

No comments:

Post a Comment