Saturday 4 August 2012

မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း(ရန်ကုန်တိုင်းဒေသကြီး) အလုပ် အမှုဆောင် ၂၁ ဦးကို အပြီးသတ်ရွေးချယ်

မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း(ရန်ကုန်တိုင်းဒေသကြီး) အလုပ်အမှုဆောင် ၂၁ ဦးကို အပြီးသတ်ရွေးချယ်ခဲ့ကြောင်းသိရသည်။ 

မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း(ရန်ကုန်တိုင်းဒေသကြီး) ပထမ အကြိမ် ညီလာခံကို သြဂုတ်လ ၄ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel တွင် ကျင်းပပြု လုပ်ခဲ့ရာ ဒီမိုကရေစီစနစ်ဖြင့် အလုပ်အမှုဆောင်အဖွဲ့ကို မဲပေးရွေး ချယ်ခဲ့ခြင်းဖြစ်သည်။

ယင်းအလုပ်အမှုဆောင် အဖွဲ့မှာ ဦးကြည်မင်း (ဥက္ကဌ) ၊ ဒေါက်တာဇော်သန်း (ဒု-ဥက္ကဌ (၁)) ၊မောင်ယဉ်ကျော် (ဒုဥက္ကဌ(၂)) ၊ဦးနေမျိုးကျော် (ခ) နေဘုန်းလတ် (အတွင်းရေးမှူး) ၊တွဲဖက်အတွင်းရေးမှူး(၁) ဦးဇေယျာမြတ်ခိုင်၊တွဲဘက် အတွင်းရေး မှူး(၂) ဦးလှိုင်ဘွား ၊တွဲဘက် အတွင်းရေးမှူး (၃) ဒေါ်ဂျူလိုင်မိုး ၊ ဘဏ္ဍာရေးမှူးဒေါ် အိအိမြတ် (ခ) အိမ့်မှူးခင် ၊ စာရင်းစစ် ဦးခင်မောင်မြင့် ၊ ပြန်ကြားရေးမှူး ဒေါ်အေးမွန် ၊ အဖွဲ့ဝင်များ အဖြစ် ဒေါ်ချိုအိဇင် ၊ ဦးဘသန်းတင် ၊ ဦးအေးချမ်းဟိန် ၊ ဦးတင့်လွင် ၊ ဦးအောင်ထွန်းဝင်း ၊ ဦးသန်းအေး ၊ ဦးထိန်ဝင်း ၊ ဦးမျိုးမင်းသိန်း ၊ ဦးစိန်ရွှေ(စိန်ရွှေလှိုင်) ၊ ကာတွန်း(အာယု)၊ နှင့် ဦးသန့်ကျော်ဇင် တို့ဖြစ်ကြောင်း သိရသည်။

ယင်းအလုပ်အမှုဆောင်အဖွဲ့သည် သြဂုတ်လ ၁၁ ရက်တွင် ယုဇနဂါး ဒင်းဟော်တယ် ၌ ကျင်းပမည့် မြန်မာနိုင်ငံ သတင်းစာ ဆရာ အသင်း ညီလာခံသို့တက်ရောက်မည် ဖြစ်ကြောင်းသိရသည်။





By Yangon Media Group

No comments:

Post a Comment