Friday 3 August 2012

မတရားဖမ်းဆီး၍ မတရားစီရင်ခဲ့ကြောင်း ကိုဖြိုးဝေအောင် ရှင်းလင်းမည်


ရန်ကုန် (မဇ္ဈိမ) ။          ။ မတရား ဖမ်းဆီးထိန်းသိမ်းခံရပြီး ပြစ်ဒဏ်ချမှတ်ခံရသူ ဖြစ်ကြောင်းကို သက်သေ အထောက်အထားများဖြင့် ရှင်းလင်းသွားမည်ဟု လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သောကြာနေ့က အင်းစိန်ထောင်မှ လွတ်မြောက်လာသူ ကိုဖြိုးဝေအောင် က ပြောသည်။

ဗုံးဖောက်ခွဲသည်ဟု စွပ်စွဲကာ သေဒဏ်၊ တသက်တကျွန်းနှင့် ထောက်ဒဏ် ၁၉ နှစ် တပေါင်းတည်း ကျခံရန် စီရင်ခြင်း ခံရပြီး ဆိုးရွားလှသည့် ကျန်းမာရေး အခြေအနေကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ ကိုဖြိုးဝေအောင် က ရန်ကုန်မြို့တွင် သတင်းထောက်များကို ပြောကြားလိုက်ခြင်း ဖြစ်သည်။

“X2O ဗုံးခွဲမှုမှာ ဖြိုးဝေအောင် ကျူးလွန်လား မကျူးလွန်ဘူးလား ဆိုတာကို တရားဝင် အမှုတွဲထဲက တရားလို သက်သေခံ အထောက်အထားတွေနဲ့ ရှင်းပြသွားမယ်” ဟု ကိုဖြိုးဝေအောင် က ပြောသည်။

အင်းစိန်မြို့နယ်ဆေးရုံ၌ တက်ရောက် ကုသခံနေရသော ကိုဖြိုးဝေအောင် ကိုတွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

၂ဝ၁ဝ ခုနှစ်၊ သင်္ကြန်အတွင်း X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် ပါဝင်ပတ်သက်သည်ဟု ၎င်းအား စွပ်စွဲခံခဲ့ရသည်။

ကိုဖြိုးဝေအောင်၏ အဆိုအရ သံသယတရားခံများ ထွက်ပြေးသွားပြီးနောက် ၎င်းကို အပြစ်ရှိသည်ဟု ဝန်ခံလာရန် စစ်ကြောသူများက နှိပ်စက်ညှဉ်းပမ်းခဲ့သည်ဟု ဆိုသည်။

“ပထမပိုင်းကတော့ မေးတယ်ရိုက်တယ်၊ မေးတယ်ရိုက်တယ်။ နောက်ပိုင်းကျတော့ ဝန်မခံ ရိုက်တယ်၊ ဝန်မခံ ရိုက်တယ်။ ဝန်မခံမခြင်း ရိုက်မယ်လို့ ကျနော့်ကို ပြောတယ်။ နောက်ဆုံး ကြိုက်တာယူလာခဲ့ လက်မှတ်ထိုးပေးမယ် ဆိုပြီး ထိုးပေးလိုက်ရတယ်” ဟု ကိုဖြိုးဝေအောင်က စစ်ကြောရေး အတွေ့အကြုံကို ပြန်ပြောပြသည်။

၎င်းအား မတရား စီရင်ခံရမှုကို အများပြည်သူ သိရှိစေရန်အတွက် သတင်းစာရှင်းလင်းပွဲ တရပ်ကိုလည်း လပိုင်း အတွင်း ပြုလုပ်ရန် စီစဉ်ထားကြောင်း ကိုဖြိုးဝေအောင်က ဆိုသည်။

ကိုဖြိုးဝေအောင် စွပ်စွဲခံခဲ့ရသော အမှုမှာ ၂ဝ၁ဝ ဧပြီ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့) က ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်တွင် ဗုံး သုံးလုံး ပေါက်ကွဲသည်။ ထိုဗုံးခွဲမှု တရားခံအဖြစ် ထိုင်း-မြန်မာနယ်စပ်
တောတွင်းအခြေစိုက် စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ VBSW မှ အဖွဲ့ဝင် ၃ ဦး လက်ချက်ဟု ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ (ယခု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး)က ထိုနှစ် မေလ ၆ ရက်နေ့
နေပြည်တော် သတင်းစာ ရှင်းလင်းပွဲ၌ စွပ်စွဲခဲ့သည်။

ကိုဖြိုးဝေအောင် ကိုလည်း ဗုံးဖောက်ခွဲနိုင်ရေး စောင့်ကြည့်ပေးခဲ့သည်ဟု စွပ်စွဲခဲ့ရုံမက VBSW အဖွဲ့ဝင်တဦး ဖြစ်သည် ဆိုသော ယူဆချက်ဖြင့် ၂ဝ၁၁ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ် ၅၅ လမ်း အလယ်ဘလောက်ရှိ
နေအိမ်သို့ လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ကိုဖြိုးဝေအောင်ကို သေဒဏ်နှင့် တသက်တကျွန်း ပြစ်ဒဏ်များ အပါအဝင် ထောင်ဒဏ်များကို တပေါင်းတည်း ကျခံစေရန် အင်းစိန်ထောင် တရားရုံးမှ ၂ဝ၁၂ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် စီရင်ချက် ချမှတ်ခံခဲ့ရသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားနှင့် တွေ့ဆုံပြီး
လေးရက်မြောက် နေ့တွင် လွတ်မြောက်လာခြင်း ဖြစ်သည်။

လက်ရှိတွင် အင်းစိန်မြို့နယ်ဆေးရုံ၌ တက်ရောက် ကုသခံနေရသော ကိုဖြိုးဝေအောင်တွင် အသည်း အကြိတ် (၆ စင်တီမီတာခန့်)ဖြစ်ပေါ်နေသည့် ဝေဒနာ ခံစားနေရပြီး လွန်ခဲ့သည် ရက် ၂ဝ ခန့်မှ စတင်၍ သူ၏ ခါးအောက်ပိုင်း လှုပ်၍ မရတော့ကြောင်းလည်း ၎င်းက ပြောသည်။

ယခု ကိုဖြိုးဝေအောင် လွတ်မြောက်လာသည်မှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄ဝ၁ (၁)အရ လွတ်မြောက်လာခြင်း
ဖြစ်သည်။

By Mizzima

ဒဂုံအရှေ့တွင် တာတမံ ပိတ်ဆို့မှုကြောင့် လယ်ဧက ၂၀၀၀ နီးပါး ရေနစ်မြုပ်


ရန်ကုန်၊ သြဂုတ် ၃

ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ မလစ် အရှေ့ကျေးရွာ အုပ်စုမှ လယ်မြေများ၏ ရေစီးဆင်းရာ လမ်းကြောင်းများရှိ တာတမံများ ပိတ်ဆို့ ထားမှုကြောင့် စိုက်ပျိုးပြီး လယ်ဧက ၂၀၀၀နီးပါး ရေနစ်မြုပ်ကာ စပါးပင်များ ပျက်စီးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း မလစ်ကျေးရွာမှ လယ်သမားများက ပြောကြားသည်။

ငမိုးရိပ် ရေထိန်း တံခါးမှ ရေနုတ်ယူမှု နည်းပါးခြင်း အပါအဝင် စိတ်ကျန်းမာရေး ဆေးရုံနံဘေးရှိ ဘဲတန်းရိုးချောင်းကို ပြီးခဲ့သည့် ရက်သတ္တပတ်မှ စတင်ကာ တာတမံ ပိတ်ဆို့မှုကြောင့် ၎င်းတို့ကျေးရွာ အုပ်စုများရှိ လယ်မြေများနှင့် နေအိမ်ခြံဝင်းများပါ ရေနစ်မြုပ် နေကြောင်း ယင်းကျေးရွာမှ တောင်သူလယ်သမားနှင့် အလုပ်သမား အဖွဲ့အစည်း ဥက္ကဋ္ဌ ဦးညွန့်ဝေက ရေနစ်မြုပ်မှု အခြေအနေကို ရှင်းပြသည်။

 စိုက်ပျိုးပြီး တစ်လကျော် သက်တမ်းရှိသည့် စပါးများမှာ ရေနစ်မြုပ်မှုဒဏ်ကို ၁၀ ရက် အထိ ခံနိုင်သော်လည်း စိုက်ပျိုးပြီး ရက်ပိုင်းသာ ရှိသေးသည့် စပါးများမှာမူ ရေနစ်မြုပ် တစ်ပတ်ကြာပါက ပျက်စီးမည်သာ ဖြစ်ကြောင်း စပါးများ ပျက်စီးမည့် အန္တရာယ် အပေါ် မလစ် ကျေးရွာမှ လယ်သမားတစ်ဦး ဖြစ်သူဦးသန်းထွန်းက စိုးရိမ်မကင်း ပြောဆိုသည်။

ယင်းကျေးရွာအုပ်စုများရှိလယ်မြေများ၏ ရေထွက်ပေါက် တစ်ခုဖြစ်သော ငမိုးရိပ် ရေထိန်းတံခါး၊ တည်ဆောက်ရေး ၆ မှ တာဝန်ကျ အင်ဂျင်နီယာ တစ်ဦးကလည်း ရေထိန်းတံခါးကို မေလကတည်းက ဖွင့်လှစ် ပေးထားပြီး ယခုရက်ပိုင်း အတွင်း မိုးရွာသွန်းမှုမှာ သုံးရက်လျှင် မိုးရေချိန် လက်မ ၆လက်မခန့် ရွာသွန်းသောကြောင့် ရေထိန်းတံခါး အတွင်း ရေများနေသဖြင့် ယင်းလယ်မြေများမှ ရေနုတ်ယူမှု အားနည်း ရခြင်းသာ ဖြစ်ကာ ၎င်းတို့အနေနှင့် အားနည်းချက်များကို ရှာဖွေ၍ ပြင်ဆင်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

စိတ်ကျန်းမာရေး ဆေးရုံနံဘေးရှိ ရေထွက်ပေါက် တစ်ခုဖြစ်သော ဘဲတန်းရိုးချောင်းကို တာတမံ ပိတ်ဆို့ထားခြင်းနှင့် ပတ်သက်၍ ဆည်မြောင်းဦးစီးဌာနမှ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးကမူ ဘဲတန်းရိုးချောင်းတာတမံ တစ်ဘက်ခြမ်းရှိ စိတ်ကျန်းမာရေး ဆေးရုံနှင့် ဧက ၃၀၀၀ခန့်ရှိ လယ်မြေများ ရေနစ်မြုပ်မည့် အန္တရာယ်ကြောင့် တာတမံ ပိတ်ဆို့ရခြင်း ဖြစ်ကြောင်း၊တာတမံ မပိတ်ဆို့ပါက တာတမံမြောက်ပိုင်းရှိ မလစ်အရှေ့ကျေးရွာအုပ်စုရှိ လယ်ဧက၂၀၀၀ အပါအဝင် တာတမံတောင်ပိုင်းရှိ လယ်ဧက ၃၀၀၀ နှင့်စိတ်ကျန်းမာရေးဆေးရုံပါ ရေနစ်မြုပ်မည်ဖြစ်ကြောင်း The Voice Weekly သို့မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

The Voice Weekly



http://www.thithtoolwin.com/2012/08/blog-post_4886.html#.UBvf0ZPbXbM

စစ်ကိုင်း ဧမြ၀တီ ရပ်ကွက် ရေ၀င်ရောက်




စစ်ကိုင်း၊ သြဂုတ် ၃

စစ်ကိုင်းမြို့  ဧရာဝတီ မြစ်ကမ်းဘေး ရှိ အနိမ့်ပိုင်းဒေသများတွင် ရေလွှမ်းမိုးမှုဒဏ်ကို တွေ့ကြုံနေရကြောင်း စစ်ကိုင်းမြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

နှစ်စဉ် ၀ါဆိုဝါခေါင်လများတွင် ရေလွှမ်းမိုးမှု ဒဏ်တွေ့ကြုံလေ့ရှိသော အဆိုပါ ဒေသတွင် နေထိုင်သူများမှာ အမြင့်ပိုင်း ဒေသရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားရင်ပြင် ကြားနေရာများတွင် ယာယီ နေထိုင်လျက် ရှိကြကြောင်း ဧမြ၀တီ ရပ်ကွက် ဒေသခံများက သြဂုတ်လ (၃)ရက်နေ့တွင် The Voice Weekly သို့ ပြောကြားသည်။

"သုံးနှစ်တစ်ကြိမ် လောက် ရေတွေလမ်းပေါ် အထိ တက်တယ်၊ ဒီနှစ် တော်သေးတယ် ပြောရမယ်၊ တော်သလင်းလဆန်း လောက်ဆို ရေပြန်ကျသွားပါပြီ" ဟု အဆိုပါ ရေလွှမ်းခံရသော အိမ်ခြေပါ မိသားစု ၀င်တစ်ဦးက ဆိုသည်။

စစ်ကိုင်းမြို့  မင်းဇင် အရပ်နှင့် ဧမြ၀တီ အရပ်တွင် နှစ်စဉ် ရေ၀င်နေကျ အရပ်ဒေသများ ဖြစ်ကြောင်း၊ သို့ သော် ယခုနှစ် ၀ါဆိုဝါခေါင် ရေတက်ချိန်ထိ မင်းဇင်အရပ်သို့ အိမ်မြုပ် နိုင်အထိအောင် ရေတက်ခြင်းမရှိဘဲ ဧမြ၀တီ အရပ်သို့  သာ လူနေတဲများ မြုပ်သည်အထိ ရေတက်လျက် ရှိပါကြောင်း၊ စစ်ကိုင်းတံတားသို့သွားရာ စစ်ကိုင်း-မန္တလေး လမ်းဘေးဝဲယာရှိ စိုက်ပျိုးမြေများနှင့် အမရပူရမြို့ နယ် ရှိ လမ်းဘေးဝဲယာ ဒေသများတွင် ရေလွှမ်းလျက် ရှိကြောင်း မျက်မြင်တွေ့ မြင် ခဲ့ သူ မန္တလေးမြို့ ဒေသခံတစ်ဦးကဆိုသည်။

The Voice Weekly



http://www.thithtoolwin.com/2012/08/blog-post_3614.html#.UBvfgZPbXbM

သံလွင်မြစ်ရေလျှံ၍ ဘားအံမြို့နေ ၄,၀၀၀ ကျော် ရေဘေးသင့်

ဘားအံမြို့ မှ ရေဘေးဒုက္ခသည်များ (ဓါတ်ပုံ-မြ၀တီသတင်း)

ဇူလိုင်လကုန်ပိုင်းမှ စပြီး သံလွင်မြစ်ရေ လျှံတက်ခြင်းကြောင့် ကရင်ပြည်နယ်၊ ဘားအံ မြို့နယ်ရှိ ရပ်ကွက် သုံးခုတွင် ရက်သတ္တ တပတ်ခန့် ရေကြီးလျက် ရှိကာ လူဦးရေ ၄,ဝဝဝ ကျော် ရေဘေးဒဏ် ခံနေရကြောင်း ကယ်ဆယ်ရေးဝန်ထမ်းများက ဆိုသည်။

သောကြာနေ့ ရရှိသည့် စာရင်းအရ ရေဘေးသင့် အိမ်ထောင်စု ၉၃၄ ခု ရှိသော်လည်း သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာ ရခြင်း မရှိကြောင်း သိရသည်။ သို့သော် ကလေးငယ်များမှာ ကယ်ဆယ်ရေးစခန်းတွင်ပင် စာသင်နေကြရကြောင်း
ရွှေရင်မျှော်ဘုရား ကယ်ဆယ်ရေးစခန်းမှ စေတနာ့ဝန်ထမ်းတဦး ဖြစ်သည့် ဦးနိုင်ထက်အောင် က ပြောသည်။

“ဒီက ရှိတဲ့ ကျောင်းသားတွေကို ဘုရားရင်ပြင်ပေါ်မှာပဲ ဆရာမတွေ ကိုယ်တိုင်က စာလာသင်ပေးပါတယ်။ ဆရာမ ငါးယောက် ခြောက်ယောက်လောက် ရှိမယ်” ဟု သူက ပြောသည်။

ရေဘေး ကယ်ဆယ်ရေးစခန်း ၇ ခု ဖွင့်လှစ်ထားပြီး၊ မီးသတ်၊ ကြက်ခြေနီ၊ ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ ဝန်ထမ်း များက ကူညီစောင့်ရှောက်ပေးလျက် ရှိကာ ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် စေတနာရှင်များက အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ နေ့စဉ် လာရောက် လှူဒါန်းလျက် ရှိသည်ဟု သူက ပြောသည်။

ဘားအံမြို့သည် ပျမ်းမျှအားဖြင့် ၃ နှစ် တကြိမ်ခန့် ရေကြီးလေ့ ရှိပြီး၊ ရေကြီးတိုင်းတွင် ဘားအံမြို့ကို နှစ်ပိုင်း ပိုင်းလိုက် သကဲ့သို့ ဖြစ်ကာ အဆိုးဆုံးနှစ်များတွင် လှေဖြင့် ကူးလူးသွားလာရသည်လည်း ရှိသည်ဟု ဒေသခံများက ပြောသည်။

သံလွင်မြစ်ရေ လျှံတက်ခြင်းကြောင့်သာ ဘားအံမြို့ ရေကြီးလေ့ရှိပြီး မြစ်ရေ လျှံတက်ခြင်းကို ကာကွယ်ရန် အစိုးရ အနေနှင့် မလုပ်ဆောင်နိုင်သေးကြောင်း “ကျမ သိတတ်တဲ့ အရွယ်ကတည်းက သုံးနှစ်တကြိမ်လောက် ရေကြီးနေမြဲပဲ။ ဒီလို ကာကွယ်ဖို့ မလုပ်နိုင်သေးလို့လည်း ခုထိ ကြီးနေတာပဲ” ဟု အထက်ပါ အမှတ် ၈ ရပ်ကွက်သူ တဦးက ပြော သည်။

ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်း တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၇၈ဝ စင်တီမီတာသို့ ရောက် ရှိကာ စိုးရိမ်ရေမှတ်ထက် ၃ဝ စင်တီမီတာ (၁ ပေခန့်) ကျော်လွန်ခဲ့ပြီး ၃ဝ ရက်နေ့တွင် ၈၂၃ စင်တီမီတာ၊ ၃၁ ရက်နေ့ တွင် ၈၄၇ စင်တီမီတာ၊ သြဂုတ်လ ၁ ရက်နေ့တွင် ၈၇ဝ စင်တီမီတာသို့ နေစဉ် မြင့်တက်ကာ အနိမ့်ပိုင်း ရပ်ကွက်များ
ဖြစ်သည့် ရပ်ကွက် ၁၊ ရပ်ကွက် ၂၊ ရပ်ကွက် ၅ ရှိ အိမ်ထောင်စု ၇၈၇ စုမှ လူဦးရေ ၄,၁၇၇ ဦး ရေဘေးသင့်ခဲ့ကြရ သည်။

ကွန်းချမ်း  | စံခလပူရီ (မဇ္ဈိမ)



http://www.thithtoolwin.com/2012/08/blog-post_4502.html#.UBvfDJPbXbM

ကချင်တွင် နှစ်ဘက်တပ်များ လူ့အခွင့်အရေးချိုးဖောက်နေဟု ကော်မရှင်ပြော

ကချင်ပြည်နယ်အတွင်း နှစ်ဘက်လက်နက်ကိုင်တပ်တွေအနေနဲ့ ဒေသခံ ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်နေကြတယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

ဦး စစ် မြိုင်
ဇူလိုင် ၂၃ ရက်ကနေ ၂၇ ရက်အထိ ကချင်ပြည်နယ်ထဲ သွားရောက်လေ့လာ စုံစမ်းခဲ့ပြီးတဲ့နောက် တွေ့ရှိချက်တွေကို ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က ခုလို ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“ကျနော် အထူးပြောချင်တာက လက်နက်ကိုင်တွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဗျ။ တိုင်ကြားချက်တွေ အပေါ်ကနေပေါ့။ ဒါတွေကို ကျနော်တို့က ရပ်တန့်စေချင်တယ်။ နှစ်ဖက်စလုံးပါ။”
ကော်မရှင်ထံတိုင်ကြားထားတဲ့ အမှုအရေအတွက်ကို ထုတ်ဖော်ပြောဆို ဖို့တော့ သူက ငြင်းဆိုပါတယ်။
အစိုးရကဖမ်းဆီးပြီး နှိပ်စက်ခံနေရတဲ့ ဦးဘရန်ရှောင်ကို သွားတွေ့ခဲ့ပုံကိုလည်း သူက ခုလို ပြောပါတယ်။
“ကျနော်တို့ မူလသွားတုန်းက ဦးဘရန်ရှောင်ကို တွေ့ဖို့ မပါဘူး။ ဟိုမှာ ကြားသိတဲ့အတွက် သွားတွေ့တဲ့အခါ ဥပဒေအရ ဆောင်ရွက်တာ ကောင်းပါတယ်။ သို့သော် ညှဉ်းပန်းနှိပ်စက်တာတော့ မလုပ်ပါနဲ့လို့။ ကျနော်တို့က သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တိုက်တွန်းခဲ့ပါတယ်။”
မြန်မာ့လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဟာ မြစ်ကြီးနားနဲ့ ၀ိုင်းမော်အနီးအနားက ဒုက္ခသည်စခန်း ၁၆ ခုကို လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြတာပါ။
စခန်းတွေရဲ့ အနေအထားဟာ  အချိန်ကြာလာတာနဲ့အမျှ လိုအပ်ချက်တွေ ရှိလာတာကို တွေ့ရပြီး အဲဒီလိုအပ်ချက်တွေကိုလည်း သက်ဆိုင်ရာထံ အသိပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
သူတို့ ကြည့်ရှုခဲ့တဲ့ ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာလုံလောက်ပေမယ့် ဆေးဝါးလိုအပ်နေတယ်လို့ ဦးစစ်မြိုင်က ပြောပါတယ်။
“လိုအပ်ချက် အဓိကတော့ မိုးတွင်းဖြစ်တော့ အအေးမိ၊ နှာစေးမယ်၊ တုပ်ကွေး ဖြစ်မယ်။ ၀မ်းလျှောမယ်။ ငှက်ဖျားရှိမယ်။ အဲဒီဆေးတွေ အဓိက ပံ့ပိုးပေးဖို့ပါ။ နောက်တခုက ယူအန်အိပ်ခ်ျစီအာက လိုအပ်တဲ့နေရာတွေမှာ အဆောက်အဦတွေ ဆောက်ပေးနေပါတယ်။ အဲဒါလေးတွေ ရလာရင်တော့ စခန်းတွေအနေနဲ့ အတော်အသင့် နေသာထိုင်သာ ဖြစ်သွားမှာပါ။”
အပစ်အခတ်ရပ်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ကြဖို့  ကော်မရှင် အတွင်းရေးမှူးက တိုက်တွန်းလိုက်ပြီး  ကချင်အရေးနဲ့ ပတ်သက်တဲ့ ကော်မရှင်ရဲ့အစီရင်ခံစာလည်း မကြာခင်ထုတ်ပြန်မယ်လို့ ပြောပါတယ်။
နှစ်ဘက်တပ်တွေဟာ ဒေသခံပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ်တွေ ရှိတယ် ဆိုတဲ့အပေါ် ကချင်သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်းက ခုလို သုံးသပ်ပြောကြားပါတယ်။
“ပြီးခဲ့တဲ့ ဩဂုတ်လမှာ ပူတာအိုနားမှာ ကေအိုင်အေ တပ်ရင်း ၇ ကနေ ဒေသခံရွာတချို့ကို မီးရှို့တယ်ဆိုတာမျိုးလည်း သတင်းထွက်လာတယ်။ အဲဒါလည်း သူတို့ သေချာစုံစမ်းပြီးမှ သက်ဆိုင်တဲ့ တပ်ရင်း ၇ က တပ်ရင်းမှူးကို သူတို့ အရေးယူတယ်။ ရာထူးချလိုက်တယ်ဆိုတာမျိုးတွေ ကျနော်တို့ ကြားရတဲ့ အပိုင်းရှိတယ်။ ကေအိုင်အေ ဘက်ကတော့ accident ပုံစံပေါ့ မတော်တဆပေါ့။ ဟိုက ညွှန်ကြားမှု မပါဘဲနဲ့ တပ်ဖွဲ့ဝင်တွေက ချိုးဖောက်မှုတွေ ရှိရင်လည်း တကယ်စစ်ဆေးပြီးမှ အရေးယူတဲ့ အပိုင်းတွေ ရှိတာကို တွေ့ရတယ်။ အစိုးရကတော့ စနစ်တကျနဲ့ ချိုးဖောက်နေတဲ့ဆိုတဲ့အပိုင်း..။ အဲဒါကြောင့်လည်း ဒုက္ခသည်တွေ အတော်များများက ကေအိုင်အို ထိန်းချုပ်တဲ့နေရာကို ထွက်ပြေးတာ များတယ်။ အစိုးရတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒေသခံတွေက စစ်ဆေးမေးမြန်းတာကို လက်ခံတယ်။ ဒါပေမယ့် အစိုးရတပ်က ညှဉ်းပန်းနှိပ်စက်တယ်၊ ရွာတွေ မီးရှို့တယ် အဲဒါမျိုးတွေကို ကြောက်ပြီး ကေအိုင်အို ထိန်းချုပ်တဲ့ဒေသကို ထွက်ပြေးတာ များတယ်။”
ကေအိုင်အို ဒုက္ခသည်ရေးရာကော်မတီရဲ့ နောက်ဆုံးထုတ်ပြန်တဲ့စာရင်းအရ ကချင်ပြည်နယ်အတွင်း ဒုက္ခသည် ၈ သောင်းကျော်ရှိပြီး၊ ကေအိုင်အေ နယ်မြေထဲမှာ ဒုက္ခသည်စခန်း ၅၀ ကျော်နဲ့ လူဦးရေ ၆ သောင်းကျော် ရှိနေပါတယ်။
အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေဟာ မနှစ်ဇွန်လကတည်းက တိုက်ပွဲတွေ ပြန်ဖြစ်နေပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကြိမ်ကြိမ်ကျင်းပပေမယ့်   အောင်မြင်မှုမရသေးဘဲ ဖြစ်နေပါတယ်။



ဒေါ်စု ကော့မှူးတွင် လယ်သမားများနှင့် ဆွေးနွေး


ရန်ကုန် (မဇ္ဈိမ) ။       ။ လယ်ယာမြေ အသိမ်းခံရမှု၊ လယ်မြေများ ရေနစ်မြုပ်မှုနှင့် လယ်သမားများ လယ်ယာလုပ်ငန်း ဆိုင်ရာ အသိပညာဖွံဖြိုးမှု အစရှိသည့်အကြောင်းများကို ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ကော့မှူးမြို့နယ် ခရီးစဉ်တွင်
တောင်သူလယ်သမားများနှင့် ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲပါဝင်သူများက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ မဲဆန္ဒနယ်မြေ ကောမှူးမြို့နယ်သို့
သောကြာနေ့က သွားရောက်ပြီး ဒေသခံ တောင်သူများနှင့်တွေ့ဆုံကာ မိုးစပါး စိုက်ပျိုးမှု အခက်အခဲများကို ဆွေးနွေးခဲ့
ခြင်း ဖြစ်သည်။

“ဆည်မြောင်းနဲ့ သက်ဆိုင်တာတွေကို ဆည်မြောင်းနဲ့ ဆွေးနွေးပေးမယ်။ သက်ဆိုင်တဲ့ အကြောင်းအရာပေါ် မူတည်ပြီး သက်ဆိုင်တဲ့ ဌာနကို ဆွေးနွေးပေးမယ်လို့ ပြောပါတယ်” ဟု ဟု ဒေါ်အောင်ဆန်းစုကြည်က လယ်သမားများအား ကတိပြုပြောကြားချက်များကို ကိုးကား၍ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ညောင်ပင်သာရွာမှ ဦးသိန်းလွင် က မဇ္ဇျိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးမြို့နယ် ခရီးစဉ်တွင် တောင်သူလယ်သမားများနှင့် ဆွေးနွေးနေစဉ် (ဓါတ်ပုံ မဇ္ဈိမ)

ဘုန်းတော်ကြီးကျောင်းတခုတွင် ကျင်းပသည့် ယင်းဆွေးနွေးပွဲသို့ ဝါးပလောက်သောက်၊ ထန်းမနိုင်၊ ကမာပတ်၊ ဖယုံချောင်၊ ညောင်ပင်သာရွာ စသည့် ကျေးရွာများမှ တောင်သူသုံးဆယ်ခန့် တက်ရောက် သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် တောင်သူများ ရေကြီးရေလျှံ အခက်အခဲများအတွက် ကော့မူးမြို့နယ် ဆည်မြောင်းဦးစီးရုံးမှ ဦးစီးအရာရှိ ဦးဆန်းလွင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မူးမြို့နယ် NLD လူငယ်များနှင့်လည်း တွေ့ဆုံ၍ ပါတီအတွင်း လှုပ်ရှားဆောင်ရွက်မှုဆိုင်ရာ ကိစ္စ့ရပ်များ ဆွေးနွေးခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ရွေးကောက်ပွဲပြီးနောက် ၎င်း၏မဲဆန္ဒနယ်အား အနည်းဆုံး သုံးကြိမ် သွားရောက် ၍ ဒေသခံများနှင့် တွေ့ဆုံကာ အခက်အခဲနှင့် လိုအပ်ချက်များကို လေ့လာခဲ့သည်။

ဇူလိုင်လ ၅ ရက်နေ့က သွားရောက်စဉ် ဒေသခံ ၃ဝဝ ကျော်နှင့် တွေ့ဆုံကာ ဒေသခံ ပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ ရေ၊ လျှပ်စစ်မီး၊ ချေးငွေ၊ အလုပ်အကိုင် ရရှိရေးနှင့် လမ်းပန်း ဆက်သွယ်ရေးများနှင့် ပတ်သက်၍ တင်ပြချက်များကို ဆွေးနွေးခဲ့သည်။

မြန်မာနှစ်ဆန်း တရက် (ဧပြီလ ၁၇ ရက်)နေ့ကလည်း ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ကျပ်ငွေ သိန်း ၃၀၀ အား
ကော့မှူးမြို့နယ်မှ ကျေးရွာများသို့ ကံစမ်းမဲများ ဖောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လှူဒါန်းခဲ့သေးသည်။

By Mizzima

နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦးအား မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr.Tomas Ojea Quintana နှင့် အဖွဲ့တို့သည် ယနေ့နံနက် ၁၀း၃၀ နာရီအချိန်တွင် နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ပြည်သူ့လွှတ်တော် ကော်မတီများရုံး I-1 (အိုင်ဝမ်း) အဆောင်တွင် လာရောက်တွေ့ ဆုံ

နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦးအား မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr.Tomas Ojea Quintana နှင့် အဖွဲ့တို့သည် ယနေ့နံနက် ၁၀း၃၀ နာရီအချိန်တွင် နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ပြည်သူ့လွှတ်တော် ကော်မတီများရုံး I-1 (အိုင်ဝမ်း) အဆောင်တွင် လာရောက်တွေ့ ဆုံသည်။
ထိုတွေ့ဆုံပွဲတွင် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဆွေနှင့် လွှတ်တော်ကိုယ်စားလှယ် များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦး က အဆွေတော်အနေဖြင့် အချိန်တိုအတွင်း လွှတ်တော်ကို လာရောက်သည့်အတွက် ကြိုဆိုပါ ကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် တခြားကိစ္စများ ဆောင်ရွက်စရာရှိနေသဖြင့် ဥက္ကဋ္ဌကိုယ်စား တွေ့ဆုံရခြင်း ဖြစ်ကြောင်း၊ အဆွေတော်လာရောက်သည့် ကိစ္စတော်တော်များမှာ မိမိကော်မတီနှင့် သက်ဆိုင်မည်ဟု ယူဆပါ ကြောင်း၊ အဆွေတော်အနေနှင့် မြန်မာနိုင်ငံသို့ ရောက်ရှိသည့်အချိန်အတွင်းမှာ နေရာပေါင်းများစွာ ရောက်ရှိမည်ဟု သိရပြီး ပကတိဖြစ်ပျက်မှု အခြေအနေများကို သိရှိမည်ဟု ယူဆပါကြောင်း၊ ရခိုင်ပြည်နယ်သို့ သွားရောက်ကြောင်း သိရသည့်အတွက် ရခိုင်ပြည်နယ်အခြေအနေကိုလည်း လေ့လာသိရှိမည်ဟု ထင်ပါကြောင်း၊ မိမိတို့အနေဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအား လုံးဝ မလိုလားပါကြောင်း၊ ဖြစ်စဉ်ထပ်မဖြစ်ပွားစေရန် ဖြစ်စဉ်ဖြစ်ပွားနေစဉ် အမြန်ဆုံး ဖြေရှင်းထိန်းသိမ်းပေးနိုင်အောင် ကြိုးစားခဲ့ ပါကြောင်း၊ ရခိုင်ဖြစ်စဉ်နှင့် ပက်သက်၍ လူမျိုးရေး၊ ဘာသာရေး ဖြစ်စဉ်များဟု ပြောသော်လည်း မိမိတို့ အနေနှင့် ၎င်းဒေသတွင် နေထိုင်သူများမှ ရာဇ၀တ်မှု ဖြစ်ပွားရာက ကျယ်ပြန့်လာသည်ဟု မြင်ပါကြောင်း၊ အဆွေတော်ရောက်ရှိစဉ်က ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများနှင့် တွေ့ဆုံခဲ့သည်ဟု သိရပါကြောင်း၊ အဆွေတော် သွားရောက်လည်ပတ်ခဲ့တဲ့ နေရာများတွင် အနည်းစုသည် ရခိုင်တိုင်းရင်းသားများ ဖြစ်ပြီး အများစုကတော့ အမည်အမျိုး ပြောနေကြသော နေထိုင် ကြသူတွေ ဖြစ်ပါကြောင်း။ အဓိက အကြောင်းအချက်တစ်ခုမှာ နိုင်ငံသားဖြစ်မှု ပြဿနာဖြစ်ပါကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံက စဉ်းစားပြီး အမှန်ကန်ဆုံး၊ အမျှတဆုံးဖြစ်အောင် ဘက်ပေါင်းစုံက စဉ်းစား၍ ဥပဒေနှင့်အညီ ဆောင်ရွက်နေပါကြောင်း။ နိုင်ငံသားဖြစ်ခြင်းနှင့် ပတ်သက်သော ပြဌာန်းထားသော ဥပဒေများရှိပါကြောင်း၊ ယင်းဥပဒေ အပေါ် အခြေခံပြီး ဖြေရှင်းရန် ဖြစ်ပါကြောင်း။
ဒုတိယအချက်အနေနဲ့ ဖြစ်ပွားနေသော ဖြစ်စဉ်ပါ နေရာများတွင် ပုံမှန်အခြေအနေသို့ ရောက်ရှိရန် ဆောင်ရွက်ရေး ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပွားရခြင်းအား မည်သူမျှ လက်မခံ နိုငကြပါကြောင်း၊ အဆွေတော်တို့လည်း လက်ခံလိုစိတ် မရှိပါဟု ယကြည်ပါကြောင်း၊ နိုင်ငံတွင်းတွင် ဖြစ်ပွာခဲ့ခြင်းဖြစ်၍ နိုင်ငံသား အားလုံးလက်မခံနိုင်ပါကြောင်း။
- မြန်မာနိုင်ငံအနေနှင့််‌ ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်‌သုံးလျက်ရှိနေပါကြောင်း။
- ပါတီစုံဒီမိုကရေစီစနစ်အရ ယခင်က မရှိခဲ့သော ပါတီပေါင်းစုံ ပေါ်ပေါက်လာပါကြောင်း။
- ပါတီပေါင်းစုံမှ ပြည်သူများက ရွေးချယ်ပေးသော ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ထားသော လွှတ်တော်များ ပေါ်ပေါက်လာပါကြောင်း။ လွှတ်တော်များမှ ရွေးချယ်အတည်ပြုပေးသော အစိုးရအဖွဲ့များ ပေါ်ပေါက်လာပါကြောင်း။ လွှတ်တော်အတွင်းတွင်လည်း ယခုဖြစ်စဉ်များနှင့် ပတ်သက်ပြီး အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရခိုင်ဖြစ်စဉ်နှင့် ပတ်သက်ပြီး မိမိတို့ လွှတ်တော်ဥက္ကဋ္ဌနှင့်‌လွှတ်တော် ကိုယ်စားလှယ်များ သွားရောက်ကြည့်ရှု၍ ဒုက္ခရောက်သူများအတွက် ပံ့ပိုးကူညီ ပေးခဲ့ ပါကြောင်း၊ အကောင်းဆုံး၊ အထိရောက်ဆုံး ဖြေရှင်းနိုင်ရန် လွှတ်တော်မှာကြိုးစားလျက် ရှိပါကြောင်း။
ကချင်ပြည်နယ်တွင်လည်း တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းစေသော ဖြစ်စဉ်များ ရှိနေပါပြီး မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးနောက် တည်ငြိမ်အေးချမ်းမှု မရှိပါကြောင်း၊ တည်ငြိမ် အေးချမ်းမှုရှိအောင် ဝိုင်းဝန်းကြိုးစားသောကြောင့််‌ ဒေသတည်ငြိမ်အေးချမ်းမှု တစ တစ တိုးတက် ရရှိလာပါကြောင်း၊ နယ်စပ်ဒေသ အချို့ တွင်သာ ကျန်ရှိတော့ပါကြောင်း။
အလျဉ်းသင့်‌၍ ပြောလိုသည်မှာ ယခု နေပြည်တော်သည် တစ်ချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ ဌာနချုပ်၏ နေရာဖြစ်ပြီး အဆွေတော်လည်း လာရောက်လို့မရသလို၊ ကျွန်တော်တို့လည်း ယခုကဲ့သို့ နေ၍မရပါကြောင်း၊ ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် တည်ငြိမ်အေးချမ်းမှု ရရှိလာခြင်း ဖြစ်ပါကြောင်း။
နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးစနစ် တည်တံ့ရှင်သန်ရေးသည် နိုင်ငံတော်၏ စီးပွားရေး ဖွဲ့ဖြိုး တိုးတက်ရေးနှင့် ဆက်စပ်ပတ်သက်မှုရှိပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများ၏ စီးပွားရေး ခိုင်မာရေးသည်လည်း အရေးကြီးပါကြောင်း။ အဆွေတော်လည်း အတွေ့အကြုံရှိပြီး၊ စဉ်းစားတွေးခေါ် နိုင်စွမ်းရှိသူဖြစ်ပြီး ယခုလာရောက် လည်ပတ်မှုတွင် ကြုံ တွေ့ရမှုများအား မှန်ကန်စွာ သုံးသပ်နိုင်မည်ဟု ယူဆ ပါကြောင်း။ စနစ်သစ်ကို ပြောင်းလဲရာတွင် စိန်ခေါ်မှုများစွာ ရှိပါကြောင်း၊ တွေ့ကြုံရသော စိန်ခေါ်မှုများကို ဥပဒေ နည်းလမ်းတကျ မှန်ကန်စွာ ရပ်တည်ဆောင်ရွက်သွာရန် လိုပါကြောင်း။ အဆွေတော်၏ အကြံပြု ချက်များကိုလည်း ယူလိုပါကြောင်း ပြောကြားပါသည်။

Mr. Quintana မှ မိမိနှင့် အဖွဲ့ဝင်များကို နွေထွေးစွာ ကြိုဆိုသည့်အတွက် ဝမ်းမြောက်ပါကြောင်း။ ဒီမိုကရေစီစနစ် ပြောင်းလဲရာမှာ လွှတ်တော်သည် အလွန်အရေးကြီးပါကြောင်း၊ ယခုအချိန် ဥပဒေများ တင်သွင်းခြင်း၊ ပြောင်းလဲခြင်းများ ပြုလုပ်နေတာကို တွေ့ရှိရပါကြောင်း။ မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေးအပိုင်းသာ အရေးကြီးခြင်း မဟုတ်ဘဲ၊ လွှတ်တော်ပိုင်းကလည်း အရေးကြီးပါကြောင်း၊ မိမိအနေနှင့် ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါကြောင်း၊ အစိုးရအဖွဲ့နှင့် ကျန်အဖွဲ့များကိုလည်း ရခိုင်ပြည်နယ်သို့ သွားရောက်ရာတွင် ကူညီဆောင်ရွက်ပေးသည့် အတွက် ပြဿာနာဖြစ်ပွားသော နေရာသို့ သွားရောက်ခွင့်‌ရသည့်အတွက် မြန်မာနိုင်ငံသည် ပိုပြီး ထင်သာမြင်သာ ရှိလာသည်ဟု ပြောနိုင်ပါကြောင်း။
- အဆွေတော် နိုင်ငံသားများ၏ မူလအခွင့်‌အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌကို မေးခွန်း(၂)ခု မေးလိုပါကြောင်း။
- မိမိအနေနှင့် ဘူသီးတောင်သို့ ရောက်ရှိစဉ် ထောင်အား လေ့လာခဲ့ပါကြောင်း၊ ဘူးသီးတောင် ထောင်တွင် ရှိနေသော အကျဉ်းသား(၅)ဦးဟာ UN Staff များဖြစ်ပြီး ဘူးသီးတောင်ထောင်မှာ စိတ်ဖိစီးစရာ အများကြီးရှိနေပါကြောင်း၊ ၎င်းတို့နှင့် ပတ်သက်၍ အဆွေတော်၏ အမြင်ကို သိလိုပါကြောင်း၊ ဒုတိယအချက်အနေနှင့် လွှတ်တော်များတွင် ဥပဒေကြမ်းများအား ဆွေးနွေးခြင်း မပြုမီ ပြည်သူများသို့ ဖြန့်ဝေထားသည်ကို သိရှိရပါကြောင်း၊မိမိအနေနှင့် ဥပဒေများအား လွှတ်တော်ထဲ၌ ဆွေးနွေးခြင်း မပြုမီ ပြည်သူများသိရှိနိုင်ရန် ဆောင်ရွက်ပေးသည့် အတွေးအခေါ်ကို ထောက်ခံပါကြောင်း၊ ဤသို့ ပြုလုပ်ခြင်းအားဖြင့် ပြည်သူလူထု ပိုမိုပါဝင်လာပြီး အမတ်များနှင့် ပြည်သူထိတွေ့ မြင်သာ ရှိလာပါကြောင်း။
ဥပဒေပြုရေးနှင့်‌ ပတ်သက်ပြီး လွှတ်တော်မှ မည်သူများနှင့်ဆွေးနွေး အကြံဉာဏ်များ ရယူသည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းခဲ့သည်။



By Pyithu Hluttaw - ပြည်သူ့လွှတ်တော်

‘လျှပ်တစ်ပြက်’ ဂျာနယ်အမှု ပဉ္စမအကြိမ် ကြားနာစစ်ဆေး


ရန်ကုန် (မဇ္ဈိမ) ။       ။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်နှင့် ရိုဟင်ဂျာ မူဆလင် အရေးအခင်း သတင်းနှင့် သတင်းဓာတ်ပုံများ ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ လျှပ်တစ်ပြက် ဂျာနယ်အား တရားစွဲဆိုထားမှုကို ပဉ္စမအကြိမ်အဖြစ် ပုဇွန်တောင်မြို့နယ် တရားရုံးတွင် သောကြာနေ့က ကြားနာစစ်ဆေးခဲ့သည်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့ကိုယ်စား ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင် အား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅ဝ၅ (ခ) (ဂ) အရ ဂျွန်လ ၂၉ ရက်က တရားစွဲဆိုထားခြင်း ဖြစ်သည်။

သောကြာနေ့ ကြားနာမှုတွင် တရားလိုပြသက်သေတဦးဖြစ်သည့် ပုဇွန်တောင်မြို့နယ် ရဲစခန်းမှူးအား ဂျာနယ်တွင်
ဖော်ပြခဲ့သည့် သတင်း၊ ဓာတ်ပုံကိစ္စရပ်များ၏ အများပြည်သူ အပေါ် သက်ရောက်မှုကို နှစ်ဖက်ရှေ့နေများက အဓိကထား မေးမြန်းခဲ့ကြသည်။

စစ်ဆေးကြားနာမှုကို ပြုလုပ်စဉ်တွင် တရားခွင်သို့ ပရိသတ် ၃၀ နီးပါးနှင့် သတင်းမီဒီယာ အချို့ တက်ရောက် နားထောင်ခဲ့ကြသည်။ ဆဋ္ဌမအကြိမ်မြောက် ကြားနာမှုကို သြဂုတ် ၁၄ ရက် သို့ ချိန်းဆိုလိုက်သည်။

နှစ်လ နီးပါးကြာ ရပ်ဆိုင်းခံထားရးသည့် လျှပ်တစ်ပြက် ဂျာနယ်ကိုမူ သြဂုတ်လ ၁ ရက်က စတင်ပြီး စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ပြန်လည်ထုတ်ဝေခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ ဂျာနယ်တိုက်မှ အယ်ဒီတာတဦးက
ပြောသည်။

“အခုတော့ ပထမ ဂျာနယ်စာမူ စီစစ်ရေးတင်ဖို့ လုပ်နေတယ်။ ခွင့်ပြုတာကတော့ သြဂုတ် ၁ ရက်နေ့ ကတည်းကပဲ။ လာမယ့် သောကြာ သြဂုတ် ၁ဝ ရက်နေ့မှာ မှာတော့ ဈေးကွက်တင် ထုတ်ဝေနိုင်မှာပါ” ဟု လျှပ်တစ်ပြက် အယ်ဒီတာ တဦးက မဇ္ဈိမကို ပြောသည်။

The Voice Weekly နှင့် Envoy ဂျာနယ်တို့ကိုလည်း စာပေ စိစစ်ရေးဆိုင်ရာ စည်းကမ်းလိုက်နာမှု မရှိဟုဆိုကာ ဇူလိုင် ၃၁ ရက်မှ စတင်ပြီး ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းထားသည်။

ထိုကဲ့သို့ မီဒီယာများအား ကန့်သတ်ပိတ်ပင်မှုများနှင့် ပတ်သက်၍ သမ္မတကြီးအား တင်ပြ ဆွေးနွေးသွားမည်ဟု
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးလည်းဖြစ်သည့် လျှပ်တစ်ပြက် ဂျာနယ်ရှေ့နေ ဦးသိန်းညွန့် က ပြောသည်။

“မီဒီယာတွေကို ကန့်သတ်တာ၊ ပိတ်ပင်တာတွေဟာ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုမှာ အထောက်အကူ မဖြစ်ဘူး။ ဒါကို မနက်ဖြန် သြဂုတ် ၄ ရက်နေ့ သမ္မတကြီးနဲ့ တွေ့တဲ့အခါမှာ တင်ပြသွားမယ်” ဟု မဇ္ဈိမကို ပြောသည်။

တရားလွှတ်တော် ရှေ့နေကြီးတဦး ဖြစ်သော ဦးသိန်းညွန့်သည် သတ္ထုတွင်း ဝန်ကြီးဌာနမှ The Voice ဂျာနယ်အား တရားစွဲဆိုထားသည့် အမှုကိုလည်း လိုက်ပါဆောင်ရွက်ပေးနေသူ ဖြစ်သည်။

လျှပ်တစ်ပြက် ဂျာနယ်အား စာပေစိစစ်ရေးမှ အရေးယူပြီးဖြစ်၍ အမှုကို ပြန်လည်ရုတ်သိမ်းပေးရန် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေး ကော်မတီက ရန်ကုန်တိုင်း အစိုးရသို့ တောင်းဆိုထားသည်။

By Mizzima

နိုင်ငံတော် သမ္မတကြီးနှင့် နိုင်ငံရေးပါတီ ၁၄ခု တွေ့ဆုံမည်


နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် နိုင်ငံရေးပါတီ ၁၄ပါတီမှ ခေါင်းဆောင်များနှင့် သြဂုတ်လ ၄ ရက်နေ့တွင် နေပြည်တော်ရှိ လယ်တောရိပ်သာ ရှင်းလင်းဆောင်၌ တွေ့ဆုံမည် ဖြစ်ကြောင်း အစိုးရ အဖွဲ့နှင့် နီးစပ်သူများထံမှ သိရှိရသည်။


အဆိုပါ ပါတီ များမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ကရင်ပြည်သူ့ပါတီ၊ မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ၊ မွန်ဒီမိုကရေစီ ပါတီ၊ ဇိုမီး အမျိုးသားကွန်ရက် ၊အမျိုးသား နိုင်ငံရေး မဟာမိတ်အဖွဲ့၊ ခေတ်သစ် ပြည်သူ့ ပါတီ၊ မြန်မာလူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ပအိုဝ်အမျိုးသားအဖွဲ့ချုပ် စသည့် ပါတီများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အဆိုပါ ပါတီများထံမှ စုံစမ်း သိရှိရသည်။

“ကျွန်တော်တို့ပါတီ ၊နိုင်ငံရေးပါတီ တွေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဆက်ဆံရေး၊ အမြဲအပြန်အလှန် ဆက်သွယ်ရရှိရေး၊ မြေယာနဲ့ ပတ်သတ်တာတွေ ဆွေးနွေးသွားမယ်" ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ကပြောကြားသည်။

အဆိုပါ နိုင်ငံရေးပါတီ ၁၄ ခုသည် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ ပြည်ထောင်စုဝန်ကြီး နှစ်ဦးနှင့် ကြိုတင် ညှိနှိုင်းခဲ့ကြခြင်း ဖြစ်သည်။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် ဇွန်လ ၁၈ ရက်နေ့က ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီ၏ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။





By The Voice Weekly

ရေလွှမ်းခံ ရန်ကုန် မော်လမြိုင် ရထားလမ်း ပြန်ဖွင့်

မန်မာနိုင်ငံ အောက်ပိုင်း ဒေသများတွင် မိုးများ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် ရေကျော်၍ ပိတ်ထားခဲ့ရသော ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပိုင်းအား ယနေ့နံနက် ၄နာရီ၃၅မိနစ်က ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း ပဲခူး တိုင်း မီးရထားရုံးမှ မီးရထား ကြီးကြပ်ရေး အုပ် ဦးကြည်ဝင်းက ပြောကြားသည်။

သိမ်ဇရပ်နှင့် ဆပ်သွားကုန်းကြားရှိ ရထားလမ်းပေါ်တွင် နှစ်ပေခန့်အထိ မြင့်တက်ခဲ့သော ရေထုသည် ယနေ့နံ နက် ၄နာရီခန့်က မီးရထားလမ်းပေါ်တွင် ရေ ၆ လက်မခန့်သာ ရှိတော့သည့်အတွက် အမှတ် ၁၅အဆန် နေပြည်တော်-မော်လမြိုင် မီးရထားနှင့် ၄နာရီ ၃၅ မိနစ်တွင် အမှတ်၃၅ အဆန် ရန်ကုန်-မော်လမြိုင် မီးရထား နှစ်စီး အား စတင် ဖွင့်ပေးခဲ့ကြောင်း ၎င်း၏ ပြောကြားချက် အရ သိရသည်။

ယင်းကဲ့သို့ မီးရထားပေါ်သို့ ရေလွှမ်းမိုးခြင်းမှာ ပဲခူးရိုးမအဆက် တောင်ကုန်းများပေါ်မှ စီးဆင်းလာသော ရေစီးအရှိန်မှာ စစ်တောင်းမြစ်အတွင်းသို့ စီးဆင်းနိုင်မှု အားနည်းခြင်းကြောင့် စစ်တောင်းမြစ် ရေမြင့်တက်ပြီး ရထားလမ်းများ အပေါ်သို့ ရေ လွှမ်းမိုးခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ် ပြောဆိုသည်။

စစ်တောင်း တံတား အနီးရှိ သိမ်ဇရပ်-ဆပ်သွားကုန်း လမ်းပိုင်း မိုင်တိုင်အမှတ် ၇၇/၂၀မှ၇၈/၃အထိ လမ်းပိုင်းတွင် သြဂုတ်လ၂ရက်နေ့ည ၉နာရီအချိန်ခန့်က မီးရထားလမ်း အထက်သို့ ရေ ဒူးဆစ်ခန့် မြင့်တက်ခဲ့ကြောင်း ပဲခူးတိုင်း မီးရထားရုံးမှမီးရထား ကြီးကြပ်ရေး အုပ် ဦးကြည်ဝင်းက ပြောကြားသည်။

ဒေသခံများ က မူ စစ်တောင်းမြစ် ကောလာသည့်အတွက် ရေကြီးခြင်းဖြစ် ပြီး ပဲခူး အရှေ့ခြမ်း တစ်ခုလုံးသည် စစ်တောင်းမြစ် တိမ်ကောလာ သည့်အတွက် ဘေးဒုက္ခ ရင်ဆိုင်ရလျက် ရှိသည်။





By The Voice Weekly

မြန်မာနိုင်ငံ၌ အာမခံထားရှိမှု ပိုမိုများပြားလာ

ယနေ့ကာလ မြန်မာနိုင်ငံ၌ အာမခံထားရှိမှုမှာ တဖြည်းဖြည်း တိုးတက်များပြားလာပြီဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ နာဂစ်မုန်တိုင်း တိုက်ခတ်ခံရပြီး နောက်ပိုင်းမှ စတင်ပြီး အာမခံထားရှိမှု အကျိုးကို သိရှိလာရာမှ ယခင်ထက် ပိုမိုတွင်ကျယ်စွာ အာမခံထားရှိလာခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများနှင့် ယှဉ်လျှင်မူ နည်းပါးနေသေးကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။ “တိုးတက်တဲ့ နိုင်ငံတွေမှာတော့ အာမခံနဲ့ ဘယ်သူမှမကင်းကြဘူး။ ထားကြတယ်။ ပိုင်ဆိုင်မှုရှိတဲ့ သူက ကိုယ်ပိုင်ဆိုင်တာတွေ အကုန်ထားကြတယ်။ ကားပိုင်ရင်ကား၊ မော်တော်ဆိုင်ကယ်ပိုင်ရင် မော်တော်ဆိုင်ကယ်။ အနည်းဆုံး အသက်တော့ ပိုင်တယ်လေ။ အဲတော့ အသက်အာမခံ ထားထားကြတယ်။ မြန်မာပြည်မှာကတော့ အဲလောက်ထိ မတွင်ကျယ်ပါဘူး။ သို့သော်လည်းပဲ လွန်ခဲ့တဲ့ ၁၀နှစ်၊ ၁၅ နှစ်ထက် စာရင်တော့ အခုအများကြီး တိုးတက်လာပြီ။ အာမခံအကြောင်း လူတွေ တော်တော်များများ သိလာကြပြီ။ အာမခံ ထားရှိမှုတွေကလည်း တစ်နှစ်ထက်တစ်နှစ် တက်လာတယ်။ ဒါပေမဲ့ နိုင်ငံတကာတော့ မမီသေးဘူး” ဟု ၎င်းကထပ်လောင်း ပြောကြားသည်။ နောက်ပိုင်းကာလများတွင် အာမခံလုပ်ငန်းကို ပုဂ္ဂလိကများကပါ ဝင်ရောက် လုပ်ကိုင်တော့မည်ဖြစ်ရာ ပြည်သူအကြား အာမခံထားရှိမှု တွင်ကျယ်များပြားလာမည် ဖြစ်သည့်အပြင် အကာအကွယ်လည်း ပိုမိုရရှိလာမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာ့အာမခံ လုပ်ငန်းက အာမခံအမျိုးအစား ၄၀ ကျော် လုပ်ပေးလျက်ရှိပြီး ကမ္ဘာတွင် အာမခံအမျိုးအစား ၁၀၀ ကျော် ရှိကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။


http://www.khitlunge.net.mm/news/news_detail.aspx?info_id=26472&sub_id=1

မြေကွက်လွတ် ကိုင်ထားသူတွေ မျက်ခုံးလှုပ်လာရတဲ့အိမ်ခြံမြေ

အမြင့်ဈေးနှုန်းမှာ ကာလကြာငြိမ်နေခဲ့တဲ့ မန္တလေးအိမ်ခြံမြေ ဈေးကွက် မှာ လူနေကျဲပါးသေးတဲ့ မြို့ကွက်သစ် အပိုင်းတွေမှာ မြေကွက်လွတ် တွေကို များများကိုင်ထားသူတွေဟာ ဒီလအတွင်း မျက်ခုံးလှုပ်စရာ အနေအထားကို ရင်ဆိုင်နေရတယ်လို့ အိမ်ခြံမြေ အကျိုးဆောင် တွေက ပြောပါတယ်။

မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်မှာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ နှစ်ကုန် ပိုင်းက မြေဈေးကွက်ဟာ ဘယ်သူမှ မထင်မှတ် ထားတဲ့အနေ အထား မျိုးနဲ့ လှုပ်ခတ်ခဲ့ပါ တယ်။ အဲဒီအနေအထားမှာ ဈေးနှုန်း တွေအဆ မတန် မြင့်တက်သွား ပြီးတဲ့ နောက် ဈေးကွက်က တစ်ဖန်ပြန်လည် ငြိမ်သက်သွားပြန်ပါတယ်။

ဈေးနှုန်းငြိမ် သွားချိန်မှာ လက်ထဲမှာ မြေကွက်လွတ် တွေကို ပိုက်မိ ထားသူတွေရဲ့ အနေ အထားဟာ အခုလပိုင်းမှာ ရှေ့ရေး အတွက် ရတက်မအေးစရာအနေ အထားကို သိသိသာသာကြုံလာကြရ တာပဲ ဖြစ်ပါတယ်။

"ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ မြေဈေးကွက် မှာ ဈေးနှုန်းတွေလှုပ်ခတ်ခဲ့တဲ့ အနေ အထားကိုကြည့်ရင် အရောင်းအ၀ယ် ခပ်သွက်သွက်ဖြစ်ခဲ့ တဲ့ ကာလက နှစ်လ ၀န်းကျင်လောက်ပဲ ရှိခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းမှာ အရောင်းအ၀ယ်က ပြန်ငြိမ်သွားတယ်။ ဈေးနှုန်းကတော့ မကျဘဲ ဆက်ပြီးတင်းခံနေတယ်။ အဲဒီ တင်းခံနေတဲ့ဈေးနှုန်းက ပြီးခဲ့တဲ့တစ်လ လောက်ကစပြီး တချို့မြေကွက်ပိုင်ရှင် တွေက ဆက်ပြီးတင်းမခံတော့ဘဲ ခပ်ပါး ပါးလေးလျှော့ပြီး စထုတ်လာကြတယ်။ ဒီဇူလိုင်လကုန်ရောက်တော့ မြင့်တက် ခဲ့တဲ့ တန်ဖိုးကနေ သုံးချိုးတစ်ချိုးလောက် အထိ တချို့တွေက လျှော့ရောင်းလာကြ တာကို တွေ့ရပါတယ်"လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက ဇူလိုင်လ နောက် ဆုံးပတ်က ပြောပါတယ်။

တကယ်တော့ ဈေးကွက်လှုပ်ခတ်ခဲ့ ချိန်က ပြောင်းလဲမြင့်တက်သွားခဲ့တဲ့ ဈေးနှုန်းတွေဟာ လူနေကျဲပါးသေးတဲ့၊ ဖွံ့ဖြိုးမှုနည်းပါးသေး တဲ့ အကွက်အကွင်း တွေအနေနဲ့ မဖြစ်သင့်သေးတဲ့ ဈေးနှုန်း တွေပဲဖြစ်ပါတယ်။

"ဒါပေမယ့် ဈေးကွက် လှုပ်ခတ်ခဲ့ချိန် မှာတော့ ဘယ်အချိန်မှာဈေးကွက် ရုတ်တရက်ပြန် တန့်သွားလေမလဲလို့ အတွေးဝင်မိကြပေမယ့် တစ်ဖက် မှာလည်း စီးမျောနေတဲ့ အရှိန်အတိုင်း ဈေးကွက်မှာ လိုက်ပါနေမိကြတာပါပဲ။ "အခုလအတွင်းမှာ ဈေးနှုန်းကို ပိုပြီး သိသိ သာသာ ချရောင်းလာကြပါတယ်။ အရင်က သိန်း ၅၀၀ ကျော်၊ သိန်း ၆၀၀ ဈေးခေါ်ခဲ့တဲ့ အကွက်တွေက သိန်း ၄၀၀ ပတ်ချာလည်၊ သိန်း ၃၀၀ နဲ့ သိန်း ၄၀၀ ၀န်းကျင်တွေက သိန်း ၂၅၀၊ သိန်း ၃၀၀ မျိုး ဈေးချခေါ်လာကြတယ်။ လူ နေနည်း သေးတဲ့ အကွက်အကွင်း တွေမှာ လက်ရှိ အနေအထားအရ မြေဈေးကွက်က ထပ်လှုပ်ခတ်ဖို့အနေအထား နည်းနေပုံ ရတော့ အမြင့်ဈေးနှုန်းမှာ ဆက်ပြီး တောင့် ခံမနေတော့ဘဲ တချို့က ဒီလိုတွေ ဈေးပြန်ချလာကြတာ။ မြေကွက်လွတ် တွေ လက်ထဲမှာများများရှိထားတဲ့ သူ တွေ အာရုံများကြရ မယ့်အ ချိန်ပါပဲ"လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက ပြော ပါတယ်။

မြို့ကွက်သစ်တွေမှာ ဒီလိုအနေ အထားမျိုးကြုံလာရပေမယ့် အခြေကျပြီး တဲ့ မြို့သစ်ရပ်ကွက်ကြီးနဲ့ မြို့တွင်းအိမ် ခြံမြေဈေးကွက်က တော့ ကြိုက်ရောင်း ကြိုက်ဝယ်အနေအထားမျိုး၊ အရင်က နှုန်းထားမျိုးနဲ့ အခုအချိန်အထိ တည်ငြိမ်နေတယ်လို့ အိမ်မြေ အကျိုး ဆောင် တွေက ဆက်ပြောပါတယ်။

"လက်ရှိ အနေအထားအတိုင်းဆို ဈေးနှုန်းပြန်မြောက်လာဖို့က မလွယ်ပါ ဘူး။ ဈေးကွက်ပြန်လှုပ်ဖို့ အချိန်ဘယ် လောက်စောင့်ရဦးမလဲ ဆိုတာကိုလည်း ခန့်မှန်းလို့မရနိုင်ဘူး။ ငွေအိပ်ခံပြီး အချိန်မစောင့်နိုင်ရင်တော့ လက်ရှိချ နေကြတဲ့ဈေးအတိုင်း လိုက်ရောင်းကြရုံရှိတာ ပဲ။ ဒါပေမယ့် ဈေးကွက်အနေ အထားအရ မြေကွက်လွတ်တွေက ၀ယ် လက်ကို ရှားနေပါတယ်"လို့ အကျိုး ဆောင်တွေက ခြုံငုံပြော ပါတယ်။



http://teashoptalk.com/article/view/id/19715

ပြည်ပရောက် လုပ်သားများ သန်းခေါင်စာရင်း ကောက်ယူရာတွင် ပါဝင်ရေး သမ္မတထံသို့ တင်ပြမည်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ ပါဝင်ရေး တင်ပြဆွေးနွေးမည်ဟု အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။ “အခုရှမ်းပြည်နယ်မှာ ရှိတဲ့လူတွေက နိုင်ငံခြားမှာ သွားအလုပ်လုပ်နေတယ်။ တရုတ်ပြည်က တရားမဝင် စိမ့်ပြီးဝင်လာတာ အများကြီး ရှိတယ်။ အခု စာရင်းကောက်မယ်ဆိုရင် ကျွန်တော်တို့ မြန်မာတိုင်းရင်းသား မဟုတ်တဲ့သူတွေ သန်းခေါင်စာရင်းထဲ ပါသွားမယ်” ဟု ၄င်းက ပြောသည်။ ရှည်လျားသော ပြည်တွင်းစစ်ကြောင့် ဌာနေစွန့်ခွာရသည့် ရွာပုန်းရွာရှောင်များမှ စစ်ဘေးဒုက္ခသည် အများစုမှာ နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးကြောင်း ၄င်းကပြောသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ UNFPA ၏ ကူညီမှုဖြင့် ၂၀၁၄ ခုနှစ်အတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်း အပြီးကောက်ယူမည်ဟုလည်း သိရသည်။ သမ္မတဦးသိန်းစိန်အား SNLD အနေဖြင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ဝင်ရောက်ကူညီ ညှိနှိုင်းပေးလိုကြောင်း ဆွေးနွေးမည်ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။ တိုင်းရင်းသား လက်နက်ကိုင်များ အပစ်ရပ်လက်မှတ်ထိုးခြင်းကြောင့် ဌာနေပြည်သူများ စစ်ပွဲကြောင့်ဖြစ်သည့် ဝန်ထုတ်လျော့သွားကြောင်း ၄င်းက ပြောသည်။ တတိယအချက်အနေဖြင့် SNLD က တိုင်းရင်းသားစာပေ သင်ကြားရန် သက်ဆိုင်ရာ အစိုးရဌာနက မြန်မာသင်ပုန်းကြီး ဖတ်စာကို တိုက်ရိုက်ဘာသာပြန်ထားသဖြင့် တွေ့ကြုံရသည့် အခက်အခဲများကိုလည်း သမ္မတကြီးအား တင်ပြဆွေးနွေးမည် ဖြစ်သည်။ တိုင်းရင်းသားစာပေကို ကျောင်းချိန်အတွင်း သင်ကြားခွင့်ရရန် ပြည်နယ်များတွင် သင်ကြားရေးကို မြို့နယ်အလိုက် ပြန်လည်ညှိနှိုင်းရန်၊ တက္ကသိုလ်အဆင့်တွင်လည်း စိတ်ကြိုက်တိုင်းရင်းသား ဘာသာများ သင်ကြားနိုင်ရန် ဆွေးနွေးသွားမည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 


http://www.khitlunge.net.mm/news/news_detail.aspx?info_id=26453&sub_id=1

ရန်ကုန်မြို့တွင်း တိုက်ခန်းများ အငှားသွက်နေ


ရန်ကုန်မြို့၏ အချက်အချာ ကျနေသော မြို့လယ်ကောင်နှင့် မြို့ထဲ အနီးတစ်ဝိုက်ရှိ တိုက်ခန်းများ၊ ကွန်ဒိုမီနီယံများတွင် ကုမ္ပဏီရုံးခန်းများနှင့် ဆိုင်ခန်းများဖွင့်လှစ်ရန် အတွက် ငှားရမ်းမှုများ ပိုမိုများလာကြောင်း ရန်ကုန်မြို့အခြေစိုက် အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေကြသူ အများစုကဆိုသည်။
“လာငှားတဲ့သူတွေ ပိုများတယ်။ ဝယ်တဲ့သူတွေလဲရှိတော့ရှိပါတယ်။ ဒါပေမယ့်ငှားကြတာ ပိုများတယ်။ ဘာလို့လဲဆိုတော့ ငှားထားတာတော့ တစ်နေရာနဲ့ တစ်နေရာကို အပြောင်းအရွှေ့လုပ်ဖို့လွယ်တယ်။ ဒီနေရာအဆင်မပြေရင် နောက်တစ်နေရာပြောင်းလို့လွယ်တာပေါ့”ဟု တာမွေမြို့နယ် အခြေစိုက် ရှင်းသန့်အောင်အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။
တိုက်ခန်းများ ငှားရမ်းကြသူအများစုက မြေညီထပ်များနှင့် ပထမထပ်များတွင် ငှားရမ်း၍ဆိုင်ခန်းများ၊Internetဆိုင်များဖွင့်လှစ်ရန် ငှားကြခြင်းမျိုးဖြစ်သော်လည်း ကွန်ဒိုမီနီယံများတွင်မူကုမ္ပဏီရုံးခန်းများ ဖွင့်ရန်ငှားရမ်းခြင်းဖြစ်ကြောင်း လှိုင်သာယာမြို့နယ်အခြေစိုက် အောင် သမာဓိ အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဓိက ငှားရမ်းမှုများနေသော နေရာများမှာ ကမာရွတ်၊ စမ်းချောင်း၊ လသာ၊ ကျောက်တံတားနှင့် တာမွေမြို့နယ်တို့ဖြစ်ပြီး ထိုနေရာများတွင် အခန်းငှားရမ်းခနှုန်းထားများမှာ အထပ်အမြင့်အလိုက် ဈေးအစားစား ရှိကြောင်းသိရသည်။
“ဆိုင်ခန်းငှားဖို့အတွက်ဆိုပြီး မြေညီထပ်တွေမှာ ငှားလိုသူတွေ များနေတယ်။ ငှားရင်လဲတစ်နှစ်စာချုပ်တို့ ခြောက်လစာချုပ်တို့နဲ့ ငှားကြ တယ်”ဟု လှိုင်သာယာမြို့နယ်ရှိ ပြည့်စုံအိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တိုက်ခန်းအငှားဈေးနှုန်းများမှာ နေရာဒေသအလိုက်ကွဲပြားသော်လည်း မြေညီထပ်ဖြစ်ပြီး စီးပွားရေးလုပ်ရန် သင့်တော်သည့် အကျယ် အဝန်းနှင့် နေရာကောင်းတွင်ရှိလျှင် ၂ သိန်းမှ ၁၀ သိန်းအထိရှိကြောင်း သိရသည်။
ရုံးခန်းဖွင့်ရန် သင့်တော်သည့် အကျယ်အဝန်းနှင့် မြို့ထဲအနီးတစ်ဝိုက်တွင်ရှိသော ကွန်ဒိုမီနီယံများဆိုလျှင် ၄ သိန်းမှ ၁၆ သိန်းအထိ ဈေးနှုန်းအစားစားရှိကြောင်း ရန်ကုန်မြို့အနေစိုက် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းများမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် အထက်ပါဆိုင်ခန်း၊ ကုမ္ပဏီရုံးခန်း ဖွင့်ရန် တိုက်ခန်း/ကွန်ဒိုမီနီယံများ အလုပ်ဖြစ်နေရခြင်းမှာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဝင်လာမည်ဖြစ်သောကြောင့် ဖြစ်ကြောင်း သိရသည်။


ဘင်္ဂါလီလူမျိုးများ၏ တရားမဝင် စိမ့်ဝင်လာမှုများကြောင့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် ဘင်္ဂါလီလူမျိုး ၉၄ ရာခိုင်နှုန်း၊ တိုင်းရင်းသား ၆ ရာခိုင်နှုန်းသာ နေထိုင်လျက်ရှိ

ဘင်္ဂါလီလူမျိုးများ၏ တရားမ၀င် စိမ့်ဝင်လာမှုများကြောင့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် ဘင်္ဂါလီလူမျိုး ၉၄ ရာခိုင်နှုန်းရှိပြီး တိုင်းရင်းသား ၆ ရာခိုင်နှုန်းသာ နေထိုင်လျက်ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက အမျိုးသားလွှတ်တော်တွင် ဇူလိုင်လ ၃၁ ရက်နေ့က ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း တရားမ၀င် ၀င်ထွက်သွားလာမှုများကို ထိန်းချုပ် ကာကွယ်ရန်အတွက် ကာကွယ်ရေးတံတိုင်းကို တောင်ကုတ်ဒေသနဲ့ ဘူးသီးတောင်ဒေသတွေမှာ ဖွဲ့စည်း ကာရံထားပြီး အုပ်ချုပ်ရေး တံတိုင်းအဖြစ် ဌာနဆိုင်ရာများမှ မောင်တောခရိုင် ဖွဲ့စည်းပုံ အင်အားပြည့် ခန့်အပ်ပြီး တည်ဆဲဥပဒေနှင့်အညီ ဒေသခံ တိုင်းရင်းသားများအပေါ် အန္တရာယ်ပြုလာမည့် ကိစ္စများကို ကာကွယ် တားဆီးသွားမည်ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။ ''လူမျိုးတွေ ရောနှောနေထိုင်တဲ့ နေရာတွေမှာ တိုက်ခိုက်မှုတွေ ထပ်မံ မဖြစ်ပွားဖို့အတွက် လုံခြုံရေးတာဝန် ချထားဖို့အတွက် လိုအပ်တဲ့ ရဲစခန်း အဆင့်တိုးမြှင့်ခြင်း၊  အသစ်ထပ်မံ ဖွင့်လှစ်ခြင်းကို ဆောင်ရွက်နေပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိမှာတော့ ရဲစခန်း ၇၅ ခုရှိပြီး၊ ရဲစခန်း ၃၀ ခု ထပ်မံဖွင့်လှစ်ဖို့နဲ့ ရဲစခန်း ၈ ခုကို အဆင့်မြှင့်တင်သွားဖို့ ရှိပါတယ်'' ဟု ၄င်းကဆက်လက် ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် တစ်မြို့နယ်မှ တစ်မြို့နယ်သို့ စိမ့်ဝင်မှု မရှိစေရန်အတွက် မြို့နယ်များတွင်ရှိသည့် အဝေးပြေးကားဂိတ်များ၊ တံတားဂိတ်များ၊ သင်္ဘောဆိပ်များ၊ စက်လှေဆိပ်၊ ပင်လယ်ကမ်းခြေ ၀င်ပေါက်များနှင့် မြစ်ကြောင်းများတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများနဲ့ သက်ဆိုင်ရာ ကျေးရွာအုပ်စုများ ပါဝင်သည့် အဖွဲ့များနှင့် စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း၊ လုံခြုံရေး အစီအမံများချ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့် ထွက်ပြေး တိမ်းရှောင်လာသူများကို ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီး ၂၀၁၂ ဇူလိုင် ၈ ရက်နေ့အထိ ကယ်ဆယ်ရေးစခန်း အရေအတွက်မှာ စစ်တွေတွင် ၆၀ ခု၊ ရသေ့တောင် ၄ ခု၊ မောင်တောတွင် ၇ ခုရှိပြီး လူဦးရေ ၅၅၄၉၅ ဦး၊ မောင်တောမြို့တွင် မီးလောင် ပျက်ဆီးသွားသည့် ရွာ ၉ ရွာ၊ အိမ်ခြေ ၄၇၀အနက် ၃၉၅ လုံးကို အသစ်ဆောက်လုပ်ပြီး မီးမလောင်ပဲ ကျန်ရှိခဲ့သည့် အိမ် ၉၄ လုံးကို ပြင်ဆင်မွမ်းမံထားကာ ၂၀၁၂ ဇူလိုင်လ ၂ ရက်နေ့အထိ အိမ် ၃၂ လုံးကို ဆောက်လုပ်ပြီး ဖြစ်ကာ ၅၈ လုံးကို ပြုပြင်ပေးထားကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 


http://www.khitlunge.net.mm/news/news_detail.aspx?info_id=26467&sub_id=1

မိုးတွင်းကာလ လမ်းပျက်စီးမှုများကြောင့် ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာရမည့်အချိန် ကန့်သတ်ချက် ထုတ်ပြန်မည်

မိုးရာသီတွင် လမ်းများပျက်စီးလေ့ရှိသော်လည်း ကုန်တင်ကားကြီးများ မဆမတန် တန်ချိန်ပိုတင်မှုကြောင့် လမ်းများ ပိုမိုပျက်စီးရလေ့ရှိရာ အဆိုပါ ကုန်တင်ကားကြီးများကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ လမ်းအသုံးပြုခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ ယခုလ အစောပိုင်းက ပြုလုပ်သော ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လမ်းတံတား အသုံးပြုသည့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် လမ်းတံတားများ အချိန်တိုအတွင်း မပျက်စီးစေရန်နှင့် ကုန်တင်ယာဉ်များ လမ်းတံတားသုံးစွဲမှု ပို၍စနစ်ကျစေရန် ဆွေးနွေးပြောဆိုကြရာ၌ ကုန်သေတ္တာယာဉ်ကြီးများ တန်ပိုတင်ဆောင်မှုကို အခြားနေရာများ၌ စည်းကမ်းချက်များအတိုင်း လိုက်နာနေပြီဖြစ်သော်လည်း ရန်ကုန်မြို့တွင်မူ စည်းကမ်းလိုက်နာမှု အားနည်းလျက်ရှိသည့်အတွက် ညှိနှိုင်းဖြေရှင်းကြရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးသိန်းတင့်က ပြောကြားခဲ့သည်။ “အခု တန်ပိုကို လုံးဝခွင့်မပြုတော့ပါဘူး။ ဒဏ်ကြေးဆောင်ပြီး သွားဖို့လည်း ခွင့်မပြုတော့ဘူး။ ကျန်တဲ့နေရာတွေမှာ လိုက်နာနေကြပြီ။ ရန်ကုန်မှာပဲ မလိုက်နာကြလို့ ညှိနှိုင်းဖြေရှင်းနေရတာပါ။ ဒီမိုကရေစီခေတ်မှာ အရာခပ်သိမ်းကို ဥပဒေအတိုင်း ဆောင်ရွက်ဖို့ဖြစ်တယ်” ဟု ဦးစိုးတင့်က ပြောကြားခဲ့သည်။ အထူးသဖြင့် မိုးရာသီကာလတွင် လမ်းပျက်စီးမှု များပြားပြီး မတန်တဆ တန်ချိန်ပိုတင်သောအခါတွင် လမ်းပျက်စီးမှု ပိုမိုဖြစ်ပေါ်စေကြောင်း၊ ထို့ကြောင့် သစ်လုံးတင်ယာဉ်များ လမ်းအသုံးပြုရန် အချိန်အတိုင်းအတာတစ်ခု သတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ “သစ်တောနဲ့ညှိပြီး မနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း သယ်ယူဖို့ ခွင့်ပြုထားပါတယ်။ ညနေ ၆ နာရီကျော်သွားရင် တရားမဝင် ဖမ်းဆီးပါမယ်” ဟု ဒုဝန်ကြီးက အဆိုပါ ဆွေးနွေးပွဲတွင် ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ထုတ် မြန်မာတိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်။ 


http://www.khitlunge.net.mm/news/news_detail.aspx?info_id=26463

တနင်္သာရီမြစ်ဖျားတွင် မိုးသည်းထန်စွာ ရွာသွန်းနေမှုများနှင့်အတူ တနင်္သာရီမြစ်ရေတက်လာပြီး တနင်္သာရီမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ တနင်္သာရီမြစ်ရေမှာ မိုးသည်းထန်စွာရွာသွန်းနေမှုများကြောင့်တနင်္သာရီမြို့နှင့်ပတ်ဝန်းကျင်ကျေးရွာများမှာ ရေလွမ်းမှုများခံရလျက်ရှိကြောင်းသိရသည်။  

တနင်္သာရီမြစ်ဖျားပိုင်းရှိ ထားဝယ်ဒေသဘက်တွင်လည်း မိုးသည်းထန်စွာရွာသွန်းခြင်း၊တောင်ကျရေများစီးဆင်းလာခြင်းနှင့်အတူ တနင်္သာရီမြစ်ရေမှာ ပြီးခဲ့သည့် ဇူလိုင်လနှောင်းပိုင်းမှစတင်ကာ တဖြည်းဖြည်း မြှင့်တက်လာကြောင်း သိရသည်။ တနင်္သရီမြစ်ရေတက်လာခြင်းနှင့်အတူ တနင်္သာရီမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများ၊ တနင်္သာရီမြို့နှင့် မြိတ်-တနင်္သာရီ-ကော့သောင်း ကားလမ်းများမှာ ရေလွမ်းမှုများ ဖြစ်ပေါ်လာနေကြောင်း သိရသည်။


တနင်္သာရီမြစ်ရေကပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ကျော်လောက်ကနေ တဖြည်းဖြည်း တက်လာနေတယ် ဇူလိုင်လ ၂၇ရက်နေ့မှာ မြို့တွင်းက မြေနိမ့်ပိုင်းကို စတင်ရေလွမ်းလာနေပြီး ယခုဆိုရင် တနင်္သာရီမြစ်ရေကမြို့ရဲ့ မြေနိမ့်ပိုင်းတွေဖြစ်တဲ့ မွန်စု၊ ရွှေလိပ်ပြာ၊ စက်မှုဇုံနှင့် တခြားနေရာတွေကို ရေလွမ်းနေတယ် ၊ မြစ်ရေက နေ့တစ်ပေ ညတစ်ပေလောက်တက်လာနေပြီး ယခုဇူလိုင်လ ၃၁ ရက်နေ့မှာ ၂၆ပေအထိ တက်လာနေပြီ''လို့ တနင်္သာရီမြို့မှ ဒေသခံတစ်ဦးမှ ပြောကြားခဲ့သည်။ တနင်္သာရီမြစ်ရေမှာ မြစ်ဖျားပိုင်းဖြစ်သော ထားဝယ်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းပါက မြစ်ရေတက်လာပြီး မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများသို့ နှစ်စဉ်နီးပါးမျှ ရေလွှမ်းလေ့ရှိကြောင်း သိရသည်။
ယခုနှစ်တွင် မြစ်ဖျားပိုင်းဒေသများနှင့် တနင်္သာမြို့၊ မြိတ်မြို့များတွင် နေ့စဉ်နီးပါးမျှ မိုးသည်းထန်စွာ ရွာသွန်းခြင်းများဖြစ်ပေါ်နေပြီး တနင်္သာရီမြစ်ရေမှာလည်း ယခင်နှစ်ကထက် ၂ ပေ ပိုမိုတက်လာကြောင်း သိရသည်။
တနင်္သာရီမြစ်ရေမှာ ပြီးခဲ့သည့်နှစ်တွင် ၂၄ ပေအထိတက်ခဲ့ပြီး ယခုနှစ်တွင် ၂၆ ပေအထိတက်လာခဲ့ကြောင်း သိရသည်။
'တနင်္သာရီမြစ်ရေ အခြေအနေနှင့်ပတ်သက်ပြီး နေပြည်တော်က တာဝန်ရှိသူတစ်ဦးကို မေးမြန်းကြည့်တော့ မြစ်ဖျားပိုင်းမှာ မိုးဆက်ပြီး ရွာသွန်းနိုင်ပြီးမြစ်ရေလည်းထပ်တက်လာဖို့ ရှိတယ်လို့ပြောတယ် ၊ မြစ်အောက်ပိုင်းမှာ လည်း ပင်လယ်ရေခံနေမှုကြောင့် ရေကြီးမှုက နည်းနည်းရက်ကြာမယ်လို့ သိရတယ်။ ကျွန်တော်တို့ တနင်္သာရီမြစ်နှင့်ပတ်သက်ပြီး သိတဲ့သူ အတော်နည်းပါတယ်။ မြန်မာနိုင်ငံက တခြား မြစ်ကြီးတွေလို မြစ်ရေကြီးမှု အနေထားတွေ၊ စိုးရိမ်ရေမှတ်တွေကို ထုတ်ပြန်ပေးသင့်ပါတယ်။ အဲဒီမြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ ရွာတွေမှာ လူဦးရေတစ်သိန်းကျော်လောက်က တနင်္သာရီမြစ်ကို အမှီပြုပြီး နေထိုင်နေကြတာပါ။ ကားလမ်း အခက်ခဲတွေကြောင့် သူတို့ရဲ့ ဆက်သွယ်သွားလာမှုကလည်း မြစ်ကြောင်းခရီးကိုပဲ အားထားရပါတယ်။ ရွာအတော်များများက တနင်္သာရီမြစ်ကမ်းနားမှာ တည်ထားတာများပါတယ်။ တနင်္သာရီမြစ်အနေထားကို ဒေသခံတွေက မိရိုးဖလာနည်းတွေနှင့်သာ ခန့်မှန်းပြီးနေထိုင်ကြပါတယ်။ တနင်္သာရီမြစ်ရေ အရောင်ပြောင်းလဲလာမှုကြောင့် ဒေသခံတွေက ပြီးခဲ့တဲ့လကတည်းက ကြိုတင်ပြင်ဆင်ထားကြတော့ ဘာမှတော့ ထိခိုက်မှုတွေ မဖြစ်ခဲ့ပါဘူး''ဟု တနင်္သာရီမြို့ခံတစ်ဦးမှ သုံးသပ်ပြောကြားခဲ့သည်။
ယခုလက်ရှိ တနင်္သာရီမြစ်ရေကြီးမှုကြောင့် ကျေးရွာနှစ်ဆယ်ကျော် ရေလွမ်းခြင်းခံနေရပြီး တနင်္သာရီမြို့ပေါ်ရှိ အခြေခံစာသင်ကျောင်းများနှင့် ကျေးရွာများရှိ စာသင်ကျောင်းများမှာ ပိတ်ထားရကြောင်း သိရသည်။ ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီး၏ အစိတ်အပိုင်းဖြစ်သော မြိတ်-တနင်္သာရီ-ကော့သောင်းကားလမ်းမှာလည်း ရေကြီးမှုကြောင့် ခရီးသွားများ အခက်အခဲ ကြုံတွေ့ရလျက်ရှိကြောင်း သိရသည်။ တနင်္သာရီ-ကော့သောင်းကားလမ်းရှိ လယ်တောင်ကျေးရွာအနီးတွင် ခရီးသည်များကို ကူးတို့များ၊ဖောင်များဖြင့် ပို့ဆောင်ပေးကာ ကားပြောင်း၍ တင်ဆောင်ပြေးဆွဲပေးနေကြောင်း သိရသည်။
တနင်္သာရီမြို့ရှိ ဒေသခံအများစုမှာ ရေကြီးနေသော်လည်း မိမိတို့ နေအိမ်ရှိ အမြင့်ပိုင်းနေရာများ (ဒေသခံအခေါ်-ကျီစင်)တွင် လူများနေထိုင်နေပြီး တစ်ချို့ဒေသခံများကလည်း ဘုန်းတော်ကြီးကျောင်းနှင့် မြို့ရိုး အမြင့်ပိုင်းများတွင် နေထိုင်နေကြကြောင်း သိရသည်။ တနင်္သာမြို့မှာ ဒန်အိုးသဏ္ဍန်အနေထားအတွင်းတည်ထားပြီး နှစ်စဉ်နီးပါးမျှ မြစ်ရေကြီးလေ့ရှိသောကြောင့် မြို့နေလူထုနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် မိုးရာသီအတွင်း သွားလာရန် လှေများ စီစဉ်ထားလေ့ရှိကြောင်း သိရသည်။ ယခုနှစ်မြစ်ရေ စတက်လာနေစဉ်က ပ၀ကျေးရွာအတွင်းမှ ပထမတန်း ကျောင်းသူတစ်ဦးမှာ ကျောင်းမှနေအိမ်သို့ ပြန်လာစဉ် ရေနှစ်မြုပ်သေဆုံး သွားခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။ တနင်္သာရီမြစ်ရေတက်လာနေမှုကြောင့် တနင်္သာရီမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ မြိတ်ခရိုင်အတွင်းရှိ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများမှ တနင်္သာရီမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။



၁၉၉၀ရွေးကောက်ပွဲအနိုင်ရတိုင်းရင်းသားပါတီတွေနဲ့ သမ္မတ ပထမဆုံးအကြိမ်တွေ့မည်

သမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံဆွေးနွေးဖို့အတွက် ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေဟာ မနက်ဖြန်မှာ ပျဉ်းမနားနေပြည်တော်ကို အရောက်သွားရမယ်လို့ စုံစမ်းသိရှိရပါတယ်။

အခုလိုတွေ့ဆုံတာဟာ ပထမဆုံးအကြိမ်ဖြစ်သလို ဦးသိန်းစိန်အစိုးရ အနေနဲ့ လူထုနဲ့ပိုမိုချဉ်းကပ်လာတာတွေ့ရတယ်လို့ ရှမ်းအမျိုးသားများ ဒီမိုကရေစီ ပါတီရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ဆိုပါတယ်။ 


ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားနယ်စပ်ဒေသတွေက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိုးရိမ်ဖွယ်အခြေအနေတွေကို တင်ပြမယ်လို့ ဦးစိုင်းလိတ်ကပြောပါတယ်။

သမ္မတနဲ့တွေ့ဆုံမယ့် ၁၉၉၀ရွေးကောက်ပွဲ အနိုင်ရပါတီတွေကတော့ ရခိုင်အမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီတို့ဖြစ်ပါတယ်။

အလားတူ ၂၀၁၀ပြည့်နှစ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့နိုင်ငံရေး ပါတီ ၁၀ ပါတီရဲ့ကိုယ်စားလှယ်တွေနဲ့လည်း သမ္မတဦးသိန်းစိန် ကတွေ့ဆုံမှာဖြစ်ပါတယ်။

ဒါဟာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနဲ့ ပြီးခဲ့တဲ့သီတင်းပတ်တွေ က ရန်ကုန်မြို့မှာ တိုင်းရင်းသားနဲ့နိုင်ငံရေးပါတီ (၁၄) ခုတွေ့ဆုံဆွေးနွေး အပြီး ရလဒ် နောက်တဆင့်အဖြစ် သမ္မတနဲ့တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။ 





By RFA Burmese

X2O မဏ္ဍပ် ဗုံးခွဲမှုဖြင့် ဖမ်းဆီးခံရပြီး ပြန်လည် လွတ်မြောက်လာသူ အင်းစိန်ဆေးရုံတွင် ကုသမှုခံ

သင်္ကြန် ရေကစား မဏ္ဍပ် X2O ကို ဗုံးဖောက်ခွဲသည်ဟု စွပ်စွဲခံရပြီး သေဒဏ် ချမှတ်ခံရသူ ဦးဖြိုးဝေအောင်သည် သြဂုတ်လ ၃ ရက်နေ့က နိုင်ငံတော်သမ္မတ၏ ပုဒ်မ ၄၀၁ ဖြင့် ပြန်လည် လွတ်မြောက်လာပြီးနောက် အင်းစိန် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ဇနီးဖြစ်သူ ဒေါ်ဌေးဌေးက The Voice Weekly သို့ပြောကြားသည်။

ခင်ပွန်းဖြစ်သူမှာ အသည်းကင်ဆာဖြင့် ကိုယ်အောက်ပိုင်း သေနေသည့်အတွက် ဆေးရုံတွင် ဆက်လက် ကုသမှု ခံယူနေရခြင်းဖြစ်ကြောင်း၊ ယခင်ကတည်းက ရောဂါရှိသည့်အတွက် အကျဉ်းထောင်အတွင်း ဖမ်းဆီးခံနေရစဉ် ကတည်းက ဆေးကုသခွင့် တောင်းခံသော်လည်း ၂၀၁၂ ခုနှစ်မေလတွင်မှ ဆေးကုသခွင့် ပေးခဲ့ကြောင်း ဒေါ်ဌေးဌေးက ရှင်းပြသည်။

ဦးဖြိုးဝေအောင် တက်ရောက် ကုသနေသော အင်းစိန်ဆေးရုံ အခပေးဆောင်သို့ သွားရောက် ကြည့်ရှုခဲ့သည့် မိတ်ဆွေတစ်ဦးဖြစ်သူ ဦးအောင်နိုင်ထွန်းဟိန်းကလည်း ၎င်း၏မိတ်ဆွေဖြစ်သူမှာ ကင်ဆာဆဲလ်များပြန့်နှံ့ပြီး ခန္ဓာကိုယ်အောက်ပိုင်း သေသွားခြင်း ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက အသည်းနာ၊ ဗိုက်အောင့်ဝေဒနာများ ခံစားရသည့်အတွက် ဆေးကုသခွင့် တောင်းခံသော်လည်း ငြင်းပယ် ခံရသောကြောင့် ရောဂါ အခြေအနေ ပိုမိုဆိုးရွားရခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ဦးဖြိုးဝေအောင်သည် ၂၀၁၀ ပြည့်နှစ် မဟာသင်္ကြန် အကြတ်နေ့က ဖြစ်ပွားခဲ့သော ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ် ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ တရားခံဟု စွပ်စွဲ ဖမ်းဆီးခံရကာ သေဒဏ် ချမှတ် ခံထားရာမှ ပြန်လည် လွတ်မြောက် လာခဲ့ခြင်းဖြစ်သည်။




By The Voice Weekly

၃၊၈၊၂၀၁၂ ညနေပိုင်းသတင်းတိုများစုစည်းမှု

အမေရိကန်ထိပ်တန်းကုမ္ပဏီကြီးများ မြန်မာနိုင်ငံရောက်လာတော့မည်"

Google, Coca-Cola, Ford, General Electric, Chevron, Cargill, General Mortors နှင့် Goldman Sachs စသည့် အမေရိကန်ထိပ်တန်း ကုမ္ပဏီကြီးများ မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြှုတ်နှံတော့မည်ဖြစ်ကြောင်းသိရသည်။

ကမ္ဘောဒီးယားတွင် ဟီလာရီကလင်တန်နှင့် အာဆီယံခေါင်းဆောင်များတွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ဟီလာရီ၏ တိုက်တွန်းချက်အရ ထိုသို့ရင်းနှီးမြှုတ်နှံမ

ှုများပြုရန်စီစဉ်နေကြခြင်းဖြစ်သည်။
"အမေရိကန်ကုမ္ပဏီတွေဟာ အပြုသဘောဆောင်တဲ့ပြောင်းလဲမှုအတွက် ၀ိုင်းဝန်းကြရမယ်။ မြန်မာနိုင်ငံသားတွေနဲ့လဲ ပူးပေါင်းလက်တွဲကြပြီး စီးပွားရေးလုပ်ငန်းတွေကို ပွင့်လင်းမြင်သာမှုရှိအောင်လုပ်ကြရမယ်"ဟု ဟီလာရီကလင်တန်ကပြောသည်။

သမ္မတ ဦးသိန်းစိန်နှင့် ဟီလာရီကလင်တန်တို့သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကတည်းက ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြသေးသည်။ ဦးသိန်းစိန်သည် တက်ကြွမှုရှိပြီး မိမိကိုယ်မိမိလည်းယုံကြည်မှုအားကောင်းကြောင်း အမေရိကန်အစိုးရအဖွဲ့ကဆိုသည်။

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာပိတ်ဆို့ထားမှုများကို တစ်စထက်တစ်စ လျှော့ချလာသည့်နည်းတူ အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာလည်း ပိုမိုအားကောင်းလာပြီဖြစ်သည်။

မြန်မာနိုင်ငံသည် ယခင်ကထက်စာလျှင် များစွာပြောင်းလဲလာပြီဖြစ်သော်ငြား၊ ပွင့်လင်းမြင်သာမှုမရှိသည့်ကိစ္စရပ်အချို့ရှိနေသေးကြောင်း နိုင်ငံတကာအသိုင်းအ၀န်းကပြောနေကြဆဲပင်ဖြစ်သည်။

By Popular Myanmar News Journal














“ ယုဇနပလာဇာ ပထမထပ်တွင် မီးလန့် ”

ယနေ့သြဂုတ်လ ၃ ရက်နံနက် ၁၀နာရီ၃၀ မိနစ်ခန့်တွင် ယုဇနပလာဇာ ပထမထပ်၌ မီးလန့်မှုတစ်ခုဖြစ်ပွားခဲ့သည်။
ယုဇနပလာဇာ ပထမထပ်ကားပါကင်ဝင်းအတွင်း ရပ်ထားသော ကားတစ်စီးစက်နှိုးစဉ် အပူတက်၍ မီးခိုးများထွက်လာရာ ပတ်ဝန်းကျင်ဆိုင်ခန်းများမှ မီးလောင်သည်ဟု ယူဆပြီး မီးသတ်ဦးစီးဌာနသို့အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ယင်းနေရာသို့ မီးသတ်ဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ရာ သာမန်မီးလန့်မှုတစ်ခုသာဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

By Popular Myanmar News Journal














ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)နှင့် ဇနီးဒေါ်ကြိုင်ကြိုင်မိသားစု၏ ရွှေမိသားစုဖောင်ဒေးရှင်းမှ မတည် ဆောက်လုပ်လှူဒါန်းသော ခုတင် ၁၀၀ ဆံ့ သံဃာ့ဘေသဇ္ဇဋ္ဌာန ၀ိဟာရ (သံဃာ့ဆေးရုံ) အန္တရာယိက မြေသန့်နှင့် ရတနာ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ၂၉-၇-၂၀၁၂ တနင်္ဂနွေနေ့ နံ နက် ၈း၀၀ နာရီက ပျဉ်းမနားမြို့၊ ဗိုလ်တောက်ထိန်လမ်း၊ မင်္ဂလာ ရပ်ကွက် မြို့မဈေးအနီးတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေ
ပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသိန်းညွန့်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မြင့်အောင်သန်း၊ ဦးကံချွန်၊ ဒေါက်တာပိုင်စိုး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးလှမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမှတ်ကြီး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမျိုးအောင်၊ နိုင်ငံတော်ပြက္ခဒိန် အကြံပေးဆရာဦးကျော်၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများနှင့် ပျဉ်းမနားမြို့မှ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသိန်းညွန့်မှ အမှတ်(၁) ဥရုတိုင် ပန္နက်တော်ဌာနကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဒေါက်တာပိုင်စိုး၊ ဗိုလ်မှူးကြီးမြင့်အောင်သန်းနှင့် ဦးကံချွန်၊ ဦးလှမြင့်ဦးနှင့် မြို့မိမြို့ဖများဖြစ်ကြသော ဦးစိုးတင့်၊ ဦးမြင့်အောင်၊ ဦးလှမြင့်၊ ဆေးရုံအုပ်ကြီး ဒေါက်တာမင်းကျော်တို့မှ မိမိတို့ သတ်မှတ်နေရာများမှ ပန္နက်တော်များကို တင်ပေးကြလျက် ပြည်ထောင်စုဝန်ကြီးက နဂါးစာကျွေးသည့် နေရာဌာနတွင် နဂါးစာကျွေးခြင်းကို ဆောင်ရွက်ပေးခဲ့သည်။

ယခုဆောက်လုပ်သော သံဃာ့ဆေးရုံကြီး၏ မြေအကျယ်အ၀န်း မှာ ၀ .၅ ဧကရှိပြီး အလျား ၈၀ ပေ၊ အနံ ၈၀ ပေရှိ ခြောက်ထပ် သံကူကွန်ကရစ်ဆေးရုံ အမျိုးအစားဖြစ်ပြီး မြေညီထပ်၌ အရေးပေါ်ကုသခန်း၊ စမ်းသပ်ခန်း ၄ ခန်း၊ တယ်လီဗေးရှင်းဓာတ်မှန်ခန်း၊ ဓာတ်ခွဲခန်း၊ ဆေးဆိုင်ခန်းများနှင့် ပထမထပ်တွင် ကာယသုခခန်း၊ သွားကုသခန်း၊ မျက်စိကုသခန်းများအပြင် နား၊ နှာခေါင်း၊ လည်ချောင်းဆေးကုခန်းများ ထားရှိမည် ဖြစ်ကြောင်းကိုလည်း သိရှိရသည်။ ဒုတိယထပ်တွင် ခွဲစိတ်ခန်းအပါအ၀င် အစာအိမ်အူလမ်းကြောင်း ကြည့်မှန်ပြောင်းခန်း၊ မှန်ပြောင်းကြည့် လူနာစောင့်ခန်း၊ ခွဲစိတ်လူနာစောင့်ခန်းနှင့် Sterile နေရာများ ရှိနေမှာဖြစ်ပြီး တတိယထပ်တွင်မူ သီလရှင်များအတွက် ခုတင် ၃၀ ဆံ့လူနာဆောင်နှင့် ခုတင် ၈ လုံးဆံ့ အထူးကြပ်မတ်ကုသခန်းတို့နှင့်အတူ စတုတ္ထထပ်တွင် ခုတင် ၂၄ လုံးဆံ့ လူနာဆောင်နှင့် အထူးခန်း ၄ ခန်းနှင့် အတူ ခုတင် ၁၀ လုံးဆံ့ လူနာခန်းတို့ဖြင့် တည်ဆောက်လှူဒါန်းမည်ဖြစ်ကြောင်းနှင့် အဆိုပါသံဃာ့ဆေးရုံကြီး တည်ဆောက်မှုအတွက် ငွေကျပ် သန်းပေါင်း ၁၅၀၀ ခန့် ကုန်ကျလိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။

Ref:မြန်မာသံတော်ဆင့်

By News of Myanmar














ရိုဟင်ဂျာများ အကာအကွယ်အတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်း

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်စလင်များကို အကာအကွယ်ပေးရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးသို့ အမေရိကန်နိုင်ငံ ၀ါရှင် တန် အခြေစိုက် အစ္စလမ် အဖွဲ့တဖွဲ့ဖြစ်သော Council on American-Islamic Relations (CAIR) အဖွဲ့က စာရေးသားပေးပို့၍ တိုက်တွန်း လိုက် သည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များက ကျူးလွန်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ အဆု
ံးသတ်ရန်၊ နိုင်ငံ တကာမှ အကူ အညီ ပေးရေးအဖွဲ့များနှင့် စောင့်ကြည့်လေ့လာသူများကို ခွင့်ပြုရန် တိုက်တွန်းထားသော စာကို မြန်မာ သမ္မတ ဦးသိန်းစိန်သို့ လည်းကောင်း၊ မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသူများကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပေးရန်စာကို ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ သို့ လည်းကောင်း ပေးပို့ကြောင်း သိရသည်။

By Irrawaddy














ယနေ့ မွန်းလွဲ ၁ နာရီ ခန့်က ရန်ကုန်မြို့၊ မြေနီကုန်းအနီး၊ ပြည်လမ်းပေါ်ရှိ UNHCR ရုံးရှေ့၌ "မြန်မာနိုင်ငံ ရိုဟင်ဂျာ အရေးအား ပြတ်သား ရဲရင့်စွာ ပြောပြခဲ့သော သမ္မတကြီး ဦးသိန်းစိန်၏ သဘောထားအား ထောက် ခံပါသည်" ဟု စာတန်းများ ကိုင်ဆောင်ပြီး ပြည်သူ ၁၀၀ ခန့်က ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ပြီး၊ နိုင်ငံတော် သမ္မတ၏ သဘောထားကို ထောက်ခံကြောင်း ကြွေးကြော်ခြင်း၊ ထောက်ခံကြောင်း စာတန်းများ ကိုင်ဆောင်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံတော် သီချင်းသီဆို၍ ဆန္ဒထုတ်ဖော်မှုကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

By Eleven Media Group














ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် မြန်မာအစိုးရတို့ကြား ဆက်ဆံရေးရုံးအား မြ၀တီမြို့တွင် သြဂုတ်လ ၅ ရက်၌ ထပ်မံဖွင့်လှစ်မည်ဟု သတင်းရရှိသည်။

"နောက်ထပ်ဆွေးနွေးစရာတွေကို အကြိုညှိနှိုင်းဖို့ရှိတယ်" ဟု ကရင်အမျိုးသားအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ဦးခင်ရီတို့ တက်ရောက်ကြမည်ဖြစ်သည်။

KNU နှင့် မြန်မာအစိုးရတို့ကြား အပစ်အခတ်ရပ်ဆဲပြီးနောက် ဆက်ဆံရေးရုံးများအား ကျောက်ကြီး၊ ထားဝယ်၊ ဘုရားသုံးဆူမြို့များတွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

By 7Day News Journal













ရန်ကုန်ရှိ ရခိုင်များ UNHCR ရုံးရှေ့တွင် ဆန္ဒပြ
===================================
သောင်းထွန်း
===================================
ရန်ကုန်မြို့ပေါ်ရှိ ရခိုင်လူမျိုး ၅၀ ဦးခန့် သည် ယနေ့သြဂုတ်လ ၃ ရက်နေ့ နေ့လည် ၁ နာရီတွင် မြေနီကုန်းရှိ UNHCR ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။ 

ယင်းသို့ ဆန္ဒဖော်ထုတ်ပြသရာတွင် ရိုဟင်ဂျာ လက်မခံ ၊ သမ္မတ ဦးသိန်းစိန်ကိုထောက်ခံသည် စသည့် စာတမ်းများ ကိုင်ဆောင်ကာ ဆန္ဒပြသ ခဲ့ကြောင်း သိရသည်။ 

ယင်းဆန္ဒပြသမှုသည် အချိန်အားဖြင့် ၁၀ မိနစ်ခန့်သာ ကြာမြင့်ခဲ့ကြောင်းသိရသည်။

By Yangon Media Group









ဆန်စပါးကဏ္ဍ ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပမည်

နိုင်ငံတော်အဆင့် ဆန်စပါးကဏ္ဍ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတရပ်ကို နေပြည်တော်၌ လာမည့် စက်တင်ဘာလအတွင်း ကျင်းပ ရန်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်း က ပြောသည်။ အဆိုပါ ဆွေးနွေးပွဲကို သမ္မတရုံး ၀န်ကြီးဌာနက ဦးဆောင် ပြုလုပ် သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ တ၀န်းလုံးရှိ လယ်သမားအရေး ကိစ္စများ၊ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးများနှင့် ပြည်ပသို့ ဆန်စပါးတင်ပို့မှုဆို

င်ရာ ကိစ္စရပ်များအပါအ၀င် ပြည်တွင်းဆန်စပါးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရှင်များ၊ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စုပေါင်း ဆွေးနွေးသွားကြမည် ဖြစ်သည်ဟု ဆိုသည်။ ယင်း ဆွေးနွေးပွဲအတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန က မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းမှ တာဝန်ရှိသူများကို သြဂုတ် ၁ ရက်နေ့က ခေါ်ယူကာ အစည်း အဝေး ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

By Irrawaddy














ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းက သူ၏မဲဆန္ဒနယ်မြေဖြစ်သော ကော့မှူးမဲဆန္ဒနယ်မြေသို့ သွားရောက်ခဲ့ကြောင်း ကော့မှူးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်ရုံးမှသိရသည်။

ပေါ်ပြူလာနယူးစ်ဂျာနယ်မှ ယနေ့ ညနေ ၃ နာရီအချိန် ကော့မှူးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ဆက်သွယ်မေးမြန်းချိန်ထိ ဒေါ်အောင်ဆန်းစုကြည်သည်
ကော့မှူးမြို့နယ်၌ပင် ရှိနေသေးပြီး အောက်ခြေ ကျေးရွာများအထိ ကွင်းဆင်းသွားသည့်အတွက် အသေးစိပ်အချက်အလက်အား ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

By Popular Myanmar News Journal














လက်ရွေးစင်နှင့် ခြေစမ်းမည့် MNL ALL-Star အသင်း လူစာရင်း ထုတ်ပြန် ကြေညာ

သြဂုတ်လ ၁၅ရက်နေ့တွင် မြန်မာ့ လက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည့် MNL All-Star အသင်း၏ လူစာရင်းအား ထုတ်ပြန် ကြေညာလိုက်ကြောင်း သိရသည်။

အဆိုပါ လူစာရင်းတွင် MNL ကလပ်အသင်း များမှ နိုင်ငံခြားသား ကစားသမား (၁၈)ဦးနှင့် လက်ရွေးစင် အသင်းမှ ပဏာမ ဂိုးသမား နှစ်ဦးဖြစ်သည့် မျိုးမင်းလတ်နှင့် ထွန်းလင်းစိုးတို့ ပါဝင်မည် ဖြစ်ကြေ
ာင်း သိရသည်။ ထိုအသင်းအား ရတနာပုံ အသင်း၏ နည်းပြချုပ် ဘော်ရ်ဂျီစ်က နည်းပြအဖြစ် တာဝန်ယူမည် ဖြစ်ကာ လက်ထောက် နည်းပြနှင့် ဂိုးနည်းပြ ရာထူးအတွက် ရတနာပုံမှ ဦးအောင်ကျော်ထူးက တာဝန်ယူမည် ဖြစ်သည်။

မြန်မာ့ လက်ရွေးစင်နှင့် MNL All-Star အသင်းမှာ မသန်စွမ်း အားကစားသမား များအတွက် ရံပုံငွေ ပွဲတစ်ရပ် အဖြစ် လာမည့် သြဂုတ်လ ၁၅ရက်နေ့ ညနေ ၄နာရီတွင် အောင်ဆန်းကွင်း၌ ယှဉ်ပြိုင် ကစားမည် ဖြစ်ကြောင်း သိရသည်။

MNL All-Star အသင်း - မျိုးမင်းလတ် (ဂိုး - ဇေယျာရွှေမြေ)၊ ထွန်းလင်းစိုး (ဂိုး-မနောမြေ)၊ အန်ဒရေ (ရက္ခပူရ)၊ နီကိုလာ၊ နယူချီ၊ ဆီဇာ (ရန်ကုန်)၊ မာဆီယို၊ ဒီဂျန်၊ ကိုနေ အဒမ်မာ (ရတနာပုံ)၊ ကမ်ဘူး (မနောမြေ)၊ ဆာဆာ၊ ချူကွာဇူ (ဇေယျာရွှေမြေ)၊ နူးနက်စ်၊ ချားစ်အိုဘီ (ကမ္ဘောဇ)၊ ဂျူနီယာ (ဟံသာဝတီ)၊ လီယန်ဒရို (နေပြည်တော်)၊ လောင်ဂူး၊ ပက်ထရစ် (ဇွဲကပင်)၊ ဂျွန် (ဧရာဝတီ)၊ ကိုနေး (မကွေး)

By Soccer Myanmar














ရခိုင်ပြည်နယ် စာသင်ကျောင်များ ပြုပြင်ရန် တေးဂီတပွဲကျင်းပမည်

ရန်ကုန်၊ သြဂုတ် ၃

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်ဖျက်စီးမှုများကြောင့် ပျက်စီးယိုယွင်းသွားသော စာသင်ကျောင်းများ ပြန်လည်မွန်းမံပြုပြင်ခြင်းနှင့် ပညာရေးသင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့ရေးတွက် ရံပုံငွေစင်တင်တေးဂီတပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူ Wave Myanmar အဖွဲ.မှ ကိုစောဟောရှေးက ပြောကြားသည်။
၂၀၁၂ ခုနှစ် သြဂုတ်လ (၁၉) ရက် တနင်္ဂနွေနေ့ တွင် ဒဂုံ
မြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇတ်ရုံတွင် ရံပုံငွေ စင်တင်တေးဂီတ တရပ်အား ရခိုင်အမျိုးသားကွန်ရက်၊ WAVE Myanmar၊r နှင့် ဖွံဖြိုးရေး မဏ္ဍိုင်အဖွဲ့တို့မှ ဦးဆောင်လျှက် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

" ပညာရေးကို ဦးတည်တဲ့ ပွဲပါ။ ၀င်ကြေး ၁သောင်း၂ထောင်လောက် ယာယီသတ်မှတ်ထားတယ် " ဟု ကရင်အမျိုးသားစောဟောရှေးက ဆိုသည်။
အဆိုပါ ရံပုံငွေတေးဂီတအစီအစဉ်၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်တွင်းရှိ ဇွန်လအတွင်ကဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖျက်စီးမှုကြောင့် ပျက်စီးသွားသော စာသင်ကျောင်းများ ပြန်လည်မွန်းမံရန်နှင့်၊ ကျောင်းသူ/သားများအတွက် လတ်တလောလိုအပ်လျှက်ရှိသော သင်ထောက်ကူ ပစ္စည်းများ အချိန်မှီထောက်ပံ့ နိုင်ရေးအတွက် ဤရန်ပုံငွေတေးဂီတအစီအစဉ်ကို ကျင်းပခြင်းဖြစ်သည်။

By The Voice Weekly














မြန်မာ့တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်သည့်အနေဖြင့် အိန္ဒ္ဒိယနိုင်ငံက မြန်မာနိုင်ငံမှ တပ်မတော်သားများအား လေ့ကျင့်သင်ကြားပေးရန်နှင့် စစ်လက်နက် မဟုတ်သည့် ပစ္စည်းများ ပံ့ပိုးရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ လက်ရှိ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် ရောက်ရှိနေသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ တပ်မတော်(ကြည်း၊ရေ၊လေ) ပူးတွဲ ဦးစီးချုပ်နှင့် အိန္ဒိယ ရေတပ်ဦးစီးချုပ် Admiral Nirmal Verma (PVSM, AVSM, ADC) ၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတနိုင်ငံသို့ သြဂုတ်လ ၁ ရက်နေ့က မွန်းလွဲပိုင်းတွင် မြန်မာ့တပ်မတော် အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။

မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိကြီးများ၊ တာဝန်ရှိသူများနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Colonal Rajesh Kumar တို့ လိုက်ပါသွားသည်။

By Eleven Media Group














အဆိုတော်ဇော်ဝင်းထွဋ်၏သားဖြစ်သူ ဦးဝင်းထွဋ်သော်တာ(ခ) အီတိုးနှင့်ဇနီးဖြစ်သူ Ruby Dragon ကုမ္ပဏီပိုင်ရှင်သမီး မမြင့်မြတ်သူတို့ ကွာရှင်းလိုက်ပြီဖြစ်ကြောင်း ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ပေါင်းသင်းနေထိုင်စဉ်တွင် ခွင့်မလွှတ်နိုင်သောလုပ်ရပ်များကို အကြိမ်ကြိမ်ပြုလုပ်ကျူးလွန်သဖြင့် ဇူလိုင် ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် တရားရုံးချုပ်ဒုတိယမြို့နယ်တရားသူကြီး (၂) ရှေ့တွင် လက်မှတ်ရေးထိုးကွာရှင်းပြတ်စဲခဲ့ခြင်းဖြစ် သည်ဟုဖော်ပြထားသည်။

ဦးဝင်းထွဋ်သော်တာ(ခ) အီတိုးအနေဖြင့် ဒေါ်မြင့်မြတ်သူ၏ ဂုဏ်သိက္ခာကျဆင်းစေမည့်အပြောအဆို အပြုအမူများလုံးဝမပြုလုပ်ရန် အကြောင်းကြားသတိပေးပါကြောင်း အများသိစေရန်ကြေညာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

By 7Day News Journal














ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ရခိုင်သို့ ရောက်ရှိ

ရန်ကုန်၊ သြဂုတ် ၃

ဆူပူ အကြမ်းဖက်မှုများဖြစ်ပွား အပြီး ပထမဆုံး အကြိမ် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ယနေ့ နံနက် ၈နာရီ ၁၅ မိနစ်တွင် ရခိုင်ပြည်နယ် ရောက်ရှိနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးဌာနမှ ဥက္ကဋ္ဌ ဦးဦးလှသိန်း က ပြောကြားသည်။

“စစ်တွေမြို့ထဲကိုတောင် မ၀င်ခဲ့ဘူး“ ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည်
 စစ်တွေမြို့မှ တစ်ဆင့် နံနက် ၉နာရီ ၃၀မိနစ်ခန့်တွင် ဘူသီးတောင်မြို့နှင့် မောင်တောမြို့သို့ ထွက်ခွါသွားပြီဖြစ်ကြောင်း၊ အဆိုပါ မြို့များမှ အပြန်တွင် မြောက်ဦးမြို့သို့ သွားရောက်မည်ဖြစ်ပြီး ယနေ့ ခရီးစဉ်ရပ်နားမည်ဖြစ်ကြောင်း၊ ဒုတိယ သမ္မတနှင့် အတူ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး အပါအ၀င် ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ အကြီးတန်း အရာရှိများ ပါဝင်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဌာနမှ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။

By The Voice Weekly














အမေရိကန်ထိပ်တန်းကုမ္ပဏီကြီးများ မြန်မာနိုင်ငံရောက်လာတော့မည်"

Google, Coca-Cola, Ford, General Electric, Chevron, Cargill, General Mortors နှင့် Goldman Sachs စသည့် အမေရိကန်ထိပ်တန်း ကုမ္ပဏီကြီးများ မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြှုတ်နှံတော့မည်ဖြစ်ကြောင်းသိရသည်။

ကမ္ဘောဒီးယားတွင် ဟီလာရီကလင်တန်နှင့် အာဆီယံခေါင်းဆောင်များတွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ဟီလာရီ၏ တိုက်တွန်းချက်အရ ထိုသို့ရင်းနှီးမြှုတ်နှံမ
ှုများပြုရန်စီစဉ်နေကြခြင်းဖြစ်သည်။
"အမေရိကန်ကုမ္ပဏီတွေဟာ အပြုသဘောဆောင်တဲ့ပြောင်းလဲမှုအတွက် ၀ိုင်းဝန်းကြရမယ်။ မြန်မာနိုင်ငံသားတွေနဲ့လဲ ပူးပေါင်းလက်တွဲကြပြီး စီးပွားရေးလုပ်ငန်းတွေကို ပွင့်လင်းမြင်သာမှုရှိအောင်လုပ်ကြရမယ်"ဟု ဟီလာရီကလင်တန်ကပြောသည်။

သမ္မတ ဦးသိန်းစိန်နှင့် ဟီလာရီကလင်တန်တို့သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကတည်းက ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြသေးသည်။ ဦးသိန်းစိန်သည် တက်ကြွမှုရှိပြီး မိမိကိုယ်မိမိလည်းယုံကြည်မှုအားကောင်းကြောင်း အမေရိကန်အစိုးရအဖွဲ့ကဆိုသည်။

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာပိတ်ဆို့ထားမှုများကို တစ်စထက်တစ်စ လျှော့ချလာသည့်နည်းတူ အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာလည်း ပိုမိုအားကောင်းလာပြီဖြစ်သည်။

မြန်မာနိုင်ငံသည် ယခင်ကထက်စာလျှင် များစွာပြောင်းလဲလာပြီဖြစ်သော်ငြား၊ ပွင့်လင်းမြင်သာမှုမရှိသည့်ကိစ္စရပ်အချို့ရှိနေသေးကြောင်း နိုင်ငံတကာအသိုင်းအ၀န်းကပြောနေကြဆဲပင်ဖြစ်သည်။

By Popular Myanmar News Journal














ယနေ့ မွန်းလွဲ ၁ နာရီ ခန့်က ရန်ကုန်မြို့၊ မြေနီကုန်းအနီး၊ ပြည်လမ်းပေါ်ရှိ UNHCR ရုံးရှေ့၌ "မြန်မာနိုင်ငံ ရိုဟင်ဂျာ အရေးအား ပြတ်သား ရဲရင့်စွာ ပြောပြခဲ့သော သမ္မတကြီး ဦးသိန်းစိန်၏ သဘောထားအား ထောက် ခံပါသည်" ဟု စာတန်းများ ကိုင်ဆောင်ပြီး ပြည်သူ ၁၀၀ ခန့်က ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ပြီး၊ နိုင်ငံတော် သမ္မတ၏ သဘောထားကို ထောက်ခံကြောင်း ကြွေးကြော်ခြင်း၊ ထောက်ခံကြောင်း စာတန်းများ ကိုင်ဆောင်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံတော် သီချင်းသီဆို၍ ဆန္ဒထုတ်ဖော်မှုကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

By Eleven Media Group














ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် မြန်မာအစိုးရတို့ကြား ဆက်ဆံရေးရုံးအား မြ၀တီမြို့တွင် သြဂုတ်လ ၅ ရက်၌ ထပ်မံဖွင့်လှစ်မည်ဟု သတင်းရရှိသည်။

"နောက်ထပ်ဆွေးနွေးစရာတွေကို အကြိုညှိနှိုင်းဖို့ရှိတယ်" ဟု ကရင်အမျိုးသားအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ဦးခင်ရီတို့ တက်ရောက်ကြမည်ဖြစ်သည်။

KNU နှင့် မြန်မာအစိုးရတို့ကြား အပစ်အခတ်ရပ်ဆဲပြီးနောက် ဆက်ဆံရေးရုံးများအား ကျောက်ကြီး၊ ထားဝယ်၊ ဘုရားသုံးဆူမြို့များတွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

By 7Day News Journal














ရန်ကုန်ရှိ ရခိုင်များ UNHCR ရုံးရှေ့တွင် ဆန္ဒပြ
===================================
သောင်းထွန်း
===================================
ရန်ကုန်မြို့ပေါ်ရှိ ရခိုင်လူမျိုး ၅၀ ဦးခန့် သည် ယနေ့သြဂုတ်လ ၃ ရက်နေ့ နေ့လည် ၁ နာရီတွင် မြေနီကုန်းရှိ UNHCR ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆန္ဒဖော်ထုတ်ပြသရာတွင် ရိုဟင်ဂျာ လက်မခံ ၊ သမ္မတ ဦးသိန်းစိန်ကိုထောက်ခံသည် စသည့် စာတမ်းများ ကိုင်ဆောင်ကာ ဆန္ဒပြသ ခဲ့ကြောင်း သိရသည်။

ယင်းဆန္ဒပြသမှုသည် အချိန်အားဖြင့် ၁၀ မိနစ်ခန့်သာ ကြာမြင့်ခဲ့ကြောင်းသိရသည်။

By Yangon Media Group














ဆန်စပါးကဏ္ဍ ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပမည်

နိုင်ငံတော်အဆင့် ဆန်စပါးကဏ္ဍ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတရပ်ကို နေပြည်တော်၌ လာမည့် စက်တင်ဘာလအတွင်း ကျင်းပ ရန်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်း က ပြောသည်။ အဆိုပါ ဆွေးနွေးပွဲကို သမ္မတရုံး ၀န်ကြီးဌာနက ဦးဆောင် ပြုလုပ် သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ တ၀န်းလုံးရှိ လယ်သမားအရေး ကိစ္စများ၊ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးများနှင့် ပြည်ပသို့ ဆန်စပါးတင်ပို့မှုဆို
င်ရာ ကိစ္စရပ်များအပါအ၀င် ပြည်တွင်းဆန်စပါးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရှင်များ၊ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စုပေါင်း ဆွေးနွေးသွားကြမည် ဖြစ်သည်ဟု ဆိုသည်။ ယင်း ဆွေးနွေးပွဲအတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန က မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းမှ တာဝန်ရှိသူများကို သြဂုတ် ၁ ရက်နေ့က ခေါ်ယူကာ အစည်း အဝေး ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

By Irrawaddy














ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းက သူ၏မဲဆန္ဒနယ်မြေဖြစ်သော ကော့မှူးမဲဆန္ဒနယ်မြေသို့ သွားရောက်ခဲ့ကြောင်း ကော့မှူးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်ရုံးမှသိရသည်။

ပေါ်ပြူလာနယူးစ်ဂျာနယ်မှ ယနေ့ ညနေ ၃ နာရီအချိန် ကော့မှူးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ဆက်သွယ်မေးမြန်းချိန်ထိ ဒေါ်အောင်ဆန်းစုကြည်သည်
ကော့မှူးမြို့နယ်၌ပင် ရှိနေသေးပြီး အောက်ခြေ ကျေးရွာများအထိ ကွင်းဆင်းသွားသည့်အတွက် အသေးစိပ်အချက်အလက်အား ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

By Popular Myanmar News Journal














လက်ရွေးစင်နှင့် ခြေစမ်းမည့် MNL ALL-Star အသင်း လူစာရင်း ထုတ်ပြန် ကြေညာ

သြဂုတ်လ ၁၅ရက်နေ့တွင် မြန်မာ့ လက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည့် MNL All-Star အသင်း၏ လူစာရင်းအား ထုတ်ပြန် ကြေညာလိုက်ကြောင်း သိရသည်။

အဆိုပါ လူစာရင်းတွင် MNL ကလပ်အသင်း များမှ နိုင်ငံခြားသား ကစားသမား (၁၈)ဦးနှင့် လက်ရွေးစင် အသင်းမှ ပဏာမ ဂိုးသမား နှစ်ဦးဖြစ်သည့် မျိုးမင်းလတ်နှင့် ထွန်းလင်းစိုးတို့ ပါဝင်မည် ဖြစ်ကြေ
ာင်း သိရသည်။ ထိုအသင်းအား ရတနာပုံ အသင်း၏ နည်းပြချုပ် ဘော်ရ်ဂျီစ်က နည်းပြအဖြစ် တာဝန်ယူမည် ဖြစ်ကာ လက်ထောက် နည်းပြနှင့် ဂိုးနည်းပြ ရာထူးအတွက် ရတနာပုံမှ ဦးအောင်ကျော်ထူးက တာဝန်ယူမည် ဖြစ်သည်။

မြန်မာ့ လက်ရွေးစင်နှင့် MNL All-Star အသင်းမှာ မသန်စွမ်း အားကစားသမား များအတွက် ရံပုံငွေ ပွဲတစ်ရပ် အဖြစ် လာမည့် သြဂုတ်လ ၁၅ရက်နေ့ ညနေ ၄နာရီတွင် အောင်ဆန်းကွင်း၌ ယှဉ်ပြိုင် ကစားမည် ဖြစ်ကြောင်း သိရသည်။

MNL All-Star အသင်း - မျိုးမင်းလတ် (ဂိုး - ဇေယျာရွှေမြေ)၊ ထွန်းလင်းစိုး (ဂိုး-မနောမြေ)၊ အန်ဒရေ (ရက္ခပူရ)၊ နီကိုလာ၊ နယူချီ၊ ဆီဇာ (ရန်ကုန်)၊ မာဆီယို၊ ဒီဂျန်၊ ကိုနေ အဒမ်မာ (ရတနာပုံ)၊ ကမ်ဘူး (မနောမြေ)၊ ဆာဆာ၊ ချူကွာဇူ (ဇေယျာရွှေမြေ)၊ နူးနက်စ်၊ ချားစ်အိုဘီ (ကမ္ဘောဇ)၊ ဂျူနီယာ (ဟံသာဝတီ)၊ လီယန်ဒရို (နေပြည်တော်)၊ လောင်ဂူး၊ ပက်ထရစ် (ဇွဲကပင်)၊ ဂျွန် (ဧရာဝတီ)၊ ကိုနေး (မကွေး)

By Soccer Myanmar














ရခိုင်ပြည်နယ် စာသင်ကျောင်များ ပြုပြင်ရန် တေးဂီတပွဲကျင်းပမည်

ရန်ကုန်၊ သြဂုတ် ၃

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်ဖျက်စီးမှုများကြောင့် ပျက်စီးယိုယွင်းသွားသော စာသင်ကျောင်းများ ပြန်လည်မွန်းမံပြုပြင်ခြင်းနှင့် ပညာရေးသင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့ရေးတွက် ရံပုံငွေစင်တင်တေးဂီတပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူ Wave Myanmar အဖွဲ.မှ ကိုစောဟောရှေးက ပြောကြားသည်။
၂၀၁၂ ခုနှစ် သြဂုတ်လ (၁၉) ရက် တနင်္ဂနွေနေ့ တွင် ဒဂုံ
မြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇတ်ရုံတွင် ရံပုံငွေ စင်တင်တေးဂီတ တရပ်အား ရခိုင်အမျိုးသားကွန်ရက်၊ WAVE Myanmar၊r နှင့် ဖွံဖြိုးရေး မဏ္ဍိုင်အဖွဲ့တို့မှ ဦးဆောင်လျှက် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

" ပညာရေးကို ဦးတည်တဲ့ ပွဲပါ။ ၀င်ကြေး ၁သောင်း၂ထောင်လောက် ယာယီသတ်မှတ်ထားတယ် " ဟု ကရင်အမျိုးသားစောဟောရှေးက ဆိုသည်။
အဆိုပါ ရံပုံငွေတေးဂီတအစီအစဉ်၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်တွင်းရှိ ဇွန်လအတွင်ကဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖျက်စီးမှုကြောင့် ပျက်စီးသွားသော စာသင်ကျောင်းများ ပြန်လည်မွန်းမံရန်နှင့်၊ ကျောင်းသူ/သားများအတွက် လတ်တလောလိုအပ်လျှက်ရှိသော သင်ထောက်ကူ ပစ္စည်းများ အချိန်မှီထောက်ပံ့ နိုင်ရေးအတွက် ဤရန်ပုံငွေတေးဂီတအစီအစဉ်ကို ကျင်းပခြင်းဖြစ်သည်။

By The Voice Weekly














မြန်မာ့တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်သည့်အနေဖြင့် အိန္ဒ္ဒိယနိုင်ငံက မြန်မာနိုင်ငံမှ တပ်မတော်သားများအား လေ့ကျင့်သင်ကြားပေးရန်နှင့် စစ်လက်နက် မဟုတ်သည့် ပစ္စည်းများ ပံ့ပိုးရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ လက်ရှိ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် ရောက်ရှိနေသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ တပ်မတော်(ကြည်း၊ရေ၊လေ) ပူးတွဲ ဦးစီးချုပ်နှင့် အိန္ဒိယ ရေတပ်ဦးစီးချုပ် Admiral Nirmal Verma (PVSM, AVSM, ADC) ၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတနိုင်ငံသို့ သြဂုတ်လ ၁ ရက်နေ့က မွန်းလွဲပိုင်းတွင် မြန်မာ့တပ်မတော် အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။

မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိကြီးများ၊ တာဝန်ရှိသူများနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Colonal Rajesh Kumar တို့ လိုက်ပါသွားသည်။

By Eleven Media Group














၂၀၁၀ ပြည့်နှစ် သင်္ကြန်ကာလအတွင်း X20 မဏ္ဍပ် ဗုံးခွဲမှုမှုဖြင့် စွပ်စွဲ ခံရပြီးနောက် သေဒဏ် ချမှတ်ခံရပြီး ယနေ့ မွန်းလွဲပိုင်းတွင် ပြန်လည်လွတ်မြောက်လာသူ ကိုဖြိုးဝေအောင်ကို အင်းစိန်ဆေးရုံ အမျိုးသားဖျားနာဆောင်မှ အထူးအခပေးအခန်းသို့ ပို့ဆောင်စဉ်

လက်ရှိအချိန်တွင် အသည်းကင်ဆာဝေဒနာခံစားနေရပြီး ကိုယ်အောက်ပိုင်းသေနေသည့် ကိုဖြိုးဝေအောင်ကို ယနေ့တွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ကိုဖြိုးဝေအောင်၏ ဇနီးဖြစ်သူ မဌေးဌေးကပြောပါသည်။

By Eleven Media Group














''မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီစာစောင်အပိတ်ခံရ၊
အာမခံကြေးငွေ ကျပ်ငါးသိန်း နိုင်ငံတော်ဘဏ္ဍာငွေ အဖြစ်သိမ်းဆည်း''

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ မှ ပါတီဝင်များ၊ပြည်သူများ ၊ပြည်တွင်းပြည်ပမီဒီယာများသိစေရန် အသိပေး သတင်းထုတ်ပြန်ခြင်း
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ ထုတ်ဝေလျှက်ရှိသော
ဒိုင်ဗားစတီး စာစဥိ အမှတ်(၁၉) ၂၅.၇.၂၀၁၂ ရက်နေ့ထုတ်
အား ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ၊ ပြန်ကြားရေးဝ
န်ကြီးဌာန၊
ပုံနှိပ်သူများ၊ထုတ်ဝေသူများ မှတ်ပုံတင်နှင့်စာပေစိစစ်ဖြန့်
ချိရေး လုပ်ငန်းကြီးကြပ်မှုဗဟိုအဖွဲ့ အမိန့်အမှတ် (၁/၂၀၁၂)ဖြင့်
အရေးယူကြောင်း၊အပိုဒ်(၄)ပိုဒ် ပါရှိပြီး အပိုဒ်(၂)ပါန/သ
၀၆၈ ဖြငိ့ ပုံနှိပ်ထုတ်ဝေသော၂၀၁၂ ခုနှစ်၊ဇူလိုင်လ (၂၅)ရက်နေ့ထုတ်
ဒိုင်ဗားစတီး(Diversity)စာစဉ် (၁၉)တွင် နိုင်ငံရေးပါတီနှင့်
သက်ဆိုင်ခြင်းမရှိသော အကြောင်းအရာများကို
ရေးသားထည့်သွင်းဖော်ပြခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည် အချက်နှင့်ညွှန်ကြားချက်(၄၂) ပါစည်းကမ်းချက်များကိုချိုးဖောက်သဖြင့် အာမခံကြေးငွေကျပ်ငါးသိန်း(၅၀၀၀၀၀/ိ)အား နိုင်ငံတော်ဘဏ္ဍာငွေ
အဖြစ်သိမ်းဆည်းလိုက်သည် ဟုဖော်ပြထားပါသည်။ အာမခံငွေအားသိမ်း ဆည်းခံရသဖြင့် ပါတီမှစာစဉ်ဆက်လက်ထုတ်ဝေနိုင်ရန်အတွက်
ငွေလိုအပ်သွားပါသည်၊သို့ပါသဖြင့်စာစဉ်များဆက် လက်ထုတ်ဝေနိုင်ရေး အတွက် ပါတီမှထိုငွေကြေးရရှိရန်ကြိုးစားသွားမည်ဖြစ်ပြီး နိုင်ငံရေး အရ လက်ရှိပါတီမှဆောင်ရွက်နေသောကိစ္စရပ်များကိုလည်းဆက်ထက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်ဒီမိုကရေစီနည်းလမ်းကျကျနိုင်ငံသားများနှငိ့အတူဆက်လက်ပြီးဥပဒေများထွက်ပေါ်လာရေးအတွက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကြေညာအပ်ပါသည်။

ပါတီ၏လွှဲအပ်ချက်အရ

ဦးတင်မောင်အေး
အထွေထွေအတွင်းရေးမှူး
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ

By Popular Myanmar News Journal