Friday 3 August 2012

၁၉၉၀ရွေးကောက်ပွဲအနိုင်ရတိုင်းရင်းသားပါတီတွေနဲ့ သမ္မတ ပထမဆုံးအကြိမ်တွေ့မည်

သမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံဆွေးနွေးဖို့အတွက် ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေဟာ မနက်ဖြန်မှာ ပျဉ်းမနားနေပြည်တော်ကို အရောက်သွားရမယ်လို့ စုံစမ်းသိရှိရပါတယ်။

အခုလိုတွေ့ဆုံတာဟာ ပထမဆုံးအကြိမ်ဖြစ်သလို ဦးသိန်းစိန်အစိုးရ အနေနဲ့ လူထုနဲ့ပိုမိုချဉ်းကပ်လာတာတွေ့ရတယ်လို့ ရှမ်းအမျိုးသားများ ဒီမိုကရေစီ ပါတီရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ဆိုပါတယ်။ 


ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားနယ်စပ်ဒေသတွေက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိုးရိမ်ဖွယ်အခြေအနေတွေကို တင်ပြမယ်လို့ ဦးစိုင်းလိတ်ကပြောပါတယ်။

သမ္မတနဲ့တွေ့ဆုံမယ့် ၁၉၉၀ရွေးကောက်ပွဲ အနိုင်ရပါတီတွေကတော့ ရခိုင်အမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီတို့ဖြစ်ပါတယ်။

အလားတူ ၂၀၁၀ပြည့်နှစ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့နိုင်ငံရေး ပါတီ ၁၀ ပါတီရဲ့ကိုယ်စားလှယ်တွေနဲ့လည်း သမ္မတဦးသိန်းစိန် ကတွေ့ဆုံမှာဖြစ်ပါတယ်။

ဒါဟာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနဲ့ ပြီးခဲ့တဲ့သီတင်းပတ်တွေ က ရန်ကုန်မြို့မှာ တိုင်းရင်းသားနဲ့နိုင်ငံရေးပါတီ (၁၄) ခုတွေ့ဆုံဆွေးနွေး အပြီး ရလဒ် နောက်တဆင့်အဖြစ် သမ္မတနဲ့တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။ 





By RFA Burmese

No comments:

Post a Comment