Friday 3 August 2012

Express Checkout ကို MyanPay တွင် ထပ်မံထည့်သွင်း

မန်မာနိုင်ငံ၏ ပထမဦးဆုံးသော အွန်လိုင်းငွေပေးချေမှု စနစ်တစ်ခု ဖြစ်သည့် MyanPay Third Party Online Payment စနစ်တွင် အွန်လိုင်း စီးပွားရေး ဆောင်ရွက်လိုသူများအတွက် လုပ်ဆောင်ချက်အသစ်တစ်ရပ်အဖြစ် "Express Checkout" Button ထပ်မံပါဝင်လာမည် ဖြစ်ကြောင်း Myanmar Soft-Gate Technology ၏ မန်နေးဂျင်း ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးရန်နောင်စိုးက ဆိုသည်။

"Express Checkout" ဆိုသည်မှာ အွန်လိုင်းတွင် မိမိဘာသာ Online Shopping များပြုလုပ်လိုသူများ၊ Online Business ဆောင်ရွက်လိုသူများအနေဖြင့် Shopping Cart လုပ်ဆောင်ချက်ကို မိမိ Website တွင်ပင် သီးခြားဆောင်ရွက်နိုင်ပြီး Payment လုပ်ခါနီးတွင် MyanPay API နှင့် တိုက်ရိုက် ချိတ်ဆက် အသုံးပြုရခြင်း ဖြစ်ကြောင်းသိရသည်။ ငွေပေးချေမှုပြုလုပ်သော Customer များ၏ Payment လုပ်ဆောင်များအား MyanPay Website သို့ redirect လုပ်ရန် မလိုအပ်ဘဲ မိမိ Website တွင်ပင် တိုက်ရိုက်ပြုလုပ်နိုင်ရန် စီစဉ်ထားသော လုပ်ဆောင်ချက်ဖြစ်ကြောင်း သိရသည်။ ထိုသို့ပြုလုပ်နိုင်ရန်အတွက် မိမိ Website တွင် MyanPay API (Application Programming Interface) code အနည်းငယ်ကို ထည့်သွင်းရေးသားရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

"ကျွန်တော်တို့ရဲ့ MyanPay စနစ်မှာ beta version ကတည်းက 'Buy Now' Button, 'Pay Now' Button, 'Donate Button', 'Add to Carts' Button ဆိုပြီး Payment Button ၄ မျိုး developer တွေအတွက် မိတ်ဆက်ပေးခဲ့ပါတယ်။ အခု Myanpay release version မှာ လုပ်ဆောင်ချက်အသစ်ဖြစ်တဲ့ 'Express Checkout' Button ကို ထပ်မံထည့်သွင်းထားတာ ဖြစ်ပါတယ်။ 'Express Checkout' Button ကို developer တွေအနေနဲ့ သူတို့ရဲ့ Website တွေမှာ ရှင်းရှင်းလင်းလင်း လွယ်လွယ်ကူကူသုံးနိုင်အောင် စီစဉ်ထားပါတယ်" ဟု ၎င်းက ပြောကြားသည်။

အဆိုပါ MyanPay အွန်လိုင်းငွေပေးချေမှု စနစ်အား သြဂုတ်လ (၂၀) ရက်နေ့တွင် စတင်မည်ဖြစ်ပြီး စမ်းသပ်အသုံးပြုလိုများအနေဖြင့် www.myanpay-virtualbox.com တွင် သွားရောက် စမ်းသပ် အသုံးပြုနိုင်ကြောင်း သိရသည်။ ယခုလက်ရှိ ထုတ်ဝေပြီးသော 'Buy Now' Button သည် Single-Item များ ရောင်းချခြင်းအတွက် အသုံးပြုရန်ဖြစ်ကြောင်း၊ 'Pay Now' Button သည် လစဉ်ကြေး၊ နှစ်စဉ်ကြေးများ၊ Bill များ၊ ဝန်ဆောင်ခများ ပေးသွင်းခြင်းအတွက် အသုံးပြုရန် ဖြစ်ကြောင်း၊ 'Donate' Button သည် အသင်းအဖွဲ့များသို့ အလှူငွေများ လှူဒါန်းခြင်းဆိုင်ရာ လုပ်ဆောင်ချက်များအတွက် အသုံးပြုရန် ဖြစ်ကြောင်း၊ 'Add to Carts' Button သည် Multi-Item များ ရောင်းချခြင်းအတွက် အသုံးပြုရန်အတွက် ဖြစ်ကြောင်း၊ အခုထပ်မံထည့်သွင်းထားသည့် 'Express Checkout' button သည် developer များအနေဖြင့် မိမိတို့၏ Website တွင်ပင် MyanPay API အား အသုံးပြု၍ လွယ်ကူလျင်မြန်စွာ ငွေလက်ခံနိုင်ရန် စီစဉ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ MyanPay Online Payment System ၏ Website မှာ https://www.myanpay.com.mm/ ဖြစ်ကြောင်း သိရသည်။





By The Voice Weekly

No comments:

Post a Comment