Friday 20 July 2012

၂၀၊၇။၂၀၁၂ ညနေပိုင်းသတင်းတိုများစုစည်းတက်ဆက်မှု

လမ်းဘေးဆီဆိုင်တွေ တရားဝင်ဖြစ်အောင် ကူညီမည် 


စက်သုံးဆီ ရောင်းချနေတဲ့ မြို့နယ်တိုင်းရှိ လက်လုပ်လက်စား ပျံကျရောင်းချနေသူတွေကို တရားဝင် ခွင့်ပြုနိုင်တဲ့ အဆင့်ဖြစ်အောင် တတ်နိုင်သမျှ ဆောင်ရွက်ပေးပါမယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောပါတယ်။ တရားမဝင် စက်သုံးဆီ ပပျောက်အောင် နည်းမျိုးစုံနဲ့ ဆောင်ရွက်ဖို့ရှိနေပါတယ်။ တရားမဝင် ရောင်းချနေသူတွေကို တရားဝင်အောင် တစ်ဖက်က ဆောင်ရွက်ပေးမှာ ဖြစ်သလို စီးပွားရေးလုပ်ငန်းရှင်နဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေ ပါဝင်ကူညီ ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ဒေါက်တာဝင်းမြင့်က ‘လမ်းဘေးမှာ ရောင်းချနေတဲ့ လက်လုပ်လက်စားတွေ လက်မဲ့မဖြစ်ဖို့ အားလုံးပူးပေါင်းပြီး ဆောင်ရွက်စေချင်တယ်’ လို့ ပြောပါတယ်။ တရားဝင် ရောင်းချနေတဲ့ လုပ်ငန်းရှင်ချည်းပဲ သည်လုပ်ငန်းကို လုပ်သွားတာမျိုး မဖြစ်စေပဲ သူတို့နဲ့ စီးပွားရေး ဆက်စပ်နေတဲ့ ပျံကျရောင်းချသူတွေကိုပါ တရားဝင်ဖြစ်နိုင်ဖို့ လက်ကမ်းကြိုဆို ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ မြို့တွင်းမှာ ပျံကျရောင်းဖို့ ဥပဒေအရ ခွင့်ပြုလို့မရဘူး ဆိုရင်လည်း မြို့ပြင်လိုနေရာမျိုးမှာ ရောင်းချမယ့်နေရာ သတ်မှတ်ပေးဖို့ လိုပါတယ်။ နောက်တစ်ချက်က ဆီထည့်တဲ့ ပန့်တွေ ဝယ်ပေးတာ ဒါမှမဟုတ် ရောင်းတဲ့စနစ် ကျင့်သုံးပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် လုပ်ငန်းရှင်တွေရဲ့ စီးပွားရေးလည်း ဖွံ့ဖြိုးလာမှာ ဖြစ်သလို လက်လုပ်လက်စားတွေလည်း အဆင်ပြေလာနိုင်မှာ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။ 


http://www.khitlunge.net.mm/news/news_detail.aspx?info_id=26299








အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ်ကြောင့် ကားဈေးထပ်မံ လျော့ကျနိုင်
ဈေးနှုန်းများ ကျဆင်းလျက်ရှိသော ရန်ကုန်မော်တော်ကား ဈေးကွက်အတွင်း နောက်ပိုင်းကာလများတွင် အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ်တွင် ပါရှိသည့် အခွန်နှုန်းထားအတိုင်း ဝယ်ယူမည်ဆိုပါက ဈေးထပ်မံကျဆင်းနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။ အာဆီယံနိုင်ငံများသာမက ဂျပန်၊ ကိုရီးယား၊ အိန္ဒိယစသော အာဆီယံနှင့် ဆွေးနွေးဖက် နိုင်ငံများတွင်ပါ မိမိဝယ်ယူမည့် ကုမ္ပဏီကို အဆိုပါ သဘောတူစာချုပ် တောင်းယူနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းဆွေးနွေးဖက် နိုင်ငံများ၏ အကောက်ခွန်နှုန်းထား သက်သာခွင့်တွင် အာဆီယံ-တရုတ်အတွက် Form E ၊ အာဆီယံ-ဂျပန် အတွက် AJ Form နှင့် အာဆီယံ-ကိုရီးယားအတွက် AK Form တို့ပါရှိလျှင် သက်ဆိုင်ရာ သဘောတူစာချုပ်များအလိုက် အခွန်လျှော့ချပေးမည်ဖြစ်ကြောင်း သိရသည်။ “နောက်ပိုင်း လျှောက်လွှာတွေနဲ့ လာလျှောက်လို့ အခွန်သက်သာခွင့်ရရင် မော်တော်ယာဉ်ဈေးနှုန်း ထပ်ကျနိုင်သေးတယ်။ အကန့်အသတ် လုပ်ထားတဲ့ ပမာဏက တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာတဲ့အတွက် ဈေးထပ်ကျနိုင်ပါတယ်။ အားလုံးကလည်း အဲဒီအခြေအနေကို မျှော်လင့်ထားကြတယ်။ ဘယ်လောက်ထိ ဈေးကျမယ် ဆိုတာကိုသာ ခန့်မှန်းလို့ မရသေးတာ” ဟု ၄င်းက ပြောသည်။ အကောက်ခွန်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ အာဆီယံနိုင်ငံများမှ ထုတ်လုပ်သော ကားသစ်တင်သွင်းမည်ဆိုလျှင် အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ် ATIGA Form D ပါရှိလာလျှင် အကောက်ခွန် ငါးရာခိုင်နှုန်းသာ ကောက်ခံမည်ဟု ပါရှိသည်။ ထို့ကြောင့် Form D အာဆီယံ ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် ပါရှိရန် လိုအပ်ပြီး မရှိလျှင် မြန်မာ့အကောက်ခွန်နှုန်းထား ၂၀၁၂ ပါ ဇယားအတိုင်း ကောက်ခံမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ 


http://www.khitlunge.net.mm/news/news_detail.aspx?info_id=26303










မြန်မာ့ပထမဆုံး အွန်လိုင်းမှ ဈေးဝယ်ခြင်းကို AGD ဘဏ်မှ စတင်မည်





မြန်မာနိုင်ငံ၏ ပထမဦးဆုံးအဖြစ် အွန်လိုင်းမှ ဈေးဝယ်ယူခြင်းကို အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD Bank) မှ စတင်မည်ဖြစ်ကြောင်း အဆိုပါဘဏ်က ဇူလိုင် ၁၆ ရက်တွင် တရားဝင် ထုတ်ပြန်လိုက်သည်။ အဆိုပါ ဘဏ်တွင် ငွေစာရင်း ဖွင့်လှစ်ထားသူများအနေဖြင့် အွန်လိုင်းမှ ဈေးဝယ်ယူခြင်းကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်နှင့် ရတနာပုံတယ်လီပို့တို့ ပူးပေါင်းကာ အင်တာနက်တွင် ဈေးဝယ်ယူခြင်းကို စမ်းသပ်တည်ဆောက် ရေးဆွဲမှုများ ပြီးစီးပြီဖြစ်ကြောင်း၊ ယင်းနောက် စမ်းသပ်၍ သုံးသပ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့လည်း အဆိုပါ စနစ်ကို ခွင့်ပြုချက် တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။ စမ်းသပ်မှုများ အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကလည်း ၎င်းတို့အား ခွင့်ပြုချက် ပေးလိုက်ကြောင်း၊ ယင်းကြောင့် မကြာတော့သည့် ကာလအတွင်း အများပြည်သူတို့ အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ယူခြင်းကို စတင်နိုင်ပြီ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ 







စိုက်ပျိုးရေးဆိုင်ရာ အများပိုင်ကုမ္ပဏီ မြို့ကြီးသုံးမြို့တွင် အစုရှယ်ယာများ စတင်ရောင်းချသွားမည်

မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက တည်ထောင်ထားသည့် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ အများပိုင်ကုမ္ပဏီ (Myanmar Agribusiness Public Corporation, MACPO) ၏ အစုရှယ်ယာများကို လာမည့်သြဂုတ်လဆန်းတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့တို့တွင် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း ၄င်းကုမ္ပဏီ တည်ထောင်ရာတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ဒါရိုက်တာ ဦးရဲမင်းအောင်က ပြောသည်။ ရှယ်ယာဝယ်ယူလိုသူများအား ရှယ်ယာတစ်စုလျှင် ကျပ်ငွေတစ်သောင်းဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ကျပ်ငွေတစ်ဘီလီယံထက် ပိုမိုဝယ်ယူခွင့် မရှိကြောင်း ၄င်းဒါရိုက်တာက ပြောသည်။ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းတွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ပြီး ဆန်တင်ပို့ရာတွင် ထိပ်တန်းကုမ္ပဏီ ၃ ခုတွင် ရပ်တည်သည့် လုပ်ငန်းရှင်တစ်ဦးက “နိုင်ငံတကာမှာ အများပိုင်ကုမ္ပဏီဆိုတာ Private ကုမ္ပဏီကနေ Public ကုမ္ပဏီဖြစ်လာတာ။ Private ကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေ အောင်မြင်လာရင် လုပ်ငန်းတွေ ကြီးလာရင် သူ့ငွေနဲ့သူ မနိုင်တော့ဘူး။ ဒီတော့ အများပိုင်ကုမ္ပဏီအနေနဲ့ ထူထောင်ပြီး ရှယ်ယာထုတ်ရောင်းတာ။ ရှယ်ယာ ဝယ်တဲ့သူက Private ကုမ္ပဏီမှာ ဘယ်လောက် အောင်မြင်ခဲ့သလဲ၊ သူ့အကျိုးအမြတ်တွေ ဘယ်လောက်ရှိသလဲ၊ တစ်နှစ်စာ တစ်နှစ် ရှင်းတမ်းတွေကို ကြည့်ပြီးတော့မှ စိတ်ဝင်စားပြီး ဒီကုမ္ပဏီကတော့ လုပ်ငန်းကောင်းတယ်၊ အကျိုးအမြတ်တွေ ရှာနိုင်တယ်ဆိုတာ ကြည့်ပြီးမှ ရှယ်ယာထည့်မယ့်သူက ရှယ်ယာဝယ်တာ။ နိုင်ငံတကာမှာ အများပိုင်ကုမ္ပဏီကို ချက်ချင်းထောင်ပြီး ချက်ချင်းထုတ်ရောင်းတယ်ဆိုတာ မရှိပါဘူး။ မြန်မာနိုင်ငံမှာ ပြောင်းပြန်ဖြစ်နေတာ။ အခုမှ ထောင်တယ်၊ အခု ချက်ချင်းရှယ်ယာထုတ်ရောင်းတယ်၊ ဒါလုံးဝ မဖြစ်သင့်ဘူး” ဟု ထောက်ပြပြောကြားသည်။ ၄င်းအများပိုင်ကုမ္ပဏီ တည်ထောင်ခွင့်ကို ယခုနှစ် ဧပြီလအတွင်း သက်ဆိုင်ရာက ခွင့်ပြုခဲ့ပြိး ကုမ္ပဏီမတည် ရင်းနှီးငွေပမာဏသည် ကျပ်ဘီလီယံ တစ်ထောင် ရှိကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 






ရုပ်သံလိုင်းများ လန်ဒန်အိုလံပစ်ပြိုင်ပွဲကို အပြိုင်ပြသမည်

ယခုလနှောင်းပိုင်းတွင် စတင်မည့် လန်ဒန်အိုလံပစ်ပြိုင်ပွဲတွင် နိုင်ငံအသီးသီးမှ အိုလံပစ်လက်ရွေးစင် အားကစားသမားများ အကြိတ်အနယ် အနိုင်မခံ အရှုံးမပေး ယှဉ်ပြိုင်ကြတော့မည် ဖြစ်သကဲ့သို့ မြန်မာပြည်တွင်း ရုပ်သံလိုင်းများကလည်း အိုလံပစ်ပြိုင်ပွဲအား သူ့ထက်ငါအပြိုင် ထုတ်လွှင့်ကြမည်ဖြစ်သည့် အတွက် လန်ဒန်အိုလံပစ် ပြိုင်ပွဲများနှင့် ပတ်သက်၍ ပြိုင်ဆိုင်မှုက ပြည်တွင်း၌လည်း ရှိနေသည်။ ပြည်တွင်းပြည်ပ အားကစားပြိုင်ပွဲများအတွက် ရုပ်သံထုတ်လွှင့်ခွင့်များကို အရယူကာ Sky Net ရုပ်သံလိုင်းသည် မြန်မာပြည်တွင် အားကစားအစီအစဉ်များ ထုတ်လွှင့်ရာ၌ ဦးစီးဦးဆောင် အခန်းကဏ္ဍ၌ ရှိနေသည့် အထင်ကရ ရုပ်သံလိုင်းတစ်ခုဖြစ်သည့် အားလျော်စွာ Sky Net မှ လန်ဒန်အိုလံပစ် ပြိုင်ပွဲအား တိုက်ရိုက်ထုတ်လွှင့်မည်ဟု ပြီးခဲ့သည့် ဇွန်လက မြန်မာပရိသတ်များအား ကြေညာခဲ့သည်။ “တခြားရုပ်သံလိုင်းတွေက ပြမယ်၊ မပြဘူးဆိုတာတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ကမ္ဘာ့အားကစားပွဲကြီးတွေကို ပြသမယ့် တစ်ခုတည်းသော ရုပ်သံလိုင်းအနေနဲ့ ရပ်တည်နိုင်ဖို့ ပြုလုပ်သွားမယ်” ဟု Sky Net မှ အကြီးတန်းအထွေထွေ မန်နေဂျာ ဦးဇော်သက်မောင်က ပြောကြားခဲ့သည်။ သို့သော် Forever Group ကုမ္ပဏီလက်အောက်တွင် ရှိသော 5 Movie ရုပ်သံလိုင်းသည် ဇူလိုင် ၁၀ ရက်ထုတ် ကြေးမုံ သတင်းစာတွင် အိုလံပစ်ပြိုင်ပွဲအား တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည်ဟူသော ခေါင်းစဉ်ဖြင့် ကြော်ငြာထည့်သွင်းခြင်းအားဖြင့် ရုပ်သံပြိုင်ဆိုင်မှုထဲ ဝင်ရောက်လာသည်။ Forever Group ကုမ္ပဏီလက်အောက်ရှိ အခမဲ့ရုပ်သံလိုင်းများဖြစ်သော MRTV-4 နှင့် Channel-7 တို့သည်လည်း လန်ဒန်အိုလံပစ်ပြိုင်ပွဲအား တိုက်ရိုက်သော်လည်းကောင်း၊ ထပ်ဆင့်သော်လည်းကောင်း၊ Highlight ပြသခြင်းဖြင့် သော်လည်းကောင်း ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ 






မြန်မာအင်ဖိုတက်ခ်၌ လွတ်လပ်ပွင့်လင်းစွာ ရှာဖွေရေး ဆွေးနွေးပွဲ ကျင်းပမည် 

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှု စတင်လုပ်ဆောင်ရာ၌ အဓိကကျသော Data (အချက်အလက်)များ၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် ကွန်ပျူတာနှင့် ပတ်သက်သော ICT နည်းပညာကို အသုံးပြုနိုင်ရန် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအဖွဲ့နှင့် အိုင်စီတီ အချက်များကို လွတ်လပ်ပွင့်လင်းစွာ ရှာဖွေရေး ဆွေးနွေးပွဲမှ (Barcamp Yangon) ကို လာမည့် သြဂုတ်၃ ရက်တွင် လှိုင်မြို့နယ်ရှိ မြန်မာအင်ဖိုတက်ခ်၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးနှင့် ပညာရေး စသည်များမှ အိုင်တီနည်းပညာနှင့် ပေါင်းစပ်လုပ်ဆောင်ရန် စိတ်ပါဝင်စားသည့် လူငယ်များကို ဖိတ်ခေါ်ပြီး သြဂုတ် ၃ ရက်မှစပြီး ကဏ္ဍတစ်ခုစီ အတွက် တစ်ရက်စီ ဆွေးနွေးမှု ပြုလုပ်သွားမည် ဖြစ်သည်။ လူငယ်များ၏ စွန့်ဦးတီထွင်သည့် စွမ်းရည်များကို မြင်ချင်ပါကြောင်း၊ နိုင်ငံတကာတွင် ICT နည်းပညာကို အသုံးပြု၍ Data များရှာဖွေခြင်း၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ ကိစ္စများကို ဆောင်ရွက်နေသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်သင့်ကြောင်း၊ အထူးသဖြင့် စွန့်ဦးတီထွင်လိုသည့် လူငယ်များအနေဖြင့် ပါဝင်ဆောင်ရွက်ခြင်းဖြင့် တိုင်းပြည်အတွက် များစွာ အထောက်အကူ ပြုနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။ 






မြန်မာနိုင်ငံ၏ စီးပွားရေး အခွင့်အလမ်းများအကြောင်း မိတ်ဆက်ပြောကြားခြင်းကို ထိုင်းနိုင်ငံ၌ ပြုလုပ်မည်




မြန်မာနိုင်ငံသို့ နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်များ ၀င်ရောက်လာပါက ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်သည့် နယ်ပယ်၊ လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများအကြောင်း မိတ်ဆက်ပြောကြားခြင်းကို ထိုင်းနိုင်ငံ၌ သွားရောက် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ တက်ရောက်ဆွေးနွေးမည့် သူများမှာ စီးပွားရေးအရင်းအမြစ်ဌာန ကော်မတီမှ ဥက္ကဋ္ဌ ဦးဇော်နိုင်၊ အထွေထွေ အတွင်းရေးမှူး ဒေါ်ချိုသီရိ၊ စက်မှုဇုန် စီးပွားရေးပညာရှင် ဦးကောင်းငြိမ်းစိုးနှင့် ရင်နှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေအတိုင်ပင်ခံ ဒေါ်ချိုချိုမြင့်တို့ ဖြစ်သည်။ “မြန်မာနိုင်ငံအကြောင်း ပိုမိုသိစေလိုတဲ့အတွက် မိတ်ဆက်ပြောကြားခြင်းကို ထိုင်းနိုင်ငံမှာ သွားရောက်ပြုလုပ်ဖို့ စီစဉ်ရခြင်း ဖြစ်ပါတယ်။ ပြောမယ်ဆို ကိုယ့်နိုင်ငံကိုယ် ကြော်ငြာတာပေါ့။ ပြည်တွင်းမှာ လာပြီး ရင်းနှီးမြှုပ်နှံချင်တဲ့ နိုင်ငံခြားသားတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ဘယ်လိုစီးပွားရေး အခွင့်အလမ်းတွေ ရှိတယ်ဆိုတဲ့အကြောင်း သိစေချင်တဲ့အတွက် ဒီအကြောင်းအရာကို အဓိက မိတ်ဆက်ပြောကြားသွားမှာ ဖြစ်ပါတယ်” ဟု ဦးဇော်နိုင်က သွားရောက် ပြုလုပ်မည့် ဆွေးနွေးပွဲနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ Asia Knowledge Institute (AKI) ၌ ဇူလိုင် ၂၃ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ကြောင်းနှင့် မြန်မာနိုင်ငံမှ တက်ရောက်လိုသူများ အနေဖြင့်လည်း MBE သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း၊ ဆွေးနွေးပွဲနှင့် ပတ်သက်၍ www.akiedu.org သို့ ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။







နိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာများ တိုးချဲ့ဖွင့်လှစ် 

မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားဧည့်သည်များ နိုင်ငံခြားငွေ လွတ်လပ်စွာ လဲလှယ်ရောင်းဝယ်နိုင်စေရန် နိုင်ငံခြား ငွေလဲလှယ်ရေး ကောင်တာများကို မန္တလေးမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ၊ သမဝါယမဘဏ်ခွဲ (၁၊၂၊၃)၊ မြဝတီဘဏ်ခွဲ၊ မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်ခွဲ၊ ဧရာဝတီဘဏ်ခွဲ၊ ယူနိုက်တက် အမရဘဏ်ခွဲ၊ မြန်မာအရှေ့တိုင်းဘဏ်၊ အင်းဝဘဏ်၊ ပထမပုဂ္ဂလိက ဘဏ်ခွဲနှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ဖွင့်လှစ်ထားသည်။ နိုင်ငံခြားငွေများ လဲလှယ်ရောင်းဝယ်ရာတွင် အဆင်ပြေလွယ်ကူစေရန် မန္တလေးမြို့၌ နိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာများ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ရာ နိုင်ငံခြားငွေ လဲလှယ် ရောင်းဝယ်လိုသူများ အနေဖြင့် သတ်မှတ်နေရာများတွင်သာ လဲလှယ်ရောင်းဝယ်မှု ပြုကြရန်နှင့် တရားမဝင် ရောင်းဝယ်သူများအား တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။ 






ဗန်းမော်-ကသာသွား ရှပ်ပြေးရေယာဉ်တစ်စင်း တာပိန်မြစ်အတွင်း ယနေ့ နံနက်ပိုင်းတွင် တိမ်းမှောက်မှုဖြစ်ပွား

ဇူလိုင်လ ၂၀ရက်နေ့ နံနက် ၉နာရီဝန်းကျင်ခန့်က ဗန်းမော်မှ ကသာသို့ စုန်ဆင်းလာသော ရှပ်ပြေးရေယာဉ်တစ်စင်းသည် တာပိန်မြစ်အတွင်း တိမ်းမှောက် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

ဗန်းမော်မြို့၊ မြို့မရပ်ကွက် ဆိပ်ကမ်းမှ စတင်ထွက်ခွာလာသော ချမ်းမြေ့အောင် ရှပ်ပြေးရေယာဉ်သည် ဆိပ်ကမ်းမှ နံနက် ၉ နာရီခန့် စတင်ထွက်ခွာချိန်...တွင် ရေကြောင်းအကွေ့၌ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ယင်းရေယာဉ်ပေါ်တွင် ခရီးသည် ငါးဆယ်ကျော်ခန့် လိုက်ပါလာခဲ့ပြီး နံနက် ၁၁နာရီ ၀န်းကျင်ခန့်တွင် လူ ၂၀ ခန့်ကို ကယ်ဆယ်ထားကြောင်းနှင့် အသက် ၁၆ နှစ် အရွယ်ခန့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

"အခုချိန်ထိတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေရတာကြောင့် ဖြစ်ပွားပုံ အခြေအနေကို တိတိကျကျ ပြောရခက်ပါသေးတယ်။ ဘယ်အချိန်ထိ ဆက်လက် လုပ်ဆောင်ရမယ်ဆိုတာကိုလည်း မသိနိုင်သေးပါဘူး။ လောလောဆယ်တော့ တစ်ယောက်သေဆုံးတယ်လို့ သိရတယ်" ဟု ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဗန်းမော်မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ နံနက် ၁၁ နာရီ ခန့်က ပြောကြားခဲ့ပါသည်။Ref:EMG
By News of Myanmar





အမြို့မြို့အနယ်နယ် အခွန်ဆိုင်ရာ ရှင်းလင်းဟောပြောပွဲများ

သရက်မြို့

မကွေးတိုင်းဒေသကြီး သရက်မြို့နယ် အခွန်ဦးစီးဌာနရုံး၏ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား အခွန်ပညာပေးရှင်းလင်း ပွဲကို ဇူလိုင် ၁၇ ရက် မွန်းလွဲ ၂ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စိန်ရတုခန်းမ၌ကျင်းပရာ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးဇော်မြင့်ဦးက အခွန်ဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဟောပြောရှင်းလင်းပွဲသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေး၊ ကျောင်းအုပ်ဆရာကြီး ဦးမြင့်ကြည်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၅ဝဝ ကျော်တက်ရောက်ခဲ့သည်။Ref:မြ၀တီ
By News of Myanmar





ကချင်နှင့် ရှမ်းမြောက်ရှိ စစ်ဘေးဒုက္ခသည်များအား အမေရိကန်မှ ခြောက်လစာ ဆန်ထောက်ပံ့မည်။
ရန်ကုန်၊ဇူလိုင်-20
အမေရိကန်အစိုးရမှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အစိုးရထိန်းချုပ်နယ်မြေနှင့် အစိုးရထိန်းချုပ်နယ်မြေမဟုတ်သည့် ဒေသများမှ စစ်ဘေးဒုက္ခသည် ငါးသောင်းငါးထောင်အတွက် ခြောက်လစာ ဆန် မတ်ထရစ်တန် သုံး
သောင်းလေးထောင်အား ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP မှတဆင့် လှူဒါန်းမည်ဖြစ်ကြောင့် မြန်မာနိုင်ငံဆိုင်ရာ အ...မေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်ကယနေ့ပြောကြားသည်။
နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း သံအမတ်အဆင့် ဆက်ဆံရေးမရှိခဲ့သည့် အမေရိကန်နှင့် မြန်မာနိုင်ငံအကြားတွင် ပထမဆုံး သံအမတ်အဖြစ်ပြန်လည်ခန့်အပ်ခြင်း ခံရသည့် မစ္စတာ ဒဲရစ်မစ်ချယ်သည် သူ၏ မြန်မာနိုင်ငံဆိုင်ရာသံအမတ်
သက်တမ်း ၁၀ ရက်အတွင်း ပထမဆုံးအကြိမ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားသွားခြင်းဖြစ်သည်။
သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ၊သမ္မတနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ ကမ္ဘောဒီးယားတွင် တွေ့ဆုံမှုများနှင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းများအ
ကြောင်းလည်း ပြောကြားသွားသည်။
By 7Day News Journal





ယနေ့ နံနက်၉နာရီ အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ ဗိုလ်ချုပ်အောင်ဆန်း နေရာတွင် သရုပ်ဆောင်ရန် ပဏာမ ၇ဦး နှင့် ဒေါ်ခင် ကြည် နေရာတွင် သရုပ်ဆောင်ရန် ၄ဦးတို့ အား ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော် မတီ နှင့်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လူတွေ့ စစ်ဆေးခဲ့ကြောင်းသိရသည်။
By Popular Myanmar News Journal





အမေရိကန် အနေဖြင့် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှပ်နှံမှုများ တိုးတက်လုပ်ဆောင်သည်နှင့်အမျှ ဖွံဖြိုးရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို တိုးမြှင့်ပေးအပ်သွားမည်ဟု အမေရိကန်သံအမတ် Mr. Derek J.Mitchell ကယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပ...ွဲတွင် ပြောသည်။
" ကျွန်တော်တို့ အနေနဲ့ ယုံကြည်တာက ဒီတာဝန်သိတတ်မှုရှိတဲ့ ရင်းနှီးမြှပ်နှံမှုတွေဟာ ကာလရှည်ကြာစွာ စီးပွားရေး အကျိုးအမြတ်တွေကို နှစ်နိုင်ငံပြည်သူတွေအတွက် ဖြစ်စေမှာပါ"ဟု ၎င်းကဆိုသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ နေရပ်ရှောင် စစ်ဘေးဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာသုံးသန်းတန်ဖိုးရှိသော စားနပ်ရိက္ခာများကိုUSAIDမှတဆင့် WFP၏အစီအစဉ်ဖြင့် အကူအညီပေးအပ်သွားမည်ဟု ပြောသည်။ ၃၄၀၀ မက်ထရစ်တန်ချိန်ရှိသော ဆန်တန်ချိန်များကို ၀ယ်ယူ၍ ၅၅၀၀၀ ရှိသော လူဦးရေအတွက် ၆လစာခန့်ရနိုင်မည်ဟု ခန့်မှန်းထားကြောင်း ၎င်းကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် စက်တင်ဘာလတွင် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်မည်ဖြစ်ရာ သမ္မတအိုဘားမားနှင့် တွေ့ ဆုံဖြစ်၊ မဖြစ်ကို ၎င်းအနေဖြင့်သေချာစွာ မပြောနိုင်ဟု အမေရိကန်သံအမတ် Mr. Derek J.Mitchellက ပြောသည်။
" ကျွန်တော်အနေနဲ့ သမ္မတအိုဘားမားရဲ့ schedule ကို သေချာမသိတဲ့အတွက် မပြောနိုင်ပါဘူး"ဟု ပြောသည်။
သို့သော်၎င်းအနေဖြင့် သေချာပြောနိုင်သည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် နာမ်မည်ကျော် Hero တစ်ဦးဖြစ်သည့်အလျှောက် သူမအနေဖြင့်လိမ္မာပါးနပ်စွာဖြင့်ချိတ်ဆက်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။
By Messenger News Journal





တင်သွင်းလာသည့် ကားအသစ်များ ပရီမီယံကြေး ထားရှိရမည်
ရန်ကုန်၊ဇူလိုင်-၂၀
တင်သွင်းလာသည့် ကားအသစ်များအား အလုံးစုံအာမခံ ပရီမီယံကြေး အနိမ့်ဆုံး ကျပ်သိန်း ၁၀၀ မှ ၂၀၀ အထိထားရှိရတော့မည်ဖြစ်ပြီး ယင်းကဲ့သို့ အာမခံထားရှိသည့် ကားများ ယဉ်တိုက်မှုဖြစ်ပါက အာမခံကြေးကို အချိန်နှင့် တပြေးညီ
ပေးလျော်သွားမည်ဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ၀ဘ်ဆိုဒ်သတင်းတွင် ဖော်ပြထားသည်။
ပရီမီယံကြေး ထားရှိရမည့် မော်တော်ကားများသည် ကာလတန်ဖိ...ုးအပေါ်မူတည်ပြီး ထားရှိရမည်ဖြစ်ပြီး ကာလတန်ဖိုး ကျပ် သိန်း ၃၀၀ တန်ကားဖြစ်ပါက အလုံးစုံအာမခံကြေး သိန်း ၁၀၀ ထားရှိရမည်ဖြစ်ပြီး နှစ်စဉ်ကြေးမှာ တစ်နှစ်လျင် ကျပ်
ခုနှစ်သောင်းငါးထောင် သို့မဟုတ် ရှစ်သောင်းငါးထောင်ပေးသွင်းရမည်ဖြစ်ပြီး ယဉ်တိုက်မှုဖြစ်ပါက အလုံးစုံပြင်ဆင်စရိတ်ထုတ်ပေးမည်ဖြစ်သည်။ယင်းနှစ်စဉ်ကြေးမှာ ကိုယ်ပိုင်ယဉ်များအတွက်ဖြစ်ပြီးအငှားယဉ်များအတွက် နှစ်စဉ်ကြေးမှာ
တစ်နှစ်ကျပ် တစ်သိန်းခြောက်သောင်းကုန်ကျမည်ဖြစ်ကြောင်း သိရသည်။See More
By 7Day News Journal





ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် တွေအတွက် အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၃သန်း
ပေးအပ်မယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ဒီကနေ့ ကြေညာလိုက်ပါတယ်။

ဒီ ထောက်ပံ့ငွေ ၃သိန်းကို USAID ခေါ် အမေရိကန် အစိုးရ နိုင်ငံတကာ အကူအညီပေးရေး ဌာနကတဆင့် ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဒီထောက်ပံ့ငွေတွေနဲ့ WFP ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ကနေ ဆန်တန်ချိန် ၃ ထောင့် ၄ ရာ ဝယ်ယူပြီး ဒုက္ခသည် ၅ သောင်း ၅ ထောင် အတွက် ၆ လစာ အကူအညီ ပေးသွားမယ်လို့ အမေရိကန် သံအမတ်ကြီးက ဆိုပါတယ်။

အမေရိကန် အစိုးရဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ရခိုင်ဒေသက ဒုက္ခသည်တွေအတွက် အမေရိကန် ဒေါ်လာ ၃ သန်း ကူညီထောက်ပံ့ခဲ့ ပြီး အခုတကြိမ်ဟာ ဒုတိယအကြိမ် ထောက်ပံ့တာ ဖြစ်ပါတယ်။
By RFA Burmese






စစ်တွေမြို့က ဘုန်းတော်ကြီးကျောင်း တချို့မှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည် စခန်းတွေမှာ ရောက်ရှိနေတဲ့ ရခိုင် တိုင်းရင်းသား ဒုက္ခသည်တွေကို သီးသန့် ထားရှိဖို့အတွက် နေအိမ် တန်းလျားတွေ ဆောက်လုပ်ပေးနေပြီ ဖြစ်ပါတယ်။

တန်းလျား တခုစီမှာ အိမ်ထောင်စု ၅ စုစီ နေထိုင်နိုင်မှာ ဖြစ်ပြီး ရေတွင်းနဲ့ အိမ်သာတွေကိုပါ တပါတည်း ဆောက်လုပ်နေတာပါ။

ဒီတန်းလျားတွေကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တာဝန်ယူ
ဆောက်လုပ်ပေးနေတာ ဖြစ်ပြီး စစ်တွေမြို့၊ နပူခံ ရပ်ကွက်က ဒုံးတိုက်ကွင်း၊
ရေတပ်အနီးနဲ့ မင်းဂံရပ်ကွက်က ဝေသာလီ အားကစားကွင်းအနီးမှာ
ဆောက်လုပ်ပေးနေတာပါ။

ဒုက္ခသည်တွေဟာ ဘုန်းတော်ကြီး ကျောင်းတွေကို အဓိက မှီခိုနေထိုင်နေကြပြီး ၊မကြာခင် ဝါတွင်းကာလ ရောက်ရှိတော့မှာ
ဖြစ်တဲ့အတွက် ပြည်နယ်အစိုးရက ဒုက္ခသည် သီးခြားထားရှိ ပေးဖို့ အခုလို ဆောက်လုပ်ပေးနေတာ ဖြစ်တယ်လို့ အစိုးရ အရာရှိတဦးက
ပြောပါတယ်။
By RFA Burmese





သမ္မတဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်မှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်အောင် ထိုင်းအစိုးရ အနေနဲ့ တိုက်တွန်းဖို့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် HRW (ခေါ်) လူ့အခွင့်အရေး စောင့်ကြည့်လေ့လာတဲ့ အဖွဲ့က ထိုင်းဝန်ကြီးချုပ် မစ္စ် ယင်လပ်ကို တိုက်တွန်း လိုက်ပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာ့ နိုင်ငံရေး ပြောင်းလဲမှုမှာ ပါဝင်ကူညီဖို့၊ အထူးသဖြင့်
မြန်မာနိုင်ငံမှာ လူ့ အခွင့်အရေး အခြေအနေ တိုးတက်လာအောင် ဝိုင်းဝန်းဆောင်ရွက်ဖို့ ထပ်ခါတလဲ ကတိပေးထားကြောင်း၊ ပြီးခဲ့တဲ့ တနှစ်တာအတွင်း မြန်မာနိုင်ငံမှာ တိုးတက် ပြောင်းလဲမှုတချို့ ရှိခဲ့ပေမယ့် လူ့ အခွင့်အရေး အခြေအနေ တေ ဆက်လက် ဆိုးဝါးနေဆဲဖြစ်ကြောင်း HRW အဖွဲ့က ပြောပါတယ်။

အထူးသဖြင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတွေမှာ မြန်မာ့
တပ်မတော်က ဒေသခံ တိုင်းရင်းသားတွေကို သတ်ဖြတ်တာ၊ နှိပ်စက်
ညှဉ်းပန်းတာ၊ အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်တာတွေ ဆက်ဖြစ်နေ
တုန်းပဲလို့ ဆိုပါတယ်။

ဒါကြောင့် ဝန်ကြီးချုပ် ယင်လပ် အစိုးရအနေနဲ့ သမ္မတဦးသိန်းစိန်ကို လူ့အခွင့်အရေး ဆိုင်ရာ အချက် ၄ ချက် ဆောင်ရွက်အောင် တိုက်တွန်း
သင့်တယ်လို့ HRW အဖွဲ့က ပြောပါတယ်။

အဲဒီအချက်တွေ ကတော့ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ လွှတ်ပေးဖို့၊ တိုင်းရင်းသား ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရပ်တန့်ပြီး စုံစမ်းစစ်ဆေး အရေးယူဖို့၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံချိန်စံညွှန်း တွေနဲ့ ကိုက်ညီတဲ့ စည်းမျဉ်းဥပဒေတွေ ချမှတ် ဆောင်ရွက်ဖို့နဲ့ ILO အဖွဲ့နဲ့ သဘော တူညီချက်အတိုင်း အဓမ္မ လုပ်အားပေး ခိုင်းစေတာတွေ ရပ်ပြီး အလုပ်သမား အခွင့်အရေး ဖော်ဆောင်ပေးဖို့ ဆိုတဲ့အချက်တွေ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ သဘက်ခါ ဇူလိုင်လ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့ အထိ ထိုင်းနိုင်ငံကို သွားဖို့ စီစဉ်ထားပါတယ်။
By RFA Burmese





မန်မာနိုင်ငံမှာ "အရေးပေါ်အခြေအနေ ကြေညာခြင်း" ဆိုတာ တရားဝင် လူ့ အခွင့်အရေး ချိုးဖောက်ခွင့် ပေးတာမျိုး မဖြစ်သင့်ဘူးလို့ Amnesty International ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က ပြောလိုက်ပါတယ်။

ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ AI အဖွဲ့ရဲ့ ကြေညာချက်မှာ မြန်မာ့အရေး
သုတေသီ ဘန်ဂျမင် ဇဝါကီ (Benjamin Zawacki) က အခုလို
ပြောလိုက်တာပါ။

လူမျိုးမရွေး ဘာသာမရွေး၊ တဖက်နဲ့တဖက် လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိနေပြီဆိုရင် လူ့ အခွင့်အရေး ကို လေးစားလိုက်နာတဲ့ အနေနဲ့ ဘယ်သူ့ကိုမဆို ကာကွယ်ပေးရမှာဟာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ တာဝန်ဖြစ်တယ် လို့ ဆိုပါတယ်။

မြန်မာအစိုးရဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဇွန်လ ၁ဝ ရက် နေ့ ကတည်းက အရေးပေါ်အခြေအနေ ကြေညာထားတာပါ။ အဲဒီကာလ မတိုင်ခင် ကတည်းကလည်း နစခ ခေါ် နယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီရိုဟင်ဂျာ အများစု ရှိတဲ့ ဒေသတွေမှာ အစုလိုက် အပြုံလိုက် နှိပ်စက် ဖမ်းဆီးတာတွေ ရှိခဲ့တယ်လို့ AI အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ဆောင်ရွက်တဲ့အခါမှာ လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့ ဟာလည်း လိုအပ်ချက်တခု ဖြစ်တယ်လို့ မစ္စတာ ဇဝါကီ က ပြောပါတယ်။
By RFA Burmese





NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တွင်း
ဆောင်ရွက်နေကြတဲ့ အခြေအနေ/ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာရှင်းပြဆွေးနွေးခဲ့ကြောင်း
သိရပါတယ်။

NLD ရုံးချုပ်မှာ ကျင်းပတဲ့ အဲဒီအစည်းဝေးမှာ NLD ပါတီတွင်း ရွေးချယ်
တင်မြှောက်ရေးညီလာခံကျင်းပဖို့ ပြင်ဆင်နေတဲ့နောက်ဆုံး အခြေအနေတွေ ကိုလဲဆွေးနွေးကြကြောင်း ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က
ပြောပါတယ်။

ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့လယ်က ခရစ်ယာန် အသင်းချုပ် ဘုရားကျောင်းတခုမှာ လူငယ်တွေနဲ့ တွေ့ဆုံဟောပြောကြောင်း
သိရပါတယ်။
By RFA Burmese





မန်မာ့ အပြောင်းအလဲအတွက် Quality က Speed ထက်ပိုအရေးကြီးကြောင်း ဒဲရစ်မစ်ချယ်ပြောကြား

ဇော်ထိုက် (Yangon Media Group)

မြန်မာ နိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲ လုပ်ငန်းစဉ်များကိုဆောင်ရွက်ရာတွင် speed(လျှင်မြန်ခြင်း) ထက် quality (အရည်အသွေး)ကို ပို၍ အရေးကြီး ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် မကြာမီက ခန့်အပ်ခြင်းခံထားရသော မစ္စတာ ဒဲရစ်မစ်ချယ် ကပြောကြား လိုက်သည်။

ယင်းနှင့် စပ်လျဉ်း၍ ယနေ့ (ဇူလိုင်၂၀)တွင် အမေရိကန်သံရုံး၌ ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

"ကျွန်တော်ကတော့ လုပ်စရာ အလုပ်တွေထက် အချိန်အတိုင်းအတာ ကန့်သတ်ချက်တွေတော့ မထားလိုပါဘူး ပြောချင်တာ ကတော့ အစိုးရအတွက် speed က အဓိကမဟုတ်ပါဘူး quality ကအဓိကဖြစ်ပါတယ် တစ်ခါ တရံမှာ မြန်လွန်းတာကလည်း ရန်သူလို အန္တရယ်ပေးတတ်ပါတယ် ကျွန်တော်တို့ အနေနဲ့ကတော့ အပြောင်းအလဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး သိသာတဲ့ အရာတွေ ကို သေသေချာချာဖြစ်စေချင်ပါတယ် ၊ ကျွန်တော်တို့အနေနဲ့ လုပ်ဖို့လိုအပ်တဲ့အရာတွေကို လုပ်နေ ပါတယ် " ဟု ယင်းကပြောကြားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့တက်ရောက်လာသည့် သတင်းမီဒီယာတစ်ခုက မစ္စတာဒဲရစ်မစ်ချယ် အနေဖြင့်နှစ်၂၀အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဖြစ်လာရာ မြန် မာနိုင်ငံနှစ်စပ်လျဉ်းပြီး မည်သည့်လုပ်ငန်း ကိုကနဦး ဦးစားပေးအဖြစ်ဆောင် ရွက်မည်နည်းဟုမေးမြန်းရာတွင် သံအမတ်ကြီးကထိုကဲ့သို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
By Yangon Media Group






အလုပ်သမား သမဂ္ဂ ခေါင်းဆောင်များ အလုပ်ထုတ်ခံရမှု သက်ဆိုင်ရာသို့ တင်ပြမည်


မြန်မာနိုင်ငံတွင်းရှိ စက်ရုံ အလုပ်ရုံများတွင် အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခွင့်ပေးရေး တောင်းဆိုသည့်
အလုပ်သမား ခေါင်းဆောင်များ အလုပ်မှ ထုတ်ပယ်ခြင်း ခံနေရသည့် ကိစ္စနှင့် ပတ်သက်၍ အလုပ်သမား ၀န်ကြီးဌာန အလုပ်သမားခုံ သမာဓိရုံးနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများသို့ တင်ပြသွားရန်ရှိကြောင်း နိုင်ငံတကာ အလုပ်သမား အဖွဲ့
(ILO) မှ နည်းပညာ ဆိုင်ရာအကြံပေး အရာရှိ ရော့ခ် ၀ီလ်စင်က ပြောသည်။
ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရသည့် ဆန္ဒပြနေသော တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများ(ဓာတ်ပုံ – ဧရာဝတီ)
ယင်းသို့ အလုပ်သမား ခေါင်းဆောင်များ အလုပ်မှ ထုတ်ပယ် ခံနေရခြင်းသည် မကြာမီက ထုတ်ပြန်ထားသည့်
အလုပ်သမား အခြေခံဥပဒေ၏ အကျိုးသက်ရောက်မှု အားနည်းနေသောကြောင့် ဖြစ်ကြောင်း၊ ထို့အပြင် လူထု သိရှိမှု နည်းနေပြီး ဥပဒေပါ အချက်အလက်များတွင် အလုပ်သမားများ အပေါ် ကာကွယ် တာဝန်ယူနိုင်သည့် အချက်အလက်များ နည်းပါးနေခြင်းကြောင့် ဖြစ်ကြောင်း၊ အလုပ်သမား ခေါင်းဆောင်များ ထုတ်ပယ် ခံနေရခြင်းကို သက်ဆိုင်ရာ ဌာနများက
စုပေါင်း တားဆီးရန် လိုအပ်ကြောင်း ၎င်းက ယမန်နေ့ ရန်ကုန်တွင် ပထမဆုံးအကြိမ် ကျင်းပသည့် ILO အလုပ်ရုံ ဆွေးနွေးးပွဲတွင် ပြောဆိုလိုက်သည်။
“အလုပ်သမား ခေါင်းဆောင်တွေ အလုပ်ထုတ် ခံနေရတဲ့အပေါ် အလုပ်သမား ၀န်ကြီးဌာနက အလုပ်ရှင်တွေကို သတိပေးတာ၊ သတင်းအချက်အလက် ထုတ်ပြန်တာတွေ လုပ်ပေးသင့်တယ်။ အလုပ်သမား၊ အလုပ်ရှင်နဲ့ သက်ဆိုင်ရာ ဌာနများကလည်း ဥပဒေ ပြဌာန်းချက်တွေကို အတိအကျ လိုက်နာသင့်တယ်” ဟု သူက ဆိုသည်။
အလုပ်သမားအဖွဲ့အစည်းများ၊ အလုပ်ရှင် အဖွဲ့အစည်းများနှင့် ဌာနများမှ ခုံသမာဓိ အဖွဲ့ဝင်များ၊ဥပဒေ ရေးရာ သက်ဆိုင်သူ များကို ILO က တာဝန်ယူကာ အဖွဲ့အစည်း တခုချင်းစီ သော်လည်းကောင်း၊ စုပေါင်း၍သော် လည်းကောင်း ပြီးပြည့်စုံမှု ရှိသည့် အလုပ်သမား၊ အလုပ်ရှင်နှင့် ပတ်သက်သည့် ဥပဒေရေးရာ သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ပို့ချ သွားရန် ရှိကြောင်း သိရသည်။
ဥပဒေ ပြဌာန်းချက်နှင့် မညီဘဲ အလုပ်သမား ခေါင်းဆောင်များကို အလုပ်မှ ထုတ်ပယ်ခြင်းသည် အလုပ်သမား ဥပဒေနှင့်
အကျုံးမ၀င်ကြောင်း၊ ထို့ကြောင့် ဥပဒေ အသက်ဝင်စေရေးအတွက် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလုပ်သမား ခုံသမာဓိ အဖွဲ့များအနေဖြင့် လုပ်သားရေးရာ ကိစ္စများ ဆုံးဖြတ်ရာတွင် တရားမျှတမှုမရှိဘဲ ဘက်လိုက်မှုများ ရှိနေမည်ကို အလုပ်သမား များက စိုးရိမ်လျက်ရှိသည်ဟု အလုပ်သမား သမဂ္ဂ ခေါင်းဆောင်တဦးဖြစ်သည့် ဦးဇော်ညွန့်က ပြောသည်။
“ဥပဒေပိုင်း ဆိုင်ရာတွေကို ပြန်ညှိဖို့တော့ လိုအပ်နေပြီ။ အလုပ်ရှင်တွေက အလုပ်သမား ခေါင်းဆောင်တွေကို ပြစ်မှု မကျူးလွန်ဘဲ ဖြုတ်ပစ်တာတွေပါ ရှိလာတယ်” ဟု သူက ဆိုသည်။
ဖြစ်ရပ်တခုအနေဖြင့် စံကောင်း ကမ္ဘာကျော် စက်ရုံတွင် အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းခဲ့ရာ ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သော လုပ်သား ကိုယ်စားလှယ် ၁၂ ဦးအား ပြစ်မှုကျူးလွန်ခြင်း မရှိဘဲ အလုပ်မှ ထုတ်ခဲ့ကြောင်း သိရသည်။
စက်ရုံ အလုပ်ရုံများတွင် အလုပ်သမား ဆန္ဒပြမှုများ ဆက်လက်ရှိနေမည် ဆိုပါက ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက် လာသည့် အခါတွင် အကျိုး သက်ရောက်မှုများ ရှိလာနိုင်ကြောင်း လုပ်ငန်းရှင် အသိုင်းအ၀န်းက ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ တ၀န်း၌ တရားဝင် မှတ်ပုံတင်ထားသည့် အခြေခံ အလုပ်သမား အဖွဲ့အစည်း စုစုပေါင်း ၁၂၇ ဖွဲ့
ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။
ယမန်နေ့က ကျင်းပသည့် ILO ၏ အလုပ်ရုံဆွေးနွေးပွဲသို့ အလုပ်သမားရေးရာ ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦး၊ အလုပ်ရှင် အဖွဲ့အစည်းမှ တာဝန်ရှိသူ အနေဖြင့် ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဒေါ်ခိုင်ခိုင်နွယ်၊ အလုပ်သမား အဖွဲ့အစည်းများ ဘက်မှ ဦးသန့်ဇင်ဦးနှင့် အလုပ်သမား အင်အား ၃၀၀ ကျော် တက်ရောက် ဆွေးနွေး ခဲ့သည်။

လွှတ်တော်အမတ်ပိုင် ကုမ္ပဏီရှေ့တွင် လယ်သမားများ ဆန္ဒထုတ်ဖော်


ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ရွာ ၉ ရွာက လယ်ဧက သောင်းချီ အသိမ်းခံထားရတဲ့ လယ်သမား တထောင်ကျော် ထဲက လယ်သမား ၃၀၀ နီးပါးဟာ သူတို့လယ်ယာမြေ ပြန်လည်ရရှိရေး၊ လယ်သမားအခွင့်အရေး ရရှိရေးတို့အတွက် လယ်မြေသိမ်းယူ ထားတဲ့ ကုမ္ပဏီ ၁၆ ခုထဲက တခုဖြစ်တဲ့ ပင်လယ်ကိုးသွယ်ကုမ္ပဏီရုံးရှေ့မှာ ဒီနေ့ စုရုံး ဆန္ဒပြခဲ့ပါတယ်။
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အမတ် ဦးအောင်သန်းဦး ပိုင်ဆိုင်တဲ့ ပင်လယ်ကိုးသွယ် ကုမ္ပဏီဟာ လယ်သမားတွေ အပေါ် အဆိုးဝါးဆုံး ဆက်ဆံတာ ဖြစ်တဲ့အတွက် ဒီကုမ္ပဏီရှေ့မှာ ဆန္ဒပြရတာဖြစ်တယ်လို့ လယ်သမားတွေက ပြောပါတယ်။
ဒဂုံဆိပ်ကမ်း မြို့နယ် သဲပင်ချောင်ကျေးရွာက တောင်သူ ဦးမောင်ညိုက လယ်တွေကို ကုမ္ပဏီတွေက အဆမတန် ဈေးနှိမ်ဝယ်ယူတဲ့အပြင် သိမ်းယူသွားတဲ့ ကုမ္ပဏီတွေကပဲ စပါးစိုက်ပျိုးတဲ့ အတွက် လယ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ရတယ်လို့ ဧရာဝတီကို ပြောပါတယ်။ ဦးမောင်ညိုရဲ့ လယ် လယ် ၇. ၃၃ ဧကကို အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီက ၂၀၀၈ ခုနှစ်မှာ သိမ်းယူခဲ့တာပါ။
“ဒီ ကုမ္ပဏီတွေက ကျနော်တို့ပေါ်မှာ ရက်စက်လွန်းတယ်။ လယ်သမားဆီက သိမ်းယူပြီး လယ်သမားက လယ်မလုပ်ရဘူး။ မတရားဘူး။ အမှတ် ၇ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီက ၁၀ ဧက သီးစားနဲ့ ပေးမယ်ဆိုပြီး ကျနော် လုပ်ဖို့ သွားပြောတော့ မပေးဘူး။ အခုနောက်ပိုင်း လယ်သမားကိုတောင် မခိုင်းတော့ဘဲ ၀န်ထမ်းလစာနဲ့ အလုပ်သမားအဖြစ်ပဲ တနေ့ကို ၂၀၀၀ ကျပ်နှုန်းနဲ့ ခေါ်ခိုင်းတယ်။ လယ်သမားတွေက သူတို့လယ်မှာ အလုပ်သမားအဖြစ် မ၀ရေစာနဲ့ လုပ်ကိုင်စား ကြရတယ်” လို့ သူကပြောပါတယ်။
၂၀၀၈ ခုနှစ်က လယ်မြေသိမ်းယူသွားတဲ့ ကုမ္ပဏီ ၁၆ ခုကတော့ ပင်လယ်ကိုးသွယ်၊ ရွှေနဂါးမင်း၊ အမျိုးသား ကြီးပွား တိုးတက်ရေး၊ ဂွတ်ဘရားသား၊ ဂရန်း အေးရှား၊ မိုးယံခ၊ ဒဂုံအင်တာနေရှင်နယ်၊ ဧဒင်၊ စင်းရွှေလီ၊ ယုဇန၊ မြင့်ဇေယျာ၊ ရွှေတောင်၊ မက်စ် မြန်မာ၊ ရွှေဟိန်းထက်နဲ့ မြတ်ရွှေဝါ ကုမ္ပဏီတို့ ဖြစ်တယ်လို့ သိရပါတယ်။
ဒဂုံမြို့နယ်အတွင်းမှာရှိတဲ့ သရက်ပင်ချောင်၊ ညောင်ပင်၊ ကျည်စု အရှေ့၊ ကျည်စုအနောက်၊ သစ်ပင်၊ ထောင်တလုတ်၊ ရွာသာကြီး၊ သုံးခွ စတဲ့ရွာတွေက လယ်ယာမြေတွေကို နိုင်ငံတော်အမိန့်ဆိုပြီး စာနဲ့ ထုတ်ပြန်တာမျိုး မဟုတ်ဘဲ နှုတ်မိန့်နဲ့ သိမ်းယူသွားခဲ့တာ ဖြစ်တယ်လို့ ဦးမောင်ညိုက ပြောပါတယ်။
“ကုမ္ပဏီ တခုက ဧက ၅၀၀ ကျော်စီ သိမ်းတယ်။ နောက် လျော်ကြေးပေးတဲ့ အခါကျတော့ အမှတ် ၂ ရွှေနဂါးမင်းက တဧက ကျပ် ၅ သောင်းနှုန်းပဲ ပေးတယ်။ အမှတ် ၉ က တဧကကို ၄ သောင်းနှုန်း၊ အမှတ် ၇ က တဧကကို ၃ သောင်းပေးတယ်။ အဲဒီအချိန်က လယ်တဧက ကျပ် ၅ သိန်း ပေါက်တယ်” လို့ သူက ဆိုပါတယ်။
လယ်သမားတွေ ဆန္ဒပြဖို့အတွက် ပြီးခဲ့တဲ့ အင်္ဂါနေ့က မြို့နယ်ရဲတပ်ဖွဲ့မှူးက ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆန္ဒပြခွင့် လျှောက်ထားခဲ့တဲ့ လူဦးရေအတိုင်း ပါဝင်ခွင့်မရခဲ့ဘူးလို့ လယ်သမားတွေရဲ့ ဥပဒေ အတိုင်ပင်ခံ ရှေ့နေ ကိုဖိုးဖြူက ဧရာဝတီကို ပြောပါတယ်။
“လယ်သမား ၉၀၀ ဆန္ဒပြဖို့ လိုင်စင်လျှောက်ပေမယ့် ၃၀၀ ပဲ ဆန္ဒပြခွင့်ရတယ်။ ၁၇ ရက်နေ့က ရတယ်။ ဒီနေ့ ၁၁ နာရီကနေ ၁ နာရီအထိ ပြတယ်။ လယ်သမား ၁၀၈၅ ဦး နစ်နာနေတဲ့ ကိစ္စ၊ ကုမ္ပဏီ ၁၆ ခုက အကျိုးတူ အကြောင်းပြပြီး လယ်ယာမြေ သိမ်းယူတာကြောင့် ဆန္ဒပြပွဲ ပြုလုပ်ပြီး လွှတ်တော်ကနေ လယ်ယာမြေ ပြန်လည် ခွဲဝေပေးရေးဆိုင်ရာ ဥပဒေနဲ့ ဆုံးဖြတ်ချက် တွေ ချမှတ်ဖို့ အရေးဆိုဖို့ ဖြစ်ပါတယ်” လို့ ကိုဖိုးဖြူက ဆိုပါတယ်။
ဒီနေ့ ဆန္ဒပြပွဲဟာ ဒီလ အစောပိုင်းက ပြဌာန်းလိုက်တဲ့ လွတ်လပ်စွာ စုဝေးခွင့်နဲ့ ဆန္ဒပြခွင့် ဥပဒေတွေ ထွက်လာပြီး နောက်ပိုင်း ဒုတိယမြောက် လုပ်ခွင့်ရတာဖြစ်ပါတယ်။ ပထမဦးဆုံး ဆန္ဒပြပွဲကတော့ ပြီးခဲ့တဲ့တပတ်က မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ လယ်သမားတွေ ဆန္ဒဖော်ထုတ် နိုင်ခဲ့တာ ဖြစ်ပါတယ်။
လယ်သမားတွေရဲ့ လယ်ယာမြေ လက်ဝယ်ပြန်လည် ပိုင်ဆိုင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အရေးတယူ အလျင်အမြန် လုပ်ဆောင်သင့်ကြောင်း ကိုလည်း ကိုဖိုးဖြူက ထောက်ပြပါတယ်။
“လွှတ်တော် ကိုယ်စားလှယ်တွေက တောင်သူလယ်သမား တွေရဲ့ နစ်နာမှုနဲ့ ပတ်သက်ပြီး မေးခွန်းမေးမြန်းတာ၊ အဆိုပြုလွှာ တင်တာတွေလောက်ပဲ လုပ်တတ်တယ်။ အဲဒါတွေ လုပ်ကြတယ်။ ဒါပေမယ့် ဆောင်ရွက်ဖို့ ကိစ္စက တရားလက်လွတ်၊ ဥပဒေမဲ့ လယ်ဆုံးရှုံးသွားတဲ့ တနိုင်ငံလုံးက လယ်သမားတွေ အတွက် လယ်ယာမြေ ပြန်လည် ခွဲဝေပေးရေး ဆိုင်ရာ ဥပဒေ၊ မူတွေနဲ့ စီမံခန့်ခွဲရေး ဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်ပေးဖို့ လိုအပ်နေပါတယ်။ ဒါတွေကို လွှတ်တော်မှာ မေးခွန်းမေးတာလောက်တင် မဟုတ်ဘဲနဲ့ လွှတ်တော်တရပ်လုံးက ဆွေးနွေး ဆုံးဖြတ်တာမျိုးလုပ်ပြီး ဥပဒေပြဌာန်းပေးမှသာလျှင် ပြည်သူတွေအတွက် ပြေလည်နိုင်မယ့် နည်းလမ်း ရရှိမယ်လို့ ထင်ပါတယ်” လို ကိုဖိုးဖြူက ရှင်းပြပါတယ်။
မနှစ်က အောက်တိုဘာလတုန်းကလည်း လယ်သမားတွေ နစ်နာဆုံးရှုံး ရတာတွေအတွက် အိုးအိမ် ဦးစီးဌာန ရုံးရှေ့မှာ ဆန္ဒ ပြခဲ့ကြပါတယ်။ အဲဒီအတွက် လယ်သမားတွေ အရေးယူခံခဲ့ရပြီး ဒီနေ့ ဒီအချိန်အထိ ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ အမှု ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ကိုဖိုးဖြူက ပြောပါတယ်။

မြန်မာ့ဆက်သွယ်ရေး က အနိုင်ကျင့်နေပြန်ပြီ။


ဖုန်းဘီလ်စနစ်မှ ငွေဖြည့်ကဒ်စနစ်သို့ ပြောင်းလဲအသုံးပြုနေသော မိုဘိုင်းဖုန်းကဒ်အချို့၏ ညဘက် (၁၁) နာရီ ကျော် ဖုန်းခေါ်ဆိုခမှာ (၂၅)ကျပ်မဟုတ်ပဲ ကျပ်ငွေ (၅၀)အပြည့် ပေးဆောင်နေရတယ်လို့  သုံးစွဲသူများထံက သိရှိရကြောင်း သတင်းများထွက်နေပါတယ်။
အရင်တစ်ခါကလည်း MISS CALL  ကိုငွေကျပ် (၃၀၀) ဖြတ်တာလည်းဖြစ်ခဲ့ဘူးတယ်။
အမှားကိုဝန်ခံတောင်းပန်တာလည်းမရှိခဲ့ဘူး။အခုလည်း သတင်းစာကနေ တရားဝင်မရှင်းသေးဘူး။

GSM ဖုန်းတွေ အင်တာနက်သုံးလို့ ရအောင် (၁၀၀၀၀)ကျပ် သွင်းရတယ်။
ပြင်ပဆိုင်ကိုလုပ်ခိုင်းရင်(၁၁၀၀၀)ကျပ်ပေးရတယ်။ ၃ရက်ကြာမှလိုင်းဖွင့်ပေးတယ်။
တစ်ချို့ ဆိုင်က (၁၇၀၀၀)ကျပ်ပေးရတယ်။နေ့ ချင်းလိုင်းဖွင့်ပေးတယ်။

၂သိန်းတန် GSM ဖုန်းတွေ က 3G ရပြီး၊ ၀၉-၅၀—— နဲ့ အရင် GSM ဖုန်းတွေ က 3G မရဘူး။
လုံးဝမဖြစ်သင့်ပါဘူး။အစကတည်းက လုပ်ပေးနိုင်အောင် ကြိုတင်ပြင်ဆင်သင့်ပါတယ်။
မြန်မာ့ဆက်သွယ်ရေးက လုပ်ပေးရမှာ နည်းပညာမလွယ်လို့ လား။
အနိုင်ကျင့်လို့ ရတယ် ဆိုတဲ့ သဘောလား။
ပြောမှ၊ တောင်းဆိုမှ၊ ဆန္ဒပြမှ၊ သမ္မတကြီးဆီစာရေးတင်မှလုပ်ပေးမှာလား။

လုပ်ပေးနိုင်ရဲ့သားနဲ့  လုပ်မပေးတာဆိုရင်တော့
မြန်မာ့ဆက်သွယ်ရေးရဲ့ “ ခေါင် ” ကိုလည်းအနားပေးပြီး
လုပ်ပေးနိုင်မဲ့သူတစ်ယောက် ပြောင်းသင့်နေပြီ။

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၀-၇-၂၀၁၂ - ညပိုင်း)

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၀-၇-၂၀၁၂ - ညပိုင်း) သတင်းများကိုအောက်ပါလင်တွင်သွားရောက်ဖတ်ရှုနိုင်ပါသည်။

http://drlunswe.blogspot.com/2012/07/blog-post_8331.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FqgUvx+%28%E1%80%B1%E1%80%92%E1%80%AB%E1%80%80%E1%80%B9%E1%80%90%E1%80%AC%E1%80%9C%E1%80%BC%E1%80%8F%E1%80%B9%E1%80%B8%E1%80%B1%E1%80%86%E1%80%BC%29

သက်ဝင် လှုပ်ရှားလာတဲ့ လွှတ်တော်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ပါဝင် လာတဲ့ အတွက် အခုလဆန်းက စခဲ့တဲ့ လွှတ်တော် အစည်းအဝေးတွေဟာ အရင်ကထက်သက်ဝင် လှုပ်ရှားမှု ရှိလာပါတယ်။
နိုင်ငံခြား ရင်းနှီးမြှုပ်မှု ဆိုင်ရာ ဥပဒေကြမ်း၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်း တဲ့ ပုဒ်မ ၅(ည) နဲ့ တရားရုံးဆိုင်ရာ ဥပဒေ တချို့ပယ်ဖျက်ပေးရေး၊ လာဘ်ပေး လာဘ်ယူမှု၊ ရခိုင်ဒေသတွင်း ပဋိပ က္ခတွေ နဲ့ ပတ်သက်တဲ့ မေးခွန်းနဲ့ အဆို တချို့ ဟာလည်းပဲ လွှတ်တော်မှာ အပြန်အလှန် ဆွေးနွေးငြင်းခုံမှု များတဲ့အကြောင်း အရာတွေ ဖြစ်ခဲ့ပါတယ်။
အလားတူ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး၊ လယ်သမား၊ အလုပ်သမားတွေ နဲ့ ဆိုင်တဲ့ ဥပဒေ ကြမ်းတွေ၊ လူအများ စိတ်ဝင် စားနေကြတဲ့ ဒု သမ္မတ ရွေးချယ်ရေး နဲ့ ပြဌာန်းပြီး ဥပဒေတွေ အတွက် နည်းဥပဒေတွေ ထုတ်ပြန်ပေးရေး စတဲ့ ကိစ္စရပ် အများအပြားကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ က ဦးဆောင် ဆွေးနွေးသွားပါတယ်။
ဒါပေမယ့် လွှတ်တော်မှာ ဆွေးနွေး အတည်ပြု ပြီးဖြစ်တဲ့ ဥပဒေ တချို့ဟာ နည်းဥပဒေတွေ မထုတ်ပြန်သေးတဲ့ အတွက် လက်တွေ့ ကျင့်သုံး မရ ဖြစ်နေတာတွေ အများအပြား ရှိနေတယ်လို့လည်း လွှတ်တော် အပေါ်မှာ ဝေဖန်မှုတွေရှိ နေပါတယ်။
စီးပွားရေးပိတ်ဆို့ထားမှု အမြန်ဆုံး ရုပ်သိမ်းပေးဖို့ တောင်းဆိုတဲ့ အရေးကြီး အဆိုတင်သွင်းခြင်း ကဏ္ဍအနေနဲ့ အဆိုတခုကို ပြည်သူ့လွှတ်တော်မှာ ဇူလိုင်လ ၁၃ ရက်နေ့က တင်သွင်းလိုက်တာနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်သူတွေ၊ မီဒီယာတွေ က စိတ်ဝင်စားခဲ့ကြတယ်။
“ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီ စနစ်ဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်နေသော မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအား အမြန်ဆုံး ရုပ်သိမ်းပေးရန် လွှတ်တော်နှင့်ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို မည် သည့် နည်းလမ်းကို အသုံးပြု၍ ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း” အဆိုကို ရှမ်းပြည်နယ် ကွန်ဟိန်း မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနု က တင်သွင်း ခဲ့တာပါ။
ဒီအဆိုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း တင်သွင်းတာ ဖြစ်တယ်၊ NLD ကိုယ်စားလှယ်တွေကို အကျပ်ရိုက်စေ ရေး အတွက် ကြံ့ခိုင်ရေး ပါတီ ခေါင်းဆောင်ပိုင်းတွေ နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကိုယ်စားလှယ် ဒေါ်နန်းဝါနု တို့ ပူးပေါင်း ကြံစည်မှုလို့ ဝေဖန်သံတွေ အမျိုးမျိုး ထွက်ပေါ်ခဲ့ပါတယ်။
ဒေါ်နန်းဝါနု တင်တာကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က ချက်ချင်းပဲ အတည်ပြု လိုက်တယ်လို့ NLD ကိုယ်စား လှယ်တွေက ပြောဆိုနေကြပါတယ်။ ဒေါ်နန်းဝါနု ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တာမဟုတ်ဘူးလို့ ဆိုပါတယ်။
“ဒီ အဆိုက ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တာ မဟုတ်ပါဘူး၊ လုပ်နိုင်သူ အားလုံးကို ရည်ရွယ်တာပါ၊ အဲဒီအထဲ မှာ လွှတ်တော် နဲ့ ဥက္ကဋ္ဌကြီး ၊ သမ္မတ နဲ့ အစိုးရ အဖွဲ့ စတဲ့ လုပ်နိုင်သူတွေကို ရည်ရွယ်ပြီး ကျမ တယောက်တည်း ဆုံးဖြတ်ချက်နဲ့ တင်လိုက်တာပါ” လို့ ဧရာဝတီ ကို ပြောပါတယ်။
ကြံ့ခိုင်ရေး ပါတီ နဲ့ ဒေါ်နန်းဝါနု အပေါ် မှာလည်း ဝေဖန်ထားတဲ့ ရေးသားချက်မျိုးစုံကို ဘလော့တွေ၊ ဖေ့စ်ဘုတ် စာမျက်နှာတွေမှာ တွေ့ရတယ်။ ဒေါ်နန်းဝါနု က တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတ်ချက် မှ မပေးလိုဘူးလို့ ဆိုပါတယ်။
အမေရိကန် သံတမန်အသိုင်း အ၀ိုင်းနဲ့နီးစပ်တဲ့ မိတ်ဆွေတယောက်ဆီက စီးပွားရေး ပိတ်ဆို့မှုတွေ သက်တမ်းတိုးဖို့ ရှိတဲ့ အကြောင်း သူ့ကို ပြောလာတယ်လို့ ဆိုပါတယ်။ အဲဒီ ပုဂ္ဂိုလ် ဘယ်သူဆိုတာတော့ ပြောဖို့မသင့်ဘူးလို့လည်း ပြောပါတယ်။ ဒီတော့ အမေရိကန်ရဲ့ သက်တမ်းတိုးမှု ကိစ္စ မပေါ်ပေါက်ခင် လုပ်သင့်တယ် ထင်လို့ အရေးကြီးအဆို တင်လိုက်တာပါလို့ ရှင်းပြပါတယ်။
“ပိတ်ဆို့မှု သက်တမ်းတိုးမယ့် ရက်နဲ့က အရမ်းနီးကပ်မှ သိရတော့ အမြန်ဆုံးတင်မှ ဖြစ်တော့မယ် ဆိုပြီးတော့ ဖွဲ့စည်းပုံရဲ့ ပုဒ်မ ၁၃၃ မှာ ပါတဲ့ အရေးကြီး အဆို ကဏ္ဍအရ တင်လိုက်တာပါ”လို့ ဒေါ်နန်းဝါနုက ဆိုတယ်။
စီးပွားရေးပိတ်ဆို့ထားရတဲ့ အကြောင်းရင်းတွေကို ဆွေးနွေးဖို့ NLD ကိုယ်စားလှယ် ဦးဝင်းထိန်က နှစ်ကြိမ်အထိ ခွင့်တောင်းပေ မယ့် ဆွေးနွေးခွင့်မရခဲ့ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် NLD ကိုယ်စားလှယ်တချို့ကတော့ အဲဒီနေ့က ပါဝင် ဆွေးနွေးခွင့် ရခဲ့ပါ တယ်။ ဒီအဆိုဟာ အတည်ပြုချက်မရသေးတဲ့ အတွက် မကြာခင် ရက်ပိုင်းအတွင်း ထပ်မံ ဆွေးနွေးကြရ ဦးမှာပါ။
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာပြီး နောက်ပိုင်းမှာတော့ လွှတ်တော် အစည်းအဝေးတွေအပေါ် ပြည်တွင်း၊
ပြည်ပ မီဒီယာတွေ သာမကဘဲ မြန်မာ ပြည်သူတွေ နဲ့ ကမာ့္ဘနိုင်ငံတွေ ကလည်း အာရုံစိုက်လာကြပါတယ်။ ဒေါ်အောင်ဆန်း စုကြည် နဲ့ NLD ကိုယ်စားလှယ်တွေ ဘာမေးခွန်းတွေ မေးမလဲ၊ ဘယ်လို အဆိုတွေ၊ ဘယ် ဥပဒေတွေ တင်သွင်းကြမလဲ ဆိုတာ ကို ပြည်သူတွေ စိတ်ဝင်စားနေကြတာတော့ အမှန်ပါပဲ။
NLD ပါတီခေါင်းဆောင် ဦးဝင်းတင် ကတော့ တခြားသူတွေ မတင်သေးတဲ့ အဆိုသစ်၊ ဥပဒေတွေ ရှိရင် ရှိလာမယ်၊ ဒါမှ မ ဟုတ် ရင်လည်းပဲ သူများတွေ တင်ထားတဲ့ ကိစ္စတွေကို ပါဝင်ဆွေးနွေးတာ၊ ဝေဖန်ထောက်ပြ တာတွေ လုပ်သွားဖို့ တိုက်တွန်း မယ့် အကြောင်းကို ပြောပါတယ်။
NLD ကိုယ်စားလှယ်တွေ အနေနဲ့ လူသစ်တွေဖြစ်ပေမယ့် စိတ်ဓာတ်ရှိပြီးသား ဖြစ်တဲ့အတွက် ကြိုးစားကြမယ်လို့ ယုံကြည် ကြောင်း၊ ဒီမိုကရက်တစ် တချို့နဲ့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်တွေဟာလည်းပဲ လုပ်ငန်းပိုင်းဆိုင်ရာတွေမှာ ကျွမ်းကျင်မှု ရှိကြောင်း၊ ကိုယ်စားလှယ် အချင်းချင်းကြားမှာ ရင်းနှီးမှု ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာပြီး ပြုပြင်ပြောင်းလဲရေး အဆိုတွေကို ကြံ့ခိုင်ရေး ကိုယ်စားလှယ်တွေက အဓိက လုပ်ဆောင်နေတယ်လို့ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ က ဆိုပါတယ်။
နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေကြမ်း အပါအ၀င် လာဘ်ပေး၊ လာဘ်ယူမှု တွေကို အရေးယူနိုင်မယ့် ဥပဒေပြဌာန်း ပေးဖို့၊ လျှပ်စစ်မီး စတဲ့ အဆိုတွေနဲ့ မေးခွန်း အများအပြားကို ကြံ့ခိုင်ရေးပါတီက ဦးဆောင်တင်ပြ ဆွေးနွေးခဲ့ကြပါတယ်။ ဒီတော့ ကြံ့ ခိုင်ရေးပါတီ က မတင်နိုင်သေးတဲ့ကိစ္စတွေ ကို ဒီမိုကရက်တစ်ပါတီ တွေဘက်က စဉ်းစားသင့်တယ်လို့ ဆိုပါတယ်။
ကြံ့ခိုင်ရေး ကိုယ်စားလှယ်တွေ က တခုပြီးတခု အဆိုတင်တာ၊ ဥပဒေ တင်သွင်းတာတွေဟာ လွှတ်တော် စတင်ခဲ့စဉ်က ဒီမိုကရက်တစ် အင်အားစုတွေ တင်သွင်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတဲ့ ကိစ္စတွေ ပါနေတယ်လို့ ကိုယ်စားလှယ်တွေက ဆိုပါတယ်။ ဥပမာ- လယ်ယာမြေ အသိမ်းခံရတာ တွေ၊ အလုပ်သမား လုပ်ခ လစာ တိုးမြှင့်ရေး ၊ လျှပ်စစ်မီး၊ ပညာရေး၊ ကျန်းမာရေး တွေ က အစဖြစ်ပါတယ်။
ပြည်သူတွေကို အလေးမထားခဲ့တဲ့ ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ်တွေဟာ အခုအခါမှာတော့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ ကို ရှေ့တန်းတင်လာတာ တွေ့ရတယ်၊ ပြည်သူတွေကို အလေးထားရကောင်းမှန်း သိလာတယ်လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန် က ပြောပါတယ်။
“NLD ကိုယ်စားလှယ်တွေ ပါဝင်လာတဲ့ အတွက်ပဲ ဖြစ်ဖြစ်၊ အတိုက်အခံတွေ အင်အား စုစည်းလာလို့ပဲ ဖြစ်ဖြစ်၊ နိုင်ငံရေး အမြ တ် ထုတ်လို လို့ပဲ ဖြစ်ဖြစ် ပြည်သူတွေ အကျိုးရှိမယ့် ကိစ္စတွေကို အလေးထားလာတာ ကို ကြံ့ခိုင်ရေး က လုပ်ရင်လည်း ပဲ မူအား ဖြင့်တော့ ကြိုဆို ရမှာပါ”လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ရဲ့ ကိုယ်စားလှယ် ဦးဘရှိန် က ဆိုပါ တယ်။
ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်ဟာလည်းပဲ ကြံ့ခိုင်ရေး ပါတီ အပေါ်မှာ ပြည်သူတွေက ဘယ်လိုသဘောရှိတယ်ဆိုတာ ပြသ လိုက်တာဖြစ်တယ်၊ ဒီတော့ ပြည်သူတွေရဲ့ ထောက်ခံမှု ရရှိရေးအတွက် ကြံ့ခိုင်ရေးပါတီ က လုပ်ဆောင်လာတာကို လွှတ်တော် မှာရော လွှတ်တော် ပြင်ပမှာပါ တွေ့ရတယ်လို့လည်း ဆက်ပြောပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းကတော့ ကိုယ်စားလှယ်တွေကို ပွင့်ပွင့်လင်းလင်း ရဲရဲ ၀ံ့ဝံ့ သတ္တိရှိရှိ ပြောဆိုတာတွေ လို လားတယ်၊ ဖိတ်ခေါ်တဲ့ အကြောင်း ဇူလိုင်လ  ၆ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောခဲ့သလိုပဲ လွှတ်တော် ကို သိက္ခာ ကျစေမယ့် ဝေဖန်တာမျိုး မဖြစ်စေဖို့ အတွက် တာဝန်ရှိသူ ဥက္ကဋ္ဌ တယောက် အနေနဲ့ တင်ပြတဲ့ အကြောင်း ပြော ဆိုရင်း သတိပေးခဲ့သေးတယ်။
အစိုးရ အဖွဲ့ နဲ့ ၀န်ကြီးတွေ၊ အစိုးရ ဌာနတွေ၊ တခြား ကိစ္စတွေ ကိုတော့ လွှတ်တော် အသီးသီး ရဲ့ အစည်းအဝေးတွေ မှာ ဝေ ဖန် ထောက်ပြမှု တချို့ကိုလည်း တွေ့နေရပါတယ်။ လွှတ်တော်ရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေကိုတော့ လွှတ်တော်ပြင်ပ က လွဲပြီး လွှတ်တော်ထဲမှာ ဝေ ဖန် ထောက်ပြ တဲ့ အသံတွေ မကြားရသေးပါဘူး။
ဒါပေမယ့် လွှတ်တော် ကိုယ်စားလှယ်တွေဟာ လက်ညှိုးထောင်၊ ခေါင်းညိတ် သူတွေလို့ ဝေဖန်ခဲ့တဲ့ လယ်ဆည်ဝန်ကြီး ဦးမြင့် လှိုင် ၀န်ချတောင်းပန်ခဲ့ရတဲ့ ဖြစ်ရပ်လည်း ရှိခဲ့ဖူးပါတယ်။
လွှတ်တော်မှာ ရှိတဲ့ စည်းကမ်းတွေကို သိထားရုံမက လိုက်နာဖို့လည်း လိုပါတယ်၊ လွှတ်တော်ဟာ အပြောသက်သက် မဟုတ်ဘဲ လက်တွေ့ လုပ်နေတဲ့ အကြောင်း၊ ပုဂ္ဂိုလ်တယောက်၊ အဖွဲ့တခု၊ အစိုးရ အဖွဲ့တို့ရဲ့ မျက်နှာကို မကြည့်ဘဲ ပြည်သူ အတွက်သာ အလုပ်လုပ်ကြဖို့ကိုလည်း ဦးရွှေမန်း က ပြောခဲ့ပါသေးတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က တော့ လွှတ်တော်မှာ အချိန်ကုန်မနေကြဘဲ ပြည်သူတွေ နဲ့ လည်းပဲ ထိတွေ့ ကြဖို့ NLD ကိုယ်စားလှယ်တွေကို လမ်းညွှန် ထားတယ်လို့ သိရတယ်။
လွှတ်တော်ကိုယ်စားလှယ် တချို့ဟာ ပြည်သူတွေနဲ့ ကင်းကွာ သလိုပဲ လွှတ်တော်ရဲ့ လုပ်ဆောင်မှု တချို့ လွဲချော်နေတာလဲ
တွေ့ရပါတယ်။ သတင်းစာကတဆင့် တရားဝင်ကြေညာပြီးဖြစ်တဲ့ နည်းဥပဒေ တွေကို ကိုယ်စားလှယ်တွေဆီ ဖြန့်ပေးဖို့၊ တရားဝင် ကြေညာပေးဖို့ တောင်းဆိုတာတွေကို ဇူလိုင် ၁၄ ရက်ထုတ် အစိုးရ သတင်းစာတွေ မှာဖော်ပြ ထားပါတယ်။
တကယ်တော့ ဒီမေးခွန်းတွေဟာ တင်ထားတာကြာပြီ ဖြစ်တဲ့အကြောင်း၊ ထုတ်ပြန်ပြီးတဲ့ မေးခွန်းတွေ၊ အဆိုတွေကို ပြန်လည် စိစစ်မှုတွေ လုပ်ပေးသင့်ကြောင်း၊ လွှတ်တော်စတင်ခဲ့စဉ်က လွဲမှားမှုတွေ၊ အားနည်းချက် လိုအပ်ချက်တွေ ရှိခဲ့ပေမယ့် ဒီအချိန် မှာ မဖြစ်သင့်တာတွေ မဖြစ်စေချင်တော့တဲ့ အကြောင်း၊ တချို့ အလွဲတွေဟာ လွှတ်တော်နဲ့ ကိုယ်စားလှယ်တွေ အပေါ်မှာ ပြည် သူတွေ ရဲ့ ယုံကြည်မှု ကို လျော့ကျစေတယ်လို့ ကိုယ်စားလှယ်တွေ က သုံးသပ်ကြ ပါတယ်။
ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေဟာ ပြည်တွင်း ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေး တွေကိုလည်းပဲ ဦးစားပေး လုပ်ဆောင် လာတာ၊ တင်ပြဆွေးနွေးလာတာ တွေ့ရတယ်။ ဒါပေမယ့် အဲဒီကိစ္စတွေဟာ အတိုက်အခံ အင်အားစုတွေ၊ ပြည်သူတွေ ရဲ့ ဆန္ဒအတိုင်း အပြည့်အ၀မဟုတ်ဘဲ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ အပေါ် အခြေခံတာဖြစ်လို့ လူအများက သဘောမကျ ပါဘူး။
စီးပွားရေး ပိတ်ဆို့ထားမှု ရုပ်သိမ်းရေး အဆိုကို မကြာခင် ဆွေးနွေးကြမှာ ဖြစ်သလို တိုင်းရင်းသားအရေး နဲ့ ပတ်သက်ပြီး တော့ လည်း “တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဌာန်းရေး” အဆိုဟာလည်းပဲ အကြိတ် အနယ် ဆွေးနွေးရမယ့် အဆိုတခု ဖြစ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အဲဒီအဆိုကိုပါဝင်ဆွေးနွေးပေးဖို့ လွှတ်တော်ထဲက အတိုက်အခံအင်အားစုတွေက တိုက်တွန်း ထားပါတယ်။ အဲဒီ အဆိုဟာ တိုင်းရင်းသားများ အားလုံးကို ကိုယ်စားမပြုဘဲ ကြံ့ခိုင်ရေး ပါတီရဲ့ ကွတ်ခိုင်မဲဆန္ဒနယ် က ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းခဲ့ တာလို့ တိုင်းရင်းသား ပါတီတွေက ပြောဆိုထားပါတယ်။
NLD ပါတီ ကိုယ်စားလှယ်တွေ၊ အတိုက်အခံ အင်အားစုတွေ၊  ကြံ့ခိုင်ရေးနဲ့ စစ်တပ် ကိုယ်စားလှယ်တွေ ပါဝင် ဆွေးနွေး ကြ မယ့် အဲဒီ အဆိုတွေ၊ ဥပဒေ တွေဟာ ဘယ်လိုရလဒ်မျိုးတွေ ထွက်လာမလဲ ဆိုတာတော့ လူအများက စိတ်ဝင်စားမှု ရှိနေပါတယ်။
NLD ပါတီ ကိုယ်စားလှယ်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာတဲ့ အတွက် လွှတ်တော်ထဲမှာ အားပြိုင်မှုတွေ ရှိလာနိုင် တယ် လို့လည်း နိုင်ငံရေး အကဲခတ်တွေက သုံးသပ် နေကြပါတယ်။


ရခိုင်ဒေသနယ်မြေလုံခြုံရေးအတွက် ဒေသခံပြည်သူ့စစ်များဖွဲ့စည်းနိုင်ရေးကို နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ကြောင်းရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါ တီမှ ဦးဦးလှစောကပြော

ရခိုင်ဒေသရှိ ဒေသခံများ၏ နယ်မြေလုံခြုံရေးအတွက် ရခိုင်လူမျိုးများကိုယ်တိုင်တာဝန်ယူဆောင်ရွက်နိုင်ရန် ဒေသခံပြည် သူ့စစ်များဖွဲ့စည်းနိုင်ရေးနှင့်ပက်သက်ပြီး နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါ တီမှ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးဦးလှစောက ပြောသည်။
`` သမ္မတနဲ့ မိတ်ဆွေ ၁၀ ပါတီတွေ့ဆုံပွဲမှာ ဒီအကြောင်းကို ပြောခဲ့တာ။ ရခိုင်ဒေသက နယ်စပ်တလျှောက်မှာ ခြံစည်းရိုး ကာနေပေမယ့် တကယ်တမ်းပြောရရင် လှေလေးနဲ့ကူးလာရုံနဲ့ရတယ်။ ခြံစည်းရိုးကာနိုင်တာကလည်း ကုန်းမြေတွေမှာပဲ ကာနိုင်မှာ။ ရေလမ်းကလာရင် အလွယ်လေး။ နောက်ပြီး တချို့ဒေသတွေမှာ ရခိုင်လူမျိုးတွေနေနေတဲ့ ရွာတွေရဲ့ ပတ်ပတ် လည်က ဘင်္ဂလီလူမျိုးတွေနေထိုင်နေတဲ့ ရွာတွေ အများကြီးရှိနေတယ်။ ဒါကြောင့် ကိုယ့်နေရာရဲ့ လုံခြုံရေးကို ကိုယ်တိုင် ပါဝင် ဆောင်ရွက်နိုင်အောင်လို့ ပြည်သူ့စစ်တွေဖွဲ့ပေနိုင်ရင်ကောင်းမယ်လို့ သမ္မတကို တင်ပြခဲ့တာ။ ´´ ဟု ၄င်းက ပြော သည်။
ထို့အပြင် ရခိုင်ဒေသများတွင် ကျနုးမာရေးစောင့်ရှောက်မှုနှင့်ပက်သက်ပြီး ဆရာဝန်နှင့် သူနာပြုအင်အားမှာ နည်းပါးနေ သည့်အပြင် ဒေသခံတိုင်းရင်းသားများပါဝင်မှုနည်းပါးနေခြင်းကြောင့် တိုင်းရင်းသားဒေသခံလူမျိုးဆရာဝန်၊ သူနာပြုများ ခန့်ထားပေးနိုင်လျှင် ပိုမိုသင့်တော်မည်ဖြစ်ကြောင်း တင်ပြချက်ကိုလည်း သမ္မတမှ လက်ခံဆွေးနွေးခဲ့ကြောင်း ဦးဦးလှစော က ဆက်ပြောသည်။
တခြားဒေသမှ လာရောက်တာဝန်ထမ်းဆောင်သည့်အခါတွင် မိမိတို့ဒေသသည် ဝေးလံခေါင်ဖျားသောကြောင့် လာရောက် နိုင်ခြင်းမရှိတတ်ကြောင်း၊ ထို့အပြင် မိမိတို့ဒေသတွင်လည်း အလုပ်မရှိသေးသော ဒေသခံဆရာဝန်များ၊ သူနာပြုများရှိနေ ခြင်းကြောင့် မိမိတို့ဒေသဖွံ့ဖြိုးရေးအတွက် မိမိတို့ရခိုင်လူမျိုးများကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်ရန်တင်ပြခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။
`` အခုဆိုရင် နိုင်ငံတော်အသုံးစရိတ်မှာ ကျနုးမာရေးဘတ်ဂျက်ကလည်းတိုးလာပြီ။ နောက် ဇွန်လဆန်းက ဆရာဝန်တွေ ကို နိုင်ငံတော်တာဝန်ထမ်းဆောင်ဖို့ထပ်ခေါ်ခဲ့တယ်။ အဲဒါကြောင့် ကိုယ့်ရခိုင်ဒေသအတွက် ရခိုင်လူမျိုးဆရာဝန်တွေများ များခန့်ထားပေးဖို့ပါ။ တခြားဒေသက တိုင်းရင်းသားတွေက တစ်ခါတစ်လေ ကိုယ့်ဒေသကဝေးတော့ တာဝန်ထမ်းကြတာ မှာ မလာကြတာတွေရှိတယ်။ ဒါကို သမ္မတ ကိုပြောတော့လက်ခံဆွေးနွေးခဲ့ပါတယ်။ ´´ ဟု ၄င်းက ဆက်ပြောပါတယ်။



By The Myanmar Post News Journal

ရခိုင်ပြည်နယ်တွင် လျှပ်စစ်ရရှိရေးက ရခိုင်မှ ထွက်သော သဘာဝဓါတ်ငွေ့ကိုပြန်သုံးနိုင်ရေးကသာ ဖြစ်နိုင်မည်ဟု နိုင်ငံတော်သမ္မတမှ ပြော ကြားခဲ့သည်ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ဦးဦးလှစောက ပြောဆို

ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးရရှိရေးနှင့်ပက်သက်ပြီး ရခိုင်ဒေသမှ ထွက်ရှိသော သဘာဝဓါတ်ငွေ့မှ တချို့ကိုထုတ်ယူသုံးစွဲ ပြီး Gas Turbine Generator သဘာဝဓါတ်ငွေ့သုံးလျှပ်စစ်ထုတ်လုပ်ရေးကသာ ဖြစ်နိုင်မည်ဟု နိုင်ငံတော်သမ္မတမှ ပြော ကြားခဲ့သည်ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ဦးဦးလှစောက ပြောသည်။
ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးရရှိရေးနှင့် ပက်သက်ပြီး လက်ရှိဆောင်ရွက်လျှက်ရှိသော ရေးအားလျှပ်စစ်စီမံကိန်းများဖြစ် သည့် သံတွဲမြို့နယ်ရှိ သူဌေးချောင်း လျှပ်စစ်စီမံကိန်းတွင် မြေသားခိုင်မာခြင်းမရှိသောကြောင့် အခက်အခဲများရှိနေသည် ဖြစ်ကြောင်း၊ စိုင်းတင်ရေအားလျှပ်စစ်စီမံကိန်းသည်လည်း မြေနေရာ ၇ ကြိမ်မျှ စမ်းသပ်ပြီးသော်လည်း အဆင်ပြေမှုမရှိ သေးကြောင်း၊ ထို့ကြောင့် ရေအားလျှပ်စစ်စီမံကိန်းမှ ရခိုင်ဒေသများကို လျှပ်စစ်ဓါတ်အားဖြန့်ပေးရေးမှာ ဖြစ်နိုင်ချေအ လွန်နည်းပါးကြောင်း ၄င်းကဆက်ပြောသည်။
ထို့အပြင် အငြိမ်းစားယူသွားသော ဒုတိယသမ္မတဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦး တာဝန်ထမ်းဆောင်စဉ် ၂၀၁၂ ခုနှစ် မတ်လအတွင်းက ရခိုင်နယ်လျှပ်စစ်မီးဖူလုံစွာရရှိရေးအတွက် ပဲခူးတိုင်းဒေကြီးမှတဆင့် မကွေးတိုင်းဒေသကြီးကိုဖြတ် သန်းကာ ရခိုင်ရိုးမကိုကျော်ပြီး မဟာဓါတ်အားလိုင်းသွယ်တန်းရေးကိုပြောဆိုခဲ့သော်လည်း ၄င်းမှာ လက်ရှိအချိန်တွင် ဖြစ် နိုင်ရန်မရှိသေးကြောင်း သမ္မတမှ ပြောခဲ့သည်ဟု ဦးဦးလှစောက ပြောသည်။
`` ဒါကြောင့် ရခိုင်ဒေသတွေလျှပ်စစ်မီးဖူလုံအောင်ရရှိဖို့ဆိုတာ တတိယနည်းလမ်းဖြစ်တဲ့ ရခိုင်ဒေသမှာထွက်နေတဲ့ သ ဘာဝဓါတ်ငွေ့တွေကနေ တချို့ကိုပြန်အသုံးပြုတဲ့ နည်းလမ်းကသာဖြစ်နိုင်ချေရှိတယ်လို့ သမ္မတက ပြောဆိုခဲ့တယ်။ ´´ ဟု ၄င်းကပြောသည်။
ထို့အပြင် မိမိအနေဖြင့် ရခိုင်ဒေသတွင် သဘာဝဓါတ်ငွေ့ထုတ်လုပ်ကာပိုက်လိုင်းသွယ်တန်းမှုများ၊ အထူးစီးပွားရေးဇုံများ ရှိနေသောကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများနှင့် ပက်သက်ပြီး ပြည်သူကိုမထိခိုက်ရုံမျှ၊ တိုင်းပြည်၏ ဂုဏ်သိက္ခာ၊ နိုင်ငံ၏ အချုပ်အချာအာဏာ၊ နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ရုံမျှ ကာကွယ်နိုင်ရေးအပြင် နိုင်ငံ၏ ဂုဏ်သိက္ခာမြင့်တက် လာနိုင်ရေး၊ ပြည်သူများအတွက် အကျိုးဖြစ်ထွန်းနိုင်ရေးကို ဆောင်ရွက်ရမည့်အကြောင်း နိုင်ငံတော်သမ္မတထံတင်ပြဆွေး နွေးခဲ့ကြောင်း ၄င်းကဆက်ပြောသည်။
`` နောက်ပိုင်းဆို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ရင်းနှီးမြုပ်နှံ့မှုတွေ ၀င်လာတော့မှာပါ။ ဒါကြောင့် နိုင်ငံခြားရင်းနှီး မြုပ်နှံမှုအပိုင်းမှာ ကိုယ့်နိုင်ငံကို မထိခိုက်ရုံမျှ မဟုတ်ပဲ အကျိုးရှိအောင် ဘယ်လိုပြန်အသုံးချရမလဲကို တင်ပြဆွေးနွေးခဲ့ တယ်။ ဒါကိုစဉ်းစားဖို့လိုတယ်လို့ တင်ပြခဲ့တယ်။ အခုဆိုရင် ရခိုင်ဒေသကကျေးလက်တွေမှာ လျှပ်စစ်မီးလုံးဝကိုမရဘူး။ မြို့တွေမှာဆိုရင်လည်း တခြားမြန်မာနိုင်ငံကမြို့တွေထက် မီတာခ အရမ်းကိုမြင့်နေတယ်။ ဒါကြောင့် ရခိုင်ဒေသက သဘာ ၀ဓါတ်ငွေ့တွေထွက်နေပေမယ့် ရခိုင်ဒေသခံတွေအတွက် အကျိုးဖြစ်ထွန်းမှုမရှိသေးတာကိုတင်ပြခဲ့တယ်။ ဒီဟာကို အမြန် ဆုံးဖြေရှင်းပေဖို့ တင်ပြခဲ့တယ်။ ´´ ဟု ၄င်းကပြောသည်။

ထက်ခေါင်လင်း



By The Myanmar Post News Journal