Friday 20 July 2012

မုံရွာမြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွင် လွမ်းသူ့ပန်းခွေချခွင့်မပြု

တနိုင်ငံလုံးတွင် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများ နှင့် မြို့ တိုင်မှာရှိတဲ့ 
ဗိုလ်ချုပ်ကြေးရုပ် ၊ ဗိုလ်ချုပ်ကျောက်တိုင် စတဲ့ ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ
 နေရာများကို သွားရောက်အလေးပြုမှုများ၊ အများပြည်သူမှ ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင် မုံရွာမြို့ မှာတော့ ထူးထူးခြားခြား မုံရွာမြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွင် လုံခြုံရေးတင်ကြပ်စွာစောင့်ဆိုင်းနေပြီး မုံရွာဒေသခံလူငယ်များကိုလည်း လွမ်းသူ့ 

ပန်းခွေချခွင့် တားမြစ်ခဲ့ပါတယ်။ 


မုံရွာမြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွင် လုံခြုံရေးတင်းကြပ်စွာစောင့်ဆိုင်းနေသည်ကို တွေ့ရစဉ်

ဓာတ်ပုံ-မျိုးမင်းဦး 7Day News Journal

မုံရွာဒေသခံလူငယ်များလွမ်းသူ့ပန်းခွေချခြင်းအား တားမြစ်နေစဉ် ဓါတ်ပုံ - 7Day News Journal

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး(မုံရွာ)တွင်
အာဇာနည်နေ့အခမ်းအနားကျင်းပနေကြစဉ်
ဓါတ်ပုံ - 7Day News Journal

No comments:

Post a Comment