Sunday 29 July 2012

မြန်မာ လုပ်သားများကို ကန်ထရိုက် စနစ်ဖြင့် ခေါ်ယူရန် ထိုင်းပြင်ဆင်


ထိုင်းနိုင်ငံမှ မြန်မာ ရေလုပ်သားများ

ရန်ကုန်၊ ဇူလိုင် ၂၉

ထိုင်းအစိုးရ အနေဖြင့် နှစ်နိင်ငံ အစိုးရချင်း စာချုပ်ချုပ်ဆို၍ မြန်မာနိင်ငံမှ လုပ်သားများကို ကန်ထရိုက် စနစ်ဖြင့် ခေါ်ယူရန် စီစဉ်ထားကြောင်း သတင်းကို ရုပ်သံလိုင်း ၇ တွင် ကြည့်လိုက်ရကြောင်း ဘန်ကောက် မဟာချိုင်မှ အလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးက ပြောကြားသည်။

ထိုင်းအလုပ်သမား ၀န်ကြီး ဆုန်ဆပ်က မြန်မာ အလုပ်သမားများကို နှစ်ဖက်အစိုးရ သဘောတူညီချက်ဖြင့်သာ ခေါ်ယူသွားမည်ဖြစ်ပြီး ကန်ထရိုက်စာချုပ် ချုပ်ဆိုရန်အတွက် အနည်းဆုံး နှစ်နှစ် အများဆုံး လေးနှစ် ကြာမည်ဖြစ်ကာ မြန်မာ အလုပ်သမားများကို ယခုနှစ်ကုန်တွင် အလုပ်လုပ်ခွင့် ပါမစ် သက်တမ်း တိုးပေးရန် မရှိဟု ပြောဆိုခဲ့ကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။

လက်ရှိ ထိုင်းအစိုးရ အနေဖြင့် တရားမ၀င် ရောက်လာသော မြန်မာရွှေ့ပြောင်း လုပ်သားများ ယာယီ နိင်ငံကူးလက်မှတ် ထုတ်ပေးကာ နှစ်အလိုက် သက်တမ်းတိုး စနစ်အစား ကန်ထရိုက်စနစ်ကို သုံး၍ ခေါ်ယူသည့် ပုံစံသို့ပြောင်းရန် မြန်မာအစိုးရနှင့် ညှိုနှိုင်းခဲ့ပုံ ရကြောင်း ၄င်းက သုံးသပ်ပြောဆိုသည်။

ရထားပို့ဆောင်ရေး ပြည်ထောင်စု ၀န်ကြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ခေါင်ဆောင် ဦးအောင်မင်းက ထိုင်းတွင်မြန်မာ ရွှေ့ပြောင်းလုပ်သာ နှစ်သန်းခန့်ရှိပြီး ၄င်းတို့ ပြန်လာရေးအတွက် အလုပ်အကိုင် ရရှိရေးအတွက် Peace Centre နှင့် ချိတ်ဆက် ဆောင်ရွုက်ပေးသွားရန် ရှိသည်ဟု ယခင်အပတ်က နိင်ငံရေး ပါတီများနှင့် တွေ့ဆုံစဉ် ပြောဆိုသွားသည်။

The Voice Weekly



http://www.thithtoolwin.com/2012/07/blog-post_8411.html#.UBVMFZPbXbM

ငွေကြေးကောက်ခံခြင်းနှင့် ကျောင်းအုပ်ကြီး ကိုယ်တိုင် ကျူရှင်ပြ

ကျွန်တော်၊ ကျွန်မတို့ သျှမ်းပြည်နယ် (မြောက်ပိုင်း) မူစယ်မြို့ တောင်ရပ်ကွက်တွင်ရှိ အမှတ် (၃) အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ကြီး ဦးအောင်စိုး သည် ကျောင်းသားမိဘများ ၀န်ထုပ်ဝန်ပိုး ဖြစ်စေမည့် ငွေကြေးကောက်ခံမှုဆက်လက်ပြုလုပ်နေသည်ကို သက်ဆိုင်ရာများ သိရှိနိုင်စေရန် တင်ပြအပ်ပါသည်။

၂၅ - ၇ - ၂၀၁၂ ရက်နေ့ က မူစယ်မြို့ နယ်ပညာရေးမှူးရုံးမှ အခြေခံ ပညာကျောင်းများအနေဖြင့် ပညာသင်နှစ် တစ်လျှောက်လုံးတွင် သတ်မှတ်ထားသော ရန်ပုံငွေနှင့် ကျောင်းလခတို့မှအပ မိဘများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည့် မည်သည့်ခေါင်းစဉ်နှင့်မျှ အခြားသောငွေကြေးကောက်ခံမှုများကို လုံးဝမပြုလုပ်ရန် မူစယ်မြို့ နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ရုံးစာဖြင့် ညွှန်ကြားအသိပေးခဲ့ကြောင်း သိရပါသည်။

သို့ သော်လည်း ၂၃ - ၇ - ၂၀၁၂ ရက်နေ့ မှစ၍ မူစယ်မြို့ တောင်ရပ်ကွက်ရှိ အမှတ် (၃) အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ကြီး ဦးအောင်စိုး သည် ၀ါဆိုသင်္ဃန်းကပ်လှူရန် အကြောင်းပြ၍ ကျောင်းသား မိဘများနှင့် ညှိနှိုင်းခြင်းမရှိဘဲ ကျောင်းသားကျောင်းသူ ၁ ဦးလျှင် ငွေကျပ် (၅၀၀) မထည့်မနေရ ကောက်ခံ နေပါသည်။

၎င်းအပြင် အမှတ် (၃) အခြေခံပညာ မူလတန်းလွန်ကျောင်းအတွင်း ကျောင်းသားကျောင်းသူများကို ကျောင်းအုပ်ကြီး ကိုယ်တိုင် အခကြေးငွေယူပြီး ကျောင်းတွင်း စားဖိုဆောင်တွင် ကျူရှင်ပြခြင်းကိုလည်း လုပ်ဆောင်နေပါသည်။ ကျောင်းအုပ်ကြီးအား အခကြေးငွေပေး၍ ကျူရှင်တက်ရောက်သည့် ကျောင်းသူကျောင်းသားများကိုသာ အတန်း အသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယ စသည့် အဆင့်ဝင်သူအဖြစ် အတန်းပိုင် ဆရာ၊ ဆရာမများကို ဖိအားပေး၍ သတ်မှတ်ပေးနေကြောင်း ကြားသိရပါသည်။

မူစယ်မြို့ တောင်ရပ်ကွက်တွင်ရှိ အမှတ် (၃) အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ကျောင်းသားကျောင်းသူ စုစုပေါင်း (၅၀၀) ကျော်ရှိသော်လည်း အိမ်သာ (၃) လုံးသာ အသုံးပြုနေကြရသဖြင့် ကျောင်းသားကျောင်းသူများ ဒုက္ခခံစားနေပြီး ကျန်းမာရေးနှင့် ညီညွှတ်မှုမရှိကြောင်း ကြားသိနေရပါသည်။ တာဝန်ကျ ပညာရေးဝန်ထမ်းများ အနေဖြင့် တာဝန်ယူဆောင်ရွက်ပေးခြင်းမရှိဘဲ လစ်လျူရူ့ နေကြောင်း ကျောင်းသားကျောင်းသူများက ပြော၍ သိရပါသည်။

၂ဝ၁၂ - ၂ဝ၁၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးကာလ (မေလ ၂၅ ရက် မှ မေလ ၃၁ ရက်နေ့အထိ) တွင် ကျောင်းသား ကျောင်းသူ တစ်ဦးချင်းစီ အတွက် အလှူငွေဟု ခေါင်းစဉ်တပ်၍ အောက်ပါငွေကြေးများကိုလည်း ကောက်ခံခဲ့သည်။

(၁) ကျောင်းဝင်ခွင့်လျှောက်လွှာများကို တစ်စောင်လျှင် အလှူငွေ တစ်ထောင့်ငါးရာကျပ် (၁၅ဝဝ/ကျပ်) တောင်းခံခြင်း၊
(၂) ကျောင်းဝတ်စုံတွင် တပ်ဆင်ရမည့် ပညာရေးအမှတ်တံဆိပ်များကိုနှစ်စဉ် ကျောင်းဝင်ခွင့်လျှောက်လွှာနှင့်အတူ မဝယ်မနေရရောင်းချနေခြင်း၊
(၃) ကျောင်းပြောင်းလက်မှတ်ရရှိလိုသူ တစ်ဦးလျှင် တစ်သောင်းကျပ် (၁ဝဝဝဝ/ကျပ်) စီအလှူငွေ ကောက်ခံခြင်းတို့ ဖြစ်ပါသည်။
၎င်းတို့ မှာ ကျောင်းသားမိဘများ ၀န်ထုပ်ဝန်ပိုးဖြစ်စေမည့် အခြားသောငွေကြေးကောက်ခံမှုများကို အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းအုပ်ကြီး ဦးအောင်စိုး ကိုယ်တိုင် အလှူငွေဟု ခေါင်းစဉ်တပ်၍ ကောက်ခံ တောင်းယူ ရောင်းချနေခြင်းဖြစ်ပြီး ကိုယ်ကျိုးအတွက်သာ ရယူခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရပါသည်။

၂ဝ၁၂ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြအေး က ၂ဝ၁၂ - ၂ဝ၁၃ ပညာသင်နှစ် ကျောင်းအုပ်နှံရေး အထိမ်းအမှတ်အခမ်းအနားတွင်
“အခြေခံ ပညာကျောင်းများအနေဖြင့် ပညာသင်နှစ် တစ်လျှောက်လုံးတွင် သတ်မှတ်ထားသော ရန်ပုံငွေနှင့် ကျောင်းလခ တို့မှအပ မိဘများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အခြားသောငွေကြေးကောက်ခံမှုများကို ရှောင်ကြဉ်ကြရမည် ဖြစ်ကြောင်း၊ မိဘပြည်သူများကလည်း ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေး၊ ကျောင်းမှန်မှန် တက်စေရေးအတွက် အလေးထားဆောင်ရွက် ပေးကြရမည် ဖြစ်ကြောင်း၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပညာရေး စေတနာရှင်များ အနေဖြင့်လည်း ကျောင်းနေမြဲရေးလုပ်ငန်းများတွင် လိုအပ်သလို ပံ့ပိုးကူညီပေးကြရန် မေတ္တာ ရပ်ခံပါကြောင်း” ပြောကြားခဲ့ပါသည်။

အခြေခံပညာကဏ္ဍ အမျိုးသားပညာရည်မြင့်မားရေး နှစ် (၃ဝ) နှစ်ရှည်စီမံကိန်း၏ လုပ်ငန်းစဉ် (၂) အရ နိုင်ငံသားတိုင်း အခြေခံပညာအဆင့်အလိုက် သင်ယူပြီးမြောက်ရေးအတွက် အခြေခံပညာ မူလတန်းအဆင့် ကျောင်းနေနှုန်း တိုးတက် မြင့်မားရေး၊ ကျန်းမာရေးနှင့် ညီညွှတ်သော ကျောင်းပတ်ဝန်းကျင် သန့် ရှင်းသပ်ရပ်ရေးအား ထိခိုက်နေကြောင်း တွေ့  ရပါသည်။ တာဝန်ရှိသူ အထက်လူကြီးများအနေဖြင့် အရေးယူဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကျောင်းသား မိဘများ
တောင်ရပ်ကွက်၊ မူစယ်မြို့ ၊ သျှမ်းပြည်နယ် (မြောက်ပိုင်း)

အမက (၃) ကျောင်းအုပ်ကြီး ဦးအောင်စိုး




http://www.thithtoolwin.com/2012/07/blog-post_2304.html#.UBVL0JPbXbM

ထိုင်းတောင်ပိုင်း မြန်မာအလုပ်သမားများ လုံခြုံရေးစိုးရိမ်


ထိုင်းနိုင်ငံ နဲ့ မလေးရှားနိုင်ငံ နယ်စပ်က ဆုံခလာခရိုင် ရနုတ်မြို့က Charoen Pokphand Food Public ပုဇွန်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၃ ယောက်ကို ဇူလိုင်လ ၂၅ ရက်နေ့က မနက်အစောပိုင်းက အမည်မသိသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ စက်ရုံနဲ့ ၅ ကီလိုမီတာလောက် ဝေးတဲ့ ရနုတ်ကျေးရွာမှာ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီဒေသမှာရှိနေတဲ့ မြန်မာအလုပ်သမားတွေဟာ အဲဒီမှာနေဖို့အတွက် စိုးရိမ်ထိတ်လန့် နေကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မလေးနယ်စပ် ဆုံခလာ ခရိုင်ဟာ မြန်မာအလုပ်သမား အနည်းငယ်သာ အလုပ်လုပ်ကိုင်ကြပြီး သေနတ်နဲ့ ပစ်ခတ်မှုတွေနဲ့ လူ သေဆုံးတာတွေ ရှိခဲ့ပြီးတဲ့နောက် အဲဒီဒေသက မြန်မာအလုပ်သမားတွေဟာ စိုးရိမ်ထိတ်လန့် နေကြပါတယ်။ အလုပ်သမားတဦး ပြောပြတာကတော့ -

“စိုးရိမ်ထိတ်လန့်တာပေါ့။ ကိုယ့်နေရာ ကိုယ့်ဒေသ ကိုယ့်တိုင်းပြည်လဲ မဟုတ်ဘူးလေ။ နောက်ပြီးတော့ ကျနော်တို့မှာလည်း ဘာမှ လုံခြုံမှု မရှိတဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ် နေ့ခင်းဘက်တွေက ပြဿနာမရှိပေမဲ့ ညဘက်တွေမှာ ကျနော်တို့က အတော်လေးကို စိုးရိမ်နေရတယ်။ အခုဆို ကျနော်တို့ မစီစဉ်ရသေးဘူး၊ ကျနော်တို့ တနေနေရာရာမှာ ပေါင်းနေဖို့ အစီအစဉ်ရှိတယ်။ ဥပမာ ဒီစက်ရုံကနေ မထွက်နိုင်အောင် နည်းမျိုးစုံနဲ့ ရှေ့မှာ လုပ်ခဲ့တာတွေ ရှိတယ်။ အမျိုးမျိုး လှည့်ပတ်ပြီးတော့ လုပ်ခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့ ကြားထဲမှာလည်း ဒီလိုမျိုး ဓားထောက်ပြီးတော့ မြန်မာမိန်းကလေးတွေဆီက ပိုက်ဆံတောင်းတာတို့၊ နယ်မြေခံတွေက လုပ်ခဲ့ဖူးတာတွေ ရှိတယ်။ ထိတ်လန့်တယ် ဆိုတာက လူလည်းသေသွားတယ်။ မနေ့ကလည်း တဆက်တည်းမှာပဲ ဒီလိုမျိုး ပစ်ခတ်မှုတွေ ဖြစ်တယ်ဆိုတော့ ဘာတွေ ဘယ်လို ပတ်သက်လို့လဲ၊ ကျနော်တို့က အဲဒါတွေကို စိုးရိမ်တာပေါ့နော်။ လောလောဆယ်က ကျနော်တို့က လူသေမှု ဖြစ်သွားတဲ့အတွက် ကျနော်တို့ မနေရဲတာလေ။ ညဘက်တွေမှာကျတော့လည်း ကိုယ့်ရဲ့ လုံခြုံမှုကို ဘယ်သူကမှ တာဝန်ယူထားတာ မဟုတ်တဲ့အတွက်ကြောင့် ကျနော်တို့ စိုးရိမ်တယ်။ ဒါကတော့ ကျနော်တို့က ထိုင်းလူမျိုးတွေကို ဘယ်လိုမှလည်း နားမလည်ဘူးလေ။”

အလုပ်သမား ၂ ဦး သေဆုံးတဲ့ ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက်မှာတော့ အခင်းဖြစ်ပွားခဲ့တဲ့ ရနုတ်ရွာကနေ အလုပ်သမားတွေ ပြောင်းရွှေ့ကုန်ကြပြီး နောက်ထပ်လည်း အလုပ်အကိုင်အသစ်၊ နေရာအသစ်ကို ပြောင်းရွှေ့ဖို့အတွက် စီစဉ်နေကြပါတယ်။ အခုအခါမှာတော့ သူတို့တွေဟာ အလုပ်အကိုင် ရရှိရေးထက် လုံခြုံရေးက ပိုအရေးကြီးနေတယ်လို့ ဆိုပါတယ်။

“ကိုယ့်အလုပ်ကို ပုံမှန် လုပ်နေလျက်သားနဲ့ ဒီလို သေဆုံးသွားတာ ဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျနော်တို့က ဘယ်သူ့ကိုမှ ယုံကြည်မှု မရှိတော့ဘူး။ အခု ကျနော်တို့က agent ကိုပြောတယ်။ ကျနော်တို့ အမြန်ဆုံး သွားချင်တယ်ဆိုပြီးတော့။ ကျနော့်လူတွေကို ကျနော် ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒီနေရာကနေပြီးတော့ စီးပွားရေးထက် အသက်မွေးဝမ်းကျောင်းထက် လုံခြုံရေးကို အဓိက ထားပြီး ပြောင်းရွှေ့တာဖြစ်တယ်။ အဲဒီအထဲကမှ အကောင်းဆုံးဆိုတာကို ထက် ရွေးချယ်ပြီးတော့ တောင်းတာ။ သေဆုံးသွားတဲ့ ကိုအောင်ရဲ့ ဆွေးမျိုးတွေကတော့ ဆုံခလာ ဘူတာကနေ ဘန်ကောက်ကို ရထားနဲ့ ဒီနေ့ပဲ ပြန်သွားပြီ။”

ဆုံခလာ ခရိုင်ဟာ ထိုင်း-မလေး နယ်စပ်မှာ ရှိပြီး အဲဒီဒေသဟာ ဥပဒေ စိုးမိုးမှု အားနည်းပြီး လုယက်မှု၊ ပစ်ခတ်မှု၊ သတ်ဖြတ်မှု၊ သေဆုံးမှုကို မြန်မာအလုပ်သမားတွေ ကြုံတွေ့နေရတာပါ။ လက်ရှိမှာတော့ ပစ်ခတ်ခံရမှုတွေဖြစ်ပြီး စိတ်မလုံဘဲ အမြဲ ထိတ်လန့် တုန်လှုပ်နေရတဲ့ အလုပ်သမားတွေကို အလုပ်အကိုင် ရှာဖွေရေး agent ကုမ္ပဏီတွေက ထိထိရောက်ရောက် အကူအညီပေးတာမျိုးတွေ မရှိသေးသလို စိုးရိမ်ထိတ်လန့်မှုတွေ အတွက် အကျိုးအကြောင်း ရှင်းပြမှုတွေလည်း မလုပ်သေးတာကြောင့် အလုပ်သမားတွေ အနေနဲ့ စိုးရိမ်နေရပြီး အလုပ်သမားအချင်းချင်း စုဝေးပြီး တိုင်ပင်မှုတွေ လုပ်နေရတယ်လို့လည်း ဆိုပါတယ်။

ဗွီအိုအေ (မြန်မာဌာန)



http://www.thithtoolwin.com/2012/07/blog-post_935.html#.UBVLaJPbXbM

သက်ဝင်းအောင်ရဲ့ အရိုးအုတ်ဂူကို နောင်တော်များ သွားရောက် အလေးပြု


ဓာတ်ပုံ- အံ့ဘွယ်ကျော် (၈၈)
မန္တလေးကို ရောက်နေကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော် အစရှိတဲ့သူတွေဟာ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလမှာ မန္တလေးထောင်အတွင်း ကျဆုံးသွားခဲ့တဲ့ ညီလေး သက်ဝင်းအောင်ရဲ့ အရိုးအိုး အုတ်ဂူကို ဒီကနေ့ ဇူလိုင်လ ၂၉ ရက်နေ့၊ နေ့လယ်က သွားရောက် အလေးပြု ခဲ့ကြတဲ့ မြင်ကွင်းပါ။

ကိုသက်ဝင်းအောင်ဟာ ကျောင်းသားခေါင်းဆောင် တဦးလည်းဖြစ်ပြီး ကိုပြုံးချိုရဲ့ ညီအရင်းလည်းဖြစ်ပါတယ်။ အခုအချိန်ထိတော့ ကိုသက်ဝင်းအောင် သေဆုံးမှုနဲ့ပတ်သက်ပြီး အပြစ်ပေး အရေးယူမှု တစုံတရာ မရှိသေး ပါဘူး။



http://blog.irrawaddy.org/2012/07/blog-post_3420.html

တရုတ်ပိုင် အထည်ချုပ်စက်ရုံက အလုပ်သမားများ ထုတ်ပယ်မှု


မင်္ဂလာဒုံမြို့ နယ် မြို့ နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့  ပြုလုပ်ခဲ့တဲ့ ကြားနာမှုတခု လုပ်ခဲ့ပါတယ်တဲ့။

အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားအခြေခံ အဖွဲ့ အလုပ်အမှုဆောင် ၇ ဦးအပါအ၀င် အဖွဲ့ဝင် ၂ ဦးတို့ကို အလုပ်သမားများဘက်ကိုရော အလုပ်ရှင်ဘက်ရော သီးခြားစီ တံခါးပိတ် ကြားနာစစ်ဆေးခဲ့ကြပါတယ်။

အဲဒီကြားနာပွဲကို ဖွဲ့စည်းခွင့် ရပြီးတဲ့ သမဂ္ဂ တချို့နဲ့ လွပ်လပ်တဲ့ အလုပ်သမား သမဂ္ဂဖြစ်မြောက်ရေး ကော်မတီ
တွေ၊ အကျိုးဆောင်ရှေ့နေတွေကလည်း အလုပ်က ထုတ်ပယ်ခံလိုက်ရတဲ့ အလုပ်သမားတွေကို တွေ့ဆုံပြီး အားပေးစကားတွေလည်းပြောခဲ့ကြပါတယ်တဲ့။



ခုံသမာဓိ ကောင်စီက စစ်ဆေးပြီးတဲ့အခါ ADK အလုပ်သမားတွေ အလုပ်က ထုတ်ပယ်ခံရတဲ့အမှုဟာ သာမန် မဟုတ်ပဲ အလုပ်သမား အဖွဲ့အစည်းတွေ လွပ်လွပ်လပ်လပ်ပေါ်ထွက်လာနိုင်ဖို့အတွက် ကြီးမားတဲ့ အဟန့် အတား ဖြစ်တဲ့အတွက် အဲဒီ့စက်ရုံပိုင်ရှင် တရုတ်လူမျိုးဆိုသူကို သတိပေးဖို့ လိုအပ်တယ်လို့ အလုပ်သမား အရေး လှုပ်ရှားသူ မအိရွှေစင်က ဆိုထားပါတယ်။

အလုပ်သမား အကြိုအပို့လုပ်တဲ့ ဖယ်ရီကား ဟာ ၂ ကြိမ်မှောက်ဖူးပြီး ဒုတိယ အကြိမ် ကားမှောက်ချိန်က သူတို့ သွားရောက်ကူညီပေးခဲ့စဉ်က အဲဒီစက်ရုံဟာ အလုပ်သမားအခွင့်အရေး အလွန်ချိုးဖောက်တဲ့ စက်ရုံ၊ မတရား မှုတွေနဲ့ ပြည့်နှက်နေတယ်ဆိုတာ မြင် သိခဲ့ရတယ်လို့ သူက ဆိုပါတယ်။

ဒါကြောင့် အခြေအနေမှန်ကို အစိုးရ တာဝန်ရှိသူတွေလည်း သိစေလိုတာကြောင့် အဲဒီ့ ADK စက်ရုံကို သွားရောက် လေ့လာကြည့်ရှု့စေလိုတယ်လို့ သူက ဆိုပါတယ်။









http://blog.irrawaddy.org/2012/07/blog-post_7228.html

သံတမန်ဆန်တဲ့ စိစစ်ရေးဌာနနဲ့ ၈၈ ကို အားဖြည့်မယ့် ဂီတသမားများ


သံတမန်ဆန်လာတဲ့ စိစစ်ရေးဌာန လူကြီးမင်းများ
သံတမန်များက ဟင့်အင်းလို့ ဘယ်တော့မှ မပြောဘူး တဲ့။ စာပေစိစစ်ရေးဌာန လူကြီးမင်းများလည်း သံတမန်ဆန်ဆန်ပြုကျင့်နေပါပြီ။ ဒီအချက်ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရန်ကုန်မြို့က ပြပွဲတခုကို သွားရောက် စိစစ်ရာမှာ ပြသခဲ့ပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရန်ပုံငွေ ကာတွန်းပြပွဲမှာ အာယု၊ ရွှေဘို တို့ရဲ့ လက်ရာတွေကို ပြပွဲမတင်ဖို့ သူတို့ ပြောဆိုပုံကို ပွဲစီစဉ်သူတယောက်က ဖောက်သည်ချပါတယ်။
“ဒီကာတွန်းနှစ်ကားကို ကြည့်ပြီး မကြိုက်ဘူးလို့ပြောတာ။ နည်းနည်းတော့ ပညာတော့ ပါတယ်။  ဖြုတ်လို့ပြောတာလည်း မဟုတ်ဘူး။ မဖြုတ်နဲ့လို့ ပြောတာလည်း မဟုတ်ပြန်ဘူး”
ပွဲစီစဉ်သူတွေက စိစစ်ရေးဆရာတို့ရဲ့စကားကို ဘယ်လို ဘာသာပြန်လိုက်သလဲ။
“ကျနော်တို့ကလည်း လွတ်လွတ်လပ်လပ်လေး ဖြစ်သွားစေချင်တာနဲ့ သူတို့ စိတ်တိုင်းကျအောင် ဖြုတ်ပေးလိုက်တာပါ” လို့ ဆိုပါတယ်။
ကာတွန်းအာယုရဲ့လက်ရာမှာတော့ “ဘုရားကို ခြင်္သေ့စောင့်၏၊ တရားကို နတ်စောင့်၏၊ ဥပဒေကို သမာဓိ စောင့်၏၊ တရားဥပဒေကို တရားသူကြီးကတော် နဲ့ ဥပဒေ အရာရှိဇနီးစောင့်၏” လို့ ရေးထားပါတယ်။ ဒီလောက်ကောင်းတဲ့ ကာတွန်းကို စိစစ်ရေးဆရာတို့က မကြိုက်ဘူး တဲ့။
ကာတွန်း  ရွှေဘိုရဲ့လက်ရာကတော့ ဥပဒေဆိုတဲ့ ငုတ်တိုင်မှာ လွတ်လပ်ခွင့်ဆိုတဲ့ သံကြိုးကြီးနဲ့  ချည်ခတ်ခံထားရတဲ့ ဆင်တကောင်ပုံပါ။ ဆင်ပုံမှာ မီဒီယာလို့ ရေးထားပါတယ်။ ဆင်ထိန်းက ငါ့ကောင်ကြီး မရုန်းပါလားလို့ ပြောတော့  ဆင်ကြီးက မရုန်းတာမဟုတ်ဘူး ရုန်းလို့မရတာ လို့ ပြန်ပြောနေတဲ့ပုံပါ။ ဒါကိုလည်း စိစစ်ရေးဆရာတို့က မကြိုက်ပြန်ပါဘူး။
ရွှေဘိုရဲ့ လက်ရာနဲ့ ပတ်သက်ပြီး ကာတွန်းဆရာတဦးက – လက်ရှိ မီဒီယာလွတ်လပ်ခွင့်ဟာ အရိပ်အယောင်ပြတဲ့ ဖိုးလနတ်သားဆိုတဲ့ အခြေအနေမျိုးပဲ ရှိပါသေးတယ်လို့ ဆိုပါတယ်။ သတင်းစာဆရာကြီး ဦးဝင်းတင်ကလည်း အဲဒီလိုပဲ သုံးသပ်ခဲ့ပါတယ် တဲ့။
မစပ်စုတို့ မြန်မာပြည်ရဲ့  တရားဥပဒေနဲ့ မီဒီယာလွတ်လပ်ခွင့် အခြေအနေတို့ကို ပေါ်ပေါ်ထင်ထင် သရော်လိုက်လေတော့ အနာပေါ် တုတ်ကျသွားတယ် ထင်ပါတယ်။
ကြက်တူရွေးကတော်တော် မယ်ဘော်တွေက ကဲကဲ ဆိုသလိုမျိုး  အပေါ်က တော်တော်၊ အောက်က ကဲကဲများ ဖြစ်နေတာလား သို့မဟုတ် အပေါ်ရော အောက်ရော အတူတူတွေပဲလား ဆိုတာတော့ မတွေးတတ်အောင်ပါပဲ။
ကာတွန်းပြပွဲအကြောင်း ဆက်ရရင် ရရှိလာမယ့် ရန်ပုံငွေထဲက တ၀က်ကို  ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး ဒေါ်ခင်ကြည် အထိမ်းအမှတ် ဖောင်ဒေးရှင်းအတွက် လှူဒါန်းမှာဖြစ်ပြီး ကျန်တဲ့တ၀က်ကိုတော့ ကာတွန်းဆရာများနဲ့ ဒီပွဲစီစဉ်တဲ့ ကာတွန်းကွန်ယက်အဖွဲ့အတွက် ဖြစ်ပါတယ်။
ပန်းဆိုးတန်းလမ်း လောကနတ်ပန်းချီပြခန်းမှာ ဇူလိုင် ၂၆ ကနေ ၂၉ ရက်နေ့အထိ ပြသနေတဲ့ ဒီပွဲမှာ  ကာတွန်းဆရာ ၇၀ကျော်ရဲ့ ကာတွန်းလက်ရာ ၁၆၈ ကားကို သွားရောက် ကြည့်ရှုနိုင်ပါပြီ။
ဒီမိုကရေစီခေတ်မှာ ဆင်ဆာဖြတ်တာတွေ ရှိပေမယ့် ကာတွန်းပြပွဲတွေ ပြန်လည် ခွင့်ပြုလာတာကိုပဲ လွတ်လပ်ခွင့် ရပြီ ဆိုပြီး ကျေးဇူး တင်ရမလိုဖြစ်နေပါပြီ။
မြန်မာပြည်ကို အင်္ဂလိပ်လက်အောက်က လွတ်မြောက်အောင် ဂျပန်တို့က ကူညီခဲ့ဖူးပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ပေးတဲ့ လွတ်လပ်ရေးက ရွှေရည်စိမ်လွတ်လပ်ရေး ဆိုပြီး  မြန်မာ့သမိုင်းမှာ ထင်ရှားနေတာပါ။
ယနေ့ မြန်မာပြည်သူပြည်သားတွေလည်း ရွှေရည်စိမ်လွပ်လပ်ခွင့်ကို လိုလားကြမယ် မဟုတ်ဘူးလို့ မစပ်စု ထင်မိပါတယ်။
၈၈ ကို အားဖြည့်မယ့် ဂီတသမားများ
နောက်ပွဲတခုကတော့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ပထမဆုံး ရန်ပုံငွေဂီတဖျော်ဖြေပွဲ ဖြစ်ပါတယ်။  လာမယ့် စက်တင်ဘာ ၁ ရက်နေ့  ရန်ကုန်မြို့ MCC ခန်းမမှာ အနုပညာရှင်၊ တီးဝိုင်း အမြောက်အမြားနဲ့ ကျင်းပပါမယ် တဲ့။
“၂၃ နှစ် ကာလမှာ ဒီပွဲဟာ ပထမဆုံးလို့ ပြောလို့ရပါတယ်။ ဖြစ်နိုင်သမျှ တတ်နိုင်တဲ့အပိုင်းကနေ ခမ်းနားနိုင်သမျှ ခမ်းနားအောင် ကြိုးစားသွားမှာပါ” လို့ ပွဲဖြစ်မြောက်ရေး စီစဉ်သူ တဦးဖြစ်တဲ့ ကိုမြအေးက ဧရာဝတီကိုပြောပါတယ်။
၈၈ မျိုးဆက်က ဘာအတွက် ရန်ပုံငွေ လိုအပ်နေတာပါလဲ။
“ကျနော်တို့ လုပ်နေတဲ့ ကဏ္ဍတွေဖြစ်တဲ့ ငြိမ်းချမ်းရေးခရီးစဉ်တွေ၊ ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ်၊ လူ့အခွင့် အရေး ကိစ္စတွေ၊ အလုပ်သမားကိစ္စတွေ နောက် ထောင်ထဲက လွတ်လာတဲ့ ဘ၀တူ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကို ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ကိုင်ရတာတွေ ရှိပါတယ်” လို့ ကိုမြအေးက ရှင်းပြပါတယ်။
ဒီလို ရန်ပုံငွေ ရှာဖွေပွဲလုပ်မှသာ ကျနော်တို့ ရှင်သန်ရေးအတွက် အများကြီးအထောက်အကူ ဖြစ်စေနိုင်မယ်လို့ သူက ဆက်ပြောပြပါတယ်။
မင်းဓမ္မလမ်း MCC ခန်းမမှာ ပြုလုပ်မယ့် ဒီပွဲအတွက် အားဖြည့်သူများထဲမှာ မဇ္ဈိမလှိုင်း၊ ရွှေသံစဉ် စတဲ့ ၀ါရင့် တီးဝိုင်းတွေလည်း ပါဝင်ပါတယ် တဲ့။
MCC ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကပဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် စီစဉ်တဲ့  ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ဂီတ ဖျော်ဖြေပွဲနဲ့ ဈေးရောင်း ပွဲတော် ကျင်းပခဲ့တဲ့ နေရာ ဖြစ်ပါတယ်။

အထည်ချုပ် စက်ရုံ ၂၀၀ နီးပါး အရှုံးပေါ်


ကုန်ထုတ်လုပ်မှု စွမ်းအားကျဆင်းမှုနှင့် ဒေါ်လာဈေး မတည်ငြိမ်မှုတို့ကြောင့် မြန်မာနိုင်ငံတွင် ချုပ်လုပ်၍ ပြည်ပ တင်ပို့နေသော အထည်ချုပ် စက်ရုံ ၁၈၀ ကျော်တို့ ယခုနှစ်အတွင်း အရှုံးနှင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။
ထိုစက်ရုံများအနေဖြင့် ထုတ်လုပ်မှု စွမ်းအား ကျဆင်းသဖြင့် တလလျှင် စက်ရုံအလုပ်သမား တဦး၏ ပျမ်းမျှနှုန်းထား ကျပ် ၂၀၀၀ မှ ၃၀၀၀ အတွင်း လုပ်အားခများ ဆုံးရှုံးနေပြီး ဒေါ်လာဈေး တည်ငြိမ်မှု မရှိခြင်းကြောင့်လည်း ထိခိုက်နစ်နာမှု ရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းများ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။
“ဒေါ်လာဈေး မငြိမ်တာရယ်၊ ထုတ်လုပ်အားကျတာရယ်၊ ချုပ်ခဈေး မရတာရယ်၊ Export စက်ရုံတွေ အကုန်လုံးက အရှုံးပေါ် နေကြတယ်” ဟု ဦးမြင့်စိုးက ပြောသည်။ ထိုစက်ရုံ ၁၈၀ ကျော်တွင် အလုပ်သမား ဦးရေ ၁ သိန်းကျော် အသုံးပြုထား သည်ဟု သိရသည်။
မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ ကုမ္ပဏီ အုပ်စုကြီးများထံမှ လက်ခစား အထည်ချုပ် ခွဲတမ်းကို တဆင့်ခံ ရရှိနေခြင်းဖြစ်၍ ချုပ်လုပ်ပြီး အထည်များကို တောင်ကိုးရီးယား၊ ဂျပန် နှင့် လက်တင် အမေရိက နိုင်ငံများသို့ တင်ပို့ခဲ့ရသည်။
မြန်မာ အစိုးရအနေဖြင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထားသော်လည်း ယခုနှစ်အတွင်း ထိုင်း၊ တောင်ကိုရီးယားနှင့် ဂျပန် နိုင်ငံတို့မှ လာရောက် လုပ်ကိုင်မည့် အထည်ချုပ်စက်ရုံ ၅ ခုခန့်သာ ရှိသေးကြောင်း၊ ဥရောပ အခြေစိုက် ကုမ္ပဏီများ အနေဖြင့် လာရောက်မေးမြန်း မှုသာရှိပြီး အကောင်ထည်ဖော်ရန် ညှိနှိုင်း ပြောဆိုမှု မရှိသေးကြောင်း ဦးမြင့်စိုးက ပြောသည်။
“အထည်ချုပ်လုပ်ငန်း ဦးမော့လာဖို့ ဆိုရင် ဈေးကွက်ကောင်းဖို့ လိုတယ်၊ ငွေဈေးကလည်း ထိုက်သင့်တဲ့ လဲလှယ်မှုနှုန်း ရောက်ဖို့ လိုတယ်၊ အလုပ်သမား တွေကလည်း လုပ်ခလစာ ပိုတောင်း၊ ပိုရပြီးရင် ကြိုးစားပြီး လုပ်ကြဖို့လိုတယ်” ဟု သူက ရှင်းပြသည်။
ကမ္ဘာ့ စီးပွားရေး အကျပ်အတည်းကြောင့် ၂၀၀၉ နှစ်လယ်ပိုင်းက မြန်မာနိုင်ငံတဝန်း စက်ရုံ ၁၂၀ သာ လည်ပတ် နိုင်ခဲ့ရာက ၂၀၁၀ ဇွန်လမှ စ၍ အထည်အမှာများ တက်လာသဖြင့် အထည်ချုပ် လုပ်ငန်းထဲသို့ လုပ်ငန်းရှင်များ ပိုဝင်လာခဲ့ကြကြောင်း၊ ၂၀၁၂ ခုနှစ်ထဲတွင် ထုတ်လုပ်မှု ကျဆင်းခြင်း၊ ဒေါ်လာဈေး မတည်ငြိမ်ခြင်းတို့ကြောင့် စက်ရုံတချို့ ရပ်ဆိုင်းခဲ့ရကြောင်း သူကဆိုသည်။
ယခုနှစ်အတွင်း ရန်ကုန်တိုင်း အခြေစိုက် အထည်ချုပ်စက်ရုံများတွင် အခြေခံလစာ တိုးမြှင့်ပေးရေးနှင့် အလုပ်သမားများ အပေါ် တင်းကျပ် ဖိနှိပ်ထားသော စည်းမျဉ်းစည်းကမ်းများကို ပြုပြင်ပေးရန် စက်ရုံပေါင်း ၅၀ ကျော်ရှိ အလုပ်သမားများ ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။
ယခုအခါ မြန်မာနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနက အလုပ်သမားများ၏ အခြေခံလုပ်ခလစာကို နိုင်ငံတကာ စံနှုန်းအတိုင်း တလ ကျပ် ၅၇၀၀၀ သတ်မှတ်ပေးရန် အတည်ပြုလိုက်ပြီ ဖြစ်သည်။
၁၉၈၈ ခုနှစ် စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းမှ ၂၀၀၉ ခုနှစ် နှစ်လယ်အထိ အထည်ချုပ်စက်ရုံ ၁၇၁ ရုံရှိခဲ့ပြီး ကမ္ဘာ့ စီးပွားရေး အကျပ်အတည်း ဖြစ်ပေါ်လာပြီးနောက် စက်ရုံ ၁၂၀ အထိ လျော့ကျ သွားခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ အထည်ချုပ် လုပ်ငန်းများမှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅ဝ ခန့် အမြတ်ရရှိကြောင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။
စစ်တပ်မှ အရပ်ဝတ်သို့ ပြောင်းလဲခဲ့သည့် ခေါင်းဆောင် တချို့က အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုကြောင့် အထည်ချုပ် လုပ်ငန်းများသာ မက၊ အထည်ချုပ်လုပ်သားများပါ ထိခိုက်နစ်နာရသည်ဟု ပြောဆိုမှုများလည်း ရှိသည်။
မြန်မာပြည်မှ သွင်းကုန်များ အပေါ် အမေရိကန်နိုင်ငံက ပိတ်ပင်ထားမှုကို ရုပ်သိမ်းရန် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချူပ် (UMFCCI) အဖွဲ့ဝင် လုပ်ငန်းရှင်ကြီး များက လိုလားနေပြီး အထူးသဖြင့် အထည်ချုပ် လုပ်ငန်းမှ ထွက်ကုန်များ တင်ပို့ခွင့် ပိတ်ပင်ထားမှုကို ဖွင့်ပေးစေချင်ကြောင်း၊ ၎င်းလုပ်ငန်းသည် မြန်မာအမျိုးသမီး များ၏ စားဝတ်နေရေးနှင့် လုံခြုံရေးအတွက် အသက်မွေး ၀မ်းကျောင်း လုပ်ငန်းတခုဖြစ်ကြောင်း၊ ပြည်ပပို့ကုန် လုပ်ငန်းများ တိုးတက် ဖွံ့ဖြိုးမှသာလျှင် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ပေါများလာမည် ဖြစ်ကြောင်း UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောခဲ့သည်။
ယခုလက်ရှိ အနေအထားအရ အမေရိကန် အစိုးရသည် စီးပွားရေး လုပ်ငန်းရှင်ကြီးများကို မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားပြီး မြန်မာ့ပို့ကုန်များကို ပြန်လည် လက်ခံမည့် အနေအထား ရှိနေပြီ ဖြစ်သောကြောင့် မကြာတော့မည့် ကာလအတွင်း အထည်ချုပ် လုပ်ငန်းရှင်များသာမက အထည်ချုပ် လုပ်သားများအတွက်ပါ အလုပ်အကိုင် အခွင့်အလမ်းများ များပြားပွင့်လန်း လာနိုင်ကြောင်း မြန်မာ့ စီးပွားရေး သတင်းရပ်ကွက်က သုံးသပ်သည်။

လယ်သိမ်း မြေသိမ်း စုံစမ်းရေး ကော်မရှင် လွတ်လပ်မှု ရှိရန်လိုအပ်


လယ်ယာမြေ အဓမ္မသိမ်းယူ ခံထားရခြင်းနှင့်ပတ်သက်၍ ဖွဲ့စည်းမည့် စုံစမ်းရေးကော် မရှင်ကို လွတ်လပ်စွာ စုံစမ်းဖော်ထုတ်နိုင် သော အဖွဲ့တခု ဖြစ်စေလိုကြောင်း လယ်သမားအရေး ဆောင်ရွက်သူများ က ပြောသည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်အတွင်းတွင် တပ်မြေအဖြစ် သိမ်းရန် ကျောက်တိုင် စိုက်ထူထားသော ပင်ငိုကျေးရွာ တောင်ယာဧက ၆၁၀ ဧကမှ တနေရာ (ဓာတ်ပုံ – ဧရာဝတီ)
“ဒီကော်မရှင်ဟာ လွတ်လပ်တဲ့ အဖွဲ့ ဖြစ်ပြီးတော့ ပြည်သူ့ အကျိုးကို လက်တွေ့ လုပ်ပြဖို့၊ တတ်နိုင်သမျှ မြန်မြန် လုပ်ကြဖို့ မျှော် လင့်ပါတယ်”ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ ဥက္ကဋ္ဌ နှင့် လယ်သမား အရေး ဆောင်ရွက်ပေးသူ ဦးနေမျိုးဝေက ဆို သည်။
တောင်သူ လယ်သမားများ၏ ဘ၀ဆင်း ရဲကျပ်တည်းခြင်း မဖြစ်စေရန် အလေးထား ဆောင်ရွက်၍ ၎င်းတို့၏ အလုပ် အကိုင်အခွင့် အလမ်းများ ပြန်လည် ရရှိရေးအတွက် သိမ်းယူခံထား ရသည့် လယ်မြေများ ပြန်လည်ရရှိရေး၊ နစ်နာမှု မရှိစေရန် လုပ်ဆောင် ပေး နိုင်ရေး အတွက် စုံစမ်းဖော်ထုတ်ရေး ကော်မရှင်တရပ် ဖွဲ့စည်းရန် ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်း အဝေးက အတည်ပြုခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွဋ် တင်သွင်းသည့်“လယ်ယာမြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှု မရှိစေရေး တရားမျှတ စွာဖြေရှင်း
ဆောင်ရွက်ပေးရန်”အဆိုနှင့် ပတ်သက်၍ ကိုယ်စားလှယ် ၄၅ ဦး ဆွေးနွေးပြီး မဲခွဲဆုံးဖြတ် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
စုံစမ်းဖော်ထုတ်ရေး ကော်မရှင်ဖွဲ့စည်းခြင်းကို ကြိုဆိုကြောင်း၊ သို့သော် လယ်သမားများ၏ လယ်ယာမြေများ ပြန်လည် ရရှိရေးနှင့် လယ်သမားအကျိုး အမှန်တကယ် ဖော်ဆောင်ပေးနိုင်သည့် လွတ်လပ်သော အဖွဲ့ဖြစ်စေလိုကြောင်းလည်း ဦးနေမျိုးဝေ က ပြောသည်။
ထိုကော်မရှင်၌ လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ ဥပဒေ ပညာရှင်များနှင့်လူမှု အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ
ပါဝင်နိုင်ရေး ဆောင်ရွက်သွားမည်ဟု သိရပြီး မည်သည့်အချိန်တွင် ဖွဲ့စည်း မည်ဆိုသည်ကိုမူ မသိရသေးပေ။
လွှတ်တော်ကိုယ်စားပြုထားသည့် ကော်မတီ တချို့သည် ကိုယ်တိုင် ကွင်းဆင်းပြီး လယ်သမားများနှင့် တွေ့ဆုံမေးမြန်း စုံစမ်း
ခြင်းများ ရှိကြောင်း၊ သို့သော် ၎င်းတို့၏ စုံစမ်းလေ့လာမှုများသည် အမှန်တကယ် ဖြစ်ပျက်နေသည့် ဖြစ်ရပ်မှန်များ မဟုတ်
ကြောင်း၊ ထို့ကြောင့် ယခုဖွဲ့စည်းမည့် စုံစမ်းရေး ကော်မရှင်သည်လည်း လယ်မြေသိမ်းခံထားရမှု ကိစ္စကို ဖြေရှင်းနိုင်ရန် ကြာဦး မည်ဟု ယူဆကြောင်း လယ်သမားအရေး ကူညီပေးနေသည့် ရှေ့နေ ကိုဖိုးဖြူ က ပြောဆိုသည်။
“လွှတ်တော်ရဲ့ ရှေ့ပြေး ကော်မတီတချို့က မှတ်တမ်းလုပ်နေတာတွေ ရှိပါတယ်၊ ဒါပေမယ့် သူတို့က အပေါ်ယံ မှတ်တမ်း မှတ် ရာတွေပဲ ရကြတယ်၊ ကော်မရှင် ဆိုတာလည်း အဲဒီလိုပဲ လုပ်မယ်ဆိုရင် လယ်သမားတွေ အတွက် ဘာမှ ထူးလာမှာ မဟုတ် ဘူး” ဟု ၎င်းက ဆက်ပြောသည်။
လယ်ယာမြေ သိမ်းယူမှုများနှင့်ပတ်သက်၍ ဖြေရှင်းသည့်အခါလည်း မှတ်တမ်း မှတ်ရာ၊ စာရွက်စာတမ်းများနှင့်ပတ်သက်၍ ပွင့် လင်း မြင်သာမှု မရှိကြောင်း၊ လယ်ယာမြေ ပြဿနာများ ဖြေရှင်းရာတွင်လည်း  ခေါ်ယူစစ်ဆေးသည့် အဆင့်သာရှိပြီး ခိုင်လုံ သည့် အထောက်အထား ပြသမှုမရှိကြောင်း၊ ထို့ကြောင့် ကော်မရှင် အနေဖြင့် ထိုကိစ္စများကိုကျော်လွှားနိုင်ရန် လိုအပ်နေသေး ကြောင်း လည်း ကိုဖိုးဖြူ က ပြော သည်။
လယ်ယာမြေ၊ နွားစားကျက်မြေ၊ မြေလွတ်မြေရိုင်း၊ တောင်ယာမြေ စသည့် သိမ်းယူထားသည့် မြေဧက စုစုပေါင်းသည် သောင်း သိန်း ချီ၍ ရှိကြောင်း၊ ထို စာရင်းသည် လယ်သမားအရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းသူများ၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီ များ စသည့် အဖွဲ့အစည်းများ၏ စာရင်းဇယားများဖြစ်ကြောင်း ကိုဖိုးဖြူ က ဆိုသည်။
လယ်မြေ သိမ်းယူမှုသည် ခေတ်အဆင့်ဆင့် က ရှိခဲ့သော်လည်း အုပ်ချုပ်ရေးစနစ်ကြောင့် ထိရောက်သည့် အရေးယူကိုင်တွယ် နိုင်ခြင်း မရှိခဲ့ကြောင်း၊ ယခုအခါ လွှတ်တော်၌ အတိုင်းအတာတခုအထိ ပြောဆိုနိုင်ပြီ ဖြစ်၍ လယ်သမားအရေး ကိစ္စ အတွက် ကောင်းမွန်သည့် အဖြေတခုရရှိ လာမည်ဟု မျှော်လင့်ကြောင်း လယ်မြေသိမ်းမှု ကိစ္စ ပါဝင် ဆွေးနွေးခဲ့သူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ပြောသည်။
လယ်မြေ သိမ်းယူသူများသည် စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်များ၊ အစိုးရအဖွဲ့နှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များ၊ ကု မ္ပဏီများ က သိမ်းယူထားခြင်း ဖြစ်၍ ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိခဲ့ကြောင်း၊ ယခု ဖွဲ့စည်းမည့် စုံစမ်းရေး ကော်မရှင် သည် လွတ်လပ်သည့် သီးခြားအဖွဲ့တခုအဖြစ် ဆောင်ရွက်နိုင်ပါက ပြေလည်နိုင်မည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
အစိုးရ ဌာနများ ၏ စာရင်းများ၊ သီးစားချထားခွင့်၊ စာရွက် စာတမ်း၊ အထောက်အထားများ အပေါ် အခြေခံ၍ လုပ်ဆောင်မည် ဆိုပါက ကောင်းမွန်သည့် အဖြေ မရနိုင်ဟု ဦးဖေသန်းက ပြောသည်။
၎င်းက“ဓားမဦးချ လုပ်လာတဲ့ ဘိုးဘွားပိုင် မြေတွေများတယ်၊ တောသူ တောင်သား အများစုမှာ မှတ်တမ်းတွေ မလုပ်ထားကြ ဘူး၊ အဲဒီမြေတွေပဲ အသိမ်းခံထားရကြတယ်၊ ဒါတွေကို တရားမျှတစွာ ဖြေရှင်းနိုင်ဖို့ လိုပါတယ်”ဟု ဆိုသည်။
လယ်ယာမြေများအား စီမံကိန်းနယ်မြေ၊ တပ်ပိုင်နယ်မြေ မကျူးကျော်ရ ဟု ဆိုင်းဘုတ်များ စိုက်ထူထားသော်လည်း မည်သည့် စီမံကိန်းမှ လုပ်ဆောင်ခြင်း မရှိသေးသော နေရာများရှိနေသည်ဟု သိရသည်။
လက်ရှိ အစိုးရသည်လည်း ပြည်သူနှင့်နိုင်ငံအကျိုးစီးပွားအတွက် မြေများသိမ်းဆည်းပြီး စီမံကိန်းများ၊ လုပ်ငန်းများကို ဆက် လက်ဆောင်ရွက် နေရဦးမည်ဖြစ်ကြောင်း၊ စိတ်ကောင်း စေတနာနှင့် တရားနည်းလမ်းကျစွာ ဆောင်ရွက်မှုများဖြင့် ပြည်သူ့ အကျိုး၊ နိုင်ငံ အကျိုး၊ ပြည်ထောင်စု အကျိုး ပြုလုပ်သွားကြမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က ဦးတင်ထွဋ် ၏ အဆိုအား ထောက်ခံ ဆွေးနွေးစဉ် ထည့်သွင်း ပြောဆိုထားသည်


 သိမ်းယူခံထားရသည့် လယ်ယာမြေ ပြဿနာများတွင် နာမည်ကျော်ကုမ္ပဏီကြီးများ ပါဝင်ပတ်သက်နေ


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ ဆိပ်ကမ်းမြို့နယ်နှင့် ဒဂုံအရှေ့မြို့ နယ်အတွင်း ကန်ထရိုက် လယ်ယာ (Contract Farming) စနစ်ဖြင့် လုပ်ကိုင်ရန် အကြောင်းပြပြီး သိမ်းယူထားသည် ဆိုသော လယ်ယာမြေပြဿနာများတွင် နိုင်ငံ၏နာမည်ကျော် ကုမ္ပဏီကြီးများ ပါဝင်ပတ်သက်နေကြောင်း ထုတ်ပြန်ထားချက်များအရ သတင်းရရှိသည်။
နာမည်ကျော်ကုမ္ပဏီများအပြင် လက်ရှိအစိုးရအဖွဲ့အတွင်းမှ ပြည်ထောင်စုဝန်ကြီးအဆင့် တာဝန်ရှိသူအချို့၊ လွှတ်တော်အမတ်အချို့ နှင့် ပတ်သက်ပိုင်ဆိုင်သည့် ကုမ္ပဏီများပါ ပါဝင်ပတ်သက်လျက်ရှိသည် ဟု သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် ဒဂုံအရှေ့မြို့နယ် အတွင်း၂၀၀၈ ခုနှစ်မှစ၍ ကုမ္ပဏီကြီးများနှင့် တောင်သူများအကျိုးတူ ပူးပေါင်းလုပ်ကိုင်ရန် အတွက် ဟူသော စီမံချက်ဖြင့် ကုမ္ပဏီကြီးများက တောင်သူများနှင့်စတင် လုပ်ကိုင်ခြင်းဖြစ်ကြောင်း၊ သို့သော်ကုမ္ပဏီများနှင့် လုပ်ကိုင်လာသည့်နှစ် ကြာလာသည်အမျှ လယ်ယာများမှာ ကုမ္ပဏီပိုင်ဖြစ်ကုန်ကြောင်း၊ တောင်သူများ လက်လွှတ်ခဲ့ရကြောင်း၊ တောင်သူများ၏ ဆန္ဒအရမဟုတ်ဘဲ မလွန်ဆန်နိုင်၍ လက်လွှတ်ရခြင်းမျိုး များပြားကြောင်း၊ ထို့အတွက် ယခုအခါ ဆန္ဒပြမှုများ၊ တန်ရာတန်ကြေးပြန်လည် တောင်းဆိုမှုများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

စီမံကိန်းအကြောင်းပြ မြေကစားသူ လုပ်ငန်းရှင်များ မပေါ်စေရန်၊ နိုင်ငံ့အကျိုးပြုစီမံကိန်းများ ချောမောစွာ လုပ်ကိုင်နိုင်ရန်နှင့် လက်ငုပ်လက်ရင်း လယ်ယာများ အပေါ်တွင်သာ သီးသန့်မှီခို လုပ်ကိုင်နေသည့် တောင်သူများဘ၀လည်း အဆုံးသတ်မသွားရန် အတွက် စီမံကိန်းနှင့် တောင်သူ များအကြားမျှတသည့် သတ်မှတ်ချက် တစ်ရပ်ထားရှိခြင်း၊ လက်ရှိဖြစ် ပေါ်နေသည့် လယ်ယာပြဿနာ များကိုလည်း အဆင့်ဆင့်စစ်ဆေးကာ မှန်ကန်သည့် ဆုံးဖြတ်ချက်များဖြင့် ဖြေရှင်းသင့်သည်  . . .
တောင်သူများ မိမိပိုင်လယ်ယာများအား စွန့်လွှတ်ခဲ့မှုတွင် တစ်ဧကလျှင်ကျပ် ၂၀၀၀၀ မှကျပ် ၅၀၀၀၀ ၀န်းကျင်ဖြင့် ပေးလျော် စွန့်လွှတ်ခိုင်းခြင်းမျိုး ပါဝင်ကြောင်းလည်း သိရသည်။
တောင်သူများအဓိက တောင်းဆိုသည့်အချက်မှာ ကုမ္ပဏီကြီးများ မှာ လယ်ယာများအား မြေညှိပေးခြင်း၊ ပြုပြင်ပေးထားခြင်းများအတွက် ကုန်ကျစရိတ်များရှိကြောင်း၊ ထို့အတွက် မိမိတို့ယခင် ပိုင်ဆိုင်သည့် လယ်ယာမြေအားလုံးအား ပြန်လည်ရယူရန် မဟုတ်ကြောင်း၊ ထိုက်သင့်သည့် လယ်မြေဧရိယာ သို့မဟုတ်ထိုက်သင့်သည့် တန်ကြေးတစ်ရပ်ရပ် ပြန်လည် ရရှိရန်သာ တောင်းဆိုနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတွက် ဇူလိုင်လ ၂၀ ရက် နေ့၌ လယ်သမားဦးရေ ၂၇၂ ဦး သည် ဦးအောင်သန်းဦး လုပ်ကိုင်နေသည့် ပင်လယ်ကိုးသွယ်နှင့် မြရွှေဝါ ကုမ္ပဏီလယ်ကွက်များရှေ့၌ ဆန္ဒပြ မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိ၌ မြရွှေဝါနှင့် ပင်လယ်ကိုးသွယ် ကုမ္ပဏီမှ ဦးအောင်သန်းဦးက လယ်သမား ၃၀ ဦးအား ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုထား ကြောင်း၊ တောင်သူ ၃၀ ဦးမှ ဇူလိုင် လ ၃၀ ရက်နေ့တွင် ပင်လယ်ကိုး သွယ်နှင့်မြရွှေဝါကုမ္ပဏီမှ ဦးအောင် သန်းဦးအား လယ်ယာမြေများလိမ် လည်ရယူထားမှုနှင့် တောင်ဒဂုံမြို့ နယ်တရားရုံးတွင်  ပြန်လည်တရား စွဲဆိုရန်စီစဉ်နေကြောင်းသိရသည်။
တောင်သူများဘက်မှ လိုက်ပါ ဆောင်ရွက်မည့် ရှေ့နေကိုဖိုးဖြူက “အကျိုးတူလုပ်မယ်ဆိုပြီး တောင်သူ တွေကို နေ့စားပဲပြန်ခိုင်းတယ်။ တောင်သူတွေကို လယ်ထဲမှာမနေခိုင်းဘဲ ထွက်ခိုင်းတာတွေ ရှိတယ်။ ထွက်ခိုင်းပြီး နေစရာအခက်အခဲအတွက် အိုးအိမ်က ပေ ၂၀ _ ၆၀ မြေကွက်တစ်ကွက်စီ ပြန်ပေးတယ်။ တခြားဘာအကျိုးအမြတ်မှမရဘဲ တောင်သူတွေ လယ်ထဲကထွက်ခဲ့ရတယ်။ တောင်သူတွေက သူတို့လယ် မှာ ၀မ်းစာအတွက် လယ်ပြန်ထွန်တဲ့ အခါ ပိုက်နက်ကျူးလွန်မှုနဲ့ တရားစွဲတယ်။ တောင်သူတွေကလည်း လယ်လိမ်လည်သိမ်းယူမှုနဲ့ ပြန်စွဲ ဖို့လုပ်နေတယ်”ဟုပြောပြခဲ့ပါသည်။
ဒဂုံဆိပ်ကမ်းမြို့နယ် ညောင်ပင်ကျေးရွာမှ လယ်သမားကြီး ဦးမြင့်အောင်က “ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ခဲ့တဲ့ လယ်ယာမြေတွေပါ။ နိုင်ငံတော်စီမံကိန်းအရ စိုက်ပျိုးရေး အထူးကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ခဲ့တာပါ။ နောက်ပိုင်း ကုမ္ပဏီတွေက ပူးပေါင်းဆောင်ရွက်တာမျိုး မဟုတ်ဘဲ အကျိုးတူပူးပေါင်းတယ်ဆိုတဲ့ စကားရပ်ကိုအသုံးပြုလာတယ်။ နောက်ပိုင်းကျ တော့ အကျိုးတူပူးပေါင်းတာ မဟုတ်တော့ဘူး။ နိုင်ငံတော်ကရွှေ့ပြောင်းစရိတ် နှစ်သောင်းပေးပြီး ကျွန်တော်တို့ကို နှင်လွှတ်တာပါ။ ၁၆၈ ရပ်ကွက်မှာ ၂၀ပေ_၆၀ပေ မြေကွက် တစ်ကွက်စီပေးတယ်။ အားလုံးကို ပေးတာတော့ မဟုတ်ဘူး။ လယ်ထဲမှာ တဲရှိတဲ့သူတွေကိုပဲ ပေးတာပါ။ ၂၀၀၉ ခုနှစ် မေလထဲမှာတော့ လယ်သမားတွေကို ဘာမှပြောဆိုဆွေးနွေး ခြင်းမပြုဘဲ ရွှေနဂါးမင်းကုမ္ပဏီက စပြီး လယ်သမား ၃၁ ဦးကို လယ် တစ်ဧက ငါးသောင်းနှုန်းရှင်းပေးတယ်။ ရှင်းပေးပြီး အဲဒီတုန်းက ဒဂုံတောင်ပိုင်း မယကဥက္ကဋ္ဌက အကျိုးတူလဲ လုပ်စရာမလိုတော့ဘူး။ ဇယားရှုတ်လို့ တခါတည်း အပြတ်ရှင်းပေးလိုက်တာဆိုပြီး ခုနှစ်ရက်အတွင်း အပြီးပြောင်းရွှေ့ပေးရမယ်လို့ ပြောပါတယ်”ဟု ပြောပြခဲ့ပါသည်။
ကုမ္ပဏီကြီး ၁၆ ခုမှ မြေဧရိ ယာ ဧက ၇၀၀၀ ကျော်အား ၂၀၀၈ ခုနှစ်မှစကာ အကျိုးတူလုပ်ကိုင်ခြင်း ဖြစ်ပြီး ကုမ္ပဏီအများစုမှ လယ်ပိုင် အဖြစ် တစ်စတစ်စသိမ်းယူလုပ်ကိုင် ခြင်းဖြစ် ကုမ္ပဏီအချို့မှာမူ တောင် သူများဆန္ဒအရ တောင်သူများအား ပြန်လည်လုပ်ကိုင်ခွင့် ပေးထားခြင်းမျိုး ရှိကြောင်း၊ တောင်သူဆန္ဒအရ လုပ်ကိုင်သည့် ကုမ္ပဏီဖြစ်၍ တောင်သူများ ကျေနပ်မှသာ ဆက်လက်လုပ်ကိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
လက်ရှိတွင် ဧက ၃၈၀ အား တောင်သူများ ကိုယ်တိုင်အပါအ၀င် လုပ်ကိုင်ခွင့်ပြုပေးထားသော မက်စ်မြန်မာကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ ဦးစိုးမြတ်က “ကျွန်တော်တို့ ၂၀၀၈ မှ တောင်သူတွေနဲ့ Contract Farming စနစ်နဲ့ ပူးပေါင်းလုပ်ကိုင်ပါတယ်။ လုပ်ကိုင်ရတဲ့ ရည်ရွယ်ချက်က တောင်သူတွေ စိုက်ပျိုးနည်းပညာ ရအောင်၊ စိုက်ပျိုးတဲ့လယ်ယာမြေတွေ အဆင့်မီစိုက်ပျိုးတဲ့ လယ်ယာဖြစ်အောင်၊ အဓိကအချက်ကတော့ တောင်သူတွေ ဘ၀မြင့်မားလာအောင် လုပ်တာ။ ကျွန်တော်တို့က လယ်ယာမြေတွေကို စလုပ်တော့ မြောင်းတွေ၊ ဗျိုက်တောတွေနဲ့ စိုက်လို့မရဖြစ်နေတဲ့ ဧရိယာ အများကြီးပါတယ်။ အခုအဲဒီဧရိယာ တွေကိုရော အရင်မညီညာတဲ့ လယ်ယာတွေကိုပါ စက်တွေနဲ့စိုက်ပျိုးလို့ ကောင်းအောင်ပြုပြင်ပေးခဲ့တယ်။ ပြီးတော့ တောင်သူတွေကို စနစ်နှစ်မျိုးနဲ့ လုပ်လို့ရကြောင်း ပြောလိုက်တယ်။ တစ်မျိုးက ဒီမှာပဲ လခစားနဲ့လုပ်မလား၊ ကိုယ်တိုင်စိုက်ပျိုးမလား။ အဲဒီမှာ ကိုယ်နှစ်သက်ရာနဲ့ လုပ်တယ်။ ကျွန်တော်တို့က ကိုယ်တိုင်စိုက်ပျိုးမယ့် တောင်သူတွေကို သွင်းအားစုအားလုံး ထုတ်ပေးတယ်။ ထွက်လာတဲ့အခါ စပါးတွေပြန်ဝယ်ပေးတယ်။ မြတ်သမျှ တောင်သူအားလုံးယူပေါ့။ အရင်တုန်းက တစ်ဧကမှ ၃၅ တင်းလောက် ထွက်တဲ့ လယ်မျိုးက အခုတစ်ဧက ကို တင်း ၇၀ ၀န်းကျင်ထွက်နေပြီ။ ဒီလိုဖြစ်တဲ့အထိ ပြုပြင်ပေးတယ်၊ သွင်းအားစုပေးတယ်။ ဒါ့အပြင် တောင်သူတွေရဲ့ မိသားစုကျန်းမာရေး၊ ပညာရေးကအစ ထောက်ကူပေးထားတယ်။ အဲဒီအတွက် အခုဆန္ဒပြတဲ့ အထဲမှာ ကျွန်တော်တို့တောင်သူတွေ မပါဘူး။ ကျွန်တော်တို့ပြောတာ ဟုတ်မဟုတ် ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်နေတဲ့ တောင်သူတွေကို အချိန်မရွေး လာမေးလို့ရပါတယ်။ တောင်သူတွေကို ပူးပေါင်းကူညီပေးတာ၊ တောင်သူ တွေဆန္ဒအရ ကျွန်တော်တို့လုပ်နေတာ၊ အဲဒီအတွက် တောင်သူတွေ ကျေနပ်မှ ကျွန်တော်တို့မက်စ်မြန်မာက ဆက်လုပ်မှာပါ”ဟု ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ကုမ္ပဏီများအား တောင်သူများမှ ဆန္ဒပြခြင်းနှင့် ပတ်သက်၍ “ကျွန်တော်ကြားမိတာ ကုမ္ပဏီ ၁၆ ခုစလုံးက တောင်သူတွေ ဆန္ဒပြတာ မဟုတ်ဘူး။ တချို့ကိုယ့်လယ်ကိုယ် ပြန်လုပ်ခွင့်ပေးထားတဲ့ ကုမ္ပဏီရှိတယ်။ အဲဒီကုမ္ပဏီမျိုးက တောင်သူတွေတော့မပါဘူး။ မက်စ်မြန်မာက လယ်သမားကို သူ့ဟာသူ စိုက်ချင်တာစိုက် စိုက်ပျိုးစရိတ် ထုတ်ပေးထားတယ်။ နောက်လိုအပ်တဲ့ဆီ၊ သွင်းအားစုပေးထားတယ်။ အချိန်တန်လို့ သီးနှံပေါ်တဲ့အခါ သူ့ကိုပဲ ရောင်းရောင်း၊ အပြင်မှာပဲရောင်းရောင်း သူ့စရိတ်ကိုပဲ ပြန်ယူတယ်။ ဒါပဲ။ ဆန္ဒပြတဲ့အထဲမှာ သူ့လယ်က လယ်သမားတွေ ပါတယ်လို့တော့ မကြားမိပါဘူး။ အဲဒီလိုကုမ္ပဏီမျိုးလည်း ရှိနေသေးတယ်။ ကုမ္ပဏီအများစုကိုတော့ လယ်သမားတွေ မကျေနပ်ဘူး”ဟု တောင်သူလယ်သမားများ ဘက်မှ လိုက်ပါဆောင်ရွက်ပေးသူ ရှေ့ နေ ကိုဖိုးဖြူက ပြောကြားခဲ့သည်။
Contract Farming စနစ်ဖြင့် လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများအနေဖြင့် မိမိတို့ တောင်သူများဖြင့် ပူးပေါင်းလုပ်ကိုင်ခွင့်ရရှိသည့် လယ်ယာများအပြင် နီးစပ်ရာတောင်သူများထံမှပါ လယ်ယာများအား တစ်နည်းနည်းဖြင့် ထပ်မံချဲ့ထွင်ဝယ်ယူ လုပ်ကိုင်ခြင်းများပါ ရှိနေကြောင်းလည်း သိရသည်။
“ကုမ္ပဏီကြီးတစ်ခုကဆို ကျွန်တော့်ကုမ္ပဏီက တောင်သူတွေရဲ့ လယ်ပါရောင်းမလားလို့ လာစပ်ခဲ့သေးတယ်။ ကုမ္ပဏီအချင်းချင်းတောင် ပြန်ဝယ်တာမျိုးရှိတာကို ထောက်ပြတာပါ။ အဲဒီလိုလုပ်တဲ့ အတွက်လည်း အခုလိုပြဿနာတွေ ဖြစ်လာတာ”ဟု အဆိုပါကုမ္ပဏီ ၁၆ ခု တွင် ပါဝင်သည့် ကုမ္ပဏီတစ်ခုမှ လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
“တချို့ကုမ္ပဏီတွေက ပေးတယ်။ ဒါပေမယ့် အိုးအိမ်ကတစ်ဆင့် လယ်သမားဆီ ငွေပေးခဲ့တာလည်း ရှိတယ်။ အဆင့်ဆင့်ပေးပြီး နောက်ဆုံး မှ တောင်သူဆီရောက်တော့ ဘယ်လောက်ပဲ ရောက်သလဲ။ ဒါလည်းစစ်ဆေးရမှာပဲ။ ဒါပေမယ့် တချို့ကုမ္ပဏီ ကျတော့လည်း မြေလွတ်တွေ့တာနဲ့ ဆွဲယူလိုက်တာမျိုးလည်း ရှိတယ်။ ဒီပြဿနာက စစ်ဆေးရမယ့်ပြဿနာပါ”ဟု ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ချထားပေးစဉ် က အကွက်ချရာတွင် ပါဝင်ခဲ့သည့် လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
ယခုကဲ့သို့ လယ်ယာမြေ ပြဿနာများမှာ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့ သာကျေးရွာတွင် လည်းကောင်း၊ သန်လျင်မြို့နယ်တွင် လည်းကောင်း ကြုံတွေ့ရလျက်ရှိသည်ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသော ဒေါက်တာ ခင်ရွှေ၏ ဇေကမ္ဘာကုမ္ပဏီမှ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု လယ်ယာမြေ ကွင်းအမှတ် (၅၃၁/ ၅၃၃)တို့ရှိ လယ်မြေဧက (၁၀၀၀) ကျော်အား တိုးချဲ့စက်မှုဇုန်ဖော်ထုတ်ရန်အတွက် ၂၀၁၀ ပြည့်နှစ် အတွင်းကရယူခဲ့သည်ဟု သိရသည်။
ရယူရာတွင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် လယ်သမားများအား ပေါင်းကူးကျေးရွာ ဓမ္မာရုံ၌ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း၊ လယ်တစ်ဧကလျှင်ကျပ် ငါးသောင်း ပေးမည်ဟုဆိုကာ ယင်းလယ်များ၌ လယ်ယာလုပ်ကိုင်ခွင့်အား စွန့်လွှတ်ကြောင်း လက်မှတ်ရေးထိုးစေကြောင်း၊ လယ်သမားများမှ လက်မခံသဖြင့် ငွေကျပ်သုံးသိန်းအထိ အဆင့်ဆင့် တိုးပေး၍ လယ်လုပ်ကိုင်ခွင့်ကို စွန့်လွှတ်ရန်နှင့် ငွေမယူပါက လယ်ကွက် ကိုသိမ်းယူမည်ဟု ပြောဆိုခြင်း၊ နေ့စဉ် ရက်ဆက်ဆိုသလို အဆိုပါ ကုမ္ပဏီ မှ လယ်သမားတစ်ဦးချင်းအား ခေါ် ယူပြောဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း လယ်သမားများ၏ ပြောကြားချက် အရသိရသည်။
၂၀၁၀ ပြည့်နှစ် ဧပြီလ၌ ကာလပေါက်ဈေး သိန်း ၂၀ တန်ဖိုးရှိ လယ်တစ်ဧကလျှင် ဂရုဏာကြေး ကျပ်သုံးသိန်းဖြင့် တန်ဖိုးဖြတ်၍ လယ် ၈၁၅ ဧကအတွက် ကျပ်သိန်း ၂၄၀၀ အား လယ်သမားများထံသို့ ပေးအပ်ခဲ့ကြောင်း လယ်သမား ၆၄ ဦး၏ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံတော်သမ္မတကြီးထံသို့ တင်ပြသည့် အသနားခံစာ၌ ဖော်ပြထားသည်။
၂၀၁၁ ခုနှစ်၌ ယင်းလယ်ကွက် များပေါ်၌ သီးစားစိုက်ပျိုးလုပ်ကိုင်ခွင့်ကို ဇေကမ္ဘာကုမ္ပဏီမှရရှိခဲ့ပြီး လယ်မြေများပေါ်၌ လယ်ယာစိုက်ပျိုး လုပ်ကိုင်ခြင်းမရှိဘဲ စက်မှုဇုန်အဖြစ် အကောင်အထည် ဖော်နေသောကြောင့် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသော လယ်မြေများပေါ်၌ ဇေကမ္ဘာ ကုမ္ပဏီ၏ စက်မှုဇုန်အပိုင်း(၄) အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ခွင့်ပြုမိန့်ရရှိမှသာ ဆက်လက်ဆောင်ရွက်ရန်နှင့် ခွင့်ပြုချက်တစ်စုံတစ်ရာ မရှိဘဲ စက်မှုဇုန်အဖြစ် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေ ပါက လယ်မြေကို ဖျက်ဆီးခြင်းဟု သတ်မှတ်၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက် နေ့ရက်စွဲ ဖြင့် ထုတ်ပြန်ခဲ့သည်။
စက်မှုမြေအဖြစ် ရောင်းချပြီး ဖြစ်သောကြောင့် လယ်သမားများ အားလယ်ယာများ ပြန်လည်ပေးနိုင်ခြင်း မရှိပါကြောင်း ရန်ကုန်တိုင်း ဒေသကြီးမဲဆန္ဒနယ် အမှတ်(၉)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ရွှေမှဇူလိုင်လ ၂၃ရက် နေ့က ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
လယ်ယာမြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာဖော် ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေးတရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန် အဆိုကို ဆွေးနွေးရာတွင် ဒေါက်တာခင်ရွှေမှ ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
သန်လျင်မြို့နယ်၊ အလွမ်း ဆွတ်ကျေးရွာတွင်လည်း လယ်မြေ ပြဿနာများ တောင်သူနှင့် ရေတပ် အကြားဖြစ်ပွားလျက်ရှိပြီး ရန်ကုန် တိုင်းဒေသကြီး၊ နယ်စပ်ရေးရာဝန် ကြီးဌာနတာဝန်ရှိသူများမှ ၀င် ရောက်ဖြေရှင်းပေးကြောင်း သိရသည်။
“၀န်ကြီးက ၂၆ရက်နေ့ ညနေ မှာ ရေတပ်က ဗျူဟာမှူးနဲ့ လယ်သမားတွေကိုခေါ်ပြီး စေ့စပ်ညှိနှိုင်းမှု တွေလုပ်တယ်။ ဒီလယ်မြေတွေမှာ လယ်သမားတွေ အနေနဲ့ ဆက်ပြီး ထွန်ယက်မှုတွေ ပြုနေဦးမယ်ဆိုရင် ကျူးကျော်မှုနဲ့ တရားစွဲဆိုမှာဖြစ်ကြောင်း ရေတပ်ဗျူဟာမှူးက ပြောပါတယ်။ လယ်သမားတွေအနေနဲ့ ဆက်ပြီးရင်ဆိုင်ဖို့တော့ မရှိတော့ပါဘူး။ ဥပဒေကိုလိုက်နာသောအားဖြင့် ထွန်ယက်မှုတွေ မလုပ်တော့ပါဘူး။ ဒါပေမယ့် သူတို့မှီခိုနေရတဲ့ လုပ်ငန်းတစ်ခု မရှိတော့တဲ့အတွက် သူတို့ဘ၀တွေ ဆက်လက်ရပ်တည် နိုင်ဖို့အတွက် ၀န်ကြီးဆီကို တင်ပြထားပါတယ်”ဟု ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုမျိုးသန့်က ပြောပါသည်။
နိုင်ငံတစ်နိုင်ငံတွင် စီမံကိန်းဟူသည် အမြဲတစေရှိနေမည့် အခြေအနေဖြစ်ကြောင်း၊ စီမံကိန်းအကြောင်း ပြ မြေကစားသူလုပ်ငန်းရှင်များမ ပေါ်စေရန်၊ နိုင်ငံ့အကျိုးပြုစီမံကိန်းများ ချောမောစွာ လုပ်ကိုင်နိုင်ရန်နှင့် လက်ငုပ်လက်ရင်းလယ်ယာများ အပေါ်တွင်သာ သီးသန့်မှီခိုလုပ်ကိုင်နေ သည့်တောင်သူများဘ၀လည်း အဆုံးသတ်မသွားရန်အတွက် စီမံကိန်း နှင့် တောင်သူများအကြား မျှတသည့် သတ်မှတ်ချက်တစ်ရပ်ထားရှိခြင်း၊ လက်ရှိဖြစ်ပေါ်နေသည့် လယ်ယာ ပြဿနာများကိုလည်း အဆင့်ဆင့် စစ်ဆေးကာ မှန်ကန်သည့်ဆုံးဖြတ် ချက်များဖြင့် ဖြေရှင်းသင့်သည်ဟု သုံးသပ်ကြပါသည်။
 ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်း ကုမ္ပဏီ ၁၆ ခုအား တစ်ကွက်လျှင် လယ်မြေ ဧက ၅၀၀ ချထားပေးပြီး အဆိုပါမြေဧရိယာအတွင်း လက်ရှိစိုက်ပျိုး ထုတ်လုပ်နေသည့် ကုမ္ပဏီအလိုက် စိုက်ဧကစာရင်း
ကုမ္ပဏီ       လုပ်ငန်းရှင်အမည်မိုးစပါးစိုက်ဧက
ဒဂုံအင်တာနေရှင်နယ်    ဦးဝင်းအောင်(ဥက္ကဋ္ဌ၊ UMFCCI)၇၅၀
ယုဇန                  ဦးဌေးမြင့်(ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်)၄၇၀
မြင့်ဇေယျာ           လယ်/ဆည် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် မိသားစုဖြင့် ဆက်နွယ်မှုရှိ၃၈၀
ဆင်းရွှေလီ          လယ်/ဆည် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် မိသားစုဖြင့် ဆက်နွယ်မှုရှိ၆၀၀
ဝန်းရံခ            ဦးတင်ဝင်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲ)၃၈၀
ရွှေနဂါးမင်း        စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၄၄၀
ရွှေနဂါးမင်း(မထားစုရွာ)   စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၂၀၀
မက်စ်မြန်မာ      ဦးဇော်ဇော်(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)၃၈၀
ရွှေဟိန်းထက်     ဦးဝင်းနိုင်(ဆောက်လုပ်ရေးနှင့် ကျောက်မျက်ကုမ္ပဏီလုပ်ကိုင်)၃၀၀
ဧဒင်ကုမ္ပဏီ          ဦးချစ်ခိုင်(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း)၄၀၀
ဂရင်းအေးရှား           ဦးထွန်းမြင့်နိုင်(အေးရှားဝေါလ်ကုမ္ပဏီ)၏ လုပ်ငန်းခွဲကုမ္ပဏီ၄၀၀
အမျိုးသားကြီးပွားတိုးတက်ရေး အမျိုးသားကြီးပွားတိုးတက်ရေး   ဦးစိုးထွန်းရှိန်     ၄၀၀
ရွှေတောင်         ဦးအိုက်ထွန်း၄၀၀
ပင်လယ်ကိုးသွယ်           ဦးအောင်သန်းဦး(ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ သန်လျင်မဲဆန္ဒနယ်)၄၅၀
မြရွှေဝါ   ဦးအောင်သန်းဦး(ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ သန်လျင်မဲဆန္ဒနယ်)၃၈၀
ဂွဒ်ဘရားသား       ဦးလှဦး(ဒါရိုက်တာ)၃၅၀
စတင်လုပ်ကိုင်ချိန်၌ မြ၀တီကုမ္ပဏီ(ဦးပိုင်) ပါဝင်ကြောင်း၊ နောက်ပိုင်းတွင် အိုး/အိမ်သို့ ပြန်လည်အပ်နှံထားကြောင်း သိရသည်။ ပျမ်းမျှအားဖြင့် ဒဂုံအရှေ့ပိုင်းတွင် ကုမ္ပဏီစုစုပေါင်းအား ချထားပေးသည့် လယ်ယာမြေဧကပေါင်း ၇၀၀၀ ခန့်ရှိကြောင်း၊ နောက်ပိုင်းတွင် အချို့ကုမ္ပဏီကြီးများမှ နီးစပ်ရာ လယ်ယာများအား ထပ်မံသိမ်းဆည်း ၀ယ်ယူခြင်းများကြောင့် ဧကပိုမိုများပြားလာပြီးစ ယခုအခါ ဧက ၁၀၀၀၀ ကျော်ထိ ရှိလာကြောင်း သိရသည်။ ယင်းအထဲ၌ စားကျက်မြေ၊ ရေနက်ကွင်း၊ ရေမြောင်းများ၊ မွေးမြူရေးကန်များလည်း ပါဝင်ကြောင်း၊ ဖော်ပြပါ ကုမ္ပဏီလိုက် လယ်ဧကများမှာ ပြီးခဲ့သည့် နှစ်မိုးစပါးစိုက်ဧကသာ ဖြစ်ပြီး ကုမ္ပဏီများပိုင်ဆိုင်သည့် ဧကအားလုံး မဟုတ်ပါ။ ပိုင်ဆိုင်သည့် ဧကများမှာ ယခုထက် ပိုမိုများပြားပါသည်။
မှတ်ချက်။        ။ ဒေါက်တာခင်ရွှေ (ဇေကမ္ဘာကုမ္ပဏီ)သည် မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာတွင် စက်မှုဇုန်စီမံကိန်းအတွက် လယ်ယာမြေ သိမ်းယူထားမှုသည်လည်း ပြဿနာဖြစ်ပွားလျက် ရှိသည်။ သန်လျင်မြို့နယ် လွမ်းဆွတ်ကျေးရွာတွင်လည်း လယ်မြေပြဿနာ ကြုံတွေ့ရသည်။

လုပ်ငန်းရှင်ကြီးအချို့အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာပေးထားခြင်းသည် နိုင်ငံအတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှု ပိုမိုကြီးထွား လာစေနိုင်


လုပ်ငန်းရှင်ကြီးအချို့အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာ ပေးထားခြင်းသည် နိုင်ငံအတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှု ပိုမိုကြီးထွားလာစေနိုင်ကြောင်း အမျိုးသားလွှတ်တော် ငွေရေးကြေးရေးနှင့် အခွန်အကောက်ဆိုင်ရာ ကော်မတီ အကြံပြု
လုပ်ငန်းရှင်ကြီးအချို့(ဥပမာ -အိမ်ရာ၊ မြေယာ ရောင်းဝယ်ခြင်း) အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာပေးထားခြင်းသည် နိုင်ငံတော်အတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှုများ ပိုမိုကြီးထွားလာစေနိုင်ကြောင်း အမျိုးသားလွှတ်တော် ငွေရေးကြေးရေးနှင့် အခွန်အကောက်ဆိုင်ရာ ကော်မတီ၏ အကြံပြုချက်စာတမ်းတွင် အကြံပြုထားကြောင်း သိရသည်။
ငွေကြေးအရင်းအနှီး မြောက်မြားစွာ ရင်းနှီးမြှုပ်နှံထားသည့် ကုန်ထုတ်လုပ်ငန်း မဟုတ်သည့် ၀ယ်လှောင်ရောင်းပုံသဏ္ဌာန်ဖြင့် ဆောင်ရွက်နေသည့် မြေ၊ အိမ်၊ ယာဉ်ရောင်းဝယ်မှုများ အပေါ်တွင်လည်း သင့်တော်သည့်နည်းလမ်းများဖြင့် စနစ်တကျစည်းကြပ်သွားရန် လိုအပ်သည် ဟု တင်ပြထားကြောင်း သိရသည်။
ငွေလဲလှယ်နှုန်း တစ်သမတ်တည်း ဖြစ်စေရေးအတွက် ဆောင်ရွက်နေသော်လည်း ငွေလဲကောင်တာနှုန်း၊ ပြင်ပဈေးနှုန်း၊ FEC ဈေးနှုန်း၊ Earning နှုန်းများ ကွာခြားမှုရှိနေခြင်းတို့ကြောင့် ငွေကြေးလဲလှယ်နှုန်း တစ်မျိုးတည်းဖြစ်အောင် လုပ်ဆောင်သင့်ပြီး ငွေကြေးလဲလှယ်နှုန်း အတက်အကျ ကွာခြားချက် နည်းနိုင်သမျှနည်း၍ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်သင့်ကာ ဈေးကွက်စနစ်ဖြစ်ပေါ်လာရန် လိုအပ်ကြောင်း အကြံပြုထားသည်ဟု သိရသည်။

အခွန်ထမ်းက အခွန်ရှောင်ခြင်း၊ အခွန်ဝန်ထမ်းများက နိုင်ငံထက် ယင်းတို့၏ ကိုယ်ကျိုးအတွက် ဆောင်ရွက်နေခြင်းများကို လျော့နည်းပပျောက်စေမည့် အခွန် မူဝါဒမျိုးချမှတ် ကျင့်သုံးသင့်ကြောင်း၊ ကုန်ထုတ်လုပ်မှုအဆင့်ဆင့်၊ ရောင်းဝယ် ဖောက်ကားမှု အဆင့်ဆင့်အပေါ်တွင် အခွန်အကြိမ်ကြိမ် စည်းကြပ်ကောက်ခံ ခြင်းများကြောင့် ရရှိသည့်အခွန်သည် သက်ဆိုင်ရာ လုပ်ငန်းရှင်ကြီးများ၊ ကုမ္ပဏီ ကြီးများက ကျခံရခြင်းမဟုတ်ဘဲ သွယ်ဝိုက်သော နည်းအားဖြင့် စားသုံး၊ သုံးစွဲသူများကသာ ကျခံရသည်ကို သတိပြုသင့်ကြောင်း အကြံပြုထား  .  .  .
ယခုအခါ ပုဂ္ဂလိကဘဏ် ၁၁ ခု အား နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခွင့်ခွင့်ပြုပြီးဖြစ်၍ အက်ဖ်အီးစီ ဆက်လက်ထားရှိသုံးစွဲရန် သင့်မသင့်၊ Stock Exchange စနစ် ဖြစ်ပေါ်လာပါက Stock Share ဈေးကွက် လုခြင်းများ ဖြစ်ပေါ်နိုင်ခြင်း၊ ဗဟိုဘဏ်တွင် စုဆောင်းထားရှိသည့် နိုင်ငံပိုင် နိုင်ငံခြားငွေပမာဏ၊ ရွှေပမာဏနှင့် ဗဟိုဘဏ်မှ ထုတ်ဝေထားသည့် FEC ပမာဏ အခြေအနေများကို အများပြည်သူသိရှိအောင် အချိန်အခါ သတ်မှတ်၍ ထုတ်ပြန်ကြေညာ ပေးသွားသင့်ကြောင်း အကြံပြုတင်ပြထားသည်။
အခွန်ကိစ္စနှင့် ပတ်သက်၍လည်း အမြတ်ခွန်အများဆုံး ပေးဆောင်သော လုပ်ငန်း ၁၀ ခုတွင် အကြီးဆုံးလုပ် ငန်းရှင်များ မပါဝင်ခြင်းမှာ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံ မှန်ကန်စွာ စုဆောင်းရရှိမှု မရှိခြင်း၊ ကုမ္ပဏီကြီးများက ဥပဒေနှင့်အညီ ပေးဆောင်မှု မရှိခြင်း၊ အခွန်ရရှိအောင် တာဝန်ယူရသည့်ဌာနများ၊ ၀န်ထမ်းများ၏ ဆောင်ရွက်မှု အားနည်းခြင်း တို့ကြောင့်ဖြစ်ကြောင်း သိရသည်။
နိုင်ငံ၏ဂျီဒီပီနှင့် အခွန်ရရှိမှုမှာ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီးယား ၁၀ ရာခိုင်နှုန်း၊ လာအို ၁၁ ရာခိုင်နှုန်း၊ ဗီယက်နမ် ၂၁ ရာခိုင်နှုန်း ရှိနေချိန်တွင် ၃ ရာခိုင်နှုန်းသာ ရှိပြီး ရသင့်သည့်အခွန် မရရှိသည်နှင့် အမျှ ဘတ်ဂျက်လိုငွေပြပြီး တိုင်းပြည်၏ စီးပွားရေး၊ လူမှုရေးများတွင် တိုးတက်မှု နှေးကွေးနိုင်ကြောင်း ဖော်ပြထားသည်။
အခွန်ထမ်းက အခွန်ရှောင်ခြင်း၊ အခွန်ဝန်ထမ်းများက နိုင်ငံထက် ယင်းတို့၏ ကိုယ်ကျိုးအတွက် ဆောင်ရွက် နေခြင်းများကို လျော့နည်းပပျောက်စေမည့် အခွန်မူဝါဒမျိုး ချမှတ်ကျင့်သုံး သင့်ကြောင်း၊ ကုန်ထုတ်လုပ်မှုအဆင့် ဆင့်၊ ရောင်းဝယ်ဖောက်ကားမှု အဆင့်ဆင့်အပေါ်တွင် အခွန်အကြိမ်ကြိမ် စည်းကြပ် ကောက်ခံခြင်းများကြောင့် ရရှိသည့်အခွန်သည် သက်ဆိုင်ရာ လုပ်ငန်းရှင်ကြီးများ၊ ကုမ္ပဏီကြီးများက ကျခံရခြင်းမဟုတ်ဘဲ သွယ်ဝိုက်သော နည်းအားဖြင့် စားသုံး၊ သုံးစွဲသူများကသာ ကျခံရသည်ကို သတိပြုသင့်ကြောင်း အကြံပြုထားသည်။
အခွန်မှန်ကန်စွာ ရရှိရေးအတွက် အခွန်အကောက် ကောက်ခံခြင်း ခံရမည့် လူပုဂ္ဂိုလ်(အခွန်ထမ်း)၊ လုပ်ငန်း၊ ပစ္စည်းအားအမျိုးအစားနှင့် အတန်းအစားခွဲခြားခြင်း၊ ကောက်ခံခြင်း ခံရမည့်အရာများ မှန်ကန်သည့်တန်ဖိုး၊ ဈေးနှုန်း၊ သတ်မှတ်ပေးခြင်း၊ ကောက်ခံခြင်း ဆောင်ရွက်မည့်သူများ စနစ်တကျဖွဲ့စည်းခြင်းနှင့် ယင်းတို့ ၏တာဝန်ဝတ္တရားများ သတ်မှတ်ပေးခြင်း၊ အခွန်ကောက်ခံခြင်း ဆောင်ရွက်မည့် အဖွဲ့အစည်း ပုဂ္ဂိုလ်များအတွက် စည်းမျဉ်းစည်းကမ်းများ တိကျစွာ သတ်မှတ်ပေးခြင်းများအပြင် ပြည်သူများ ယုံကြည်လက်ခံနိုင်သည့် အခွန်မူဝါဒ၊ ရှင်းလင်းလွယ်ကူသည့် အခွန်စနစ်များပါရှိသည့် ဥပဒေများ ကို ခေတ်ကာလနှင့်အညီ ပြန်လည်ရေးဆွဲသွားသင့်ကြောင်း အကြံပြုထားကြောင်း သိရသည်။
ငွေရေးကြေးရေးမူဝါဒနှင့် ဘဏ္ဍာရေးမူဝါဒများ ဟန်ချက်ညီစွာ အပြန်အလှန် အထောက်အကူပြုရေးအတွက် လက်ရှိတွင် ငွေကြေးဖောင်းပွမှု မြင့်မားနေသည့်အတွက် ယင်းကို ထိန်း သိမ်းနိုင်ရန်အတွက် ဘတ်ဂျက်အသုံးစရိတ်များ လျှော့ချခြင်း၊ အခွန်အကောက်များ ပိုမိုရရှိအောင် စွမ်းဆောင်ခြင်းအားဖြင့် ဘတ်ဂျက်လိုငွေပမာဏ ကို လျော့ကျအောင် လုပ်ဆောင်သင့် ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာအောင် စွမ်းဆောင်သင့်ကြောင်း တင်ပြထားသည်။

ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြသည့် အခမ်းအနားကျင်းပ


ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြသည့် အခမ်းအနားအား ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၂၉ရက်နေ့၊ နေ့လည် ၁နာရီက ရန်ကုန်မြို့၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးတွင် ကျင်းပခဲ့ပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်
ယင်းအခမ်းအနားသို့ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ ဒုတိယ၀န်ကြီး ဦးဟန်စိန်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်၊  ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့လေကြောင်းတို့မှ တာဝန်ရှိသူများ၊ ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ နောက်ခံသမိုင်း၊ မူဝါဒနှင့် ရည်မှန်းချက်များ၊ ရန်ကုန်ဆိပ်ကမ်းရှိ အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားများ၊ ရန်ကုန်ဆိပ်ကမ်း၏ လုပ်ငန်း စွမ်းဆောင်နိုင်မှု အခြေအနေ၊ ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး Conceptual Plan၊ ပုဂ္ဂလိကအပိုင်းမှ ပါဝင်ဆောင်ရွက်နိုင်ရန် လျာထားသည့် လုပ်ငန်းများ၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ ဆောင်ရွက်ရမည့်လုပ်ငန်းများ (Scope of work) ၊ တင်ဒါတင်သွင်းမည့် ရင်းနှီးမြုပ်နှံသည့် ကုမ္ပဏီများမှ တင်ပြရမည့် အခြေခံအချက်များစသည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လုပ်ငန်းစဉ် ၄ ခုအား ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ရန် လျာထားကြောင်း သိရသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှုး ဦးချိုသန်းမောင်မှ ရှင်းလင်းပြောကြားစဉ်
ယင်းလုပ်ငန်းစဉ်များမှာ ရန်ကုန်ဆိပ်ကမ်း၊ လမ်းမတော်နယ်မြေ (ရွာသစ်ချောင်းနှင့် စဥ့်အိုးတန်းကြား)တွင် နိုင်ငံတကာ အဆင့်မီ ပြည်တွင်းခရီးသွားဆိပ်ကမ်းများ (Inland Port Terminal)အဖြစ် ပြုပြင်ပြောင်းလဲ တည်ဆောက်ခြင်း၊ ဆူးလေဆိပ်ကမ်းတံတား အမှတ် ၁၊ ၂၊ ၃၊ ၄ တို့အား အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာနှင့် အထွေ ထွေကုန်တင်သင်္ဘောကြီးများ ဆိုက် ကပ်နိုင်သည့် ဆိပ်ကမ်းအဖြစ် အဆင့်မြင့်ပြုပြင် တည်ဆောက်ခြင်း၊  ပန်းဆိုးတန်း-ဒလ ခရီးသည်တင်  ဆိပ်ခံဗောတံတားအား အဆင့်မြင့် ခေတ်မီ ခရီးသည်တင် ဆိပ်ခံတံတား Modernized Passanger Terminal အဖြစ် ပြောင်းလဲတည်ဆောက်ခြင်း၊ ဗိုလ်တစ်ထောင်ဆိပ်ကမ်းရှိ ကမ်းပါးထိန်း ရေကာတံတိုင်းအား မြစ်ဘက်သို့ တိုးချဲ့တည်ဆောက်ခြင်း၊ ဆိပ်ခံဗောတံတားများအား အဆင့်မြင့် ပြုပြင်တည်ဆောက်ခြင်းနှင့် နောက်ခံမြေပေါ်တွင် အပန်းဖြေ အနားယူနိုင်ရေးနေရာများနှင့် ဆိုင်ခန်းများ တည်ဆောက်ခြင်းစသည့် လုပ်ငန်းစဉ်များ ဖြစ်ပါသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တင်ဒါတင်သွင်းမည့် ရင်းနှီးမြုပ်နှံသည့် ကုမ္ပဏီများအား ခေါ်ယူသွားမည်ဖြစ်ပြီး၊ Joint Venture(J.V)စနစ်၊ BOT စနစ်များဖြင့် ပူးပေါင်း ဆောင်ရွက်ရန် ကနဦးလျာထားသည်ဟု သတင်းရရှိပါသည်။   

 ဆေးတက္ကသိုလ် တက်ရောက်ခွင့်အတွက် ယခင်က ကျောင်းသားဦးရေ အချိုးကို ပိုမိုခေါ်ယူခဲ့ရာမှ ယခုနှစ်တွင် ကျောင်းသားနှင့်ကျောင်းသူ အချိုး တန်းတူခေါ်ယူမည်


ဆေးတက္ကသိုလ် တက်ရောက်ခွင့်အတွက် ယခင်က ကျောင်းသား ဦးရေအချိုးကို ပိုမိုခေါ်ယူခဲ့ရာမှ ယခုနှစ်တွင် ကျောင်းသားနှင့်ကျောင်းသူ အချိုးတန်းတူခေါ်ယူမည် ဖြစ်ကြောင်း နေပြည်တော်ရှိ ဆေးသိပ္ပံပညာဦးစီး ဌာနမှ သိရသည်။
ယခင်က ဆေးတက္ကသိုလ် တက်ရောက်ခွင့်ပြုရာတွင် ကျောင်းသား၊ ကျောင်းသူအချိုးမှာ ၆၀း၄၀ သတ် မှတ်ခဲ့ရာမှ ယခုပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ အချိုး  ၅၀း ၅၀ တန်းတူ လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
“ဒီနှစ် ဆေးတက္ကသိုလ် တက်ရောက်ခွင့် ကျောင်းသားကျောင်းသူ အချိုးကို တန်းတူဖြစ်အောင် ပြောင်းထားပါတယ်။ ဒီနှစ်ကဆေးကျောင်း အားလုံးပေါင်း ကျောင်းသားကျောင်း သူဦးရေ ၁၂၀၀ လောက်ပဲ လက်ခံမှာ ဖြစ်တဲ့အတွက် အမှတ်အများဆုံးကစပြီး ရွေးချယ်သွားမှာပါ” ဟု နေပြည်တော်ရှိ ဆေးသိပ္ပံပညာဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယခုနှစ်တွင် ဆေးတက္ကသိုလ် ၀င်ခွင့်ကျောင်းသားဦးရေ ယခင်နှစ်များထက် ထက်ဝက်နီးပါးလျှော့ချ မည်ဖြစ်သည့်အတွက် ယခုကဲ့သို့ ကျောင်းသားကျောင်းသူ အချိုးအား တန်းတူခေါ်ယူခြင်း ဖြစ်ကြောင်းနှင့် ၀င်ခွင့်အမှတ်များလည်း ယခင်နှစ်များထက် ပိုမိုမြင့်တက်နိုင်ကြောင်း  ဆေးတက္ကသိုလ်များရှိ သင်ကြားရေး ဆရာများက ဆိုပါသည်။
ယခုနှစ် ပညာသင်နှစ်အတွက် ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို ကျန်းမာရေးဝန်ကြီးဌာန ဆေးသိပ္ပံပညာဦးစီးဌာနတွင် ဇူလိုင် လ ၂၆ ရက်နေ့မှ သြဂုတ်လ ၁၅ ရက်နေ့အတွင်း လာရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။
ထို့အပြင်သွားဘက်ဆိုင်ရာ ဆေး တက္ကသိုလ်နှင့် အခြေခံကျန်းမာရေး တက္ကသိုလ်များတက်ရောက်ခွင့်ပြုရာ တွင် ကျောင်းသားကျောင်းသူ အချိုး မှာ ၈၀း၂၀ သတ်မှတ်ထားကြောင်း နှင့် သူနာပြုတက္ကသိုလ်တွင် ကျောင်း သားဦးရေအား ၁၀ ရာခိုင်နှုန်းသာ လက်ခံမည်ဖြစ်ကြောင်း ယခုနှစ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်တွင် ဖော်ပြထားချက်များအရ သိရသည်။
နိုင်ငံတကာ ဆေးပညာနယ်ပယ် အသီးသီးတွင် ဖြစ်ပေါ်တိုးတက်လျက် ရှိသည့် ဆေးပညာအဆင့်အတန်းနှင့် ရင်ပေါင်တန်းနိုင်သည့် ပညာရှင်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် အတွက် မြန်မာနိုင်ငံတွင် ၁၉၆၄ ခုနှစ်မှစ၍ ဘွဲ့လွန်ဆေးပညာသင်တန်းများ ဖွင့် လှစ်ပို့ချခဲ့ရာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကုန်အထိ ဒီပလိုမာဘွဲ့ရရှိသူ ၂၀၅၃ ဦး၊ ဆေးပညာ မဟာသိပ္ပံဘွဲ့ ရရှိသူ ၄၅၅၂ ဦး၊ ပါရဂူဘွဲ့ရရှိသူ ၁၁၅ ဦးနှင့် ဆေးလက်တွေ့ပါရဂူ ဘွဲ့ရရှိသူ ၂၆၁ဦး  ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၁၂ ခုနှစ် ဇွန်လကုန်အထိ တစ်နိုင်ငံလုံးရှိ ၀င်ပေါက်အသီးသီးမှ ခရီးသွားဦးရေ ငါးသိန်းဝန်းကျင် ၀င်ရောက်


၂၀၁၂ ခုနှစ် ဇွန်လကုန်အထိ တစ်နိုင်ငံလုံးရှိ ၀င်ပေါက်အသီးသီးမှ ခရီးသွားဦးရေ ငါးသိန်းဝန်းကျင် ၀င်ရောက်ခဲ့သည့်အတွက် ယခုနှစ် ခရီးသွားတစ်သန်း ရောက်ရှိရန် မျှော်မှန်းနိုင်ပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားများ လာရောက်ရာတွင် ရန်ကုန်ဝင်ပေါက်၊ မန္တလေးနှင့် ပုဂံဝင်ပေါက်၊ နယ်စပ်ဝင်ပေါက် စသည် တို့မှ အသီးသီးဝင်ရောက်ကြပြီး ၂၀၁၂ ခုနှစ် ဇွန်လကုန်အထိ စုစုပေါင်း ခရီးသွားဦးရေ ၄၉၇၅၅၆ ဦး ၀င်ရောက်ခဲ့ကြောင်း သိရသည်။
“အခု မိုးတွင်းမှာတောင် အရင်နှစ် မိုးတွင်းတွေနဲ့ယှဉ်ရင် ခရီးသွား မကျဘူး။ ဒီတော့ ပွင့်လင်းရာသီမှာ ခရီးသွား ပိုတက်လာမယ်လို့ ခန့်မှန်းထားတယ်”ဟု အဆိုပါ တာဝန်ရှိသူ က ပြောပြသည်။ ရန်ကုန်လေဆိပ်မှ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ၀င်ရောက်မှုတွင် ၂၀၀၉ ခုနှစ်  မိုးတွင်းကာလက ပျမ်းမျှ တစ်ရက် လျှင် ဦးရေ ၅၀၀၊ ၂၀၁၀ ပြည့်နှစ်တွင် ဦးရေ ၆၅၀၊ ၂၀၁၁ ခုနှစ်တွင် ဦးရေ ၇၀၀ ရှိရာမှ ၂၀၁၂ ခုနှစ်တွင် ဦးရေ ၁၀၅၀ ဦးဝင်ရောက်မှုရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသို့ စီးပွားရေးအရ လာရောက်သော ခရီးသွားများ၊ အလည်အပတ် လာရောက်သော ခရီးသွားများ စသည့်ခရီးသွား အမျိုးအစားနှစ်ခုသည် ဆတူနီးပါးတိုးတက် လာခြင်းဖြစ်ကြောင်း သိရှိရသည်။

 ဗိုလ်တစ်ထောင် ဆိပ်ကမ်းအား မြစ်လယ်သို့ မြေဖို့ပြီး ဆိပ်ကမ်းမြေနေရာ တိုးချဲ့ကာ ရေပေါ်ဟိုတယ် ဧရိယာအဖြစ် တည်ဆောက်သွားမည်

ဗိုလ်တထောင် ဆိပ်ကမ်းအား မြစ်လယ်သို့ မြေဖို့ပြီး ဆိပ်ကမ်းမြေ နေရာတိုးချဲ့ကာ ရေပေါ်ဟိုတယ် ဧရိယာအဖြစ် တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
ဗိုလ်တထောင်ဆိပ်ကမ်းအား မြေနေရာတိုးချဲ့ရာတွင် ဗိုလ်တထောင်ဆိပ်ကမ်း အမှတ်(၃) ဘောတံတားမှ အမှတ်(၁)ကုန်းတွင်း ကုန်သေတ္တာစင်ထိပ်ထိ ကမ်းနားတစ်လျှောက်အား ရေကာတံတိုင်း ဆောက်လုပ်၍ မြေဖို့ပြီးမြေနေရာ တိုးချဲ့ခြင်းအား ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“မူလရေကာတံတိုင်း အစွန်နေရာကနေ မြစ်လယ်ဘက်ကို ပေ ၁၀၀ခန့်တိုးချဲ့ပြီး အရှည် ၂၄၄၀ ပေ ရှိတဲ့ ရေကာတံတိုင်း တည်ဆောက်သွားမှာပါ။ နောက်ခံဧရိယာကို သဲ ဖို့ပြီး မြေနေရာ ဖော်ထုတ်ပြီးတဲ့အခါ လက်ရှိထက်မြေ ၆ ဒသမ ၄ဧက ထပ်မံပေါ်ထွန်းလာမှာဖြစ်ပါတယ်” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အင်ဂျင်နီယာချုပ် ဦးမြသန်းက ပြော ကြားခဲ့သည်။

 ဗိုလ်တထောင် ဆိပ်ကမ်းအမှတ်(၃)ဘောတံတားမှ အမှတ်(၁) ကုန်းတွင်းကုန်သေတ္တာ စင်ထိပ်ထိ ကမ်းနားတစ်လျှောက်အား ရေကာတံတိုင်းဆောက်လုပ်၍ မြေဖို့ပြီး မြေနေရာတိုးချဲ့ခြင်းအား ပြုလုပ်သွားမည်ဖြစ် . .

“ ဒီလိုဆိပ်ကမ်း မြေနေရာဟာ နိုင်ငံတကာမှာရော ပြည်တွင်း မှာပါ တန်ဖိုးရှိတဲ့မြေနေရာဖြစ်တဲ့အတွက် ဒါကိုအသုံးချပြီး ၀င်ငွေတိုးအောင် လုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း၊ မြေနေရာတိုးချဲ့ရေး ဆောင်ရွက်တဲ့ နေရာမှာလည်း စီးပွားရေးအရ တွက်ခြေကိုက်မှုရှိ၊မရှိ ချိန်ဆပြီး အချိန်တိုအတွင်းပြီးစီးအောင်နှင့် ရေပေါ်ဟိုတယ်တွေ၊ စားသောက်ဆိုင်တန်းတွေနဲ့ စည်ပင်လာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပို့ ဆောင်ရေးဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီး ဦးဥာဏ်ထွန်းအောင်က ဇူလိုင်လ ၇ ရက်နေ့က အဆိုပါဆိပ် ကမ်းတိုးချဲ့မည့် နေရာသို့ရောက်ရှိစဉ် က ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ဗိုလ်တထောင်ဆိပ်ကမ်း၌ လှလှပပ ကုမ္ပဏီလီမိတက်မှ ရေပေါ်ဟိုတယ် တည်ဆောက်ရေး စီမံကိန်းအား စတင် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
ယင်းကုမ္ပဏီမှ ပထမအဆင့် အနေဖြင့် ဗိုလ်တထောင်အမှတ် (၆) ဆိပ်ခံတံတားအထက်နှင့် အောက်ပြု ပြင်ခြင်းလုပ်ငန်းအား လုပ်ဆောင် လျက်ရှိသည်။
လှလှပပ ကုမ္ပဏီလီမိတက်မှ ရေပေါ်ဟိုတယ်အဖြစ် သင်္ဘောနှစ်စီး အသုံးပြုသွားမည် ဖြစ်ကာ အလျား ၂၂၈ ပေ၊ အနံပေ ၅၀ ရှိသော သင်္ဘောတစ်စီးနှင့် အလျား ၂၃၆ ပေ အနံပေ ၅၀ ရှိသော သင်္ဘောတစ်စီး ပါဝင်မည်ဖြစ်ပြီး သင်္ဘောတစ်စီးလျှင် အခန်းပေါင်း ၇၂ ခန်းပါဝင်ပြီး နှစ်ယောက်ခန်းများ ဖြစ်သည့် အတွက်လူဦးရေ ၁၄၄ ယောက်အထိ တည်းခိုနိုင်မည်ဟု သိရသည်။

 ရန်ကုန်မြို့ရှိ ကျူးကျော်နေအိမ်များကို မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်စေရန်ဟု ဆိုကာ ဖယ်ရှားရှင်းလင်းနေ၊ ကျူးကျော်နေထိုင်သူ အများစု၌ စားဝတ်နေရေးအတွက် နယ်အသီးသီးမှ ရွှေ့ပြောင်းလုပ်ကိုင်လာသူ အများစုပါဝင်


ရန်ကုန်မြို့ရှိ မြို့တွင်းမြို့နယ် များ၊ မြို့စွန်ရပ်ကွက်များရှိ ကျူးကျော်နေအိမ်များကို မြို့ပြအင်္ဂါရပ် နှင့် ညီညွတ်စေရန်ဟု ဆိုကာ ဖယ်ရှား ရှင်းလင်းနေကြောင်း အဆိုပါ ကျူးကျော်ရပ်ကွက်များထံမှ သိရသည်။
မိသားစု စားဝတ်နေရေး အတွက် မြို့ပြဒေသများသို့ နယ်ဒေသများမှ ရွှေ့ပြောင်းလုပ်ကိုင်ရမှု များပြားလာပြီး နေစရာ အခက်အခဲများကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့တွင်းမြို့စွန် ရပ်ကွက်များ၌ တရားမ၀င် ကျူးကျော်နေထိုင်ရသူများပြား လာကြောင်း၊ လက်ရှိဖယ်ရှားခြင်းခံ နေရသည့် ကျူးကျော်နေအိမ်များ တွင်နယ်အသီးသီးမှ ဆယ်စုနှစ်နီးပါး ကြာမျှ ပြောင်းရွှေ့လာသူများလည်း ပါဝင်ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊အမှတ်(၅)ရပ်ကွက်အတွင်းရှိ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားရေး ဦးစီးဌာနပိုင်မြေ အတွင်း လွန်ခဲ့သည့်ငါးနှစ်ခန့်မှ စတင်ကာ ၀င်ရောက်ကျူးကျော် နေထိုင်ကြသည့် နေအိမ်များကို ဇူလိုင်လ ၂၀ ရက်နေ့အပြီး ဖယ်ရှားပေးရန် ညွှန်ကြားမှုများ ရှိနေ၍ စတင်ဖယ်ရှားနေပြီ ဖြစ်ကြောင်း သိရှိရသည်။
အလားတူ သာကေတမြို့နယ် ၄၃၆ရပ်ကွက်၊ အိမ်ခြေ ၃၀၀ အား သုံး  ရက်အတွင်း အပြီးဖယ်ရှားပေးရန်  မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန မှညွှန်ကြားထားကြောင်း၊ ထို့ပြင် မြောက်ဒဂုံမြို့နယ်၊ ထားဝယ်ချောင် သုသာန်ဝင်းအတွင်း နှစ်ပေါင်း ၂၀ ကျော်ခန့်နေထိုင်သည့် အိမ်ထောင်စု ၁၃ စုကို ဖယ်ရှားပေးရန် ညွှန်ကြားထားကြောင်းလည်း သိရှိရသည်။
ရန်ကုန်မြို့ရှိ မြို့သစ်မြို့နယ်များ၌ တရားမ၀င် ကျူးကျော်နေထိုင်နေ သူများကိုတရားဝင် တိတိကျကျမသိ ရသော်လည်းထင်သာမြင်သာတွေ့ မြင်နိုင်ကြောင်း၊ အလားတူ ရန်ကုန်မြို့တွင်း၌ အိုးမဲ့အိမ်မဲ့ နေထိုင်နေရသူလည်း များပြားလာကြောင်း မြို့ပြစီမံ ကိန်းဆိုင်ရာ ပညာရှင်များက ဆိုသည်။
“ကျူးကျော်တွေများလာရတဲ့ အကြောင်းက Migration တစ်နေရာ ကနေတစ်နေရာကို ပြောင်းရွှေ့နေထိုင်တာများလို့လည်း ဖြစ်ရတာပါ”ဟု မြို့ပြစီမံကိန်းပညာရှင် ဦးသံမိုးက ပြောကြားခဲ့သည်။
အဆိုပါကျူးကျော်ရပ်ကွက်များတွင် မြေကွက်နေရာယူကာ ကျူးကျော်နေထိုင်သူများမှ တစ်ဆင့် ပြန်လည်ရောင်းချခြင်းများ ရှိနေကြောင်း၊ ယင်းကြောင့် ၀ယ်ယူပြီးကာမှ ကျူးကျော်မြေမှန်း သိရသည့်ဖြစ်ရပ်များ လည်းရှိနေကြောင်း သိရှိရသည်။
ထို့ပြင် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “မြေလွတ်တွေပေါ်မှာ မြေကွက်ချဲ့ပြီး နေရင်းကနေ ကျူးကျော်တွေဖြစ်လာတာ။ စစ်ပြီးခေတ်ကာလတုန်းက ကျူးကျော်တွေ အများကြီးပေါ်ခဲ့တဲ့ အတွက် သာကေတ၊ တောင်ဥက္ကလာ တို့ မြောက်ဥက္ကလာဆိုပြီး မြို့သစ် သုံးခုတည်ပြီး ရန်ကုန်မြို့ထဲက ကျူးကျော်တွေကို ရွှေ့လိုက်တယ်။ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှာကျူးကျော်တွေ ထပ်ရွှေ့တုန်းကလည်း  တောင်ဒဂုံ၊ မြောက်ဒဂုံ၊လှိုင်သာယာ၊ရွှေပြည်သာ၊ ဒဂုံအရှေ့ပိုင်းဆိုပြီး မြို့သစ်ငါးမြို့ကို ထပ်တည်တယ်။ လက်ရှိကျူးကျော် နေထိုင်သူတွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်နဲ့ ကျူးကျော်နေထိုင်တယ်၊ တကယ်မြေကွက် ချထားပေးခွင့် ကအိုး/အိမ်မှာပဲရှိတာ”ဟုဆိုခဲ့သည်။
“အဘွားက သက်ဆိုင်ရာက သက်မှတ်ထားတဲ့ ကျူးကျော်နယ်မြေမှာ ပြေစာနဲ့နေတာ အနှစ် ၂၀ ကျော် ရှိသွားပြီ။ တစ်လချင်းရပ်ကွက်အုပ်ချုပ်ရေးရုံးကို ရန်ပုံငွေအနေနဲ့ငွေ ၃၀၀၀ လတိုင်းပေးတယ်။ မရှိလို့ကျူးကျော် မှာ နေလာတာ၊ အခုလိုရုတ်တရက်မှာ အိမ်ပြောင်းရမယ်ဆိုတော့ ပိုက်ဆံလည်းမရှိ ဆွေမျိုးတွေ လည်းမရှိဘူး။ ဘယ်သွားနေရမှန်းလည်း မသိတော့ ဘူး”ဟု ရွှေပြည်သာမြို့နယ်ရှိ ၁၉ ရပ်ကွက်အတွင်း ကျူးကျော်နေထိုင်သူ အဘွားအိုတစ်ဦးက ပြောသည်။
ရွှေပြည်သာမြို့နယ်တွင် ကျူးကျော်အိမ်ထောင်စုပေါင်း ၄၀၀ ကျော်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူ အများဆုံးမြို့နယ်မှာ လှိုင်သာယာ မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန် အနီးနားတွင် နေထိုင်လျက်ရှိကြောင်း သိရှိရသည်။
အလားတူ ရန်ကုန်မြို့ခံတစ်ဦး ကလည်း “ရန်ကုန်မှာ တရားမ၀င် ကျူးကျော်ရပ်ကွက်တွေ များလာတယ်။ နောက်ပြီး အိုးမဲ့အိမ်မဲ့ပြဿနာကလည်း ကြီးလာပြီ။ လမ်းဘေးကို ကိုယ့်အိမ်လိုသဘောထားပြီး လုပ်ကိုင်စားသောက်နေထိုင်နေရတဲ့ သူတွေများသည်ထက် များလာပြီ။ အများစုက နယ်ကလာတဲ့သူတွေပဲ။ နယ်မှာလုပ်ကိုင် စားရသောက်ရတာ အဆင်မပြေလို့ ၀မ်းရေးအတွက်မြို့ တက်လာကြတာ။ ကျူးကျော်ဘာ လို့ ဖြစ်တယ်ဆိုတာထက် အခြေခံ အကြောင်းကတော့ h Internal Migration ကြောင့် ဖြစ်ရတယ်ဆိုရ မယ်။ ဒါ့အပြင် Natural Population Increaseကြောင့် ဖြစ်ရတာလည်းပါပါတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။အိုးမဲ့အိမ်မဲ့တွေအတွက်နေစရာ ဘယ်လိုပေးမလဲဆိုတာ စဉ်းစားသင့် ပါတယ်”ဟုလည်း သုံးသပ်ပြောကြားခဲ့သည်။