Sunday 29 July 2012

ဦးအောင်သိန်းလင်း၏တရုတ်သတင်းစာအင်တာဗျူးနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်လျက်ရှိပြီး တွေ့ရှိချက်များ ပေါ်တွင်မူတည်၍ ပါတီစည်းကမ်းအရအရေးယူဆောင် ရွက်မည်ဖြစ်ကြောင်း USDP ကြေညာ


တောင်ဥက္ကလာပမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဦး အောင်သိန်းလင်းနှင့် တရုတ်နိုင်ငံ အခြေစိုက် Southern Weekend သတင်းစာတို့၏တွေ့ဆုံမေးမြန်းခန်
း နှင့် ပတ်သက်၍ စိစစ်ဆောင်ရွက် လျက်ရှိပြီး တွေ့ရှိချက်များပေါ်တွင် မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက်အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဇူလိုင် ၂၈ ရက်ရက်စွဲဖြင့် တရားဝင်ထုတ် ပြန်ကြေညာခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဗဟို အလုပ်အမှုဆောင်ဦးအောင်သိန်း လင်းအနေဖြင့် Southern Weekend (China) ဟုဖော်ပြထားသော တွေ့ဆုံမေးမြန်းမှုရေးသားဖော် ပြချက်များအား အင်တာနက်စာ မျက်နှာများပေါ်တွင်လည်းကောင်း၊ ပြည်တွင်းရှိဂျာနယ်များတွင်လည်း ကောင်း၊ ဖော်ပြလျက်ရှိပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်၍မေးမြန်းမှု များလည်းရှိနေကြောင်း၊ အဆိုပါ ရေးသားဖော်ပြချက်များသည် ဦးအောင်သိန်းလင်း၏အမှန်တကယ် ပြောကြားခဲ့မှုများဖြစ်ပါက ယင်း၏ ပုဂ်္ဂလိကပြောဆိုချက်များသာဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ၏သဘောထားမ ဟုတ်ကြောင်း၊ ဦးအောင်သိန်းလင်း အနေဖြင့်အမှန်တကယ်ပြောကြား ခြင်းရှိ၊ မရှိကိုလည်းစိစစ်ဆောင် ရွက်လျက်ရှိပြီး တွေ့ရှိချက်များ ပေါ်တွင်မူတည်၍ ပါတီစည်းကမ်း အရဆက်လက်အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း USDP ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ထုတ်ပြန်သည့်အဆိုပါကြေညာချက် တွင်ဖော်ပြထားသည်။
ဦးအောင်သိန်းလင်း၏ Southern Weekend သတင်းစာအင် တာဗျူးတွင် မြစ်ဆုံဆည်စီမံကိန်း ရွှေ့ဆိုင်းခြင်းနှင့် လုပ်ငန်းပြန်လည် စတင်ရေး၊ ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အား ပြည်သူများထောက်ခံအားပေး ခြင်းအပေါ်သဘောထားအမြင်၊ နိုင် ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ်သဘော ထားနှင့် USDP ပါတီ၏ နိုင်ငံခြား ရေးမူဝါဒတွင်အပြောင်းအလဲရှိလာ နိုင်သလား စသည်တို့ကို ထည့်သွင်း ဖော်ပြခဲ့ကြောင်း၊ အဆိုပါမေးခွန်း များအပေါ် ဦးအောင်သိန်းလင်းက ပြန်လည်ဖြေကြားရာတွင် ပြည်သူ လူထုအထင်အမြင်လွဲမှားစေနိုင် သောဖြေကြားမှုအချို့ပါဝင်နေသည့် အတွက် အင်တာနက်စာမျက်နှာ များနှင့် ပြည်သူများကြားတွင် ဝေ ဖန်မှုများပျံ့လွင့်ခဲ့ကြောင်း သိရ သည်။
သို့ရာတွင် ဦးအောင်သိန်းလင်း က အဆိုပါကိစ္စရပ်များဖြစ်ပွားနေ ခြင်းသည် တရုတ်သတင်းစာ၏ ဘာ သာပြန်လွဲမှားမှုကြောင့်ဖြစ်နိုင်ကြောင်း၊ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ပြည် သူလူထုနှင့် တူညီသည့် သဘော ထားရှိကြောင်း၊ လေ့လာဆန်းစစ်ပြီး မှဆောင်ရွက်သင့်သည်ဟု ယင်း၏ သဘောထားကိုပြောကြားခဲ့ခြင်းဖြစ် ကြောင်း တုံ့ပြန်ဖြေကြားခဲ့သည်။
အဆိုပါအင်တာဗျူးနှင့်ပတ် သက်၍့ USDP ပါတီအထွေထွေအ တွင်းရေးမှူး ဟင်္သာတမြို့နယ်ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဌေး ဦးက “ပါတီကတော့မဟုတ်ပါဘူး။ သူလည်းဗဟိုအလုပ်အမှုဆောင်တစ် ယောက်ဖြစ်နေတဲ့အတွက် သူလည်း ပြောသင့်ပြောထိုက်တယ်လို့ယူဆပြီး personal ဆန်ဆန်ပြောတဲ့သဘော ပါပဲ။ သူလည်း ဒီလိုရည်ရွယ်ပြီးပြော တာမဟုတ်ပါဘူးလို့ ပြောပါတယ်” ဟု ဇူလိုင် ၂၄ ရက်တွင်ပြောကြား သည်။
“ဒီအင်တာဗျူးကို စတင်ဖတ် ရချိန်မှာတော်တော်အံ့သြမိတယ်။ ဒါပေမဲ့ အင်္ဂလိပ်ဘာသာပြန်အရေး အသားကဘယ်လောက်အထိယုံ ကြည်စိတ်ချရမှုရှိမလဲဆိုတာကိုဆန်း စစ်လေ့လာသင့်တယ်။ ရိုက်တာသ တင်းဌာနလို ကမ္ဘာကျော်သတင်းဌာ နတွေမှာ သတင်းပေးပို့သူ၊ ထပ်မံ ဖြည့်စွက်တင်ပြသူနှင့် တည်းဖြတ်သူ စတာတွေကို ဖော်ပြလေ့ရှိတယ်။ ဒါ ပေမဲ့ဒီအင်တာဗျူးမှာ အဲ့ဒီလိုအတိ အကျဖော်ပြထားမှုရှိ၊ မရှိသေချာ ဆန်းစစ်လေ့လာပြီးမှ ယုံကြည်သင့် တယ်။ မီဒီယာသမားတစ်ဦးအနေနဲ့ ကိုယ်ရရှိတဲ့သတင်းရင်းမြစ်က ဘယ် လောက်အထိခိုင်လုံမှုရှိလဲ၊ တိကျမှန် ကန်မှုရှိလဲ ဆန်းစစ်လေ့လာသင့် တယ်” ဟု ၀ါရင့်စာနယ်ဇင်းသမား တစ်ဦးကသုံးသပ်သည်။
“ဒီအင်တာဗျူးနှင့်ပတ်သက်ပြီး သုံးသပ်ရရင် ဦးအောင်သိန်းလင်းက မြန်မာလိုဖြေတာဖြစ်နိုင်တယ်။ဒါကို သက်ဆိုင်ရာသတင်းစာက တရုတ် လိုဘာသာပြန်ပြီးမှ အင်္ဂလိပ်ဘာ သာဖြင့်ရေးသားဖော်ပြဖို့ ဘာသာ ပြန်သူကိုတစ်ဆင့်ပေးအပ်ခဲ့ခြင်းဖြစ် နိုင်ပါတယ်။ ဒီလိုတစ်ဆင့်ခံအင် တာဗျူးတွေမှာ ပြောကြားသူရဲ့စ ကားလုံးအတိအကျကိုအမိအရဆုပ် ကိုင်နိုင်ဖို့မလွယ်ဘူး။ ကြားထဲမှာ အမှားအယွင်းသို့မဟုတ် အဓိပ္ပါယ် လွဲမှားမှု တစ်စုံတစ်ရာရှိသွားတာ မျိုးလည်းဖြစ်နိုင်ပါတယ်။ နောက်ပြီး အင်္ဂလိပ်ဘာသာစကားမှာလည်း usage ကအရေးကြီးပါတယ်။ တစ် နေရာမှာစကားလုံးအသုံးအနှုန်းလွဲ မှားသွားတာနဲ့ အဓိပ္ပါယ်မှားယွင်းမှု တွေဖြစ်ပေါ်နိုင်တာမျိုးလည်းရှိပါ တယ်” ဟု စမ်းချောင်းမြို့နယ်ရှိ အင်္ဂလိပ်ဘာသာပြဆရာတစ်ဦးက ယင်း၏အမြင်ကိုပြောကြားသည်။
အဆိုပါအင်တာဗျူးသည် ဇူ လိုင်နောက်ဆုံးပတ်အတွင်းပြည်သူ လူထုကြားသို့ ကျယ်ပြန့်စွာပျံ့နှံ့ခဲ့သ ဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီက သဘောထားကြေ ညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဖြိုးမောင်မောင်



By The Myanmar Post News Journal

No comments:

Post a Comment