Thursday 26 July 2012

ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ၎င်းတို့၏ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန် အဆိုကို ပြည်သူ့လွှတ်တော်သို့ NLD လွှတ်တော်ကိုယ်စားလှယ် တင်သွင်း


ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့် အကျိုးစီးပွားများကို ထုတ် ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်အဆိုကို ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးဝင်းမြင့်က တင်သွင်းခဲ့သည်။
ပုသိမ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ''အစိုးရသစ်လက်ထက်မှာ Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်လာဖို့အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထား ရန်အဆိုကို တင်သွင်းခြင်းဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
ပုသိမ်မဲဆန္ဒနယ်မှ ဦးဝင်းမြင့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်သို့ ပထမဆုံး တင်သွင်းခွင့်ရရှိသည့် အဆိုဖြစ်ကြောင်း သိရှိရသည်။       

 ATM စက်များတွင် ငွေထုတ်ယူနိုင်သည့် စနစ်အပြင် ငွေစုနိုင်ခြင်းနှင့် ငွေစုပြေစာရယူနိုင်သည့် စက်များကို အသုံးပြုနိုင်ရန် စမ်းသပ်နေ


ATM စက်များတွင် ငွေထုတ်ယူနိုင်သည့်စနစ်အပြင် ငွေစုနိုင်ခြင်းနှင့် ငွေစုပြေစာရယူနိုင်သည့် စက်များကို အသုံးပြုနိုင်ရန် စမ်းသပ်နေပြီး မကြာခင် တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ATM စက်များကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းက စတင်တပ်ဆင် အသုံးပြုခဲ့ကြပြီး ယခုလက်ရှိကာလအထိ လူစည်ကားသည့် ရှော့ပင်းစင်တာများ၊ ပုဂ္ဂလိကဆေးရုံများနှင့် ဘဏ်ခွဲများတွင် တပ်ဆင်အသုံးပြုနေပြီဖြစ်ကြောင်း သိရှိရသည်။

ATM စက်များတွင် ငွေထုတ်ယူနိုင်သည့်စနစ်အပြင် ငွေစုနိုင်ခြင်းနှင့် ငွေစုပြေစာရယူနိုင်သည့် စက်များကို အသုံးပြုနိုင်ရန် စမ်းသပ်နေခြင်းနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်ရုံးချုပ်မှ အထွေထွေမန်နေဂျာဖြစ်သူ ဦးဇော်လင်းထွဋ်က ''ကျွန် တော်တို့ဘဏ်အနေနဲ့ ယခုလက်ရှိအချိန်အထိ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့တွေမှာ စက်အလုံးရေ ၂၇ လုံး တပ်ဆင်ပြီးသွားပြီ။ ကတ်အရေအတွက်က နှစ်သောင်းခွဲဝန်းကျင် ရှိသွားပါပြီ။ ဆက်လက်ပြီးတော့လည်း စက်တွေကို ဆက်လက် တိုးချဲ့သွားပါမယ်။ ငွေထုတ်နိုင်တဲ့စက်အပြင် ငွေပါစုလို့ရတဲ့စက်ကို တပ်ဆင်ပေးဖို့အတွက် စမ်းသပ်နေပါပြီ။ အဓိက စမ်းသပ်နေတဲ့အပိုင်းက ငွေစက္ကူအတုတွေ အသုံးပြုလို့ မရနိုင်တဲ့ စနစ်ကို ဆောင်ရွက်နေပါတယ်''ဟု ပြောကြားခဲ့သည်။
အလားတူ CB ဘဏ်မှ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးဖေမြင့်က ''ကျွန်တော်တို့ဘဏ်အနေနဲ့ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပြည်၊ တောင်ငူ၊ ပျဉ်းမနား စတဲ့နေရာတွေမှာ ATM စက်အလုံးရေ ၂၁ လုံး တပ်ဆင်ပြီးသွားပြီ။ ဆက်လက်ပြီးတော့ တိုးချဲ့သွားမယ်။ ငွေပါ တစ်ခါတည်းစုလို့ရတဲ့ စနစ်ပါတဲ့ ATM စက်ကိုလည်း အခုစမ်းသပ် အသုံးပြုနေပြီ။ ပြီးရင် ဗဟိုဘဏ်ကိုတင်ပြပြီးတော့ ခွင့်ပြုချက်ရတာနဲ့ အများပြည်သူအသုံးပြုနိုင်ဖို့ စက်တွေကို တပ်ဆင်သွားပါမယ်။ ဘဏ်အနေနဲ့ အခုလက်ရှိအချိန်အထိ ကတ်အရေအတွက် ကိုးထောင်ကျော် ရှိနေပါပြီ''ဟု သုံးသပ်ပြောကြားခဲ့သည်။

ATM စက်များကို ၀န်ဆောင်မှုပေးနေသည့် ကုမ္ပဏီများအနေဖြင့် ယခုထက် ပိုမိုတွင်ကျယ်အောင် တပ်ဆင်ရန် စီစဉ်ထားသော်လည်း Network ပိုင်းအခက်အခဲများကြောင့် တိုးချဲ့တပ်ဆင်ပေးမှုအပိုင်း အားနည်းကြန့်ကြာနေရကြောင်း CB ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ATM စက်များကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလက စတင်တပ်ဆင်ခဲ့ပြီး ယခုလက်ရှိအချိန်အထိ ၀န်ဆောင်မှုပေးနေသည့် ကုမ္ပဏီများမှာ CB ဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ AGD ဘဏ် စုစုပေါင်း လေးခုရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။

 ရန်ကုန်မြို့တွင်း ဘတ်စ်ကားလိုင်းများရှိ ယာဉ်ဟောင်းများအစား အဆင့်မီ၊ ခေတ်မီသော ယာဉ်များဖြင့် ပြေးဆွဲပေးနိုင်ရေးကို ယခုနှစ်မကုန်မီ ဆောင်ရွက်ပေးမည်ဟု ပြည်ထောင်စု ဒုဝန်ကြီး ပြောကြား


ရန်ကုန်မြို့အတွင်း ဘတ်စ်ကားလိုင်းများရှိ ယာဉ်ဟောင်းများအစား အဆင့်မီ၊ ခေတ်မီသောယာဉ်များဖြင့် ပြေးဆွဲပေးနိုင်ရေးကို ယခုနှစ်မကုန်မီ ဆောင်ရွက်ပေးမည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးချန်မောင်က ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဦးသိန်းညွန့်၏ ခရီးသွားလာသူ များအနေဖြင့် 'အဆင့်မီ၊ခေတ်မီသော မော်တော်ယာဉ်များဖြင့် သွားလာနိုင် ရေးဆောင်ရွက်ပေးရန် ရှိ၊ မရှိ' မေးခွန်း ကို ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးချန်မောင်က ပြန်လည်ဖြေကြားရာတွင် ''ရန်ကုန်မြို့တွင်း ဘတ်စ်ကားလိုင်းများရှိ ယာဉ်များမှာ ယာဉ်ဟောင်းများဖြင့် ပြေးဆွဲနေသောကြောင့် ခရီးသွားပြည်သူလူထုအနေဖြင့် အန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်နေရသဖြင့် ရန်ကုန်မြို့တော်၌ အိမ်နီးချင်း နိုင်ငံများကဲ့သို့ အဆင့်မီ၊ ခေတ်မီသော မော်တော်ယာဉ်များဖြင့် ပြေးဆွဲနိုင်ရေး နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင် အနေဖြင့်လည်း ဂျပန်နိုင်ငံမှ Oriental Transportation Enterprise Company Limited  ဖြင့် မြို့တွင်းခရီးသွားလုပ်ငန်းများကို ကုန်းလမ်းပို့ဆောင်ရေးနှင့် အကျိုးတူပူး ပေါင်းဆောင်ရွက်ရန် မူအားဖြင့် သဘောတူ ခွင့်ပြုထားပြီး အသေးစိတ် ဆက်လက်ဆွေးနွေး ဆောင်ရွက်လျက်ရှိပါတယ်။ နှစ်ဖက်ညှိနှိုင်းပြီးပါက အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ကာ ရန်ကုန်မြို့တော်တွင် နိုင်ငံတကာအဆင့်မီသော ယာဉ်များဖြင့် သွားလာနိုင်ရေးကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ဖြေကြားခဲ့သည်။

ဦးသိန်းညွန့်က 'ရန်ကုန်မြို့မှာရှိတဲ့ လူဦးရေခြောက်သန်းက အဲယားကွန်းပါတဲ့ လိုင်းကားတွေ ဘယ်အချိန်လောက်မှာ စီးရမလဲဆိုတာ ခန့်မှန်းပေးစေလိုပါတယ်'ဟု ထပ်မံမေးမြန်းရာ .  .  .
ထို့နောက် ဦးသိန်းညွန့်က 'ရန်ကုန်မြို့မှာရှိတဲ့ လူဦးရေခြောက်သန်းက အဲယားကွန်းပါတဲ့ လိုင်းကားတွေ ဘယ်အချိန်လောက်မှာ စီးရမလဲဆိုတာ ခန့်မှန်းပေးစေလိုပါတယ်'ဟု ထပ်မံမေးမြန်းရာ ပြည်ထောင်စုဒုတိယ၀န်ကြီးက 'ကြိုတင် ညှိနှိုင်းချက်များအရ ဒီနှစ်မကုန်ခင် ပြီးအောင်ဆောင်ရွက်ဖို့ လုပ်ထားတယ်'ဟု ဖြေကြားခဲ့သည်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အနီး ငလျင်လှုပ်ခတ်မှုကြောင့် လူနေအိမ်နှင့် အဆောက်အအုံအချို့ ပျက်စီး


ကချင်ပြည်နယ်အတွင်း  မိုးညှင်းမြို့နယ် မြောက်ဘက် ၂၁ မိုင်ခန့်အား ဗဟိုပြု၍ ပြင်းအားရစ်ခ်ျတာစကေး ၅ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခု ဇူလိုင်လ ၂၂ ရက်နေ့တွင် လှုပ်ခတ်မှုကြောင့် ခရစ်ယာန်ကျောင်းတော်နှစ်ခုမှ အဆောက်အအုံအချို့နှင့် လူနေအိမ် ခုနစ်လုံးခန့် ပျက်စီးခဲ့ကြောင်း လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေး ဗဟိုမှ သိရှိရသည်။
အဆိုပါငလျင်ကြောင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့နယ်ခွဲ မြဇေယျာရပ်ကွက်နှင့် မြို့မရပ်ကွက်ရှိ ခရစ်ယာန်အသင်းတော် ဘုရားကျောင်းရှိ အုတ်တံတိုင်းများ ပြိုကျခြင်းနှင့် လူနေအိမ်ငါးလုံးခန့် ပြိုကျပျက်စီးခဲ့ကြောင်း၊ အလားတူ နန့်မွန်းကျော်ကျေးရွာအုပ်စု ဆနွင်းကျေးရွာတွင် အသင်းတော်ကျောင်းမှ အဆောက်အအုံအချို့နှင့် လူနေအိမ်နှစ်လုံးခန့် ပြိုကျခဲ့ကြောင်း၊ ထိခိုက်သေဆုံးသူ မရှိကြောင်းလည်း သိရှိရသည်။
ကချင်ပြည်နယ်အတွင်း လှုပ်ခတ်သွားသောငလျင်ကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၆၀ ခန့်ရှိကြောင်းနှင့် အဆိုပါပျက်စီးသွားသော နေအိမ်များရှိ အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးထားကြောင်း သိရှိရသည်။

 ‘ဒီဇာတ်ကားအတွက် ရှုတင်စတည်ပြီ ဆိုကတည်းက စိတ်လှုပ်ရှားပြီး အိပ်လို့မပျော်ခဲ့ဘူး’ အောင်လနှင့် တွေ့ဆုံခြင်း

e5173
ဂီတလောကမှာ အောင်မြင်မှု တစ်နေရာနဲ့ ပရိသတ်အခိုင်အမာ ရထားပြီးသား အနုပညာရှင် တစ်ဦးဖြစ်တဲ့ တေးသံရှင် အောင်လက ၂၀၁၂ ခုနှစ် ဇူလိုင်လထဲမှာ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာလူမင်းရိုက်ကူးပြီး ၂၀၁၁ ခုနှစ် မတ်လပိုင်းတုန်းက ‘ရန်ကုန်မြို့ထဲ လမ်းလျှောက်ခြင်း’ ဆိုတဲ့ စီးရီးထွက်ရှိခဲ့တဲ့ နန်းဆုဦးနဲ့အတူ အဓိက ဇာတ်ဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်မယ့် ‘ဘောင်’ ဆိုတဲ့ ဗီဒီယိုဇာတ်ကား ရိုက်ကူးနေပါတယ်။ ဂီတသမားတွေက သရုပ်ဆောင်အလုပ်ကိုတွဲလုပ်ကြသလို သရုပ်ဆောင်တွေကလည်း ဂီတအနုပညာအလုပ်တွေကို လုပ်လေ့ရှိပြီး အနုပညာ နယ်ပယ်နှစ်ခုလုံးမှာ အောင်မြင်သူတွေလည်း ရှိပါတယ်။ ဒါကြောင့် အောင်လရဲ့ နောက်ထပ် အနုပညာခြေလှမ်းတစ်ခုနဲ့ ပတ်သတ်ပြီး မေးမြန်းကြည့်တဲ့အခါမှာတော့  .  .  .
မေး ။ အခုလို ဗီဒီယိုဇာတ်ကား ရိုက်ဖြစ်သွားတဲ့ အကြောင်းကို အရင်ပြောပြပေးပါ။
ဖြေ ။ ဒီဇာတ်ကားရဲ့ပရိုဂျူဆာ ဖြစ်တဲ့ မင်းသမီးအမေက ကျွန်တော်တို့ နဲ့ ဟိုးအရင်ကတည်း ခင်ခဲ့ကြတာ။ မင်းသမီးကလည်း ငယ်ငယ်တည်းက ကျွန်တော်တို့ လက်ပေါ်ကြီးခဲ့တာဆိုတော့ သူတို့က တစ်ကားလောက် ရိုက်ပေးပါဆိုတဲ့အခါ ငြင်းလို့မရလို့ ရိုက်ဖြစ်ခဲ့တာပါ။ ပြီးတော့ ဇာတ်ကလည်း ဂီတနဲ့ပတ်သက်တဲ့ ဇာတ်ကား ဖြစ်နေတာကြောင့်ပါ။
မေး ။ သရုပ်ဆောင်တစ်ယောက် လုပ်ရတော့မယ် ဆိုတဲ့အချိန်မှာ အောင်လဘက်က ပြင်ဆင်ခဲ့ရတာမျိုးတွေ ရှိရင်လည်း သိချင်ပါတယ်။
ဖြေ ။ အများကြီးတော့ပြင်ဆင်ရပါ တယ်။ အထူးသဖြင့်ကတော့ အန်ကယ်လေး(ဦးလူမင်း)နဲ့ ရိုက်မယ်ဆိုတော့ ပိုပြီးတော့ပိုပြီးပြင်ဆင်ရတယ်။ အန်ကယ်လေးကလည်း အများကြီး သင်ပေးတယ်။ ဇာတ်ကားမရိုက်ခင် ကတည်းက ဇာတ်လမ်းကို ပြောပြပြီး ကိုယ့်ကာရိုက်တာပုံစံမျိုး လေ့ကျင့်ခဲ့ ရတယ်။
မေး ။ ပထမဆုံး သရုပ်ဆောင်ရမယ့် ဒီဇာတ်ကားမှာ အောင်လအတွက် ဘာတွေက အခက် အခဲဖြစ်စေလဲ။
ဖြေ ။ ဒီဇာတ်က လူငယ်ဇာတ်လေး ဆိုတော့ ကျွန်တော့်အတွက် အရမ်းကြီးခက်တာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် စကားပြောရတာတော့ ကျွန်တော့်အတွက် တော်တော်ခက်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က စာရွက်ကြည့်ပြီး ပြောရတဲ့စကားမျိုး မှားတာတွေရှိတော့လေ။  နောက်ပြီး အခု ရိုက်နေတဲ့ရက်တိုင်းမှာလည်း ကျွန်တော့် အတွက်တော့ ခက်ခဲနေတာချည်း ပါပဲ။ အခက်ခဲဆုံးဖြစ်မှာကတော့ နောက်ဆုံးအခန်းပဲ ထင်တယ်။ အဲဒီ မှာက အန်ကယ်လေး(လူမင်း)နဲ့ စကားတွေ အပြိုင်ပြောရမှာဆိုတော့လေ။
မေး ။ ဂီတနဲ့ သရုပ်ဆောင် အဲဒီအနုပညာ နှစ်ခုအပေါ်မှာ အောင်လအနေနဲ့ ဘယ်လိုခံစားမိလဲ။
ဖြေ ။ ဂီတအလုပ်က ကိုယ့်ကိုယ် ကိုယ်ပိုင်တယ်။ ကျွန်တော်ကိုယ်တိုင် အဲဒီဂီတနဲ့ စာသားတွေထဲမှာ စီးမျောပြီး ဖန်တီးရတာမျိုးလေ။ ရုပ်ရှင်မှာကျတော့ ဇာတ်ရုပ်တစ်ခုကို ကိုယ်က အငှားခံစားပြီး အဲဒီထဲကိုဝင်သွားရတာ မျိုးဆိုတော့ ကိုယ့်ကိုကိုယ်မပိုင်ဘူးလို့ ခံစားရတယ်။ ပုံစံကတော့ တော်တော်ကွဲတယ်။
မေး ။ ဒီကားကလည်း ဂီတနဲ့ပတ်သတ်တဲ့ ကားလေးဆိုတော့ အောင်လသီချင်းတွေ ပါမှာလား။
ဖြေ ။ ကျွန်တော့်ရဲ့ ဒုတိယခွေထဲက သီချင်းတွေ တော်တော်များများသုံးမှာပါ။ အရင်ပရိသတ်သိပြီးသား သီချင်းတွေထဲက တစ်ပုဒ်လောက်ပဲ ပါမှာပါ။
မေး ။ အခုလိုသရုပ်ဆောင်ဖြစ်တာနဲ့ ပတ်သတ်ပြီး ဂီတအသိုင်းအ၀ိုင်းက သူငယ်ချင်းတွေနဲ့ မိသားစု ဘယ်လိုအားပေးလဲ။ ရှေ့ဆက်ပြီးတော့ရော သရုပ်ဆောင်ဘက်မှာ ဆက်လုပ်သွားဖို့ အစီအစဉ်ရှိနေပြီလား။
ဖြေ ။ အမေကတော့ အားပေးတယ်။ အခုရိုက်ကွင်းကိုလည်း သူလိုက်လာပေးတယ်။ S.I.R က သူငယ်ချင်းတွေကတော့ ပြတ်သားတယ်။ ‘မင်းလုပ်နိုင်ရင်လုပ်ပေါ့’တဲ့။ ကျွန်တော့်အနေနဲ့ကတော့ အခုလောလောဆယ်မှာ ဒီကားရိုက်ဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းကတော့ ဘာမှ မသေချာသေးပါဘူး။
မေး ။ ဒီဇာတ်ကားရိုက်ကူးမှုနဲ့ ပတ်သတ်ပြီး အမှတ်တရဖြစ်တာမျိုးရှိရင်လည်း သိချင်ပါတယ်။
ဖြေ ။ အမှတ်တရကတော့ကျွန်တော့် အခန်းတွေ မပါသေးပေမယ့် လေ့လာလို့ရအောင်  ရိုက်ကွင်းကိုလာကြည့်တဲ့ နေ့မှာပဲ သက်ပြင်းတွေ အကြိမ်ကြိမ်ချပြီး သူများအစား စိတ်တွေပူနေခဲ့ရတယ်။ မဖြစ်တော့ဘူး ထင်တယ်ဆိုပြီး ပရိုဂျူဆာ အန်တီကိုငြင်းပေမယ့် မရခဲ့ဘူး။ ဒီဇာတ်ကားအတွက် ရှုတင်စတည်ပြီဆိုကတည်း စိတ်လှုပ်ရှားပြီး အိပ်လို့မပျော်ခဲ့ဘူး။ ရုပ်ရှင် ကြည့်ရင်လည်း ငါလုပ်လို့ဖြစ်မှာ မဟုတ်ဘူးထင်တယ်ဆိုတဲ့ စိတ်နဲ့ကြည့်လို့မရခဲ့ဘူး။ ဂီတနဲ့ ပတ်သက်တာတွေလည်း ဘာမှမလုပ်ဖြစ်ခဲ့သလို လုပ်နိုင်မှာမဟုတ်ဘူးဆိုတဲ့ စိတ်နဲ့ လည်း စိတ်ဓာတ်တွေ ကျခဲ့ရတယ်။
မေး ။ ဒါဆိုဒီကားအတွက် ဘယ်လိုအားတင်းပြီး ရိုက်ကူးခဲ့တာလဲ။
ဖြေ ။ အဓိကတော့ ကျွန်တော့် ကောင်မလေးက အများဆုံး အားပေးခဲ့တာပါ။ ဖြစ်အောင်လုပ်ရင်တော့ ဖြစ်ပါတယ်ဆိုတဲ့ သူ့ရဲ့အားပေးစကားနဲ့အတူ အမှတ်တရလေး ဖြစ်ချင်တာကြောင့် စိတ်အားတင်းပြီး ရိုက်ဖြစ်ခဲ့တာပါ။

ကချင်ဒေသ အရပ်သားများ အခြေအနေ



ကချင်ဒေသ အရပ်သားတွေ အနိုင်ကျင့်ခံနေရတုန်းပဲ လို့
Kachin Women's Association – Thailand (KWAT) က ရုပ်သံတခု ထုတ်ပြန်ပြီး ကြေညာလိုက်ပါတယ်။
ရခိုင်ဒေသ၊ လွှတ်တော်၊ ဦးသိန်းစိန်၊ ဦးအောင်သိန်းလင်းတို့သတင်းတွေ ကြားထဲမှာ ဒီရုပ်သံက တိမ်မြှုပ်နေပါတယ်။



ကချင်ဒေသမှာ ရိုက်ကူးခဲ့တဲ့ ဒေသခံတို့ရဲ့ အခြေအနေများကို ရုပ်သံမှာ တွေ့ရမှာပါ။

http://blog.irrawaddy.org/2012/07/blog-post_3276.html

မြန်မာပြည်ရောက် ထိုင်းဘုရင်ရဲ့ အုတ်ဂူ



တောင်သမန်အင်းနားက လင်းဇင်းကုန်းသုဿန် ဖယ်ရှားရေးမှာ သဖန်းပွင့်မင်းသားဘွဲ့ခံ ထိုင်းဘုရင် ကျောက်ဘွားဒေါက် မဒူဝါးရဲ့ ဂူပြဿဒ်လည်း ပါဝင်သွားဖွယ် ရှိပါတယ်။

ဒီအကြောင်း ဧရာဝတီက မြန်မာအင်္ဂလိပ်နှစ်ဘာသာနဲ့ ရေးသားဖော်ပြခဲ့ပါတယ်။
ဒီရေးသားချက်ကို စနေနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာ မျက်နှာဖုံးမှာလည်း ဖော်ပြထားတာ တွေ့ရပါတယ်။
စာဖတ်သူတဦးကတော့ "ဗိုလ်ချူပ်မဟနော်၇ထာ၏အုတ်၈ူ ကိုယခုအခါ အယုဒယ မြို့အနီးတွင် ထိန်းသိမ်းပြသထားသည်ကို မြန်မာ တို့နမူနာယူသင့်ပါသည်" လို့ ဧရာဝတီအွန်လိုင်းမှာ မှတ်ချက်ပေးထားပါတယ်။

Siamese King's Tomb to be Destroyed | The Irrawaddy Magazine


တမိနစ်စာ ရုပ်သံ

ဖျက်ဆီးခံရတော့မယ့် သမိုင်းဝင် အုတ်ဂူ

ရန်ပိုင်| July 14, 2012 | Hits: 14,179

လူနေတဲအိမ်စုများကို ကျော်သည်နှင့် ခြံနွယ်ပိတ်ပေါင်းများဖုံးနေသည့် အုတ်ဂူများကို စတင်တွေ့ရသည်။ အုတ်ဂူများအကြား ကြွပ်ကြွပ်အိပ်၊ အ၀တ်စုတ်၊ အမှိုက်သရိုက်များ ပြည်နှက်နေသည့် လူသွားလမ်းလေး အတိုင်းလျှောက်နေရင်း တနေရာ အရောက်တွင် လိုက်လံပို့ဆောင်သည့် အဒေါ်ကြီးက “ဒါ ထိုင်းဘုရင်ဂူပဲ ”ဟု ဆိုလိုက်သည်။

သူ ညွန်ပြရာကို ကြည့်လိုက်တော့ တခြားအုတ်ဂူတွေထက် ကြီးမားပြီး စေတီငယ်တဆူနီးပါးအရွယ်ရှိ ဂူပြဿဒ်ကြီး တခုကိုတွေ့ရသည်။

“မြန်မာပြည်ကို လာလည်တဲ့ ထိုင်းလူမျိုးတွေ ဒီဂူကိုလာပြီး ဆီမီး၊ အမွှေးနံသာတိုင်တွေနဲ့ လာကန်တော့ကြတယ်” ဟု အဒေါ်ကြီးက ရှင်းပြသည်။

ပတ်ဝန်းကျင်ရှိ အညစ်အကြေးများကို ရှောင်တိမ်းပြီး အုတ်ဂူကို အနီးကပ်လေ့လာကြည့်သည့်အခါ ပြိုပျက်နေသည့်နေရာများမှ ရှေးအုတ်များပေါ်ထွက်နေပြီး တံခွန်တိုင်အလား မြင့်မားသည့် အုတ်တိုင်ကြီးကို ကြည့်ခြင်းဖြင့် အထိမ်းအမှတ် ဂူပြဿဒ် သို့မဟုတ် ဗိမ္မာန်တခုအဖြစ် ရည်ရွယ်ပြီးတည်ဆောက်ထားမှန်း သိသာလှ၏။

ဤအုတ်ဂူကား နာမည်ကျော် တောင်သမန်အင်းစောင်းရှိ လင်းဇင်းကုန်းသုဿန်မှ သဖန်းပွင့်မင်းသားဘွဲ့ခံ ထိုင်းဘုရင် ကျောက်ဘွားဒေါက် မဒူဝါး ၏ ဂူပြဿဒ်ဖြစ်သည်။

မြန်မာ့သမိုင်းမှတ်တမ်းများအရ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းလက်ထက် ၁၇၆၇ ခုနှစ် အယုဒ္ဓယသို့သွားရောက် စစ်ပြုရာ ယိုးဒယားမင်း အပါအ၀င် ညီတော်၊ နှမတော်၊ မိဖုရား၊ မောင်းမမိဿံ၊ သူဌေးသူကြွယ်၊ ပန်းတိမ်၊ ပန်းပဲ၊ ပန်းရံ၊ ရွှေခြည်ထိုး လက်မှုပညာသည်များ၊ အဆိုအတီးပညာရှင်များ၊ အချက်အပြုတ် ကျွမ်းကျင်သူများမှအစ အားလုံးကို သုံ့ပန်းအဖြစ် အင်းဝသို့ ခေါ်ဆောင်ခဲ့ပြီး မန္တလေး ရွှေတချောင်းမြောင်း ဘောင်တလျှောက်နှင့် မင်းသားစုအရပ်တွင် နေရာချထားပေးခဲ့သည်ဟု သိရသည်။

အိုးဝေ ဦးညိုမြ ရေးသားပြုစုသော “ကုန်းဘောင်ရှာပုံတော်” တွင် ထိုင်းဘုရင် ကျောက်ဘွားဒေါက်၏ သမီး ကျောက်ဖွားစော (သခင်ဥ) ကို ဆင်ဖြူရှင်မင်းက မိဖုရား မြှောက်သည်ဟုလည်း ပါရှိသည်။

အဆိုပါ နန်းကျဘုရင် ကျောက်ဘွားဒေါက် မဒူးဝါးသည် ဘိုးတော်ဘုရားလက်ထက်၌ နတ်ရွာစံ၍ အမရပူရရှိ လင်းဇင်းကုန်း သုဿန်တွင် ဂူသွင်းသင်္ဂြိုလ်ခဲ့သည်ဟု သမိုင်းပညာရှင်များက ယူဆကြသည်။

မန္တလေးမြို့ခံ သမိုင်းပညာရှင် ဒေါက်တာ တင်မောင်ကြည်က “သမိုင်းမှတ်တမ်းအရ သုံ့ပန်းအဖြစ် ဘုန်းကြီးဝတ်နဲ့ ပါလာတယ်လို့ ဆိုတယ်။ နတ်ရွာစံတော့ လင်းဇင်းကုန်းမှာ မြှုပ်တယ်လို့သိရတယ်။ ဒါပေမယ့် သင်္ချိုင်းစာတော့ မရှိဘူး” ဟုဆိုသည်။

သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ပညာသွားရောက်သင်ယူခဲ့စဉ်က ထိုင်းဘုရင် ကျောက်ဘွားဒေါက် မဒူဝါးအား လင်းဇင်းကုန်းသုဿန်တွင် မြုပ်နှံသည့် အထောက်အထားများ ရှေးဟောင်း ပုရပိုက်ပန်းချီတချပ်မှ တွေ့ရှိသဖြင့် ကူးယူဖော်ပြဖူးကြောင်း၊ ဒေါက်တာတင်မောင်ကြည်က ပြောသည်။


သဖန်းပွင့်မင်းသားဘွဲ့ခံ ထိုင်းဘုရင် ကျောက်ဘွားဒေါက် မဒူဝါး ၏ အုတ်ဂူ (ဓာတ်ပုံ – ဧရာဝတီ)


ယခုအခါ မန္တလေးအာဏာပိုင်များက အဆိုပါ ထိုင်းဘုရင့်ဂူ အပါအ၀င် သမိုင်းဝင် အဓိကရပုဂ္ဂိုလ်များ မြှုပ်နှံထားသော လင်းဇင်းကုန်းသုဿန်ကို ဖျက်သိမ်းကာ မြေကွက်ရိုက်ပြီး မြို့ကွက်အသစ် အစီအစဉ်တရပ်ကို အကောင်အထည် ဖော်နေသည်။

ဤသို့ ရှေးကျသော သမိုင်းဝင် လင်းဇင်းကုန်းသုဿန်ကို ဖျက်ဆီးပစ်မည်ဆိုလျှင်သမိုင်းအမွေအနှစ်အရ ဆုံးရှုံးပြီး တိုးတက်လာသည့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို ထိခိုက်လိမ့်မည်ဟု မန္တလေးမြို့ရှိ သမိုင်းအမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်သူများက ဆိုသည်။

တောင်သမန်းအင်းအနီး သမိုင်းဝင် ရှေးဟောင်းအဆောက်အဦးများကို ထိန်းသိမ်းနေသည့် ရှေးဟောင်း သုတေသနပညာရှင် ကိုငြိမ်းဝင်းကလည်း “ထိုင်းတွေ အမြဲလာကန်တော့တယ်။ မလာခင် လေးငါးရက်အလို တိုးရစ်ဂိုက်က ကျနော်ကို အကြောင်းကြားရင် အလုပ်သမားငှားပြီး ချုံနွယ်ပိတ်ပေါင်းတွေရှင်း၊ သန့်ရှင်းရေး လုပ်ထားရတယ်။ ဘာပဲပြောပြော သူတို့လည်း စိတ်ထိခိုက်မှာပေါ့ ” ဟု ပြောသည်။

ဘန်ကောက်အခြေစိုက် ထိုင်းအသိပညာပြန့်ပွားရေးအသင်း (Siam Society) အဖွဲ့က မြန်မာယဉ်ကျေးမှုဝန်ကြီးဌာနသို့ ထိုင်းဘုရင်၏ အုတ်ဂူကို ဖျက်ဆီးမပစ်ရန်နှင့် ပြုပြင်ခွင့်ပေးရန် မေတ္တာရပ်ခံထားသည်ဟု သိရသော်လည်း အဆိုပါ Siam Society ကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ မဟုတ်မှန်ကြောင်း ငြင်းဆိုသွားသည်။

ကုန်းဘောင်ခေတ် မြန်မာဘုရင်များလက်ထက် အင်းဝ၊ အမရပူရနှင့် မန္တလေးတ၀ိုက်၌ နေထိုင်ကြသော မူစလင် (ပသီ)၊ ထိုင်း၊ လာအို၊ အာမေးနီးယန်း၊ တရုတ် စသည့် လူမျိုးများသေဆုံးလျှင် မြုပ်နှံရန် ဤ လင်းဇင်းကုန်းသုဿန်တွင် လူမျိုး၊ ဘာသာအလိုက် နေရာများ သတ်မှတ်ပေးထားကြောင်း သိရသည်။

ပုဂံမင်းလက်ထက်က အမရပူရမြို့ဝန်အဖြစ် ခန့်အပ်ခံရသည် ဘိုင်ဆပ်၊ ဦးပိန်တံတားကို တည်ဆောက်ခဲ့သည့် ဦးပိန်၊ ပသီစာဆိုတော် ဦးနုနှင့် အစ္စလမ်သာသနာပိုင် အာဗစ်ရှာဟ်ဟိုစနီတို့၏ ဂူဗိမ္မာန်များကိုလည်း အစ္စလမ်ဘာသာဝင်များ မြုပ်နှံရာအပိုင်းတွင် တွေ့ရသည်။

တောင်သမန်အင်းစောင်းတွင် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၏ အုတ်ဂူနှင့် အိုးဝေဦးညိုမြ၏ အထိမ်းအမှတ် ကျောက်တိုင်လည်း ရှိသည်။

ဂူဗိမ္မာန်များနှင့် သင်္ချိုင်းစာများသည် သမိုင်းမှတ်တမ်းမျာအရ အရေးပါကြောင်း သမိုင်းပညာရှင်များက ပြောဆိုနေသော်လည်း မြန်မာနိုင်ငံတွင် အစိုးရက သင်္ချိုင်းသုဿန်မျာကို ဖျက်ဆီး၍ အိုးအိမ်အဆောက်အဦးများနှင့် မြို့ကွက်အသစ်များ ဖော်ထုတ်လျှက် ရှိသည်။

၁၉၉၇ ခုနှစ် စစ်အစိုးရလက်ထက်တွင် မြန်မာ့သမိုင်း၌ အရေးပါသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာနယ်ပယ်မှ ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်ကြီးများအား မြှုပ်နှံရာ ရန်ကုန်မြို့ရှိ သမိုင်းဝင် ကြံတောသင်္ချိုင်းကို ဖြိုဖျက်ပြီး ကားပွဲစားတန်း ပြုလုပ်ခဲ့သည်။

သင်္ချိုင်းအုတ်ဂူများကို ထိန်းသိမ်းစောင့်ရှောက်သည့်ဓလေ့ နည်းပါးသည့် မြန်မာနိုင်ငံ၌ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် ဗြိတိသျှ စစ်သားများအပါအ၀င် ဓနသဟာယနိုင်ငံများမှ စစ်သည်များကို မြှုပ်နှံသည့် မင်္ဂလာဒုံ ထောက်ကြန့် စစ်သင်္ချိုင်းတခုသာလျှင် ထိန်းသိမ်းစောင့်ရှောက်မှု အကောင်းဆုံးပြုလုပ်သည်ကို တွေ့ရသည်။ 



http://blog.irrawaddy.org/2012/07/blog-post_7742.html

ပြည်တော်ပြန် ဥပဒေ ပြဌာန်းရန် မလိုဟုဆို


အကြောင်း အမျိုးမျိုးကြောင့် ပြည်ပနိုင်ငံ အသီးသီးသို့ ရောက်ရှိနေကြသော မြန်မာများ ပြည်တော် ပြန်လာနိုင်ရေး ဥပဒေတရပ် ပြဌာန်းရန် မလိုကြောင်း ပြည်ထဲရေး ဒု ၀န်ကြီးက ပြောဆိုလိုက်သည်။
“ပြည်ပနိုင်ငံ များရောက် မြန်မာနိုင်ငံသားများ ပြန်လာရေး အတွက် တိကျသည့် ပြဌာန်းချက်တရပ် သို့မဟုတ် ဥပဒေ တရပ် ရေးဆွဲပြဌာန်းသွားရန် အစီအစဉ် ရှိ၊ မရှိ” ဟူသော မေးခွန်းကို ယမန်နေ့က အမျိုးသားလွှတ်တော် အစည်း အဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် ၁၁ မှ ဦးစံထွန်းက မေးမြန်းရာ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်းဖြစ်သည်။
နိုင်ငံတော် သမ္မတ၏ ဖိတ်ခေါ်ချက်နှင့် အညီ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ဟောင်းများ ပြန်လာရေးအတွက် နှောင့်နှေးကြန့်ကြာမှုများ မရှိစေရန် တိကျခိုင်မာသည့် အခြေခံ မူများ ချမှတ် ဆောင်ရွက်လျှက် ရှိသည့်အတွက် ဥပဒေတရပ် ရေးဆွဲပြဌာန်းရန် လိုအပ်မည် မဟုတ်ပါကြောင်း၊ ကာယကံရှင် မြန်မာ နိုင်ငံသားများ အနေဖြင့် လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ရန်သာ လိုအပ်ကြောင်း၊ နိုင်ငံတော် သမ္မတ၏ အထူးဖိတ်ခေါ်ချက်အရ ဆောင်ရွက်ပေးသည် ဖြစ်၍ ဥပဒေတရပ် ရေးဆွဲ ပြဌာန်းရန် မလိုအပ် သော်လည်း ပြည်ဝင်ဗီဇာဆိုင်ရာ သတ်မှတ်ထားသည့် စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ မူများ ချမှတ်ကာ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း ပြည်ထဲရေး ဒု ၀န်ကြီးက ပြန်လည် ဖြေကြား သွားသည်ဟု အစိုးရ သတင်းစာ များတွင် ဖော်ပြထားသည်။
ယခုအခါ သမ္မတ၏ ဖိတ်ကြားမှုဖြင့် ပြည်တော်ပြန်လာလိုသူ ပြည်ပရောက် မြန်မာများ အနေဖြင့် ဗီဇာ လျှောက်ထား ရာတွင် မြန်မာနိုင်ငံကို ခေတ္တ ခဏ အလည်ပြန် လာလိုသူများ၊ အပြီးပြန်လာ လိုသူများ ဟူ၍ နှစ်မျိုး ခွဲခြား ထားကြောင်း သိရသည်။
ဗီဇာ လျှောက်ထားရာတွင်လည်း သက်ဆိုင်ရာ ရောက်ရှိနေကြသည့် နိုင်ငံများရှိ မြန်မာ သံရုံးများတွင် သတ်မှတ် ထားသည့် လျှောက်လွှာပုံစံများ ဖြည့်ကာ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ လျှောက်လွှာ တင်ရကြောင်း၊ ထို့နောက်ဗီဇာ ထုတ်ပေးရေးအတွက် ပြည်ထဲရေး ၀န်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာနတို့ ပူးပေါင်းလုပ်ဆောင်ပေးနေကြောင်း ဒု ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဆိုသည်။
၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ကမူ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင် အသီးသီးမှ ပြန်လွတ် လာပြီး ပထမဆုံး သတင်းစာရှင်းလင်းပွဲမှစ၍ ပြည်ပရောက် မြန်မာများ ပြည်တော်ပြန်ရေးတွင် ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးစေအတွက် ရှင်းလင်း တိကျသည့် ပြဌာန်းချက် ဥပဒေ အခိုင်အမာ ချမှတ်ပေးသင့်သည်ဟု တိုက်တွန်းခဲ့သည်။
ယခု ပြည်ထဲရေး ၀န်ကြီးဌာနက ဥပဒေ ပြဌာန်းရန် မလိုကြောင်း ပြောသည့် ကိစ္စနှင့်ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က သမ္မတ အနေဖြင့် ရှင်းလင်းသည့် အမိန့် ဒီဂရီတရပ် ထုတ်ပြန်ခြင်းသည် အကောင်းဆုံး ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
“ဘာကြောင့်လဲဆိုတော့ ဘယ်လို ပုဂ္ဂိုလ်မျိုးက အကျုံးဝင်တယ်၊ ဘယ်လိုပုဂ္ဂိုလ်မျိုးက အကျုံးမ၀င်ဘူး ဆိုတာမျိုး၊ ဘယ်လို ပုဂ္ဂိုလ်မျိုးကို ခြွင်းချက်မရှိ ပြည်ဝင်ခွင့် ပြုတယ်ဆိုတာမျိုးဟာ ရှင်းနေရမှာပေါ့ဗျာ၊ အားလုံးက ကျနော်တို့ရဲ့ နိုင်ငံသားတွေ၊ ဒါတွေ အားလုံးက ကျနော်တို့ရဲ့ ညီအကို မောင်နှမတွေပဲဗျာ။ ကိုယ့်အမေ့အိမ် ကိုယ် ပြန်ချင် ကြတာပေါ့” ဟု သူက ဆိုသည်။
ပြည်တော်ပြန်မည့် ကိစ္စကို သက်ဆိုင်ရာ သံရုံးများတွင် သွားရောက် လျှောက်ထားသည့်အခါ မညီမျှမှုများ ရှိနေ ကြောင်း၊ မည်သည့်မူနှင့် ဆုံးဖြတ်နေသည်ကို မသိရကြောင်း၊ ခိုင်မာသည့် မူရှိလျှင် အဆိုပါကိစ္စမျိုး မဖြစ်နိုင်ကြောင်း သူက ဆက်ပြောသည်။
“အခုဟာက ရခြင်း မရခြင်းဆိုတာ သက်ဆိုင်ရာ သံရုံးမှာ ရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဆုံးဖြတ်မှုပေါ်မှာ မူတည်နေတယ်။ မူပေါ် မူမတည်ပဲ လူပေါ် မူတည်နေလို့ ကျနော်တို့ ကြိုးစားသမျှ ဘာတခုမှ အရာရောက်တယ်လို့ အသိအမှတ်ပြုလို့ မရနိုင် တော့ဘူး” ဟု ကိုမင်းကိုနိုင်က ဆိုသည်။
၁၉၈၈ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံမှ ထွက်ခွာလာပြီးနောက် ထိုင်း-မြန်မာ အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်ကလည်း နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုစဉ်က ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသား တချို့ကို အစိုးရကလွှတ်ပေး သကဲ့သို့ ထင်ရှားသူများကိုသာ လက်သင့်ရာ ရွေးချယ် ခေါ်ယူသည့် ပုံစံ မဖြစ်စေလိုကြောင်း ဧရာဝတီကို ပြောသည်။
ဦးထွန်းအောင်ကျော်သည် ယခုအခါ အမေရိကန် နိုင်ငံသား ဖြစ်နေပြီး မြန်မာနိုင်ငံသို့ ခေတ္တ ပြန်၍ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များကို လေ့လာရန်အတွက် ပြည်ဝင်ခွင့် ဗီဇာ ရရှိရန် စောင့်ဆိုင်းနေသူ ဖြစ်သည်။
“ပြည်တော်ပြန်ကြည့်ချင်တယ်၊ တိုင်းပြည်အတွက်ကို တတပ်တအား လုပ်ချင်တဲ့သူတွေ၊ ပြည်တော်ပြန်ပြီး ကြည့်ချင် တဲ့ သူတွေရှိတယ်ပေါ့ဗျာ။ ဆိုတော့ ကိုယ့်မိသားစုတွေ တွေ့ချင်လို့ Home sick ဖြစ်နေတဲ့ လူတွေလည်း ရှိနေတဲ့ အထဲမှာ ကိုယ်လက်သင့်ရာ၊ ကိုယ်သဘောကျတဲ့ လူကို ခေါင်းခေါက်ရွေးပြီးတော့ နာမည်ရှိတဲ့ လူတွေလောက်ကိုပဲ ခေါ်ပြီး ကျန်တဲ့လူတွေကျတော့ သွားလျှောက်တဲ့အခါ ဗီဇာ မပေးတာတို့ ဘာတို့ လုပ်တာမျိုးကလည်း နိုင်ငံရေး အကျဉ်းသား လွှတ်သလိုမျိုး ဖြစ်နေတယ်” ဟု သူက ဆိုသည်။
ပြန်လာလိုသည့် မြန်မာနိုင်ငံသားဟောင်းတိုင်း အတွက် ဗီဇာ လျှောက်၍ မရလျှင် တိုက်ရိုက် ဆက်သွယ် အကြောင်း ကြားနိုင်သည့် နေရာတခုဖွင့်ထားစေ လိုကြောင်း၊ သို့မှသာ ကြားထဲက ကြိုးနီစနစ်ဖြင့် ပိတ်ဆိုမှုနှင့် မသမာမှုများ ပျောက်သွားပြီး ပြည်ပရောက်သူများအနေ ဖြင့်လည်း အစိုးရ အပေါ် ယုံကြည်မှု ပိုမို ရရှိလာမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
နေပြည်တော် နိုင်ငံခြားရေး ဌာနနှင့် နီးစပ်သူ တဦး၏ အဆိုအရ မြန်မာနိုင်ငံသို့ ပြည်တော်ပြန်ရန် ပြည်ပရောက် မြန်မာများ လျှောက်ထားမှုသည် ယခုလက်ရှိ ၅ ထောင် ၀န်းကျင် ရှိနေကြောင်း သိရသည်။ သို့သော် သီးခြား အတည်မပြုနိုင်သေးပေ။

အပြစ်ပေးလျှင် ခံမည်ဟု ဦးအောင်သိန်းလင်း ပြော


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ဗဟိုလုပ်မှုဆောင် ဦးအောင်သိန်းလင်းက တရုတ်နိုင်ငံထုတ် Southern Weekend China သတင်းစာ အနေဖြင့် ၎င်း၏ ဖြေဆိုမှုကို ဘာသာပြန် လွဲမှားဖော်ပြခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ မိခင်ပါတီအနေဖြင့် အပြစ်ပေးပါက ခံယူသွားမည်ဟု ပြောဆိုလိုက်ကြောင်း သိရသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုလုပ်မှုဆောင် ဦးအောင်သိန်းလင်း (ဓာတ်ပုံ – ဧရာဝတီ)
ဦးအောင်သိန်းလင်း တရုတ် သတင်းစာကို ဖြေကြားမှု အပေါ် ပြည်တွင်း ဂျာနယ်တချို့နှင့် လူမှုကွန်ရက် Facebook စာမျက်နှာ များတွင် ဖော်ပြဆွေးနွေး ခဲ့ကြပြီး လူအများ၏ ဝေဖန်မှု ခံခဲ့ရသည်။ ယင်းသို့ ပြောဆိုခြင်းနှင့် ပတ်သက်ပြီး ကြံ့ခိုင်ရေး ပါတီ ခေါင်းဆောင်တို့က ဦးအောင်သိန်းလင်းကို မေးမြန်းခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
“အဲဒီတုန်းက UN (ကုလသမဂ္ဂ) ကနေပြီးတော့ မျက်စိခွဲတဲ့ အဖွဲ့တဖွဲ့ လာတော့ သတင်းထောက်တွေ ပါလာတော့ အလွတ် သဘော ပြောလိုက်တယ်လို့ ပြောတယ်။ သူက မြန်မာလို ပြန်ဖြေတာကို ဘာသာပြန် လွဲတယ်လို့လည်း ပြောတယ်။ တချို့ဥစ္စာတွေ ရူးတယ်တို့၊ ဘာတို့ ပါတာပေါ့။ သူလည်း ဘာတွေပြောလိုက်မှန်း သေချာ မမှတ်မိဘူးတဲ့။ သူကတော့ပြောပါတယ်၊ ဒီကိစ္စနဲ့ပတ်သက်လို့ သူ့မှာတာဝန် ရှိတယ်ဆိုလို့ရှိရင် အရေးယူပါလို့ ပြောပါတယ်” ဟု ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။
ကုလသမဂ္ဂနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် တို့ကို မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်နှောက်ယှက်သူများ ဖြစ်သဖြင့် အယုံအကြည် မရှိကြောင်း ဦးအောင်သိန်းလင်းက Southern Weekend China သတင်းစာသို့ သူ၏အမြင်ကို ပြောဆိုခဲ့သည်။
ထို့အတူ ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်သည် ဖခင်အရှိန်အဝါဖြင့် ကျော်ကြားနေသူဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ထောက်ခံသူများသည်လည်း အရူးများသာဖြစ်ကြောင်း ပုတ်ခတ်ပြောဆိုခဲ့ပြီး အများတောင်းဆိုမှုကြောင့် သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် ရပ်ဆိုင်းထားသော မြစ်ဆုံဆည် စီမံကိန်းကြီးကို မဖြစ်မနေ ပြန်စရန်လိုကြောင်းလည်း ဖော်ပြထားသည်ဟု သိရသည်။
Southern Weekend China သတင်းစာအား ပြောဆို ဖြေကြားထားမှုများကို ပါတီအနေဖြင့် ရှာဖွေဖတ်ရှုခဲ့ကြောင်း၊ အင်္ဂလိပ်ဘာသာဖြင့် တွေ့ရှိရသကဲ့သို့ မြန်မာစာ ဘာသာပြန်များကိုလည်း ဖတ်ရှုခဲ့ကြောင်း၊ ယင်းသို့ ဦးအောင်သိန်းလင်း၏ ဖြေကြားထားမှုများသည် ကြံ့ခိုင်ရေးပါတီ၏ သဘောထားများ မဟုတ်ကြောင်း ယင်းပါတီက ပြောဆိုသည်။
“ကျိန်းသေတာကတော့ ကျနော်တို့ ပါတီကနေပြီးတော့၊ ဆုံးဖြတ်ပြီးတော့မှ ဒီတိုင်းပြောမယ်၊ ဒီတိုင်းလုပ်ဆိုတဲ့ ဥစ္စာမျိုးတော့ မဟုတ်ပါဘူး။ ကျနော်တို့လည်း မသိလိုက်ဘူး။ သူကိုယ်တိုင်လည်း ဘာပြောတယ်ဆိုတာတောင် သေချာမသိလိုက်ဘူး” ဟု ဦးဌေးဦးက ပြောသည်။
သို့ရာတွင် ဦးအောင်သိန်းလင်း၏ ပြောဆိုချက်သည် ပုဂ္ဂလိက လွတ်လပ်စွာ ပြောဆိုခြင်းဖြစ်သောကြောင့် ပါတီအနေဖြင့်လည်း အပြစ်ပေး အရေးယူသွားစရာ မလိုအပ်ကြောင်း ဦးဌေးဦးက “သူ့ပြောဆိုမှုကြောင့် ပါတီ ဂုဏ်သိက္ခာ မထိခိုက်နိုင်ပါဘူး၊ ဒီတိုင်းပဲ လွတ်လွတ်လပ်လပ် ပြောလို့ရပါတယ်” ဟု ဆိုသည်။
ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များထဲတွင် ဦးအောင်သိန်းလင်း၊ ဦးအောင်သောင်းနှင့် ဦးကျော်ဆန်းတို့မှာ နိုင်ငံတော် ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းတွင် သဘောထားတင်းမာသူများဟု သတင်းများ ထွက်နေသော်လည်း ပါတီခေါင်းဆောင်များ အကြား စည်းလုံး ညီညွှတ်မှုရှိနေကြောင်း ဦးဌေးဦးက ထပ်လောင်းပြောဆိုခဲ့သည်။
သတင်းစာများနှင့် အမေးအဖြေ ပြုလုပ်ပြီးနောက် ဦးအောင်သိန်းလင်းကဲ့သို့ ၎င်းတို့ မပြောကြောင်း ငြင်းဆိုခဲ့သူများလည်း ရှိခဲ့သည်။
၂၀၀၃ ခုနှစ် ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ကြီး ခင်ညွှန့် ဦးဆောင်သော ထောက်လှမ်းရေးအဖွဲ့က ကယ်ဆယ်လိုက်သည်ဆိုသော သတင်းကို ယခုနှစ် ဧပြီလက ဘန်ကောက်ပိုစ့် သတင်းစာတွင် ဖော်ပြခဲ့သည်။
သို့သော်လည်း ရက်ပိုင်းအတွင်းတွင် ဘန်ကောက်ပို့စ် သတင်းစာပါ ဖော်ပြချက်မှာ မမှန်ကန်ကြောင်း ရဲသတင်းတပ်ဖွဲ့နှင့် ဦးခင်ညွန့်၏ တပည့်တို့က ငြင်းဆိုလိုက်သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သေးသည်။
ထို့အတူ ယခုနှစ် မတ်လတွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်က ၎င်း၏ ဝန်ကြီးဌာန ဘတ်ဂျက်ငွေများကို ဖြတ်တောက်မှုနှင့် ပတ်သက်၍ “လွှတ်တော် ကိုယ်စားလှယ်ဆိုပြီး ၁၀ တန်း မအောင်ဘဲ လာထိုင်နေတယ်။ သူများက ထိုင်ဆိုထိုင်၊ ထဆိုထ၊ ခလုတ်နှိပ်ဆို နှိပ်၊ ဘာမှ မသိ၊ ဘာမှ နားမလည်၊ ရမ်းပြီး လုပ်တာ” ဟု Hot News ဂျာနယ်သို့ ပြောကြားခဲ့ရာ လွှတ်တော် ကိုယ်စားလှယ်များက ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။
ထို့ကဲ့သို့ ဝေဖန်ပြောဆိုခြင်းကို လွှတ်တော်ကိုယ်စားလှယ်များက တရားဝင် တောင်းပန်ရန် ပြောဆိုခဲ့ကြပြီးနောက် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပတ်သက်၍ ဖြေဆိုခဲ့ခြင်းသည် ကိုယ်စားလှယ်တော်များကို နစ်နာစေလို၍ မဟုတ်ကြောင်း၊ ကောင်းစေလိုသည့်အတွက် စေတနာဖြင့် ပြောဆိုခြင်းသာ ဖြစ်ကြောင်း၊ အင်တာဗျူးလုပ်သူနှင့် မိမိတို့သည်လည်း မိဘနှင့်သားသမီးကဲ့သို့ ရင်းနှီးသည့်သဘောဖြင့် ပြောဆိုခြင်းဟု ဦးမြင့်လှိုင်က ပြန်လည်ရှင်းလင်းခဲ့သည်။

ဦးသိန်းစိန်ထောက်ခံပွဲ ဘန်ကောက်မှာ ပြုလုပ်


ထိုင်းအခြေစိုက် အဖွဲ့အစည်းတချို့ နှင့် ရွှေ့ပြောင်း မြန်မာအလုပ်သမားတချို့
တနင်္လာနေ့ နံနက်ပိုင်းတွင် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့သို့ သွားရောက်ပြီး
ရခိုင်ဒေသ ပဋိပက္ခနှင့် ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်၏ ရပ်တည်ချက်ကို အပြည့်အ၀ထောက်ခံကြောင်း
ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်ပွဲသို့ မြန်မာနိုင်ငံသား ရဟန်းသံဃာများ အပါအ၀င် ၄၀ ၀န်းကျင်ခန့် လာရောက်ခဲ့ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုသို့ ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်သည်။

”ဇွန်လအတွင်းက ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အရေးအခင်းနဲ့ ပတ်သက်လို့ အဲဒီ အရေးအခင်းမှာ အဓိကကျတဲ့ ကိစ္စတခုဖြစ်တဲ့ ရိုဟင်ဂျာ ကိစ္စမှာ
သမ္မတ ဦးသိန်းစိန်က ပြတ်ပြတ်သားသား ရပ်တည်ခဲ့တယ်။ အဲဒီ ရပ်တည်ချက်ဟာ ကျနော်တို့ မြန်မာနိုင်ငံသားတွေရဲ့ ရပ်တည်ချက်နဲ့ တထပ်တည်းကျတယ်။
ဒါကြောင့် ကျနော်တို့က သူ့ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်။ ထောက်ခံတယ်။ ဒီလို ပြည်သူ့မျက်နှာကိုကြည့်ပြီး ပြည်သူ့ဘက်က ရပ်တည်ပေးရဲတဲ့ သမတ
ဦးသိန်းစိန်ကို ကျေးဇူးလည်း တင်ကြောင်းနဲ့ ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်တဲ့စာ လာပို့ကြတာ ဖြစ်ပါတယ်” ဟု ပြည်ပရောက် အမျိုးသားကျောင်းသားများ အဖွဲ့ (ONSOB) မှ
အတွင်းရေးမှူး ဖြစ်သူ ကိုသန်းဖေက ဧရာဝတီသို့ ပြောသည်။

ဦးသိန်းစိန်သည် ဇူလိုင်လ ၁၂ ရက်နေ့က
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ တာဝန်ရှိသူနှင့် တွေ့ဆုံရာတွင်
တရားမ၀င် ခိုးဝင်လာသော ရိုဟင်ဂျာ ဆိုသူများကို မိမိတို့ မြန်မာနိုင်ငံအနေဖြင့် လက်မခံနိုင်ကြောင်း၊
ယင်းတရားမ၀င် ဘင်္ဂလီများကို UNHCR မှ လက်ခံကျွေးမွေးထားရန် အပ်နှံမည်ဖြစ်ကြောင်း၊
တတိယနိုင်ငံတခုခုမှ လက်ခံမည်ဆိုပါက ပို့ဆောင်ပေးရန် ဟူသော စကားများမှာ အလွန်သင့်မြတ် လျော်ကန်သော စကားရပ်များဖြစ်၍ ထောက်ခံရခြင်းဖြစ်ကြောင်း
သူက ဆက်လက်ပြောဆိုသည်။

ဦးဆောင်ပါဝင်ကြသော အဖွဲ့အစည်းများမှာ

(၁) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ ထိုင်းနိုင်ငံ ဌာနခွဲ) (ALD Exile Thailand)
(၂) ပြည်ပရောက် အမျိုးသား ကျောင်းသားများ အဖွဲ့ (ONSOB)

(၃) ပြည်ပရောက် ကရင်အမျိုးသား ကျောင်းသားများ အဖွဲ့ (OKRSO)
(၄) ရခိုင် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (AHRDO)

(၅) ကချင် အမျိုးသမီးအဖွဲ့ (K W O)
(၆) ရခိုင် မျိုးချစ်စိတ် ဖွံ့ဖြိုးရး ပန်းတိုင် အသင်း (G R P D C)

(၇) ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်း (BAT)
(၈) ရခိုင်ဝံသာနု စာပေအသင်း (R P L C) တို့ဖြစ်ကြသည်။

ထို့ပြင် သမ္မတ ဦးသိန်းစိန်အား အောက်ပါ အချက်များကိုလည်း ဆောက်ရွက်ပေးရန် တိုက်တွန်းထားကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဥက္ကဌ ဖြစ်သူ ကိုအံ့မောင်က ပြောသည်။

”ကျနော်တို့ စုပြီး သမ္မထံပို့တဲ့စာမှာ တိုက်တွန်းအကြံပြုထားတာတွေကတော့
၁။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးလှစော တင်ပြတောင်းဆိုခဲ့တဲ့ ရခိုင်သမိုင်းပညာရှင်များ မြန်မာ သမိုင်းပညာရှင်များနဲ့ နိုင်ငံတကာ သမိုင်းပညာရှင်များ ပူးပေါင်းပြီး နိုင်ငံတော်အစိုးရက ဦးဆောင်ဦးရွက်ပြုကာ ရိုဟင်ဂျာ ဘင်္ဂလီများအကြောင်း သမိုင်းရှင်းလင်းပွဲ ပြုလုပ်ပေးပါရန်။
၂။ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီများအား မြန်မာနိုင်ငံတော်၏ တည်ဆဲ လ၀က ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူပေးပါရန်။
၃။ မြန်မာနိုင်ငံ လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် ဘင်္ဂလား မြန်မာ နယ်စပ်ကို နယ်ခြားစောင့်တပ် သီးသန့်ဖွဲ့ပြီး စနစ်တကျ ပြင်ဆင် ပြုလုပ်ပေးရန်
တို့ကို တောင်းဆို တိုက်တွန်းထားပါတယ်” ဟု ဆိုသည်။

ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ သဘောထားကို ပြတ်သားစွာ ထုတ်ပြန်ပြီးနောက် သမ္မတ ဦးသိန်းစိန်မှာ မြန်မာပြည်သူများကြားတွင် ယခင်ကထက် ထောက်ခံမှု ပိုမို ရရှိလာကြောင်း တွေ့ရသည်။



http://blog.irrawaddy.org/2012/07/blog-post_8115.html

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၆-၇-၂၀၁၂ - နံနက်ပိုင်း)

 မြန်မာ့ရေးရာ သတင်းပဒေသာ (၂၆-၇-၂၀၁၂ - နံနက်ပိုင်း) သတင်းများကိုအောက်ပါလင့်တွင်သွားရောက်ဖတ်ရှုနိုင်ပါသည်။

http://drlunswe.blogspot.com/2012/07/blog-post_4382.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FqgUvx+%28%E1%80%B1%E1%80%92%E1%80%AB%E1%80%80%E1%80%B9%E1%80%90%E1%80%AC%E1%80%9C%E1%80%BC%E1%80%8F%E1%80%B9%E1%80%B8%E1%80%B1%E1%80%86%E1%80%BC%29

စိတ်ကြွဆေး သိန်း ၉,၀၀၀ ဖိုး မြစ်ကြီးနားမှာ မိ



မူးယစ်ဆေးဖမ်းမိသည့် အကျဲကျေးရွာရှိ စစ်ဆေးရေးဂိတ်တခု (ဓာတ်ပုံ - YPI)

စိတ်ကြွဆေး အလုံးရေ သုံးသိန်း မြစ်ကြီးနားမှာ ဖမ်းမိတယ် လို့ ဗုဒ္ဓဟူးနေ့ထုတ်ကြေးမုံသတင်းစာမှာ ရေးထားပါတယ်။
မြန်မာငွေ သိန်းပေါင်း ၉,၀၀၀ တန်တယ် တဲ့။
တော်တော်များတာပဲ။

ဆေးသယ်လာတဲ့ကားက မာဇဒါဂျစ် လို့ ဆိုတယ်။ ကားနံပါတ်ကိုကိုတော့ ရှေ့အက္ခရာတလုံးပဲ ပေးပါတယ်။ ဂဏန်းတွေ ၀ှက်ထားပါတယ်။

(ဘော်ဒီနာဖူးတဲ့ကားတွေ ဈေးကောင်းမရတတ်ဘူး ဆိုတာကြောင့် ထင်ပါတယ် - ယာဉ်တိုက်မှုသတင်းများထဲက ကားနံပါတ်တွေကို မီဒီယာတွေက ဆင်ဆာဖြတ်ပေး ဖုံးကွယ်ပေးတတ်ကြပါတယ်။ ဓာတ်ပုံမှာရော သတင်းထဲမှာပါ ဖြတ်ပါတယ်။
ကားဈေးတွေ ပြုတ်ကျ၊ ကားအရေအတွက် ဖောင်းပွလာနေပေမယ့် ဖုံးပေးနေကြဆဲပါ။)

မူးယစ်ဆေး သယ်တယ်ဆိုတဲ့ ကားရဲ့ နံပါတ်ကို ဘာကြောင့် ဖုံးပေးသလဲ ဆိုတာတော့ မသိရပါ။

သိန်း ၉,၀၀၀ တန် စိတ်ကြွဆေးသတင်း မူရင်းကို ဒီမှာ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_F9bP7FTPKAhC0IGGn1q-KXFco5M6310-9OR6voruuZKCp0WPSw43p0SSK70CwD9s5TX-_4p3jBv44E_WIjHqd0726KcWn6dYaYKrmKFvhqMRA6kh9DF0B1cm-TmExIW37mBop427veiE/s1600/000+001+blog+elph.jpg ဖတ်နိုင်ပါပြီ။

သယ်ဆောင်လာသူက အသက် ၅၄ နှစ်အရွယ် ဦးသောင်းမြင့် (ခေါ်) မေလီဟို လို့ ဆိုပါတယ်။



http://blog.irrawaddy.org/2012/07/blog-post_4391.html

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းတွင် စက်မှုဇုန် တည်ထောင်မည်

ရခိုင်ပြည်နယ်အတွက် ပထမဆုံး စက်မှုဇုန်တစ်ခုကို မကြာမီ စတင်တည်ထောင်သွားမည်ဖြစ်ကြောင်း စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ သိရသည်။ အဆိုပါ စက်မှုဇုန်ကို ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းတွင် တည်ထောင်သွားမည်ဖြစ်ကြောင်း သိရသည်။ “စက်မှုဇုန်ကို မြေဧက ၅၀၀ ပေါ်မှာ တည်ထောင်နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေပါတယ်” ဟု စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စက်မှုဇုန် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “စက်မှုဇုန်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ အတွက်ကိုတော့ ပြည်တွင်းက လုပ်ငန်းရှင်တွေကို ဦးစားပေးသွားမှာပါ” ဟု ယင်းကဆက်လက် ပြောသည်။ လက်ရှိတွင် အဆိုပါ စက်မှုဇုန် တည်ထောင်နိုင်ရန်အတွက် မြေနေရာရရှိနိုင်မှုကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး မည်ကဲ့သို့သော စက်မှုဇုန် တည်ထောင်နိုင်မည်ကို မသိနိုင်ကြောင်း သိရသည်။ ယင်းစက်မှုဇုန် တည်ထောင်ရေးဆိုင်ရာ လုပ်ငန်းများတွင် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသည့် စက်မှုလုပ်ငန်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေးနိုင်သော စက်မှုလုပ်ငန်းများကို ဦးစားပေး လုပ်ကိုင်ခွင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ “လက်ရှိ အနေအထားမှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် စက်မှုဇုန် တည်ဆောက်ဖို့အတွက် အခက်အခဲတွေ ဖြစ်လာနိုင်မယ်လို့တော့ ထင်တယ်။ တကယ်လို့ ဆောက်ဖြစ်မယ် ဆိုရင်တော့ ဒေသထွက်ကုန်တွေကို အဓိက ပံ့ပိုးပေးနိုင်မယ့် နည်းပညာမြင့်မားတဲ့ အလုပ်အကိုင် အခွင့်အလမ်း များများပေးနိုင်မယ့် စက်မှုလုပ်ငန်းမျိုးကိုတော့ မျှော်လင့်ပါတယ်” ဟု စစ်တွေမြို့နယ်နေ ကိုအောင်လင်းဦးက ပြောသည်။ လက်ရှိ အနေအထားတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စက်မှုဇုန်များကို တည်ထောင်ပေးလျက်ရှိပြီး စက်မှုဇုန်မရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စက်မှုဇုန်များ တည်ထောင်သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ 


http://www.khitlunge.net.mm/news/news_detail.aspx?info_id=26359

Canada Burmese held Buddhist Ceremony


 ၄ ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်၊ ရှင်ပြု၊ သီလရှင်ဝတ်ပွဲ ဓမ္မရံသီကျောင်း(ကနေဒါ)တွင် ကျင်းပ
ကျော်ဟုန်း  ၊ ဇူလိုင် ၂၆၊ ၂၀၁၂
၎ ကြိမ်မြောက် စုပေါင်း ဝါဆိုသင်္ကန်းကပ်နဲ့  ရှင်ပြု- သီလရှင်ဝတ်ပွဲကို 6700 No 4 Road, Richmond,BC ကနေဒါနိုင်ငံမှာ ဇူလိုင် ၂၁ က ၂၂ နေ့အထိ ဓမ္မရံသီ ဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့ပါတယ်။
ဝါဆိုသင်္ကန်းကပ်လှူပွဲကို ဓမ္မရံသီဘုန်းကြီးကျောင်း ဂေါပကများဖြစ်သော ကိုစိန်ထွန်း၊ ကိုကိုလေးတို့မှ စီစဉ်ဆောင်ရွက်ခဲ့ပြီး ကနေဒါနိုင်ငံရောက် မြန်မာနိုင်ငံသားများက စုပေါင်း ပါဝင်ကျင်းပခဲ့ကြပါတယ်။  




ဝါဆိုသင်္ကန်းကပ်ခြင်းနဲ့အတူ  ရှင်ပြု၊ နားသ၊ သီလရှင်ဝတ် သာသနာ့ဘောင် သွတ်သွင်းခြင်းမင်္ဂလာပွဲကိုကျင်းပရာမှာ အလှူဒါယကာ၊ဒါယိကာမများ ဖြစ်ကြတဲ့ ဦးသန်းထိုက် ဒေါ်နန်းခင်နှင်းလှိုင်တို့ ၏သား  မောင်ဝေယံထိုက်နဲ့   ဦးစိုးကျော်-ဒေါ်သူဇာမင်းတို့ ၏သား  မောင်မင်းသွေးတို့ ကို  ပဗ္ဗဇ္ဖအမွေ   ရှင်သာမဏေအဖြစ် သွတ်သွင်းခြင်း ၊  ဦးကျော်ကျော်-ဒေါ်စန်းစန်းတို့ ၏  သမီးများဖြစ်သော မကေသီကျော်နဲ့   မကေစီကျော်တို့ကိုလဲ  ကဏ္ဏဝဇ္ဈန နားသမင်္ဂလာကျင်းပပြီး သီလရှင်ဝတ်ပေးခဲ့ကြပါတယ်။
ထိုမင်္ဂလာအလှူပွဲ အခမ်းအနားကို  ဓမ္မသီရံဘုန်းကြီးကျောင်းထိုင် ဦးဃောသကနဲ့ အတူ  တိုရန်တို၊ ဝါရှင်တန်(အမေရိကန်)၊  ထိုင်ဝမ်မှ သံဃာတော်များလဲ ကြွရောက်အပူဇော်ခံခဲ့ကြပါတယ်။ ဘုန်းတော်ကြီးများကလဲ ဝါဆိုသင်္ကန်းများ အလှူခံယူတော်မူအပြီးမှာ ကြွရောက်လာတဲ့ ပရိသတ်များကို  တရားဟောခြင်း၊ မေတ္တာပို့ ခြင်းများ၊ သီလစောင့်တည်ခြင်းများ၊ အမျှပေးဝေခြင်းများပြုလုပ်ပေးခဲ့ကြပါတယ်။





လာရောက်ကြတဲ့ ဧည့်ပရိသတ်များကို မုန့်ဟင်းခါး၊ မြန်မာထမင်းဟင်း၊ ဒန်ပေါက်၊ ခေါက်ဆွဲကြော်၊ ရွှေကြည်၊ ဆနွင်းမကင်း၊ သစ်သီးစုံများဖြင့် ကျွေးမွေးခဲ့သလို ဘုရားအမှူးပြုပြီး သံဃာတော်များကိုလဲ ဆွမ်းကပ်လှူဒါန ကုသိုလ်ယူခဲ့ကြပါတယ်။
ထိုဝါဆိုသင်္ကန်းကပ်ပွဲမှာ  ကနေဒါရောက်  မြန်မာကျောင်းသားတပ်မတော်က ရဲဘော်ဟောင်းများ၊  ရဟန်းပျိုသမဂ္ဂဟောင်းများနဲ့  ပြည်ပရောက်မြန်မာနိုင်ငံသားများ  စုစုစည်းစည်း ရင်းနှီးချစ်ခင်စွာ နေထိုင်ကြတာတွေ့ ရတာကတော့  ဝမ်းသာစရာကောင်းတဲ့ မြင်ကွင်းပဲဖြစ်ပါတယ်။  ပြည်ပမှာမွေးတဲ့ မြန်မာကလေးများကို မိမိတို့ ရဲ့ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုများကို အမွေပေးနိုင်ခြင်းဟာလဲ ချီးကျူးစရာကောင်းတဲ့ မျိုးချစ်စိတ်ဓာတ်ပဲလို့  တွေးမြင်မိပါတော့တယ်။

အစိုးရအဖွဲ့တွင်း အပြောင်းအလဲ စတင်


ဒုတိယ သမ္မတအဖြစ် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို သမ္မတ အရည်အချင်းစစ် ကော်မတီက အတည်ပြုပေး တော့မယ်လို့  နေပြည်တော်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်တွေ အဆိုအရ သိရပါတယ်။
ခေတ်နောက်ပြန်ဆွဲလိုသူများကို ချန်ထားခဲ့မည်ဟု သမ္မတ ဦးသိန်းစိန် က မေလ ၁၁ ရက်နေ့ အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောဆိုခဲ့သည် (ဓာတ်ပုံ – သမ္မတရုံး ဝက်ဘ်ဆိုဒ်)
တချိန်တည်းမှာပဲ အစိုးရ ပြည်ထောင်စုဝန်ကြီး ၈ ဦးခန့်လည်း ရာထူး အပြောင်း အလဲ ဖြစ်ဖို့ရှိပြီး ပြောင်းလဲမယ့် ၀န်ကြီးတွေ ထဲမှာ ခေါင်းမာ ဂိုဏ်းသားတွေလို့ ပြောကြတဲ့ လက်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်း တို့လည်း ပါဝင်မယ်လို့ ဆိုပါတယ်။
ပြည်တွင်းထုတ် The Voice Weekly ဂျာနယ်မှာလည်း ၀န်ကြီး ဦးလှထွန်းကို ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှုဝန်ကြီး ဦးတင်နိုင်သိန်းကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး၊ အားကစား ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးအေးမြင့်ကြူကို ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးများ အဖြစ် ပြောင်းလဲခန့်အပ် မယ်လို့ ဖော်ပြထားပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန နဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန နှစ်ဌာန၀န်ကြီး ဦးကျော်ဆန်းကတော့ ယဉ်ကျေးမှုဝန်ကြီးဌာနကိုပဲ တာဝန် ယူရမှာဖြစ်ပါတယ်။
ဒီလို ၀န်ကြီးရာထူး အပြောင်းအလဲတွေဟာ ပြီးခဲ့တဲ့ မေလအတွင်းက သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာမှာ ရှေးရိုးစွဲ၊ ခေတ်နောက်ပြန်ဆွဲတဲ့ အမြင်ရှိသူများကို ချန်ထားခဲ့မယ်ဆိုတဲ့ အစီအစဉ်ကို နောက်ဆုံးပိတ် အကောင်အထည်ဖော်ခြင်း ဖြစ်တယ်လို့ အစိုးရနဲ့ နီးစပ်သူတွေက သုံးသပ်ကြတယ်။
ပထမအဆင့်အနေနဲ့ ခေါင်းမာဂိုဏ်သားလို့ သတ်မှတ်ကြသူ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းကို ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ကနေ ဖယ်ရှားပြီး သမ္မတ ဦးသိန်းစိန် ယုံကြည်ရတဲ့ မီးရထားဝန်ကြီး ဦးအောင်မင်းကို ခန့်အပ်ခဲ့ပါတယ်။
ယခုအခါ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းကို သမ္မတရုံး ၀န်ကြီး (၁) အဖြစ် တာဝန်ပေးထားပြီး ဦးသိန်းစိန် အားကိုးရတဲ့ စက်မှုဝန်ကြီး ဦးစိုးသိမ်းကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ကိုင်တွယ်ရတဲ့ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးအဖြစ် ပြောင်းလဲခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က သမ္မတရုံး ၀န်ကြီးဌာန (၁)၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး၊ ပို့ဆောင်ရေး ၀န်ကြီး၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန ၆ ခု ရှိ ဒုတိယ ၀န်ကြီးတွေကို အပြောင်းအလဲ ပြုလုပ်ခဲ့ပါသေးတယ်။
မကြာသေးမီက ပြည်တွင်း၊ ပြည်ပ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ရဲ့ လုပ်ဆောင်မှုတွေကို ထောက်ခံချီးကျူးမှုတွေ ရရှိခဲ့ပါတယ်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရဲရဲဝံ့ဝံ့ ခေါ်ယူတွေ့ဆုံခဲ့ခြင်း၊ တိုင်းရင်းသား ခေါင်းဆောင်များနဲ့ တွေ့ဆုံခြင်းတို့အပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့လည်း မကြာမီ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။
ပြည်ပနိုင်ငံများနဲ့ ဆက်ဆံရာမှာလည်း မျက်နှာကောင်းရရှိခဲ့ပြီး အမေရိကန်အပါအ၀င် အနောက်နိုင်ငံများက ပိတ်ဆို့ အရေးယူ မှုတွေကို လျှော့ပေါ့ပေးတဲ့အပြင် အမေရိကန်နိုင်ငံက သံအမတ်ကြီးအဆင့် ပြန်လည်ထားရှိဖို့ သဘောတူခဲ့ပါတယ်။ ဂျပန်နိုင်ငံကလည်း အကူညီပေးမှုတွေအပြင် ကြွေးမြီတွေကိုလည်း လျော့ပေါ့ပေးခဲ့ပါတယ်။
တပ်မတော်အနေနဲ့လည်း သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို အားဖြည့်ဖို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး ဦးမြင့်ဆွေကို ဒုသမ္မတအဖြစ် တင်မြှောက်ရေး ကျားကန်ပေးတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်းကလည်း  စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာရှဒေသ လုံခြုံရေးဆိုင်ရာ ညီလာခံ (Shangri-la Dialogue) မှာ သင့်လျော်တဲ့ ကာလတခုရောက်လျှင် တပ်မတော်အနေဖြင့် နိုင်ငံရေးတွင် ပါဝင်မှု အခန်းကဏ္ဍကို လျှော့ချသွားမှာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချက်များကို တပ်မတော်အနေနဲ့ ရာနှုန်းပြည့် ထောက်ခံ၍ အရပ်သားအစိုးရ၏ ညွှန်ကြားမှုများကို လိုက်နာသွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါသေးတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မလိုလားတဲ့ ခေါင်းမာဂိုဏ်သားတွေကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ နာမည်ကိုသုံးပြီး ဟန့်တားဖို့ ကြိုးစားနေတယ်လို့ နေပြည်တော်သတင်းရပ်ကွက်က ဆိုပါတယ်။
ဒါပေမယ်လည်း ဦးသန်းရွှေကတော့ နိုင်ငံရေးလောကထဲကို ပြန်လာတော့မှာ မဟုတ်ဘဲ လက်ရှိ အခြေအနေ အတိုင်း အေးချမ်းလုံခြုံစွာ နေထိုင်တော့မယ်လို့ ပြောဆိုကြပါတယ်။

တိုင်းရင်းသားဒေသ ဆင်းရဲနိမ့်ကျမှု ဒေါ်အောင်ဆန်းစုကြည် ပြောပြီ


မြန်မာနိုင်ငံ၌ တိုင်းရင်းသားပြည်နယ် ဒေသများ သည် ဆင်းရဲမွဲတေမှု အဆိုးရွားဆုံး ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောသည်။
၁၈၂၃ ခုနှစ်နောက်ပိုင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ တိုင်းရင်းသား လူမျိုးများတွင် ဗမာတိုင်းရင်းသားလည်း ပါဝင်ကြောင်း၊ ထိုတိုင်းရင်းသား အားလုံးအနက် ပြည်နယ်များကို ကိုယ်စားပြုထားသည့် တိုင်းရင်းသား လူမျိုးများသည် အဆိုးဆုံး ဖြစ်ကြောင်း ၎င်းက လွှတ်တော်၌ ဆွေးနွေးခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီ ဥက္ကဋ္ဌလည်း ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော် စတင် တက်ရောက်သည်မှ စ၍ နှစ်ပတ်ခန့် အကြာတွင် ပထမဆုံး အကြိမ် တိုင်းရင်းသားအရေးကို ဝင်ရောက်ပြောဆို ဆွေးနွေးခြင်း ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကွတ်ခိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းသည့် “တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ တရပ်ပြဌာန်းရေး” အဆိုကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ပြည်နယ်များ အနက် ချင်းပြည်နယ်သည် ဆင်းရဲမှု အနိမ့်ဆုံး ဖြစ်ပြီး ဖွံ့ဖြိုးမှု အဆင့်မှာ အာရှ ဖွံ့ဖြိုးရေး ဘဏ်၏ ကိန်းဂဏန်း အရ ၇၃ ဒဿမ ၃ ရာခိုင်နှုန်းသာ ရှိကြောင်း၊ ရှမ်းပြည် အရှေ့ပိုင်းတွင် ၄၆ ဒဿမ ၄ ရာခိုင်နှုန်း၊ ရှမ်းပြည် မြောက်ပိုင်းတွင် ၃၇ ဒဿမ ၄ ရာခိုင်နှုန်း၊ ရှမ်းပြည် တောင်ပိုင်းတွင် ၂၅ ဒဿမ ၂ ရာခိုင်နှုန်း အသီးသီး ရှိ၍ ရှမ်းပြည် တခုလုံး၏ ဆင်းရဲမွဲတေမှု သည် ၃၃ ဒဿမ ၁ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်သည် ဒုတိယ အဆင်းရဲဆုံး ပြည်နယ်ဖြစ်ပြီး ၄၃ ဒဿမ ၅ ရာခိုင်နှုန်း ရှိကြောင်း၊ တနိုင်ငံလုံး၏ ဆင်းရဲ မွဲတေမှုသည် ပျမ်းမျှအားဖြင့် ၂၅ ဒဿမ ၆ ရာခိုင်နှုန်း ရှိသည့်အတွက် ပြည်နယ်များ၏ ဆင်းရဲမွဲမှုသည် တနိုင်ငံလုံးနှင့် ယှဉ်ပါက ဆင်းရဲမှု မြင့်မားနေသည် ကို တွေ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့သည်။
ကချင်ပြည်နယ်၏ ဖွံ့ဖြိုးမှုသည် ၂၈ ဒဿမ ၆ ရာခိုင်နှုန်းရှိ၍ တနိုင်ငံလုံး၏ ပျမ်းမျှ နှုန်းထက် မြင့်နေသည်ကို တွေ့ရပြီး မွန်၊ ကရင်၊ ကယား စသည့် တိုင်းရင်းသား ဒေသများသည်လည်း နိမ့်ကျကြောင်း၊ ထို့ကြောင့် ပြည်နယ်များ၏ ဖွံ့ဖြိုးမှု အနေအထား သည် အားရကျေနပ်စရာ မရှိကြောင်း ၎င်းက ထည့်သွင်း ဆွေးနွေးခဲ့သည်။
ဦးတီခွန်မြတ်၏ အဆို၌ တိုင်းရင်းသား လူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတို့ကို အဓိက အခြေခံ တင်သွင်း ထားခြင်း ဖြစ်သောကြောင့် တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တိုင်းရင်းသားတို့၏ ရပိုင်ခွင့် စသည်တို့နှင့် ပတ်သက်သည့် အချက်အလက်များ ပါဝင်ခြင်း မရှိဟု တိုင်းရင်းသား ကိုယ်စားလှယ် များက ပြောသည်။
ဦးတီခွန်မြတ်၏ အဆိုသည် တိုင်းရင်းသားများ အတွက် တင်သွင်းခြင်း ဖြစ်၍ ကန့်ကွက်စရာ မရှိကြောင်း၊ သို့သော် ထိုထက်
အရေးပါသည့် တိုင်းရင်းသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် တို့အတွက် ပြင်ဆင် ဖြည့်စွက်ရမည့် ဥပဒေ အကြောင်းအရာ များလည်း ပါဝင်သင့်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ဥပဒေကြမ်း ကော်မတီဝင် ဦးဘရှိန်က ရှင်းပြသည်။
၎င်းက “တိုင်းရင်းသားတွေ လိုချင်တာက စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စ၊ ဒီလို ဖြစ်ဖို့ အတွက် တိုင်းရင်းသား တန်းတူရေး အတွက် ဥပဒေမှာ ပြင်ဆင် ဖြည့်စွက် စရာတွေ အများကြီး ရှိနေတယ်” ဟု ဆိုသည်။
တိုင်းရင်းသား လူမျိုးများအတွက် ကာကွယ် စောင့်ရှောက်ခြင်းဆိုသည့် စကားသည် ဘာသာစကား၊ ယဉ်ကျေးမှု ထိန်းခြင်းထက် များစွာကျယ်ပြန့် လေးနက်ကြောင်း၊ ပင်လုံ စိတ်ဓာတ်နှင့်လည်း ခွဲခြားမရကြောင်း၊ ထို့ကြောင့် တန်းတူ ညီမျှရေးနှင့် အပြန်အလှန် လေးစားယုံကြည်မှု တို့ကို အခြေခံပြီး စစ်မှန်သည့် ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွက်ရေး အတွက် ကိုယ်စားလှယ် အားလုံးတွင် တာဝန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“တိုင်းရင်းသား လူမျိုးများရဲ့ အခွင့် အရေးများကို ကာကွယ်နိုင်ဖို့ အတွက်ဆိုရင် ဥပဒေများကို လိုအပ်သလို ပြုပြင်ခြင်း၊ ပြဌာန်းခြင်းတို့ ဆောင်ရွက်ဖို့ အားလုံးကို တိုက်တွန်းရင်း ဦးတီခွန်မြတ်အဆိုကို ထောက်ခံပါတယ်” ဟု သူက ဆိုသည်။
ရှမ်းပြည်နယ်၊ လဲရှား မဲဆန္ဒနယ်မှ ဦးစိုင်းမောင်တင် ဆွေးနွေးရာ၌ ၂၀၀၈ ဖွဲ့စည်းပုံတွင် နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့် အရေးနှင့် တန်းတူရေးတို့အတွက် ပြဌာန်းထားကြောင်း၊ သို့သော် ၁၉၄၇၊ ၁၉၇၄  ဖွဲ့စည်းပုံ အခြေခံ ဥပဒေတို့တွင် နိုင်ငံသားများ၏ အခွင့်အရေး တန်းတူရေးတို့ကို ရေးဆွဲ ပြဌာန်းထားကြောင်းလည်း လွှတ်တော်တွင် ဆွေးနွေးသည်။
ထိုဥပဒေများ ပြဌာန်းထားသည့်တိုင် အကြောင်း အမျိုးမျိုးကြောင့် ဗမာ တိုင်းရင်းသား အပါအ၀င် တိုင်းရင်းသား တို့၏ အခွင့် အရေး ဆုံးရှုံးခဲ့ရကြောင်း၊ တိုင်းရင်းသားတို့၏ အခွင့်အရေး အတွက် လိုအပ်သည့် ဥပဒေများ ပြဌာန်းပေးရန် လိုကြောင်း၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတို့သည်လည်း အရေးပါသည့်အတွက် ဦးတီခွန်မြတ်၏ အဆိုကို ထောက်ခံကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမောင်တင်က ပါဝင်ပြောဆိုသည်။
ဦးတီခွန်မြတ်၏ အဆိုနှင့် ပတ်သက်၍ ရှမ်း၊ ရခိုင်၊ ချင်း၊ မွန် စသည့် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် NLD ပါတီ၏ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးအုန်းကြိုင်၊ ဦးမင်းသူ တို့လည်း ပါဝင် ဆွေးနွေးခဲ့သည်။
တိုင်းရင်းသားများသည် ၎င်းတို့ ပြောဆိုဆွေးနွေးလိုသည့် ကိစ္စများအား တင်ပြရန် မ၀ံ့မရဲ ဖြစ်နေသည်ကို တွေ့ ရကြောင်း NLD ကိုယ်စားလှယ် ဦးမင်းသူက ပြောကြားခဲ့သည်။
ဦးမင်းသူ၏ အဆိုသည် တိုင်းရင်းသား ကိုယ်စားလှယ်တို့အား ခွဲခြားသည့် သဘော သက်ရောက်သည့် အတွက် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ကန့်ကွက်ကြောင်း သိရသည်။
အလားတူ ဦးအုန်းကြိုင်ကလည်း သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီး နောက်ပိုင်းတွင် နိုင်ငံရေး အခြေအနေ ပိုမိုကောင်းမွန် လာကြောင်း ဆွေးနွေးရာ လွှတ်တော် ဆိုင်ရာ နည်း ဥပဒေ ပုဒ်မ ၁၃၀ (င) နှင့် (စ) အရ ပုဂ္ဂိုလ်ရေး ကိစ္စ ငြိစွန်းနေကြောင်း ဦးရွှေမန်းက အသိပေး ပြောဆိုသည်။
ဆက်လက်၍ ဥက္ကဋ္ဌ ဦးရွှေမန်းက အသစ်ရောက်လာသည့် ကိုယ်စားလှယ်များသည် ယခင်က ရောက်ရှိပြီး ဖြစ်သည့် ကိုယ်စားလှယ်များနှင့် ပါဝင် ပူးပေါင်း ဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းခဲ့သည်။

စက်မှုမြေအဖြစ် ရောင်းချပြီးဖြစ်သောကြောင့် လယ်သမားများအား လယ်ယာများ ပြန်လည်ပေးနိုင်ခြင်း မရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ရွှေ ပြောကြား


စက်မှုမြေအဖြစ် ရောင်းချပြီးဖြစ်သောကြောင့် လယ်သမားများအား လယ်ယာများ ပြန်လည်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် သတင်းနှင့် မီဒီယာများမှတစ်ဆင့် လယ်သမားများအား သွေးထိုးမြှောက်ပင့်၍ အရေးဆိုနေကြသော ကုမ္ပဏီများ သိမ်းယူပြီး စက်မှုဇုန်များ၊ အိမ်ရာများ၊ စီမံချက်များ ဆောင်ရွက်နေသည်ဟု စွပ်စွဲချက်များသည်လည်း လွဲမှားသော စွပ်စွဲချက်များသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ရွှေက ဇူလိုင်လ ၂၃ ရက်နေ့က ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

၎င်းက လယ်ယာမြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန် အဆိုကို ဆွေးနွေးရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါက်တာခင်ရွှေက ''မင်္ဂလာဒုံ ဥယျာဉ်မြို့တော် မူလ ဧက ၂၀၀၀ ကျော်ကို ၁၉၉၇ ခုနှစ်ခန့်က မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် တစ်ဧကလျှင် ကျပ်တစ်သောင်းသာ ပေးခဲ့ရပြီး စက်မှုဇုန် (၄) ဆောင်ရွက်မည့် ကျန်ဧက ၈၀၀ ကျော်ကို လယ်သမားများ နစ်နာမှုမရှိစေရန် ကုမ္ပဏီမှ အကြိမ်ကြိမ် ညှိနှိုင်းပြီး လယ်သမားခေါင်းဆောင်၏ တောင်းဆိုချက်အရ ယင်းအချိန် ကာလပေါက်ဈေးဖြစ်သည့် တစ်ဧက ကျပ်သုံးသိန်းနှုန်းပေးခဲ့ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ လယ်သမားများက လယ်ယာမြေများကို စွန့်လွှတ်ခြင်း၊ ကုမ္ပဏီမှ လုပ်ငန်းသဘောအရ သီးစားရယူခြင်း၊ စက်မှုဇုန် (၄) အဖြစ် လမ်းခင်းခြင်း၊ ရေမြောင်းများ ဖောက်လုပ်ခြင်း၊ မီးတိုင်များ စိုက်ထူ၍ မီးလိုင်းဆွဲခြင်း အပါအ၀င် Infrastructure များ ၈၀ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီး၍ စက်ရုံများ ဆောက်လုပ်ရန် စက်မှုဇုန်မြေနေရာများအဖြစ် ရောင်းချပြီးစီးသည့် အချိန်ကျမှ နိုင်ငံရေးပါတီတစ်ခု၏ သွေးထိုးမြှောက်ပင့်မှုကြောင့် ပြည်တွင်းပြည်ပ စာစောင်များမှတစ်ဆင့် ပြန်လည်တောင်းဆိုခဲ့ခြင်းဖြစ်ပါကြောင်း၊ စက်မှုမြေအဖြစ် ရောင်းချပြီး ဖြစ်သောကြောင့် လယ်သမားများအား လယ်ယာများ ပြန်လည်ပေးနိုင်ခြင်း မရှိပါကြောင်း၊ ယင်းစက်မှုဇုန်(၄) အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အိုးအိမ်ဦးစီးဌာနတို့၏ အဆင့်ဆင့် ခွင့်ပြုချက်အား ယခင်ကာလကတည်းက ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ သတင်းနှင့်မီဒီယာများမှ တစ်ဆင့်လယ်သမားများအား သွေးထိုးမြှောက်ပင့်၍ အရေးဆိုနေကြသော ကုမ္ပဏီများ သိမ်းယူပြီး စက်မှုဇုန်များ၊ အိမ်ရာများ၊ စီမံချက်များ ဆောင်ရွက်နေသည်ဟု စွပ်စွဲချက်များသည်လည်း လွဲမှားသော စွပ်စွဲချက်များသာဖြစ်ကြောင်း''ဟု ထည့်သွင်း ဆွေးနွေးခဲ့သည်။
မင်္ဂလာဒုံဥယျာဉ်မြို့တော် တည်ဆောက်ရေး စီမံကိန်းနှင့် ပတ်သက်၍ ဒေါက်တာခင်ရွှေ ပိုင်ဆိုင်သော ဇေကမ္ဘာကုမ္ပဏီမှ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု လယ်ယာ မြေကွင်း အမှတ်(၅၃၁/၅၃၃) တို့ရှိ လယ်မြေဧက ၁၀၀၀ ကျော်အား တိုးချဲ့စက်မှုဇုန် ဖော်ထုတ်ရန် အကြောင်းပြ၍ ၂၀၁၀ ပြည့်နှစ်အတွင်းက ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးမှတစ်ဆင့် လယ်သမားများအား ပေါင်းကူးကျေးရွာဓမ္မာရုံ၌ ခေါ်ယူတွေ့ဆုံ ခဲ့ကြောင်း၊ လယ်တစ် ဧကလျှင် ကျပ် ငါးသောင်းပေးမည်ဟုဆိုကာ ယင်းလယ်များ၌ လယ်ယာလုပ်ကိုင်ခွင့်အား စွန့်လွှတ်ကြောင်း လက်မှတ် ရေးထိုးစေကြောင်း၊ လယ်သမားများမှ လက်မခံသဖြင့် ငွေကျပ် သုံးသိန်းအထိ အဆင့်ဆင့် တိုးပေး၍ လယ်လုပ်ကိုင်ခွင့်ကို စွန့်လွှတ်ရန်နှင့် ငွေမယူပါက လယ်ကွက်ကို အဓမ္မသိမ်းယူမည်ဟု ပြောဆိုခြင်း၊ နေ့စဉ်ရက်ဆက်ဆိုသလို အဆိုပါကုမ္ပဏီမှ လယ် သမားတစ်ဦးချင်းအား ခေါ်ယူပြောဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း လယ်သမားများ၏ ပြောကြားချက်အရ သိရသည်။
''၂၀၁၀ ပြည့်နှစ် ၅ လပိုင်းမှာ တစ်ဧက ကျပ်သုံးသိန်းကို ကရုဏာကြေးအနေနဲ့ လယ်သမားတွေ ရရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဒီလယ်တွေမှာ ဆက်ပြီး လယ်လုပ်ကိုင်စားလို့ရတယ်လို့ ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။ နောက်ပိုင်းကျမှ လယ်မလုပ်ရဘူးဆိုပြီး ကန်သင်းရိုး ဖျက်တာတွေ၊ လယ်ရေ၀င်ပေါက်ပိတ်တာတွေကို စက်အသုံးပြုပြီး ဖျက်ဆီးခဲ့ပါတယ်။ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကလည်း သီးစားလုပ်ကိုင်ခွင့်ကို ဇေကမ္ဘာကို ပေးခဲ့ပါတယ်''ဟု ရွှေနံ့သာကျေးရွာ ဇေကမ္ဘာ စက်မှုဇုန်အပိုင်း(၄)၌ လယ် ၅၇ ဧကလုပ်ကိုင်သော လယ်သမား ကြီး ဦးကျော်စိန်က ပြောပြခဲ့သည်။

၂၀၁၀ ပြည့်နှစ် ဧပြီလ၌ ကာလပေါက်ဈေး သိန်း ၂၀ တန်ဖိုးရှိ လယ်တစ်ဧကလျှင် ကရုဏာကြေး ကျပ်သုံးသိန်းဖြင့် တန်ဖိုးဖြတ်၍  လယ် ၈၁၅ ဧကအတွက် ကျပ်သိန်း ၂၄၀၀ အား လယ်သမားများထံသို့ ပေးအပ်ခဲ့ကြောင်း လယ်သမား ၆၄ ဦး၏ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံတော်သမ္မတကြီးထံသို့ တင်ပြသည့် အသနားခံစာ၌ ဖော်ပြထားသည်။
၂၀၁၁ ခုနှစ်၌ ယင်းလယ်ကွက်များပေါ်၌ သီးစားစိုက်ပျိုးလုပ်ကိုင်ခွင့်ကို ဇေကမ္ဘာကုမ္ပဏီမှ ရရှိခဲ့ပြီး လယ်မြေများပေါ်၌ လယ်ယာစိုက်ပျိုး လုပ်ကိုင်ခြင်းမရှိဘဲ စက်မှုဇုန်အဖြစ် အကောင်အထည်ဖော်နေသောကြောင့် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသော လယ်မြေများပေါ်၌ ဇေကမ္ဘာကုမ္ပဏီ၏ စက်မှုဇုန်အပိုင်း(၄) အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ခွင့်ပြုမိန့်ရရှိမှသာ ဆက်လက်ဆောင်ရွက်ရန်နှင့် ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ စက်မှုဇုန်အဖြစ် ဆက် လက် အကောင်အထည်ဖော် ဆောင်ရွက်နေပါက လယ်မြေကို ဖျက်ဆီးခြင်းဟု သတ်မှတ်၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
အလားတူပင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ အတွင်းပဒံအုပ်စုမှ လယ်သမား ၁၆ ဦးပိုင်ဆိုင်သည့် လယ်မြေဧက ၁၀၀ကျော်အား ရွှေတောင်ကုမ္ပဏီမှ စက်ရုံများ ဆောက်လုပ်ရန်အတွက် ၂၀၀၅ ခုနှစ်မှစ၍ ခြံဝင်းခတ်ကာ လယ်ယာမြေ သိမ်းယူမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရပြီး ၂၀၁၂ ခုနှစ် မေလအတွင်း၌မူ ကုမ္ပဏီမှ အဆိုပါ လယ်တစ်ဧကလျှင် လျော်ကြေးငွေ ကျပ်သိန်း ၈၀ ဖြင့် ပြန်လည်ပေးအပ်ခဲ့သောကြောင့် လယ်သမားများနှင့် ကုမ္ပဏီကြား ပြေလည်မှုရရှိခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံ စက်မှုဇုန်ရှိ မြေကွက်များမှာ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ကျပ်သိန်း ၁၀၀ ခန့် ဈေးပေါက်ခဲ့ပြီး ယခု သိန်း ၁၀၀၀ ခန့် တန်ဖိုးရှိနေကြောင်း သိရသည်။


ဒါကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံမှူး ဦးနိုင်ထွန်းကို RFA က မေးမြန်းထားတာပါ။


မေး - ဝပ်ဆိုင်းမွန်း ဘုန်းတော်ကြီးကျောင်းကို မြန်မာကျောင်းထိုင် ဆရာတော် ကျောင်းထိုင်ခွင့်ရပြီဆိုတာနဲ့ ပတ်သက်လို့ ဦးနိုင်ထွန်းတို့ သိရသမျှ ပြောပေးပါခင်ဗျား။

ဖြေ - အငြင်းပွားတာက ထိုင်းကျောင်းထိုင် ဆက်တက်မလား 
မြန်မာကျောင်းထိုင် ဆက်တက်မလားဆိုပြီး အငြင်းပွား ကြတာကိုး။
မြန်မာဒကာ ဒကာမတွေက မြန်မာလို တရားပေးနိုင်တဲ့
မြန်မာဆရာတော်ကို ကျောင်းထိုင် ဆက်ဖြစ်စေချင်တဲ့ သဘောမှာ ထိုင်းဘက်ကနေပြီးတော့ သူတို့ကျောင်းထိုင်ကို တင်တဲ့အတွက်
မြန်မာဘက်ကနေ နည်းနည်း ဒီလိုအချေအတင် ကိစ္စတွေ ဖြစ်ခဲ့တာကိုး။
ဖြစ်ခဲ့တော့ သမ္မတကြီးကနေ ဒီ (၀န်ကြီးချုပ်) ရင်လပ်ကို
ပြောတယ်ပေါ့နော်။ request လုပ်တယ်ပေါ့။ မြန်မာဆရာတော်ပဲပေါ့။
ကျောင်းထိုင်ဆက်လုပ်ဖို့ ဆိုပြီးတော့ request လုပ်တော့ သူတို့ဘက်ကနေပြီးတော့ ခွင့်ပြုတယ်ပေါ့နော် သူတို့က အဲဒီလို ဂတိပေးတယ်”

မေး - အခုကြွလာမယ့် ကျောင်းထိုင် ဆရာတော်ကကော မန္တလေးဘက်က လို့ကြားပါတယ် အဲဒါကော ဟုတ်ပါသလား။

ဖြေ - ဒီဟာ ကျနော်တို့က သမ္မတနဲ့ ဒီဘက်က ထိုင်းဝန်ကြီးချုပ်နဲ့ ဒါသဘောတူလိုက်ပြီပေါ့နော်။ ထိုင်းဘက်က နေပြီးတော့မှ သူတို့က သဘောတူတယ်ပေါ့။ အဲဒီတော့ အဲဒါကို ကျနော်တို့က follow up လုပ်ပေးရမှာပေါ့။ အဲဒါဘာလဲဆိုတော့ သံဃမဟာ နာယကနဲ့ သာသနာရေးဝန်ကြီး ကနေပြီးတော့မှ ပေးပို့လိုက်တဲ့ အရှင်ဥာဏိဿရ ဆိုတာ ဒီဆရာတော်ကတော့ မန္တလေးကနေပြီးတော့မှ လာမှာ ဒီဆရာတော်က ကထိကပေါ့နော်။ ဝိနယ ကထိက မဟာဌာနတဲ့ ။
နိုင်ငံတော် ပဋိယတ္တိ သာသနာတက္ကသိုလ် မန္တလေးကနေပြီးတော့ လာမှာ ဒါကတော့ သာသနာရေး ဝန်ကြီးဌာနကနေပြီးတော့မှ ဒီဆရာတော်ကို
ကျောင်းထိုင် အဖြစ် တင်မြှောက်ပါဆိုတော့ ကျောင်းထိုင်တင်မြှောက်ဖို့က ကျနော်တို့က ထိုင်းဘက်ကို ထပ်ပြီး ထိုင်းဘက်ကို ဒီဆရာတော်ကို
ကျောင်းထိုင်အဖြစ် တင်မြှောက်လိုပါတယ်ဆိုတဲ့ဟာပေါ့နော်။ သမ္မတကြီးနဲ့ ဝန်ကြီးချုပ်နဲ့ သဘောတူခဲ့တဲ့ဟာကို အဲဒီမှာ သူတို့ရဲ့ ဆွေးနွေး သဘောတူညီချက်အရ ပေါ့နော်။ မြန်မာဘက်က ဒီဆရာတော်ကို
ကျောင်းထိုင်အဖြစ် တင်မြှောက်ချင်ပါတယ်ဆိုပြီး ကျနော်တို့ကနေပြီး ဒီထိုင်းယဉ်ကျေးမှု ဝန်ကြီးဌာန Religious Affair Department ပေါ့။ သာသနာရေးဦးစီးဌာနပေါ့နော်။ အဲဒီသာသနာရေး ဦးစီးဌာနကို ကျနော်တို့ကနေပြီးတော့ request ထပ်ပြီးတော့ လုပ်ပေးရမယ့် အနေအထားမှာရှိတာပေါ့”

မေး - ဆရာတော် ကျောင်းထိုင်ဖြစ်မယ်ဆိုရင် အစောဆုံး ဘယ်အချိန်လောက် ဖြစ်နိုင်မလဲ ခင်ဗျ။

ဖြေ - အဲဒါက အခုမှ လူကြီးတွေက သူတို့ဘက်က ဝန်ကြီးချုပ်ကနေ သဘောတူတာကိုး အဲဒီသဘောတူတဲ့ဟာ မှာမှ သူကအောက်ကို
ပြန်ပြီးတော့မှ ချပြရမှာ ရှိသေးတာကိုး ငါကတော့ သဘောတူလိုက်ပြီ၊ မင်းတို့ ဆက်ပြီးတော့မှ လုပ်ကြပါ ညှိနှိုင်းပြီးတော့မှ လုပ်ကြပါဆို ကျနော်တို့က ဒါကိုညှိညှိနှိုင်းနှိုင်း လုပ်ရမှာ ကျနော်တို့ မြန်မာဘက်ကတော့ ဆရာတော်ကတော့ အဆင်သင့်ပဲ။ ready ပဲ။ ပင့်ဖို့ပြုဖို့ကတော့ ထိုင်းဘက်ကနေပြီးတော့မှ ဒီဂေါပကအဖွဲ့က နေပြီးတော့မှ ဒီရပ်ကွက် သံဃမဟာနာယက ပြီးရင် မြို့နယ် ပြီးရင်ခရိုင် အဲဒီအဆင့်အထိ သံဃမဟာနာယက ကနေလက်မှတ်ထိုးပြီး ဖိတ်မှပဲ ကျနော်တို့ဆီက ဆရာတော်က ကြွလို့ရမှာလေ။ အဲဒီတော့ အဲဒါကြွဖို့အတွက်က အခုက သူတို့ဟာ အဲဒီအောက်ခြေအဆင့်မှာ ဆောင်ရွက်ပေးခြင်းမျိုး မရှိတဲ့အတွက် ကျနော်တို့က နေပြီးတော့ အထက်ကနေ ပြန်ဝင်တဲ့ သဘောပါပဲ ။ အထက်ကနေပြီးတော့မှ သူတို့အောက်ကို ညွှန်ကြားလိုက်တယ်။ ဘာညာ ဆိုလို့ရှိရင်တော့ ဒါကျနော်တို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ဘာတွေ ကျနော်တို့ တောင်းပြီးတော့ ပင့်ဖိတ်သွားဖို့ပါပဲ ။ အဲဒီကြာမယ် မကြာမယ်ဆိုတာကတော့ လောလောဆယ် ကျနော်လည်း မသိသေးဘူးဗျ။ ကျနော်လည်း အတတ်ပြောလို့ မရသေးဘူး ဒါပေမယ့် မကြာတော့ဘူးနဲ့ တူတယ်။ ဒါပေမယ့်လည်း ကျနော်တို့က ဒီကျောင်းက ဒီဆရာတော်
နောက်တဆက်ပြီးတော့ နောက်တဆက် ကြရင်လည်း ဆက်တက်ခွင့်ရှိသလားဆိုတဲ့ ဟာမျိုးတွေလည်း မြန်မာကျောင်းတွေ အားလုံးပေါ့နော်၊ ဒီမှာရှိနေတဲ့ မြန်မာကျောင်းတွေပေါ့ ကျောင်းတွေဆိုတာမှာ မြန်မာ
ဆရာတော် တွေ ကျောင်းထိုင်နေတဲ့ ကျောင်းတွေ စာရင်းကို ကျနော်က ပြန်ပြုစုပြီး ဒီကျောင်းတွေကိုကော ဆက်ပြီးတော့မှ
မြန်မာကျောင်းထိုင်များကို ဆက်ပြီးတော့မှ ခွင့်ပြုဖို့ ဘာဖို့ဆိုတာ အဲဒါတွေက တခြားဟာတွေကတော့ ကျနော်တို့ တဖြည်းဖြည်းချင်း ညှိသွားမှာပေါ့နော် အခုကဝပ်ဆိုင်းမွန်း အတွက်ကတော့ ကျနော်တို့ အရင်ဆုံးညှိရမယ့် ကိစ္စရပ်တခု ဖြစ်နေတာပေါ့”

မေး - ထိုင်းနိုင်ငံရောက် မြန်မာ ဗုဒ္ဒဘာသာတွေအတွက်ကော ဘာပြောချင်တာရှိပါသေးလဲ။

ဖြေ - ဝမ်းသာပါတယ် ကျနော်တို့လည်း လုပ်ရပြုရတာ အခုလို တော်တော်ကြီးကို ပင်ပင်ပန်းပန်းပေါ့။ အဆင်ပြေအောင် အားလုံးလည်းဝမ်းသာကြပါတယ်။



By RFA Burmese