Thursday 26 July 2012

''ပုဂ္ဂိုလ်ရေးအရထောက်ခံဆွေးနွေးခြင်းမပြုရန် ပြည်သူ့လွတ်တော်ဥက္ကဌ သူရဦးရွေမန်းသတိပေး''

ယနေ့ ဇူလိုင် ၂၅ ရက်ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်၏ "တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဌာန်းရေး" 
အဆိုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ဆွေးနွေးတင်ပြမှုအား
မဟာအောင်မြေမဲဆန္ဒနယ်မှလွှတ်တော်ကိုယ်စားလှယ်ဦးအုန်းကြိုင်နှင့်ပြင်ဦးလွင်မဲဆန္ဒနယ်မှဦးကျော်သီဟမှ ပုဂ္ဂိုလ်ရေးအရထောက်ခံဆွေးသကဲ့သို့ဖြစ်သည့်အတွက်
ပြည်သူ့လွတ်တော်ဥက္ကဌ သူရဦးရွေမန်းက လွတ်တော်ကိုယ်စားလှယ်များအား ပြည်သူ့လွတ်တော်နည်းဥပဒေ ၁၃၀ အပိုဒ်ခွဲ (င) အရ သာမာန်အားဖြင့် ပုဂ္ဂိုလ်တစ်ဦး၏ အပြုအမူနှင့်စပ်လျှင်း၍
ဖော်ပြချက်များမပါရှိစေရန်နှင့် အပိုဒ်ခွဲ (စ) အရ ဆွေးနွေးရာတွင် လွတ်တော်၏ဆွေးနွေးမှုအဆိုဖြင့်သာထောက်ခံဆွေးနွေးရန်သတိပေးပြောကြားသည်။
မဟာအောင်မြေမဲဆန္ဒနယ်မှလွှတ်တော်ကိုယ်စားလှယ်ဦးအုန်းကြိုင်က ပြည်သူများချစ်ခင်ကြသည့် ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီး နှစ်ပေါင်းလေးဆယ်အတွင်း ပြည်သူ့ခေါင်းဆောင်တစ်ဦးအနေဖြင့်
ဒေါ်အောင်ဆန်းစုကြည်ပေါ်ပေါက်လာကြောင်း ပြည်သူများက အမျိုးသားခေါင်းဆောင်တစ်ဦးအနေဖြင့်ထောက်ခံကြသောကြောင့် တိုင်းပြည်အေးချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေး ကိစ္စရပ်များတွင်

ဒေါ်အောင်ဆန်းစုကြည်နှင့်ညီညီညွတ်ညွတ်အကောင်အထည်ဖော်ရန်လိုအပ်ကြောင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။



By Popular Myanmar News Journal

No comments:

Post a Comment