Thursday 26 July 2012

"အနော်ရထာစက်မှုဇုန်စီမံကိန်းသိမ်းဆည်းလယ်မြေများအတွက် လျော်ကြေးမညီမျှမှုကြောင့် တောင်သူများနစ်နာနေရဟုဆိုကြောင်း"

အနော်ရထာစက်မှုဇုန်စီမံကိန်း အပိုင်း( ၂ )အတွက် လယ်ယာမြေများ အား လျော်ကြေးငွေသတ်မှတ်ပေးရာတွင် မညီမျှမှုများ ရှိနေသဖြင့် နစ်နာမှုများ ကြုံတွေ့နေရကြောင်းလယ်သမားများက ဆိုကြသည်။

"လယ်သမားတွေအားလုံးအတွက်အဆင်ပြေတာတော့မဟုတ်ဘူး အချို့က ၃သိန်းပဲရတယ်၊အနည်းစုကတော့ သိန်း၈၀ အထိရကြတယ်။တစ်ဧက အတွက်ပေါ့ ဒါဟာဘယ်လိုဖြစ်တာလဲ အမှန်ဆိုတစ်ဧက ၁၀သိန်းဆို ၁၀သိန်းပေါ့၊ သိန်း၂၀ ဒါမှမဟုတ် သိန်း၃၀ ပေါ့အခုတော့ တစ်ဦးချင်း ညှိပြီးပေးနေတော့ ရိုးတဲ့ အတဲ့ လယ်သမားတွေအတွက် အရမ်းနစ်နာ တာပေါ့၊ကျွန်တော်ဆို အခုချိန်ထိလျော်ကြေးမရသေးဘူး"ဟု ယနေ့နံနက် ရန်ကုန်မြို့ Royal Garden စားသောက်ဆိုင်တွင်ကျင်းပသော
အနော်ရထာစက်မှုဇုန်လယ်သမားများအား ဂုဏ်ပြုပွဲသို့တက်ရောက် လာသောလယ်သမားတစ်ဦးကဆိုသည်။

ဝါ၀ါဝင်းဆောက်လုပ်ရေးနှင့် မြို့၇ွာနှင့်အိုးအိမ်ဖွံဖြိုးရေး ဦးစီးဌာန တို့ ပူးပေါင်း၍ ၂၀၁၀ ခုနှစ်မှစ၍ ဖော်ဆောင်ခဲ့သော အနော်ရထာ စက်မှုဇုန်စီမံကိန်းအပိုင်း ၂ အတွက် လယ်ယာမြေသိမ်းဆည်းခံရသော လယ်သမားများအား တစ်ဧကလျှင် အနည်းဆုံး၃သိန်းကျပ်၊အများဆုံး သိန်း ၈၀ ကျပ်နှုန်းဖြင့် ပေးလျော်ခဲ့ရာ ယခုအခါ ၇၅ရာခိုင်နှုန်းခန့်အထိ ပေးလျော် ပြီးပြီဟု အနော်ရထာစက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီအတွင်းရေး မှူး ဒေါ်စန်းစန်းဝင်းကပြောသည်။သို့ရာတွင် လျော်ကြေးငွေပေးရာ၌
ပွင့်လင်းမြင်သာမှုမရှိသဖြင့် လယ်သမားအချို့မှာ နစ်နာမှုများရှိနေ သည်ဟုသိရသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဒေါ်စန်းစန်းဝင်းက “ဒီစက်မှုဇုန် ရဲ့ (၉၀) ရာခိုင်နှုန်းကို ကျွန်မတို့က ရောင်းပြီးနေပြီ။ အခုက ကျွန်မတို့ဆီက ၀ယ်ထားတဲ့ လုပ်ငန်းရှင်ပေးနိုင်တဲ့နှုန်းနဲ့ လယ်သမားတွေကျေနပ် မယ့် နှုန်းကို ကျွန်မညှိပေးရတာ၊ အကုန်လုံးတော့ တစ်ပြေးညီမဖြစ်နိုင် ပါဘူး” ဟုဆိုသည်။



By Popular Myanmar News Journal

No comments:

Post a Comment