Thursday 26 July 2012

ကမ္ဘာလှည့်ခရီးသွားများ အဓိကလည်ပတ်ရာ ဒေသဖြစ်သော ပုဂံမြို့ဟောင်းရှိ ပုဂံဟိုတယ်တွင် တစ်ညအတွင်း အခန်းငါးခန်းရှိ ငွေကြေးနှင့် ပစ္စည်းအချို့ ခိုးယူခံခဲ့ရ

ဇူလိုင်လ ၁၅ ရက် နံနက် ၃ နာရီခန့်တွင် ထိုင်းနိုင်ငံသားများ တည်းခိုနေသော အခန်းနှစ်ခန်းနှင့် မြန်မာနိုင်ငံသားများ တည်းခိုနေသော အခန်းသုံးခန်းမှ အခိုးခံရခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသားများအခန်းမှ ထိုင်းဘတ်ငွေ ကိုးသောင်းကျော်၊ ကင်မရာတစ်လုံး၊ ကျောက်စိမ်းလက်ကောက်တစ်ကွင်း ပါသွားခဲ့ပြီး မြန်မာနိုင်ငံသားများအခန်းမှ ကျပ်ငွေ ၁၀ သိန်းခန့် ပါသွားခဲ့ကြောင်း သတင်းရရှိသည်။ ထိုသို့ ဟိုတယ်တစ်ခုတည်းရှိ အခန်းငါးခန်း၌ ခိုးယူခံရမှုမှာ ဟုတ်မှန်ကြောင်း ညောင်ဦးခရိုင် ပုဂံရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

“ပိုက်ဆံတွေကိုတော့ မိုးလင်းလင်းချင်း ပြန်လျော်ပေးလိုက်ပါတယ်”ဟု ပုဂံဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ ခရီးသွားဧည့်သည်များ ၀င်ရောက်မှု မြင့်တက်လာပြီးနောက် ၂၀၁၁ ခုနှစ်တွင် ပုဂံဒေသအနီး၌ ဂျပန်အမျိုးသမီးတစ်ဦး အသတ်ခံရခြင်း၊ Aureum Palace ဟိုတယ်တွင် ထိုင်းနိုင်ငံသူတစ်ဦး ဓာတ်လိုက်သေဆုံးခြင်းနှင့် ဟော်လန်နိုင်ငံသူတစ်ဦး ပိုက်ဆံအိတ်လုခံရခြင်းများ ဖြစ်ပွားခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ပုဂံဟိုတယ်သို့ အကြိမ်ကြိမ်ဆက်သွယ် မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ မှတ်ချက်ပြု ဖြေကြားခဲ့ခြင်း မရှိပေ။



By 7Days News Journal

No comments:

Post a Comment