Wednesday 25 July 2012

ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်၏ "တိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဌာန်းရေး" အဆိုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးတင်ပြမှု အပြည့် အစုံ


လေစားအပ်ပါသော လွှတ်တော် ဥက္ကဌ ကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ
ရှင်။ကျမက ရန်ကုန်တိုင်းဒေသကြီး ကောမှုးမြို့နယ်မှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါတယ်။ကျမ အနေနဲ့
ဦးတီခွန်မြတ်ရဲ့တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်ရေးများကာကွယ်
စောင့်ရှောက်ရေးနဲ့ပတ်သက်လို့ အနည်းငယ်ဆွေးနွေးချင်ပါတယ်။

အခု ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာဆိုလို့ ရှိရင် တိုင်းရင်းသားလူမျိုးများဆိုတဲ့
ဝေါဟာရကိုသတ်သတ် မှတ်မှတ် အဓိပ္ပယ်ဖေါ်ထားတာမရှိပါဘူး။၁၉၈၂ ခု နှစ် နိုင်ငံသားဥပဒေမှာဆို-ရင်တော့ တိုင်းရင်းသားဆိုတာ ၁၈၂၃
ခုနှစ်ကစပြီး ဒီနေ့ နိုင်ငံမှာ မှီတင်းနေထိုင်ခဲ့တဲ့ လူမျိုးများကိုဆိုလိုတာလို့ အဓိပါယ်ဖေါ်ထားပါတယ်။အဲ့ဒီ့အထဲမှာဗမာတွေလည်းပါပါတယ်။
အခု ဆွေးနွေးချက်တွေ အ၇ဆိုရင် ပြည်နယ်တွေကို အခြေခံတဲ့
တိုင်းရင်းသားလူမျိုးတွေရဲ့အခွင့် အရေးတွေ ကိုရည်ညွန်းပြီးတော့
ပြောကြတယ်လို့ ကျမတို့ မှတ် ယူရပါတယ်။

ပြည်နယ်တွေ အကြောင်း
ပြောမယ်ဆိုလို့ရှိရင် ကျမတို့နိုင်ငံမှာဆင်းရဲမွဲတေမှုနဲ့ပတ်သက်
လို့ပြည်နယ်ဒေသတွေဟာ အဆိုးဝါးဆုံးဒေသတွေ ဖြစ်ပါတယ်။ ချင်းပြည်နယ် ဆိုလို့ရှိရင်ခု နောက်ဆုံး အာရှ ဖွံ့ဖြိုးရေး ရဲ့နောက်ဆုံး
ဂဏန်းအရ ၇၃.၃ ရာခိုင်နှုန်းရှမ်းအရှေ့ဆိုလို့ရှိရင် ၄၆.၄ရာခိုင်နှုန်း ။ရှမ်းမြောက် ဆိုရင် ၃၇.၄ရာခိုင်နှုန်း။ရှမ်းတောင် ဆိုရင် ၂၅.၂ ရာခိုင်နှုန်း
ပျမ်းမျှခြင်းအားဖြင့် ရှမ်းပြည်နယ်ရဲ့ဆင်းရဲမွဲတေမှုနုန်းဟာ ၃၇.၁
ရာခိုင်နုန်းဖြစ်ပါတယ်။ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှု အခြေနေကတော့ ၄၃.၅ ရာခိုင်နုန်းဖြစ်ပါတယ်။တစ်နိုင်ငံလုံးရဲ့ ပျမ်းမျ ဆင်းရဲမွဲတေမှု နှုန်းဟာ ၂၅. ၆ ရာခိုင်နှုန်း ဖြစ်တာကြောင့်မို့ ဒီပြည်နယ်တွေမှာပျမ်းမျှခြင်း နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနုန်းမြင့်နေတယ်လို့ပြောလို့ရပါတယ်။ထို့အတူပဲ ကချင်ပြည်နယ်မှာလည်း ၂၈. ၆ ပျမ်းမျှခြင်းရာခိုင်နုန်းထက်မြင့်နေပါတယ်။
မွန်ကယားနဲ့ ကရင်တို့ကတော့ ပိုပြီးတော့ နိမ့်ကျနေတယ်။ဒီကိန်းဂဏန်း
တွေကိုကြည့်ခြင်းအားဖြင့် ကျမတို့ပြည်နယ်တွေရဲ့ဖွံ့ဖြိုးတိုးတက်မှု
အခြေနေဟာ ကြေနပ်ဖွယ်ရာ မ၇ှိဘူးဆိုတာ ထင်ရှားပါတယ်။

ထို့အပြင်လည်း ကျမတို့ရဲ့ နိုင်ငံမှာ ပြည်တွင်းစစ်မီးငြိမ်းသွားတယ်ဆိုတာ
မရှိသေးပါဘူး။ဒါကြောင့်တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများ
ကို ကာကွယ်စောင့်ရှေက်ခြင်းဆိုတာဟာဘာသာစကားယဉ်ကျေးမှု
ထိန်းသိမ်းခြင်းနဲ့ပိုပြီး..များစွာကျယ်ပြန့်နက်နဲတယ်ဆိုတာကိုကျမတို့ဆိုနိုင်
ပါတယ်။..ဒါကိုထောက်ထားပြီးတော့ ပင်လုံစိတ်ဓါတ်နဲ့ ကွာခြား
လို့မရတဲ့၊ ခွာလို့ မရတဲ့ တန်းတူ ညီမျရေး အပြန်အလှန် လေးစားယုံကြည်ရေး
တို့ကို အခြေခံပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်း
လာရေးအတွက် ကျမတို့လွှတ်တော် ကိုယ်စားလှယ်များအားလုံး ဆွေးနွေး
ညှိနိုင်းပြီး တိုင်းရင်းသားလူမျိုးများရဲ့ အခွင့် အရေးများကို ကာကွယ်နိုင်ဖို့
အတွက်ဥ ပဒေများကိုလိုအပ်သလို ပြုပြင်ခြင်း ၊လိုအပ်သလို
ပြဌာန်းခြင်းတို့ များဆောင်ရွက် ဖို့ ရန်ကို တိုက်တွန်းရင်း ဦးတီခွန်မြတ်ရဲ့ အဆိုကိုကျမအနေနဲ့ထောက်ခံပါတယ်။ကျေးဇူးတင်ပါတယ်။Ref:The Voice



By News of Myanmar

လစာတိုးမြင့်၍ အမျိုးသားကျောင်းဆရာ များလာရန် မျှော်လင့်

ပညာရေးဝန်ကြီးဌာနမှ အဆင့်အလိုက် ချီးမြှင့်လစာတိုးမြှင့်မှုကြောင့် ကျောင်းဆရာ အလုပ်အကိုင်အား အသက်မွေး ဝမ်းကျောင်း လုပ်ငန်း အနေဖြင့် အမျိုးသားအများစု ရွေးချယ်လာနိုင်သည်ဟု ပညာရေးလောက အသိုင်းအဝိုင်းထံမှ သိရသည်။
ပညာရေးဝန်ကြီးဌာန အကြီးတန်းအရာရှိက ပညာရေးလောကအတွင်း အမျိုးသားဆရာဦးရေ နည်းပါးနေမှုအား တိုးမြှင့်သွားခြင်းကို ယခုဆောင်ရွက် မည့် အစီအစဉ် များက တွန်းအားပေးမှုတစ်ရပ် ဖြစ်လာမည်ဟု ပြောသည်။
အခြေခံပညာ အငြိမ်းစား ကျောင်းဆရာတစ်ဦးက အခြေခံပညာရေးလောက အတွင်း ဆရာပါဝင်မှု အချိုးအစား တဖြည်းဖြည်း နည်းပါးလာနေရာ ပထမ အကြိမ် ကျင်းပပြီးခဲ့သည့် အစည်းအဝေးများအတွင်း အကျယ်တဝင့်မေးမြန်း ထောက်ပြမှုများရှိခဲ့ကြကြောင်း၊ ထို အချက်များအတွက် အကောင်အ ထည်ဖော်မှုအနေဖြင့် ဆောင်ရွက် ခြင်းဖြစ်နိုင်ကြောင်း ၄င်းက ပြောသည်။
''ဝါသနာပါပါတယ်။ စေတနာ ရှိပါတယ်။ တစ်ဦးထဲဆို အကြောင်း မဟုတ်ပေ မဲ့၊ မိသားစုနဲ့ဆိုရင် စား ဝတ်နေရေးကိစ္စမှာ စကားပြောလာ မှာဖြစ်တဲ့အတွက် လုပ်ကိုင်ချင် သော်လည်းပဲ ကျောခိုင်းသွားခဲ့ရသူ တွေရှိခဲ့ရသလို၊ အခုလည်း တွေ့ နေရပါတယ်။ ဒါက လုပ်ခလစာ တွေကြောင့်ဖြစ်ရတာပါ''ဟု ၄င်းက ဆက်ပြောသည်။
ပညာရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတစ်ဦးက ယခင်ကထက် အမျိုးသားဆရာ ပိုဝင်လာမည်ဟု မျှော်မှန်းထားပြီး ယခင်ဆရာအလုပ် အတွက် ငါးဦး လျှောက်ထားနေရာ မှ ယခု ၁ဝဦးလျှောက်နိုင်ခြေရှိသည်ဟု သုံးသပ်သည်။
''အရင်ကထက်ပိုပြီး စွမ်းရည် ရှိတဲ့သူတွေကို ရွေးချယ်လာနိုင် တော့မှာပေါ့'' ဟု ၄င်းက ပြောသည်။
ကျောင်းဆရာ အလုပ်အကိုင်အတွက် ခွဲတမ်းကို ၃ဝ ရာခိုင်နှုန်း ပေးထားသော် လည်း အများဆုံး ဝင်လာမှုမှာ ၁၅ ရာခိုင်နှုန်းခန့်သာ ရှိနေကြောင်း၊ ကျောင်း ဆရာ အလုပ အတွက် စိတ်ဝင်စားလျှောက်ထားသူ ဦးရေများလာပါက လက်ခံသွားမည့် ရာခိုင်နှုန်းအား တစ်ဆင့်ချင်း အလိုက်တိုးမြှင့်ပေးသွားရန် ရှိသည်ဟု ပညာရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတစ်ဦးက ထပ်မံပြော သည်။
နိုင်ငံတကာ ပညာရေး အတိုင် ပင်ခံတစ်ဦးက''မြန်မာမှ မဟုတ်ပါဘူး။ ကမ္ဘာ မှာကို ကျောင်းဆရာလုပ်တဲ့သူကိုရှားနေတာ။ ဒါကို အရေးပေါ်အခြေ အနေမျိုးနဲ့တောင် နိုင်ငံကြီးတွေ လုပ်လာနေပြီ။ အခွင့် အရေးတွေ ပိုပေးတယ်။ ချီးမြှင့် ထောက်ပံ့မှုတွေဆောင်ရွက်ပေးတယ်။ ဒါဟာ အမျိုးသားကျောင်းဆရာကို လိုချင်နေကြလို့ပဲ''ဟု ပြောသည်။
ယနေ့နိုင်ငံရှိ အခြေခံပညာ ကျောင်းများတွင် ဆရာမဦးရေမှာ ၈ဝ ရာခိုင်နှုန်း ထက် ကျော်လွန်နေပြီး ကလေးအများစုမှာ ဆရာမများ၏ စောင့်ရှောက်မှုဖြင့် သာအတန်းစဉ်ကို ကျော်ဖြတ်နေကြရသည်။
အသက်၅ဝကျော်ရှိ ကျောင်းဆရာတစ်ဦးက''ဆရာမတွေ မလုပ် နိုင်တာ မျိုးတွေကို ဆရာတွေက ရှေ့ကနေ ရဲရဲဝံ့ဝံ့လုပ်နိုင်ကြတာမျိုးတွေ ရှိပါတယ်။ ဥပမာ အရေးပေါ် အခြေအနေ ကြုံလာခဲ့ရင် အခက်အခဲတွေနဲ့ ရင်ဆိုင်လာခဲ့ ရလို့ရှိရင် ရှေ့ကနေမားမားမတ်မတ်ရပ်တည် ပေးနိုင်ပါတယ်။ ဥပမာ ရွာတွေ မှာ ကျောင်းကိုကူးတဲ့ တံတားလေးပျက်ခဲ့ရင်၊ ကျောင်းကိုမိုးထားတဲ့ အမိုးလွင့် ထွက်သွားရင် ဆရာမက ချက်ချင်း ဆောင်ရွက်ဖို့ မလွယ်ဘူးလေ။ ဒါက အသေးအဖွဲ ကိစ္စတွေကိုပဲ ပြောတာ။ ဒီထက်ကြီးကျယ်တာမျိုးတွေလည်း ရှိနိုင်တာပဲ''ဟု ၄င်းက သူ့အမြင်ကို ပြောသည်။
ဗြိတိန်ပညာရေးစစ်တမ်း တစ်စောင်၏ ထုတ်ပြန်ကြေညာမှုတွင် ပညာရေး ကျောင်းဆရာတို့ အား အခွင့်အရေးပေးခြင်းများဖြင့် စည်းရုံးမှုများကြောင့် လွန်ခဲ့သည့် လေးနှစ်ကထက် ဆရာပါဝင်မှု ဦးရေ ထက်ဝက်မြင့်တက်ခဲ့ရ သည်ဟု CNN သတင်းဌာနက သိရသည်။



By AF Ijournal

မြန်မာဆရာတော် ကျောင်းထိုင်ရေး ထိုင်းဝန်ကြီးချုပ် ကတိပေး

သမတ ဦးသိန်းစိန် ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချူပ် မစ္စစ် ရင့်လတ် ရှီနာဝပ် နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က မြန်မာဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်နေကြတဲ့ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းမှာ မြန်မာသံဃာတော်ကို
ကျောင်းထိုင်ဆရာတော်အဖြစ် သတင်းသုံးစေဖို့ ထိုင်းဝန်ကြီးချုပ်က ကတိပေးပြောဆိုခဲ့ကြောင်း သိရပါတယ်။

ထိုင်းဝန်ကြီးချူပ် ကတိပေးပြောဆိုခဲ့တဲ့အကြောင်းကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးကို ဒီကနေ့ မနက်ပိုင်းမှာ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာက သိရတာဖြစ်တယ်လို့ ၀ပ်ဆိုင်းမွန်း မြန်မာ ဗုဒ္ဓဘာသာအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်မီးမီး က အာအက်ဖ်အေ ကိုပြောပါတယ်။

"ဒီကိစ္စဟာ သမတကြီး ဦးသိန်းစိန် ဆီပြောတော့ ထိုင်းဝန်ကြီးချူပ် ယင်လတ်ကို သွားပြီးတော့ တင်ပြတာပေါ့နော်၊ မြန်မာ ၀ပ်ဆိုင်းမွန်းကျောင်း ကို မြန်မာကျောင်းထိုင်ဆရာတော် ဆက်လက်ထားခွင့်ပေးပါလို့ တောင်းဆို တယ်တဲ့၊ တင်ပြဆွေးနွေးတော့ ၀န်ကြီးချုပ် ကလည်း လုပ်ဆောင်ပေးပါ့မယ် ကတိပေးတယ်တဲ့၊ ကျမတို့ကနေ သံရုံးကို ဒီနေ့ပဲ ဖုန်းဆက်မေးရတယ် သံမှူး ဗိုလ်မှူး နိုင်ထွန်းပါ။"

ချင်းမိုင်မြို့မှာ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တစ်သိန်းကျော်ရှိပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲမှာ ၀ပ်ဆိုင်းမွန်း ဆရာတော် ဦးသြသဘ ပျံလွန်တော်မူပြီးတဲ့နောက် ထိုင်းသံဃာ့မဟာနာယက အဖွဲ့က ဒီကျောင်းမှာ ထိုင်းဆရာတော်တစ်ပါး ကျောင်းထိုင်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် မြန်မာဗုဒ္ဓ ဘာသာဝင်တွေက ယခင် အစဉ်လာအတိုင်း မြန်မာဆရာတော်တွေပဲ အုပ်ချုပ် ကိုးကွယ်ခွင့်ပေးဖို့ ဆန္ဒပြခဲ့ကြပါတယ်။

အဲ့ဒီနောက် ဘန်ကောက်အခြေစိုက် မြန်မာသံရုံးက သံအမတ်ကြီး ဦးတင်ဝင်း ဦးဆောင်တဲ့အဖွဲ့ဟာ ဇူလိုင် ၁၇ ရက်နေ့ ညနေပိုင်းမှာ ဇင်းမယ်မြို့က မြန်မာဘုန်းတော်ကြီးကျောင်းကို သွားရောက်ပြီး
မြန်မာကျောင်းထိုင်ဆရာတော် ခန့်အပ်နိုင်ရေးအတွက်
မြန်မာဘုန်းတော်ကြီးကျောင်းမှာ သတင်းသုံးနေကြတဲ့ မြန်မာ
သံဃာတော်တွေ ၊ ၀ပ်ဆိုင်းမွန်း မြန်မာဗုဒ္ဓဘာသာ အသင်းဝင်တွေ၊ စေတနာ နာရေးကူညီမှုအသင်းကော်မတီဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးစဉ် လာရောက်မည့် သမ္မတကြီးထံ စာရေးတင်ပြကာ ကူညီဆောင်ရွက်ပေးမယ်လို့ ပြောဆိုပြီးနောက်မှာ အခုလို မြန်မာ
ဆရာတော်တွေ သတင်းသုံးကျောင်းထိုင်ခွင့်ရတာဖြစ်ပါတယ်။



By RFA Burmese

ကချင်ရွာသား ၄ ဦး ဖမ်းဆီးခံရမှု စတင်စုံစမ်း

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန့်ဝါး ကျေးရွာအုပ်စု၊ မုတ်ကျိတ်ကျေးရွာ
အေဂျီ ဧဝံဂေလိ အသင်းတော် ဘုရားရှိခိုး ကျောင်းထဲက ရွာသား ၄ ယောက်ကို မြန်မာစစ်တပ် တပ်မ (၈၈) က ဖမ်းဆီးသွားခဲ့မှုနဲ့ ပတ်သက်လို့
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မနေ့က စတင် စုံစမ်းပါတယ်။

အဖြစ်မှန်ကို ဖော်ထုတ်နိုင်ရေးအတွက် လွတ်မြောက်လာသူ နှစ်ဦးနဲ့ လက်ရှိ အဖမ်းခံထားရဆဲ ဦးဖလောင်လွမ်းခေါင်ရဲ့ ဇနီး ဒေါ်ဇောင်းနော အပါအ၀င် သက်သေတချို့ကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် ဦးဆောင်တဲ့အဖွဲ့က ကချင်ပြည်နယ်
မြစ်ကြီးနားမြို့ နန်းသီတာ ဟိုတယ်မှာ စုံစမ်းနေတာ ဖြစ်ပါတယ်။

ဦးဖလောင်လွမ်းခေါင်ကို ဖမ်းဆီးသွားချိန်ကစပြီး ဒီကနေ့အထိ သူနဲ့ ပတ်သက်လို့ ဘာသတင်းမှ မရရှိဘူးလို့ ဇနီးဖြစ်သူ ဒေါ်ဇောင်းနောက အခုလို ပြောပါတယ်။

"တပ်မတော်သားတွေ ဆွဲခေါ်သွားတဲ့ အဲကနေ အခုထက်ထိ ဘာသတင်းမှ မကြားရဘူး။ ကျွန်မခင်ပွန်းသည်က ဦးဖလောင်လွမ်းခေါင် အခုထက်ထိ
ပြန်မပေါ်လာဘူး။ ဦးဖလောင်လွမ်းခေါင်နဲ့ ဦးချယူ လွမ်းဟောင်အခုထက်ထိ မပေါ်လာဘူး။ အဲတာကို လူကြီးကနေ ခေါ်ပေးပါလို့ "

မုတ်ကျိတ်ရွာက ဦးဖလောင်လွမ်းခေါင်၊ ဦးချယူ လွမ်းဟောင်း၊ အေဂျီ ဧဝံဂေလိ အသင်းရဲ့ သင်းအုပ်ဆရာ ဦးလွန်းခေါင်နဲ့ ဦးလဟောင်ခေါင်ဟောင်းတို့ဟာ မနှစ်က နိုဝင်ဘာ ၆ ရက်နေ့မှာ တပ်မ ၈၈ က ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရစဉ် ကာလအတွင်း ညှဉ်းပန်းနှိပ်စက် ခံခဲ့ရတယ်လို့လည်း လွတ်မြောက်လာသူတွေက ပြောပါတယ်။



By RFA Burmese