Wednesday 18 July 2012

အစိုးရ၀န်ထမ်း ဆရာဝန်များနည်းတူ ပြင်ပဆရာဝန်များအတွက် ဘွဲ့လွန်သင်တန်း တက်ရောက်ခွင့်အား စဉ်းစားဆောင်ရွက်ပေးမည်ဟု ပြည်ထောင်စုဒုတိယ၀န်ကြီး ပြောကြား


အစိုးရ၀န်ထမ်း ဆရာဝန်များနည်းတူ ပြင်ပဆရာဝန်များအတွက် ဘွဲ့လွန်သင်တန်း တက်ရောက်ခွင့်အား စဉ်းစားဆောင်ရွက်ပေးမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့်က ပြောကြားခဲ့သည်။
''လက်ရှိမှာတော့ ဆေးပညာဒီပလိုမာ မဟာသိပ္ပံနဲ့ ပါရဂူဘွဲ့သင်တန်းများကို နိုင်ငံ့ဝန်ထမ်းဆရာဝန်များကိုသာ တက်ရောက်ခွင့်ပြုထားပါတယ်။ ပြင်ပဆရာဝန်များအတွက် ဒီပလိုမာ ဘွဲ့လွန်သင်တန်းတစ်ခု ဖွင့်ထားပါတယ်။ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးမြင့်မား လာစေဖို့ နောင်တစ်ချိန်မှာ ပြင်ပဆရာဝန်များကို ဘွဲ့လွန်သင်တန်း တက်ရောက်ခွင့်ပြုဖို့ ဆွေးနွေးနေပါတယ်''ဟု ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိတွင် နိုင်ငံ့ဝန်ထမ်းဆရာဝန်များကိုပင် လုံလောက်အောင် သင်ကြားနေဆဲဖြစ်ကာ ပုဂ္ဂလိကဆေးခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာပြီး ပုဂ္ဂလိကဆေးရုံဆေးခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရန် ပြင်ပဆေးရုံဆေးခန်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်များ ကုသမှုအရည်အသွေး မြင့်မားလာစေရန် ပုဂ္ဂလိကဘက်ကလည်း ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။ အစိုးရ၀န်ထမ်းများနည်းတူ ပြင်ပဆရာဝန်များအား ဘွဲ့လွန်သင်တန်းများ တက်ရောက်ခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းအား အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာမြတ်ဉာဏစိုးက မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment