ပင်မစာမျက်နှာ
သတင်းများ
အခြားသတင်းများ
ဆောင်းပါး
ကာတွန်းများ
အားကစား
မိုးလေ၀သ
ကျန်းမာရေး
ပညာရေး
စီးပွားရေး
ရုပ်ရှင်
အနုပညာ
ယဉ်ကျေးမှု
မှုခင်း
ဟာသ
နိုင်ငံတကာသတင်း
Breaking News
ထွေရာလေးပါး
ကဗျာ
ပေးစာ
အတွေးအမြင်
ဗဟုသုတ
Wednesday, 18 July 2012
Open Tender အမည်ခံလုပ်ပွဲကြီးလား
ပညာရေး ၀န်ကြီးဌာန၏ ၂၀၁၂/၁၃ ဘတ်ဂျက်နှစ် အတွက် တည်ဆောက် ရန်ရှိသော
တက္ကသိုလ် /ကောလိပ်များ၏ တည်ဆောက်ရေး လုပ်ငန်းများ အတွက် သတင်းစာများမှ
တဆင့် ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်း ကုမ္ပဏီများအား ဇူလိုင်လဆန်းတွင်
အိတ်ဖွင့် တင်ဒါခေါ်ယူခဲ့ပါသည်။
ထိုသို့ခေါ်ယူထားသော တက္ကသိုလ်အသီးသီးရှိတည်ဆောက်ရေးလုပ်ငန်းများမှာ
လုပ်ငန်းတန်ဖိုး အနည်းဆုံးကျပ်သိန်းတစ်ရာခန့် မှ အများဆုံး ကျပ်သိန်းတစ်သောင်းခွဲခန့်
အထိလုပ်ငန်းများပါရှိခဲ့ပါသည်။
တင်ဒါတင်သွင်းသည်ကုမ္ပဏီများမှလည်း အလယ်/အလတ်ကုမ္ပဏီများပါဝင်သကဲ့သို့
ဧရာရွှေဝါ ၊ Original Group စသည်ဖြင့်ယခင်အစိုးရလက်ထက်တွင်ကြီးပွားလာခဲ့သော Crony
စီးပွားရေးလုပ်ငန်းရှင်အုပ်စုများ နှင့် ယခုအစိုးရလက်ထက် ထိပ်ပိုင်း
အစိုးရ၀န်ကြီး ၊ အရာရှိကြီးများနှင့် ဆက်နွယ်သော ကုမ္ပဏီကြီးများလည်း
ပါဝင်သည်ကိုတွေ့ရှိရပါသည်။
Tender ပွဲအပြီး ၀န်ကြီးဌာန အရာရှိတစ်ဦး၏ မှတ်ချက်စကားကြောင့် အလယ်အလတ်တန်းနှင့်
ကုမ္ပဏီငယ်များမှ စိတ်ပျက်အားရော့မှုကြုံတွေ့ခဲ့ရပါသည်။ ထိုအရာရှိ၏ မှတ်ချက်မှာ ၀န်ကြီး
ဒေါက်တာမြအေး မှ ကုမ္ပဏီကြီးများကိုသာ ဦးစားပေးရွေးချယ်ရန်
မှာကြားကြောင်း ပြောဆိုခြင်းဖြစ်သည်။
ထိုမှတ်ချက်အရဆိုလျှင် အလယ်အလတ်ကုမ္ပဏီများ နှင့် ကုမ္ပဏီငယ်များမှာ ကုမ္ပဏီကြီးအဆင့်သို့
ရှင်သန်ကြီးထွားခွင့် ကိုပိတ်ပင်ထားသကဲ့သို့ ဖြစ်နေပါသည်။
အခြားကြားသိရသည့် အချက်တစ်ခုမှာလည်း Tender စတင်ခေါ်ယူစဉ်ကာလက ကုမ္ပဏီ
Profile နှင့် Details တွက်ချက်မှုများ ပါရှိရမည်ဟု စည်းကမ်းသတ်မှတ်ထားသော်လည်း
လူသိများသော ကုမ္ပဏီကြီးတော်တော်များများမှာ ထိုအချက်များကိုယူဆောင်လာခြင်း
မရှိကြောင်းတွေ့ရှိရပါသည်။
Tender ပွဲမှာလည်း ရှုပ်ရှက်ခတ် ၍ လူများအုံလျှက် ဘုရားပွဲဈေးတန်းကဲ့သို့
ဖြစ်နေပါသည်။ ထိုကြောင့် အထက်ပါအချက်များကို ကြည့်၍ Open Tender
ဟုဆိုသော်လည်း စည်းကမ်းနှင့် ပြည့်စုံမှုမရှိသော ကုမ္ပဏီကြီးများကို
သာဦးစားပေးရွေးချယ်မှုပြုခဲ့လျှင် ပညာရေးဝန်ကြီးနှင့် ကုမ္ပဏီကြီးများ၏
လက်ဝါးရိုက်ပြီးသား Tender ပွဲကြီးဟုသာ ထင်မြင်ရန်ရှိသည်ဟု Open Tender
ပွဲ တက်ရောက်ခဲ့သူများက Myanmar News Now ကိုပြောပြပါသည်။
http://www.thithtoolwin.com/2012/07/open-tender.html#.UAbJLZPbXbM
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment