Wednesday 18 July 2012

(၆၅)ကြိမ်မြောက် "အာဇာနည်နေ့အကြို" စာပေဟောပြောပွဲ

မသန်စွမ်း သူများဖြင့် ဖွဲ့စည်းထားပြီး မသန်စွမ်း သူများဘ၀ ဖွံ့ဖြိုး တိုးတက်ရေး
အတွက် ဆောင်ရွက် လျက်ရှိသော ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ)မှ
 မသန်စွမ်းသူများ စိတ်ဓါတ်မြှင့်တင်ရေး၊ စာပေအသိပညာနှင့် ဗဟုသုတ
အမြင်ပွင့်လင်းစေရေးအတွက် (၆၅)ကြိမ်မြောက် "အာဇာနည်နေ့အကြို"
 စာပေဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊
 "ဒို့ရိုးရာစားသောက်ဆိုင်" တွင် (၁၅.၇.၂၀၁၂)ရက်နေ့ မွန်းလွဲ (၂း၀၀)နာရီမှ စတင်၍ကျင်းပပြုလုပ်ခဲ့ပါသည်။

 စာပေဟောပြောပွဲတွင် ဆရာချစ်ဦးညို၊ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)နှင့် ဦးဇာဂနာတို့မှ ဟောပြောမည်ခဲ့ပြီး မသန်စွမ်းသူများသာမက အခြားသောစိတ်ဝင်စားသူများလည်း တက်ရောက်ခဲ့ပါသည်။ ယင်းစာပေဟောပြောပွဲသို့ ပရိသတ်စုစုပေါင်း ၄၀၀ကျော်မျှတက်ရောက်ခဲ့ကြပါသည်။



No comments:

Post a Comment