Wednesday 18 July 2012

အနုပညာရှင်တို့ ဧ။် အာဇာနည်နေ့  ရင်တွင်း ပဲ့တင်သံ



အနုပညာရှင်တို့ ဧ။် အာဇာနည်နေ့  ရင်တွင်း ပဲ့တင်သံ‘ဆယ့်ကိုးဇူလိုင် ယနေ့ တိုင်၊အာဇာနည်နေ့ တို့ မမေ့’ ဟုမြန်မာ ပြည်သူလူထု ဧ။်အသည်းနှလုံး ထဲဝယ်ကြိမ်မီး အုံးပူဆွေးသောက ပင်လယ်ဝေခဲ့သလို အမှတ်ထင် စွဲငြိစေ ခဲ့သော နေ့ ရက်ပင်ဖြစ်သည်။ မြန်မာ့လတ်လပ်ရေးသမိုင်းတွင် အရုပ်ဆိုးအကျည်းတန်စေခဲ့သည့် အဖြစ်အပျက်မြင်ကွင်းတစ်ခုဟု ဆိုလျှင်မမှား။ မသမာသူတို့ ဧ။် လုပ်ကြံ မှုကြောင့် အာဇာနည်ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဦးဘ၀င်း၊ ဦးအုန်းမောင်၊ စ၀်စံထွန်း၊ ရဲဘော်ကိုထွေး စသည့် အာဇာနည် ၉ဦးတို့ ကျဆုံးခဲ့ရသည့် သွေးစွန်းသောနေ့ ရက်ပင်ဖြစ်သည်။မြန်မာနိုင်ငံဧ။်လွတ်လပ်ရေးနှင့်အတူ သန္ဓေတည်လျက်ရှိသော အာဇာနည်နေ့ အားနိုင် ငံ တည်တံ့ သရွေ့  နိုင်ငံသူ ၊နိုင်ငံသားများနှင့် ထပ်တူ အရိပ် ထင်ရှိနေမည် မှာအမှန်ပင်။ထို့ ကြောင့် နှစ်စဉ်နှစ် တိုင်း”အာဇာနည်နေ့ ”တွင် နိုင်ငံ တစ်ဝန်းရှိပြည်သူအများ အောက်မေ့၊တမ်းတ၊လွမ်းဆွတ်ခံစားရသည့်နည်းတူ အနုပညာရှင်များဧ။် ရင်တွင်းခံစားမှုများကို အာဇာနည်နေ့ ဂုဏ်ပြုသည့်အနေဖြင့် စုစည်းတင်ဆက်လိုက်ရပါသည်။
 ‘အာဇာနည်ခေါင်းဆောင်တွေကို ကိုယ်တို့ လေးစားပါတယ်၊ဂုဏ်ယူပါတယ်…’
ကိုရဲလွင်(မဇ္စျိမ)
‘အာဇာနည်နေ့ကတော့ နှစ်တိုင်း လုပ်နေကျပဲ၊ ဒီ့အတွက်လည်းသတိရတာ ပဲ၊ အာဇာနည်ခေါင်းဆောင်တွေကို ကျွန် တော်တို့လေးစားပါတယ်။ ဂုဏ်ယူပါတယ်။ ဒီခေါင်းဆောင်ကြီးတွေကို အလေးပြုတာပေါ့။ အလေးအမြတ် ပြုတယ်ဆိုတဲ့သဘောနဲ့ အာဇာနည်တွေကို သွားအလေးပြု တာပါပဲ”
 ‘အာဇာနည်နေ့ဆိုရင် ကျွန်တော်တို့ငယ်ငယ်တုန်းက ဥသြဆွဲတယ် …’ ကျော်သူ 
“အာဇာနည်နေ့ဆိုတာ အခုအစိုးရ လက်ထက်မှာ အာဇာနည်ဆိုတာ ဘယ်သူ တွေလဲဆိုတာ နောက် မျိုးဆက် သစ် လေးတွေ သိဖို့အရေးကြီးတယ်။ အာဇာနည်နေ့က ဘာလဲလို့မေးရင် အဆိုတော်R ဇာနည်ရဲ့ မွေးနေ့လို့ထင်နေကြတဲ့ ကလေးတွေ အများကြီးပါပဲ။ အဲဒီတော့ အာဇာနည် ဆိုတာ ဘာလဲဆိုတာကို ဖော်ကျူးဖို့ အရေးကြီး လာပြီ။တိုင်းပြည်ရဲ့ အာဇာနည် တွေက ဘယ်သူတွေလဲ။ အာဇာနည်နေ့မှာ လွတ်လွတ်လပ်လပ် အာဇာနည် ခေါင်း ဆောင်ကြီးတွေကို သွားရောက် အလေးပြု ခွင့်ပြုဖို့ တအား အရေး ကြီးတယ်။ အဲဒီလို အလေးပြုတဲ့ နေရာမှာ တစ် တိုင်းပြည်လုံး၊ မိသားစုဝင်တွေ အားလုံး ဟိုအရင် ခေတ်တုန်းကလို ပွင့်လင်းစွာနဲ့ စည်းကမ်း စနစ်နဲ့ သွားရောက် အလေးပြု ကြမယ် ဆိုရင် ဒါဟာ အာဇာနည်ခေါင်းဆောင်တွေရဲ့ကျေးဇူးကိုဆပ်ရာ ရောက် မယ်။အာဇာနည်ခေါင်းဆောင် တွေရဲ့ ကျေးဇူးကို ဆပ်ရာ ရောက် ဖို့အတွက် အာဇာနည် နေ့ကို အခုအစိုးရသစ်လက် ထက်မှာတကယ်ထူးထူးခြားခြား လုပ်ဆောင်ပေးဖို့ အရေးကြီး တယ်။ အာဇာနည်နေ့ဆိုရင် ကျွန်တော်တို့ငယ်ငယ် တုန်းက ဥသြဆွဲတယ်။ ဥသြဆွဲတာနဲ့ ရောက်တဲ့နေရာမှာ ငြိမ်နေရ တယ်။ ဒါဟာ တစ်တိုင်းပြည်လုံးရဲ့ အသိစိတ်ထဲမှာရှိနေတယ်။ ရေဒီယိုမှာက အစ ဥသြ သံတွေ ပေး ထားတယ်။ အဲဒီလို တစ်တိုင်းပြည်လုံးသိအောင် ဖော်ကျူးရ မယ်။ အာဇာနည်နေ့မှာ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေအားလုံး ကျဆုံးသွား တဲ့အတွက် ပြည်ထောင် စုနေ့ထက်ကို ပိုပြီးတော့ အလေးအနက်ထားရမယ်။ အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးသွား တဲ့နေ့ကို အသိအမှတ်ပြုတဲ့အနေနဲ့ လူ တွေရဲ့ စိတ်ကအရေးကြီး တယ်။ စောင့် စည်းရမယ့် ကျင့်ဝတ်၊ တစ်ဦးချင်းရဲ့ ကျင့် ဝတ်ကို လိုက်နာတယ်ဆိုရင် တိုင်းပြည် ကြီးဟာအများအတွက် ကောင်းမှာ ဖြစ်သလို တိုင်းပြည် အတွက် လည်း ကောင်း မယ်။ လူငယ်တွေလေ့လာဖို့အတွက် လူကြီးတွေမှာတာဝန်ရှိတယ်။ လူကြီးတွေ က ချပြမှ လူငယ်တွေဆိုတာသိမှာပါ။ လူငယ်တွေ သိတဲ့အကြောင်းအရာေ တွ၊ သမိုင်းဝင်တဲ့ နေ့ထူးနေ့မြတ်တွေဆိုရင် လူ ငယ်တွေနဲ့ ဦးဆောင်ပြီးတော့ လုပ်ဆောင် သင့်ပြီ။ ဒီဟာတွေကအရေးကြီးတယ် ။ နောင်တစ်ချိန် မှာ လူငယ်တွေက တိုင်း ပြည် ကို ပြန်အုပ်ချုပ်မှာ။လူကြီးတွေကရှိတော့မှာ မဟုတ်ဘူး။ဘယ်နေ့ထူးနေ့မြတ်မဆို မြန်မာပြည် မှာနေပြီး မြန်မာပြည်က ဆန်စား တယ်၊ မြန်မာ့ရေ ကိုသောက် ပြီးနေလာတဲ့ မြန်မာတွေအားလုံးမှာ တာဝန်ရှိတယ်။ အဲဒီ တော့လူမျိုးတိုင်းမြန်မာပြည်မှာနေထိုင်ကြတဲ့ တိုင်းရင်းသားပေါင်းစုံရဲ့ အဓိကကျ တဲ့အချက် ပဲ။တိုင်းပြည် ရဲ့ ဂုဏ်သိက္ခာကိုမြှင့်တင်မှ ကမ္ဘာ့ အလယ်မှာ တိုင်းပြည်က ဂုဏ်မြင့်မှာပါ”
  ”ဗိုလ်ချုပ်အောင်ဆန်းနဲ့ဒေါ်ခင်ကြည် နေရာသရုပ်ဆောင်ဖို့အတွက်အမေစုကိုယ်တိုင်ရွေးချယ်ဖို့ရှိပါတယ်..”
ဒါရိုက်တာဝိုင်း
”အာဇာနည်နေ့ဆိုရင်၉တန်း၊၁ဝတန်း ကျောင်းသားဘဝက ဥသြဆွဲသံကို ကြားဖူး တယ်။နောက်ပိုင်း၁ဝတန်းပြီးတော့ဥသြဆွဲသံ မကြားရတော့ဘူး။နှစ်တော်တော်ကြာ မကြား ရတာဖြစ်တဲ့ဥသြသံကို အခုနေပြန်ကြား ခွင့်ရရင်တော့ကြားချင်တယ်။နောက်တစ်ခုက အာဇာနည်နေ့ရောက်ရင်ဗိုလ်ချုပ်အောင်ဆန်း အကြောင်းသီချင်းတွေ ကို မြန်မာ့အသံကထုတ်လွှင့်တာကြားဖူးတယ်။အခုနေပြန်လွှင့် ပေးရင်တော့ ပြည်သူတွေအတွက်လည်း ပြန်နားထောင်ခွင့်ရကြမယ်လို့ထင်ပါတယ်။အခုခေတ်လူငယ်တွေကိုလည်း ဗိုလ်ချုပ် အောင်ဆန်းနဲ့ပတ်သက်ပြီး သိစေချင်တယ်။ ဒီနှစ်အနုပညာရှင်တွေအနေနဲ့ အာဇာနည်နေ့ မှာ ဘာလုပ်မလဲဆိုတာတော့မသိဘူး။ ဗိုလ်ချုပ်အောင်ဆန်း ရုပ် ရှင်ဖြစ်မြောက်ရေး ကော်မတီက အနုပညာရှင်တွေကတော့ ရုံးခန်းမှာ ဘုန်းကြီး ၃ ပါးဆွမ်းကပ်ဖို့ရှိတယ်။ ပြီးရင် ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဒေါ်ခင် ကြည် နေရာ သရုပ်ဆောင်ဖို့အတွက်အမေစု ကိုယ်တိုင် ရွေးချယ်ဖို့ရှိပါတယ်”
 ”ကျွန်တော်တို့ နိုင်ငံ လွတ်လပ်ရေးရတာသူတို့ ကြိုးစားမှု ကြောင့်ပါပဲ…”
မိုးမင်း
”အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သစ်ပင် စိုက်ကြမှာပါ။အမှတ်တရဖြစ် သွားတာပေါ့။ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ တန်ဖိုးကိုဒီလို အထိမ်းအမှတ် ပွဲလေးတွေလုပ်ပေးခြင်းအား ဖြင့် အာဇာနည်ပုဂ္ဂိုလ်တွေရဲ့ အကြောင်းကို ဖော်ထုတ်သင့် ပါတယ်။အာဇာနည်နေ့ကို တစ်နိုင်ငံလုံးကလူတွေအားလုံးရဲ့ ရင်ထဲမှာအမှတ်တရရှိနိုင် အောင်သတိဆွဲအလေးပြု တာတွေ၊ကိုယ့်ရဲ့ရှေ့မှာ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေ ရောက်နေသလို အလေးပြု တာကို နိုင်ငံသား တိုင်းလုပ် နိုင်အော င်နိုင်ငံတော်ကလည်း လုပ်ဆောင်ပေးသင့်ပါတယ်။ကျွန်တော်တို့ ရဲ့နိုင်ငံလွတ်လပ်ရေးရတာသူတို့ ကြိုးစားမှု ကြောင့်ပါပဲ။ဒါကြောင့် လွတ်လပ်တဲ့မြန်မာ နိုင်ငံဖြစ်နေ တာလေ။ သူတို့ကိုမေ့လို့ မဖြစ် ပါဘူး။အာဇာနည်ကောင်းတွေ မွေးဖွားဖို့ လူတိုင်းမှာအရေးကြီးပါတယ်။မျိုးချစ်စိတ် ဓာတ်၊အမျိုးသားရေး စိတ်ဓာတ်သူတို့ရဲ့ အပြုအမူ အတိုင်း လုပ်ဆောင်နိုင်ဖို့ နောင်လာ နောက်သားတွေကို လမ်းညွှန်ပေးသင့် ပါတယ်”
 ”ဥသြဆွဲသံကြားပြီ ဆိုရင်လူတွေဟာ ရောက်တဲ့နေရာမှာရပ်ပြီး အလေးပြုကြတယ်…”
ဒါရိုက်တာကြည်ဖြူသျှင် 
”အာဇာနည်နေ့ဆိုတာ အာဇာနည် ပုဂ္ဂိုလ်ကြီးတွေ ကျဆုံးတဲ့နေ့ဆိုတာ အစ်မ တို့ကလေးဘဝကတည်းက သိခဲ့တယ်။ ခုနောက်ပိုင်း ဒါရိုက်တာလုပ်လာတဲ့အခါမှာ ကျတော့ စာအုပ်တွေဖတ်တဲ့အခါမှာ ပိုပြီး တော့ နားလည်လာတယ်။ နောက်တစ်ဆင့် မှာ အစ်မကကံကောင်းချင်တော့ ဗိုလ်ချုပ် ရုပ် ရှင်ဖြစ်မြောက်ရေးအဖွဲ့မှာ အစ်မ ပါလာ တယ်။ ပါတဲ့အခါကျတော့ မဖြစ်မနေ ဗိုလ် ချုပ်ရဲ့အကြောင်းတွေကို သိရတော့မယ်ဆို တဲ့အခါမှာ စာအုပ်တွေဖတ်ဖြစ်တယ်။ဖတ်တဲ့ အခါမှ ပိုပြီး ထဲထဲဝင်ဝင် သိလာတယ်။ ဗိုလ် ချုပ်အောင်ဆန်းမွေးနေ့ကနေ နောက်ဆုံးကျ ဆုံးတဲ့အချိန်ထိကို အကုန်စာတွေဖတ်လိုက် ရတယ်။ဗိုလ်ချုပ်ရဲ့လုပ်ရပ်တွေ၊ ဗိုလ်ချုပ်ရဲ့ ကြိုးစား မှုတွေ၊စိတ်ဓာတ်တွေ အများကြီး သိတဲ့အခါ ဗိုလ်ချုပ်ကိုတအားလည်း လေးစား တယ်။ဒီနှစ်ကတော့ အာဇာနည်နေ့လို့ ပြော လိုက်တာနဲ့ကို အရင်နှစ်နဲ့မတူတော့တဲ့ ခံစားမှုကို ခံစားရတယ် ။ ဒီနှစ်မှာ အာဇာနည် ခေါင်းဆောင်ကြီးတွေနဲ့ ပတ်သက်ပြီးတော့ ဥသြဆွဲသံတွေကြားရမလားလို့မျှော်လင့်မိ တယ်။ဥသြဆွဲသံ မကြားရတာနှ စ်ပေါင်း များစွာကြာခဲ့ပါပြီပေါ့။ငါတို့ ကလေး ဘဝတုန်းက ကြားခဲ့ဖူး လား။မကြားလားဆိုတာ တောင်မှ မမှတ်မိတော့ ဘူး။အဲလောက်ကို ခံစားခဲ့ရတာ ဆိုတော့ ဖြစ်နိုင် ရင်ဒီနှစ် ကိုတော့ ဥသြဆွဲသံကို ကြားချင် တယ်။နောက်တစ်ခုက ဟိုရှေးကတည်း ရှိလာ တဲ့ အစဉ်အလာအတိုင်း ဥသြဆွဲသံကြားပြီရင် လူတွေဟာ ရောက် တဲ့ နေရာ မှာရပ်ပြီး အလေးပြု ကြတယ်ဆိုတဲ့ ဓလေ့လေ။ဒီနှစ်မှာရှိလာခဲ့ရင်တော့ တအားကောင်း မှာပေါ့ နော်။အဲဒီလိုမျိုး ဒီနှစ်က စပြီးတော့ နှစ်စဉ်နှစ် တိုင်း ပေါ့ ရှေးတုန်းကရှိခဲ့တဲ့ အစဉ်အလာတစ်ခုကို ပြန်ပြီးတော့လည်း ဖော်စေချင်တယ်။ဒီနှစ် ကတော့ဘာပဲပြောပြော အာဇာနည် ခေါင်း ဆောင် ကြီးတွေကို ပန်းခြင်းတော့သွားချ မယ်။အဲဒီလို သွားချတာကလည်းဒီနှစ်မှ ကြည်ဖြူ သျှင်က ဘာလို့ချတာလဲလို့ တချို့ကမေးတဲ့ သူတွေရှိမယ်။ ဒီနှစ်မှ တကယ်ကိုပိုပြီး ထဲထဲ ဝင်ဝင်သိတာတကယ်ကို ဖတ်လိုက်ရတဲ့ အခါမှာ တကယ်ကို ခံစားရတယ်။ တကယ်ကိုထဲထဲ ဝင်ဝင်သိလာတယ်။ အဲဒါ ကြောင့်ဒီနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျဆုံး ခဲ့တဲ့အာဇာနည်ခေါင်းဆောင်တွေအားလုံး ကိုရည်စူးပြီးတော့ပန်းခြင်း သွားချမယ်။ဒီနှစ်ကတော့ လူငယ်တွေရဲ့ကြားမှာ အာဇာနည်နေ့ဆိုတာကိုရော၊အာဇာနည် ပုဂ္ဂိုလ်တွေရဲ့အကြောင်းကို ကိုယ့် တိုင်းပြည် ကောင်းဖို့ရာ ကိုယ့်လက်ထဲမှာရှိတယ်ဆိုတဲ့ စိတ်ဓာတ်တွေရော အရင်ထက်စာရင် တော်တော်လေး ပျံ့ဝင်လာပြီလို့ ထင်တယ်”
  “အိမ်တွေမှာအလံတွေတစ်ဝက်လွှင့်ကြတယ်။နောက် ရေဒီယိုကနေ ဥသြဆွဲသံတွေလွှင့်ပေးတယ်…”
ရန်ရန်ချန်း
  ”ဇူလိုင် ၁၉ ကို ဖြစ်နိုင်ရင် ကျွန်တော် တို့ငယ်ငယ်တုန်းကလိုမျိုး ပြန်ဖြစ်စေချင် တယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရင် အိမ်တွေမှာ အလံတွေ တစ်ဝက်လွှင့် ကြ တယ်။ နောက် ရေဒီယိုကနေ ဥသြဆွဲသံတွေလွှင့်ပေး တယ်။ အဲဒီလိုမျိုးပြန်ဖြစ်စေချင်တယ်။ဥသြဆွဲ သံကြားရင် ဘာမှန်းမသိတဲ့ခံစားမှုတစ်ခု ခံစားရတယ်။နောက် ကျွန်တော်တို့အရင် တုန်းက စာသင်ခဲ့တဲ့အထဲမှာပါတယ်။ ဗိုလ်ချုပ်ရဲ့စစ်ထွက်မိန့်ခွန်းဆိုတာကို အဲဒီနေ့ မှာပြန်ကြားရတယ်။ ကျွန်တော်တို့ထက်ငယ် တဲ့ကလေးတွေ ဆိုရင် ဒီနေ့ကိုကောင်းကောင်း မဖြတ်သန်းရတော့ဘူး။ ကျွန်တော်တို့ဆိုရင် ဥသြဆွဲတဲ့အသံကို ပြန်ပြောပြနိုင်သေးတယ်။ ကျွန်တော်တို့ထက် ၅ နှစ်လောက်ငယ်တဲ့ လူဆိုရင်တောင်မှ သူတို့သိပ်မသိတော့ဘူး။ အဲဒီတော့ သူတို့ကိုလည်း အပြစ်ပြောလို့မရ ဘူး။ ဒါပေမဲ့ အခုနောက်ပိုင်း မြင်သာပွင့်လင်း လာတဲ့အခါမှာတော့ သိတဲ့လူတွေ က ပြန်ဆွဲ ခေါ်သင့်တာပေါ့။ကျွန်တော့်ရဲ့သားလေးကိုလည်း အာဇာနည်နေ့နဲ့ပတ်သက်ပြီးအမြဲတမ်း ပြော ပြမယ်။ပြတိုက်ကိုလည်းလိုက်ပြမယ်။ ဘာကြောင့် လဲဆိုတော့ ဒီလိုနေ့မျိုးကလုံးဝမမေ့သင့်တဲ့ နေ့တစ်နေ့ ဖြစ်လို့ပါပဲ”

No comments:

Post a Comment