Wednesday, 18 July 2012

ပြည်ထောင်စုလွှတ်တော်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ဖွဲ့စည်းမည်


ပြည်ထောင်စုလွှတ်တော်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းကာ ၀န်ကြီးဌာနများ၊ ၀န်ထမ်းအဖွဲ့အစည်းများအားလုံးနှင့် အကျုံးဝင်မည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီး မကြာမီ စတင်ဆွေးနွေးမှုများ ပြုသွားရန်ရှိကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ဇူလိုင်လ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။  

ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီသည် ပြီးခဲ့သည့် တတိယပုံမှန်အစည်းအဝေးတွင် တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်မှန်ကန်စေရန်အတွက် ၀ိုင်းဝန်းကူညီထောက်မပေးရေးအဆိုကို တင်သွင်းခဲ့ရာ အတည်ပြုချက် ရရှိခဲ့သည်။ အဆိုပါအဆိုကို အကောင်အထည်ဖော်နိုင်ရန် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ဥပဒေကြမ်းအား ဆက်လက်ရေးဆွဲ၍ ပြည်သူ့လွှတ်တော်ဥပဒေနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်သို့ တင်ပြထားကြောင်း သိရသည်။

http://www.weeklyeleven.com/index.php?option=com_content&view=article&id=14587:2012-07-18-03-19-24&catid=42:2009-11-10-07-36-59&Itemid=112

No comments:

Post a Comment