Wednesday 18 July 2012

၂၀၁၅ တွင် ကလေးအရှင်မွေး တစ်သိန်းတွင် မိခင်သေဆုံးမှု ၁၃၀ဦးအထိလျော့ချမည်

မြန်မာနိုင်ငံကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်အရ ကိုယ်ဝန်ဆောင် မိခင်သေဆုံးမှုနှုန်းနှင့် အသက် ၅ နှစ်အောက် ကလေးများသေဆုံးမှုနှုန်းထားလျော့နည်းရေးတို့နှင့် စပ်လျဉ်းသောမေးခွန်းကို ဇူလိုင် ၁၆ ရက်တွင် ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော်တွင် တိုက်ကြီးမဲဆန္ဒနယ်မှ ဦးဟန်စိန်က မေးမြန်းခဲ့ကြောင်းသိရသည်။  အဆိုပါမေးခွန်းကို ကျန်းမာရေးဝန်ကြီးဌာန ဒေါက်တာဝင်းမြင့်က ၂၀၀၀ ပြည့်နှစ်မှ ယနေ့အထိ အရှင်မွေး တစ်သိန်းတွင် မိခင်သေဆုံးမှုနှုန်းမှာ ၂၀၀၀ ပြည့်နှစ်တွင် ၃၀၀၊ ၂၀၀၅ ခုနှစ်တွင် ၂၃၀၊ ၂၀၁၀ ပြည့်နှစ်တွင် ၂၀၀ တို့ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် သေဆုံးမှုလျော့နည်းရေး ရည်မှန်းချက်မှာ ၁၃၀ ဖြစ်ကြောင်းဖြေဆိုသည်။  ထိုအပြင် အရှင်မွေး တစ်ထောင်တွင် ၅ နှစ်အောက်ကလေးသေဆုံးမှုနှုန်းမှာ ၂၀၀၃ ခုနှစ်တွင် ၆၆.၁ ဦး၊ ၂၀၀၉ ခုနှစ်တွင် ၄၆.၁ ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွက် သေဆုံးမှုလျော့နည်းရေး မျှော်မှန်းချက်မှာ ၄၃.၃ ဦး ဖြစ်ကြောင်းနှင့် လိုအပ်သော ကျန်းမာရေးအသုံးစရိတ်များ ရရှိရေးအတွက် ကမ္ဘာ့ကျန်းမာရေးရန်ပုံငွေအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာအဖွဲ့အစည်းဖြစ်သော Aus Aid နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် လိုအပ်မည့် ဥပဒေများ၊ နည်းဥပဒေများ ထုတ်ပြန်နိုင်ရေးအတွက် ညှိုနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ဖြေဆိုခဲ့သည်။

http://www.themyanmarpost.com/?p=12345

No comments:

Post a Comment