Wednesday, 18 July 2012

ဆူဇူကီး ဖလား ခြေစစ်ပွဲအမီ သုဝဏ္ဏကွင်း တိုးချဲ့မှုများ အပြီးသတ် နိုင်ဖွယ်ရှိ



ACE ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ တည်ဆောက်လျက်ရှိသည့် သုဝဏ္ဏ အားကစားကွင်း ပွဲကြည့်စင် တိုးချဲ့ ဆောက်လုပ်မှု လုပ်ငန်းများ အားလုံး အနေဖြင့် လာမယ့် အောက်တိုဘာ လဆန်းတွင် ရန်ကုန်မြို့၌ လက်ခံ ကျင်းပမည့် ဆူဇူကီး ဖလား ခြေစစ်ပွဲစဉ်များ အမီ အပြီးသတ်နိုင်ဖွယ် ရှိကြောင်း သိရသည်။


မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝာန်ရှိသူ တစ်ဦးက "အားလုံးပြီးစီးဖို့ ခန့်မှန်း ထားတာက စက်တင်ဘာ ၃၀ရက်နေ့ပါ။ ဒီသတ်မှတ်ရက် မတိုင်မီမှာ အားလုံး အဆုံးသတ် နိုင်ဖို့အတွက် ကျွန်တော်တို့ ဘက်က ဆောက်လုပ်ရေး တာဝန်ခံတွေကို တိုက်တွန်း ထားပါတယ်။ ဖြစ်နိုင်မယ် ဆိုရင် ပြိုင်ပွဲမတိုင်မီမှာ တိုးချဲ့ ပွဲကြည့်စင် ဘက်က ထိုင်ခုံတွေပါ အားလုံး တပ်ဆင် သွားမှာပါ" ဟု ပြောကြားခဲ့သည်။


ပြီးခဲ့သည့် အာရှ ယူ-၂၂ ခြေစစ်ပွဲ ပွဲစဉ်များအား လက်ခံ ကျင်းပခဲ့စဉ်က သုဝဏ္ဏ ကွင်းလုံး ပြည့်လျှံ ပရိသတ်များ ၀င်ရောက်ခဲ့ကြပြီး ထိုစဉ်က ဆောက်လက်စ ပွဲကြည့်စင်များ အထက်သို့ ပရိသတ်များစွာ တက်ရောက် ကြည့်ရှုခဲ့ကြသည်။ ထို့ကြောင့် လာမည့် ဆူဇူကီးဖလား ခြေစစ်ပွဲ ပွဲစဉ်များတွင်လည်း ပရိသတ် အမြောက်အမြား လာရောက် အားပေးကြဖွယ် ရှိနေပြန်ရာ ဆောက်လုပ်ရေး လုပ်ငန်းများအား အမြန်ဆုံး ပြီးစီးနိုင်ရန် ဆောင်ရွက် နေခြင်းလည်း ဖြစ်သည်။

No comments:

Post a Comment