Friday 29 March 2013

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်အား စုံစမ်းရေးကော်မရှင်၏ ရလဒ်မှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ပြောကြား


မတ် ၂၀ ရက်မှ ၂၃ ရက် အထိ မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ရလဒ်မှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး

Wednesday 27 March 2013

မိတ္ထီလာဆူပူမှု သေဆုံးသူ ၄၀ ရှိကြောင်း အစိုးရ ကြေညာ

မိတ္ထီလာ ဒုက္ခသည်စခန်း ကုလသမဂ္ဂတာဝန်ရှိသူတွေ သွားရောက်ကြည့်ရှုစဉ်။ (ဓာတ်ပုံ - UNIC)
မအေးအေးမာ
26.03.2013
မန္တလေးတိုင်း မိတ္ထီလာမြို့မှာ လူသေဆုံးထိခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း သေဆုံးသူ အရေအတွက်ဟာ ၄၀ အထိ

"စိတ်ချရသည့် အချိန်အထိ ရန်ကုန်တွင် ရဲလုံခြုံရေး တိုးမြှင့်ကင်းလှည့်မည်"

ရန်ကုန်၊ မတ် ၂၆

ဆူပူအကြမ်းဖက်ဖြစ်စဉ်များ ရန်ကုန်တွင် မပေါ်ပေါက်စေရေးအတွက် ရဲယာဉ်တန်းများဖြင့် နေ့ညပတ်ကာ လုံခြုံရေးတိုးမြှင့်ရယူနေမှုကို ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက ပြုလုပ်လျက်ရှိသည်။

Tuesday 26 March 2013

သမီးဖြစ်သူကို အဓမ္မပြုကျင့်ရန် ကြံစည်သူကို အမှုဖွင့်ရာ ဖခင်ဖြစ်သူ ပိုင်နက်ကျူးလွန်မှုဖြင့် ပြန်လည်အမှုဖွင့်ခံရ


သထုံမြို့ တွင် နေထိုင်လျက်ရှိသော လေးတန်း ကျောင်းသူ
လေးအား အဓမ္မပြုကျင့်ရန ကြံစည်သူကို ဖခင်ဖြစ်သူမှ အမှု
ဖွင့်ရာ တရားခံ မိသားစုမှ ပိုင်နက်ကျူးလွန်မှုဖြင့် ပြန်လည်

မတ်လ ၂၅ ရက်နေ့ ညပိုင်းက ပဲခူးတိုင်း အနောက်ပိုင်း ကြို့ပင်ကောက်မြို့တွင် လူအုပ်စုဖြင့် နေအိမ်၊ဆိုင်ခန်းများကို ဖျက်ဆီးမှုဖြစ်ပွား


w1-26-3-1ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ကြို့ပင်ကောက်မြို့တွင် မတ်လ ၂၅ ရက်နေ့ ညအချိန်က မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်၊ဆိုင်ခန်းများကို လူအုပ်စုဖြင့် ဝိုင်းဝန်း ဖျက်ဆီးမူ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

Monday 25 March 2013

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုဒ်မ ၁၈၈ ထုတ်ပြန်ထားသည် ဆိုခြင်းမှာ မဟုတ်မှန်


ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နေရာအချို့၌ လူအများအပြား စုရုံးမှုများ ဖြစ်ပေါ်နေသည့် အပေါ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပုဒ်မ ၁၈၈ ထုတ်ပြန် လိုက်သည်ဟု သတင်းများထွက်ပေါ် နေသည့်အပေါ် ယင်းသတင်းများသည် မဟုတ်မှန်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ဘာသာရေးအကြောင်းပြ ဆူပူရန် ကားတစ်စီးဖြင့် လိုက်လံလှုံ့ဆော်မှုများ ဖြစ်ပွားခဲ့၊ လှုံ့ဆော်သူများ ပေါ်ပေါက်လာပါက အများပြည်သူမှ ဓာတ်ပုံရိုက်ယူထားပြီး ရဲတပ်ဖွဲ့သို့ တိုင်ကြားနိုင်


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်း ဘာသာရေးအကြောင်းပြကာ ဆူပူမှုဖြစ်စေရန် လှုံ့ဆော်သည့်ဖြစ်ရပ်မှာ မတ်လ ၂၄ ရက်နေ့ညတွင် ဖြစ်ပွားခဲ့သည်ဟု မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း နေထိုင်သူများက ပြောကြားခဲ့ကြသည်။