Sunday 5 August 2012

ဆိပ်ကမ်းတစ်ဝိုက်မှလောင်စာဆီ ဆိုင်များကိုဖယ်ရှားပေးရန် ရပ်ကွက်(၂)ခုရှိပြည်သူများက နိုင်ငံတော်သမ္မတကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ထံသို့  တောင်းဆို



ဗန်းမော်မြို့လယ် လူနေစိပ် သော မြို့မရပ်၊ အလယ်ရပ်ကွက် ဆိပ်ကမ်းတစ်ဝိုက်တွင် တရားမ ၀င်ရောင်းချနေကြသော လောင် စာဆီဆိုင်များကြောင့် (၇)လခန့် အတွင်း မီးလောင်မှု(၂)ကြိမ်ဖြစ် ပွားခဲ့ပြီးနောက် ၎င်းဆိုင်များကို ဖယ်ရှားပြောင်းရွှေ့ပေးနိုင်ဖို့ ရပ် ကွက်နေပြည်သူများက နိုင်ငံ တော်သမ္မတကြီးနှင့် ကချင်ပြည် နယ်ဝန်ကြီးချုပ်တို့ထံ (မီးလောင် မှုအထောက်အထား ဓာတ်ပုံများ နှင့်အတူ) စုပေါင်းလက်မှတ်ရေး

ဟံလင်းကျေးရွာမှလယ်မရှိဘဲ စိုက်ပျိုးစရိတ်ထုတ်ပေး

၃၀-၇-၂၀၁၂ နေ့က စစ် ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ် ဟံလင်းကျေး ရွာတွင် မိုးရွာသီစိုက်ပျိုးထုတ် စရိတ်ထုတ်ချေးရာ၌ နိုင်ငံတော်မှ သတ်မှတ်ထားသည့် လယ်တစ် ဧကလျှင် ငွေကျပ်(၅၀၀၀၀)နှုန်း ထုတ်ချေးနေကြောင်း နေပြည် တော်ပိတောက်မြေ အသံလွှင့် ဌာနမှလည်းကောင်း၊ နိုင်ငံပိုင် သတင်းစာများမှလည်းကောင်း၊ ထုတ်လွှင့်ရေးသားသော်လည်း ဟံလင်းစံပြကျေးရွာတွင်

သက်ဆိုင်ရာသို့ (သမိုင်းဘူတာရှေ့ မှ မီးရထားပိုင်မြေကိစ္စ)

ယခု တစ်လော အိမ်ရာဖြတ်ခိုင်း မှု့ များ ရန်ကုန်မြို့  နေရာ အနှံတွေ့ မြင်နေမိပါသည်။အ မှန် တစ် ကယ် ၀န် ကြီး ငှာန မှ ပိုင် ဆိုင် သော မြေ နေ ရာ အား ဖယ် ရှားခိုင်း ခြင်း ကို အ ပြည့် အ ၀ လက် ခံ ပါ သော် လည်း ၀န် ကြီး ငှာ န ပိုင်မ ဟုတ် သော မြေ အား လက် ၀ယ် စာ ရွက် စာ တမ်း ပိုင် ဆိုင် မှူ့  အ ထောက် အထား မ ပြ သ နိုင် သော မြေ အား ၀န် ကြီး ငှာ န ပိုင် မြေ ဟု ဆို ကာ အ တင်းအ ကြပ် သိမ်း ပိုက် ဖို့  ကြံ စည် မှူ့  အား သက် ဆိုင် ရာ သို့  တင် ပြပေ စေ လို ပါ သည်။
ဖြစ် စဉ် မှာ သမိုင်း ဘူ တာ ရှေ့  မှ မီးရထား ပိုင် မြေ ကိစ္စ ဖြစ် ပါသည်။ ဟို အ ရင် နှစ် ပေါင်း 30 ကျော် ထဲ က မီး ရ ထား မြေ မှာ သံ လမ်းနှစ် လမ်း ကြား မှ တိုင်း တာ လျှင် ပေ 150 သာ ရှိ ပါ သည်။ ယ ခု တည် ရှိနေ သော ဗဟို လမ်း ဆို သည် မှာ မ ရှိ ခဲ သေး ပါ။

ဗီယက်နမ်နဲ့ ပြင်သစ် မြန်မာဟိုတယ်လုပ်ငန်းကို မျက်စိကျ

ဟိုတယ်နှင့် ခရီးသွားလုပ် ငန်းဝန်ကြီးဌာန၏ အဆိုအရ ဗီယက်နမ်ပြင်သစ်နှင့် အိန္ဒိယတို့ သည် မြန်မာ့ဟိုတယ် လုပ်ငန်း တွင် ရင်းနှီးမြှုပ်နှံရန်အတွက် အာ ရုံကျနေကြောင်း ဆိုသည်။
ဒီမိုကရေစီ ပွင့်လင်းမြင်သာ မှု ရှိလာသဖြင့် မြန်မာနိုင်ငံသို့ နိုင်ငံခြား ဧည့်သည်များ အ၀င် များလာရာ မြန်မာ့ဟိုတယ်လုပ်

မြန်မာ့ဆက်သွယ်ရေး လုပ်ရပ် မကျေနပ်ကြ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း  မှ ကြိုးဖုန်းနှစ်စဉ်ကြေးများကို ယခင်က တစ်နှစ်လျှင် ကျပ် ၅၄၀ အစား တစ်နှစ်လျှင် ကျပ် ၆၀၀၀ သို့ ၂၀၁၂ မေလမှစ၍ သတင်းစာ တွင် ကြေညာခြင်းမရှိဘဲ တိုးမြှင့်  သတ်မှတ်လိုက်ကြောင်း သိရသည်။
“မီတာခတောင် တစ်ယူနစ် (၃၅) ကျပ်တိုးတယ်ဆိုတာ သတင်းစာထဲထည့်တယ်။

တနင်္သာရီမြို့နှင့် တနင်္သာရီမြို့နယ်ရှိ ကျေးရွာ ၃၀ ကျော် ရေလွှမ်းမိုး ရေဘေးသင့်သူများ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေ

တနင်္သာရီမြို့နှင့် တနင်္သာရီမြို့နယ်တွင်းရှိ ကျေးရွာ ၃၀ ကျော်တွင် ရေလွှမ်းမိုးမှုဒဏ် ခံနေရကြောင်း ဒေသခံများက ပြောကြားသည်။


`အခုကျွန်တော်တို့ လုံးဝရွှေ့ပြောင်းနေရသူတွေကို တစ်အိမ်ထောင် ဆန်သုံးပြည်နဲ့ ခေါက်ဆွဲခြောက်တွေ ပေးနိုင်အောင် ကြိုးစားနေတယ်။ အဓိကလိုနေတာက ကျန်းမာ ရေးစောင့်ရှောက်မှုတွေလိုနေတာ၊ ခြင်တွေကြောင့် တုပ်ကွေးနဲ့ကူးစက်ရောဂါတွေ---

အိုလံပစ် ပြိုင်ပွဲဝင် မြန်မာအားကစားသမားများ ရလဒ်များ မကောင်း

 ၂၀၁၂ ခုနှစ်၊လန်ဒန် အိုလံပစ် ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နေသည့်
 မြန်မာ အားကစား သမားများသည် လက်ရှိအချိန်တွင် ရလဒ်များ ဆိုးရွား

လျက်ရှိပြီး ပါဝင် ယှဉ်ပြိုင်နေသည့် ကစားသမား ခြောက်ဦးတွင် လေးဦး
အထိ ပြိုင်ပွဲကိုယ်စီမှ ထွက်ခွာခဲ့ရပြီ----

မောင်တောမြို့နယ်ရှိ ဒုက္ခသည်များကို အကူအညီပေးရန် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းပြော

imagesဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း
 ဒုတိယအကြိမ်အဖြစ် ရခိုင်ပြည်နယ်
 ပဋိပက္ခအား လေ့လာရေးခရီးစဉ်အတွင်း
 အထူးရဟန်ယာဉ် ၂ စီးဖြင့် စစ်တွေမှ
 ဘူးသီးတောင်-မောင်တော-မြောက်ဦး
-မဟာမုနိ-ကျောက်တော်မှ စစ်တွေတွင် 
ယမန်နေ့က ညအိပ်ရှိနေခဲ့ကြောင်း 
သိရှိရသည်။

ကလေးစစ်သား အသုံးမပြုရေး ဂျီနီဗာ သဘောတူညီချက် မွန် နဲ့ ကရင်နီ အဖွဲ့ လက်မှတ်ရေးထိုး

အသက် (၁၈) နှစ်အောက် ကလေးသူငယ်များကို စစ်မှုမထမ်းခိုင်းရေး အတွက် ဂျီနီဗာ သဘောတူညီချက်ကို မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့က သြဂတ် (၃) ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ တရားဝင် သဘောတူ လက်မှတ် ရေးထိုး
လိုက်တယ်လို့ သိရပါတယ်။

ကလေးသူငယ်များ စစ်မှု မထမ်းခိုင်းရေးအတွက် Deep of Commitment စာချုပ်ကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူး(၁) ခူးဦးရယ်၊ အမြဲတမ်း ဗဟိုကော်တီဝင် ဦးရီမာန်ထူး တို့နဲ့အတူ မွန်ပြည်သစ်ပါတီ (NMSP) က ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် လဝီကောင်းတို့က လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်၊ ဒီသဘောတူ စာချုပ်ပါ အချက် (၆) ချက်နဲ့ ပတ်သက်လို့ KNPP အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က အခုလိုပြောပါတယ်။

ကျောက်တော်တွင် ဘင်္ဂလီမူဆလင်များ ထပ်မံအကြမ်းဖက်

 Kyauk Tawယနေ့ ညနေ ၄နာရီခန့်တွင်
 ကျောက်တော်မြို့မှ ဘု
ရားပေါင်းနှင့် ငတပေါင်းကျေး
ရွာများသို့ အပြန်လမ်းတွင်
 ဒေသခံများအား ကျောက်
တော်မြို့ ပိုက်သယ်ရပ်ကွက်မှ 
ဘင်္ဂလီမူဆလင်များ အကြမ်း
ဖက်တိုက်ခိုက်ခဲ့ကြောင်း 
သတင်းရရှိသည်။

ကာတွန်းအောင်မော်ရဲ့ လက်ရာ


အညတရ သူရဲကောင်း တတိယ အကြိမ် ဆုပေးပွဲ


ဓာတ်ပုံ- burmaburo
ဒီကနေ့ သြဂုတ်လ ၅ ရက်နေ့မှာ အညတရာ သူရဲကောင်းဆုချီးမြင့်ပွဲ တတိယ အကြိမ်မြောက် အခမ်းအနားကို ဂျပန်နိုင်ငံမှာ ကျင်းပပါတယ်။

ဆင်ဆာအဖွဲ့ကို သေနတ်ပေးမကိုင်နဲ့


The Nation News Journal အတွဲ ၁၊ အမှတ် ၁၈ မျက်နှာဖုံးအား
စာပေစိစစ်ရေးသို့တင်ပြီး ပြန်ကျလာသော မျက်နှာဖုံး။

ကမ္ဘာလဆန်းတရက်နေ့မှာ ဖျက်မယ် ဆိုတဲ့ စာပေစိစစ်ရေးအဖွဲ့ရဲ့ လက်ရာကြမ်း အွန်လိုင်းကို ရောက်လာပါတယ်။

ကျောက်တော်မြို့ အပေါက်ဝကျေးရွာတွင် ဒုတိယအကြိမ် မီးရှို့မှု ဖြစ်ပွား


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတွင် ယနေ့ မွန်းလွဲ ၃နာရီက မီးရှို့မှု ဒုတိယအကြိမ်ဖြစ်ပွားကာ ၂ လတာအတွင်း ဒုတိယအကြိမ် မီးရှို့မှုဖြစ်၍ အိမ်ခြေ ၃၀ ကျော် မီးလောင်ကျွမ်းခဲ့ရသည်ဟု အမည်မဖေါ်လိုသူ ကျေးရွာသားတဦးက YPI သို့ပြောသည်။

ဘင်္ဂါလီလူမျိုးများ အများစု နေထိုင်သည့် ယင်းအပေါက်ဝ ကျေးရွာတွင် ရဲစခန်းရှိသော်လည်း ရဲစခန်းမှ မည်သို့မျှ ဆောင်ရွက်ပေးနိုင်ခြင်း မရှိဟု ၎င်းက ပြောသည်။ မီးရှို့မှုအပြင် လူတဦးလည်း အသတ်ခံရကာ သေဆုံးခဲ့ရသည်ဟု ၎င်းကပြောသည်။

မရင်းချောင်းရေလျှံမှုကြောင့် စိုက်ပျိုးပြီးလယ်ဧက ၂၀၀ ကျော်ရေနစ်မြုပ်ဆုံးရှုံး


သြဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ လေး မျက်နှာမြို့နယ် အိုင်သပြုအုပ်စု မ ယင်းချောင်းရေလျှံမှုဖြစ်ပွားပြီး စိုက် ပျိုးလယ်ဧက ၂၀၀ ၀န်းကျင်ရေနစ် မြုပ်ဆုံးရှုံးခဲ့ရကြောင်းသိရသည်
အဆိုပါချောင်းနှင့် ဆက်စပ် လျက်ရှိသော သိမ်ကုန်းအုပ်စု၊ ကြက် ကုန်းအုပ်စု၊ ညောင်ဝိုင်းအုပ်စု၊ အိုင် သပြုအုပ်စု၊ ၀န်းကျင်လယ်မြေများ မှ စိုက်ပျိုးလယ်ဧကများ ၂၀၀ ကျော် ရေနစ်မြုပ်ဆုံးရှုံးခဲ့ကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။ 

သြဂုတ်လ ဒုတိယပတ်တွင် မြန်မာနိုင်ငံရှိ မြစ်ကြီးများတွင် လက်ရှိရေမှတ်ထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါင်တာထွန်းလွင်ကအောက်ပါအတိုင်းခန့်မှန်း

သြဂုတ်လ ဒုတိယပတ်တွင် မြန်မာနိုင်ငံရှိ မြစ်ကြီးများတွင် လက်ရှိရေမှတ်ထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါင်တာထွန်းလွင်ကအောက်ပါအတိုင်းခန့်မှန်းသည်။ 
“ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသများတွင် ရှိ မြစ်များနဲ့ မြေနိမ့်ဒေသများတွင် မြစ်ချောင်းများမှာ ရေလျှံမှုအလားအလာများ မြင့်မားနိုင်ပါတယ်။

ရတနာပုံ - ရန်ကုန်ပွဲ၌ နီကိုလာ၏ နောက်ကျ ချေပဂိုးကြောင့် သရေပွဲ အဖြစ်သာ ပြီးဆုံးခဲ့


ယနေ့ ညနေပိုင်းက ယှဉ်ပြိုင် ကစားခဲ့သည့် ရတနာပုံ - ရန်ကုန် ယူနိုက်တက်တို့ ပွဲစဉ်တွင် ရတနာပုံ အသင်းက ရန်ပိုင်၏ ပထမပိုင်း သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ သော်လည်း ပွဲပြီးခါနီး နီကိုလာ၏ ချေပဂိုးကြောင့် တစ်ဂိုးစီ သရေပွဲ အဖြစ်သာ ပြီးဆုံးခဲ့သည်။

အမှတ်ပေး ဇယား ဦးဆောင်သူ နာမည်ကြီး အသင်းနှစ်သင်း ထိပ်တိုက် တွေ့ဆုံမှု ဖြစ်သည့်အလျှောက် မန္တလေး ဗထူးကွင်းအပြည့် ပရိသတ်များ အပြည့် လာရောက် အားပေးခဲ့ကာ ပွဲမှာလည်း တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ထိုးဖောက် ကစားခဲ့၍ ကြည့်ကောင်းခဲ့သည်။

ရခိုင် အရေးအခင်း စုံစမ်းစစ်ဆေးရေး အဖွဲ့ အမှန်တကယ် လွတ်လပ်ရန် ၈၈ တိုက်တွန်း

ရန်ကုန်၊ သြဂုတ် ၅

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနား၏ ခရီးစဉ်အတွင်း တောင်းဆိုသွားခဲ့သော ရခိုင် အရေးအခင်းအတွက် ဖွဲ့စည်းမည့် စုံစမ်းရေး ကော်မရှင် အနေနှင့် အမှန်တကယ် လွတ်လပ်ရန် လိုကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားသည်။


ယနေ့ ညနေပိုင်းတွင် ပြုလုပ်သော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ ရခိုင်ခရီးစဉ် သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကင်တားနား၏ မြန်မာခရီးစဉ်နှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်မှ ကောက်နုတ်ချက်များ (၂)


ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ (INGO များ) အပေါ်ဆန့်ကျင်တဲ့ ခံစားချက်တွေပေါ်မှာလည်း ကျွန်တော်စိုးရိမ်ပူပန်မိပါတယ်။ အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှု ထောက်ပံ့ ကူညီမှုများအား ဘက်မလိုက်ရေးနှင့် ကြားနေရေးဆိုသော အခြေခံမူများအတိုင်း မထောက်ပံ့ဟူသော ရခိုင်ဗုဒ္ဓ္ဓဘာ သာဝင်တွေရဲ့ ထင်မြင်ယူဆမှုတွေကို ပူပန်ပါတယ်။ ဒီထင်မြင်မှုတွေကို ချေဖျက်ဖို့ရာ ပါဝင်ပတ်သက်နေသော နိုင်ငံတကာအဖွဲ့အစည်းများ အနေနဲ့အစိုးရအာဏာပိုင် များနှင့်အတူတကွ ပူးတွဲလုပ်ဆောင်ရန် ကျွန်တော်တိုက်တွန်းပါတယ်။

ဦးမောင်အေး အရက် ဖြတ်လိုက်ပြီ


Maung Aye


ဇူလိုင် လ ဆန်း ပိုင်း က ရုတ်တရက် လေဖြတ်ရောဂါ နှင့် ကျန်းမာ ရေး ချို့ ယွင်းလာ သဖြင့်
တပ်မတော် စစ်ဆေး ရုံ ကြီး တွင် အရေး ပေါ် ဆေး ကုသ မှု ခံယူ ခဲ့ရသည့် နိုင်ငံတော်
အေးချမ်းသာယာရေး နှင့်

ကမ္ဘာ့ အသေးဆုံး ဆီမီး ကွန်ဒက်တာ လေဆာ ဆိုတာ



ကမ္ဘာ့ အသေးဆုံး ဆီမီး ကွန်ဒက်တာ  လေဆာ ဆိုတာတရုတ် (တိုင်ပေ) နဲ့ တရုတ်နိုင်ငံမှာ ရှိတဲ့ ပညာရှင်တွေနဲ့ တက်ဆက် တက္ကသိုလ် က ရူပဗေဒ ပညာရှင်တွေ ပူးပေါင်းပြီး နောက်ဆုံး ဖန်တီးလိုက်တဲ့ နည်းပညာ ကတော့ ကမ္ဘာ့ အသေးငယ်ဆုံး ဆီမီး ကွန်ဒက်တာ လေဆာပဲ ဖြစ်ပါတယ်။
ဒီနည်းပညာဟာ အလင်းနဲ့ ပတ်သက်ပြီး ကွန်ပျူတာ နည်းပညာကနေ ဆေးပညာအထိ အထောက်အပံ့ပေးနိုင်မယ့် နောက်ဆုံးတွေ့ရှိမှု တစ်ခုလို့ သိပ္ပံပညာရှင်တွေက အတိအလင်း ပြောကြားလိုက်ပါပြီ။

မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား၏ မြန်မာခရီးစဉ်နှင့်ပတ်သက်ပြီးကောက်နုတ်ချက်များ(၁)


ထုတ်ပြန်ချက်မှ ကောက်နုတ်ချက်များ (၁)
 ကျွန်တော်ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအပေါ်မှာ သိသိသာသာ ရိုက်ခတ်မှုတွေရှိခဲ့တဲ့ အပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်နေသော နောက်ခံအခြေအနေရှိနေချိန်မှာ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ မကြာသေးမီက အောင်မြင်တိုးတက်မှုတွေကို ကြိုဆိုပါတယ်။ ဥပမာအားဖြင့် နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ အတင်းအကျပ် အလုပ်စေခိုင်းမှုအားလုံး ပပျောက်ရေးနဲ့ ကုလသမဂ္ဂနဲ့လက်မှတ်ရေးထိုးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ကလေးသူငယ်များ စုဆောင်းခြင်း၊ အသုံးချခြင်းများကို တားဆီးရေးလိုမျိုးဖြစ်ပါတယ်။

ဇေကမ္ဘာ ကုမ္ပဏီ ဇုန်မြေထဲမှာရှိ ဓါတ်တိုင် ပြန်လည်နှုတ်ခိုင်းနေ

ရန်ကုန်တိုင်းဒေသကြီး၊မြောက် ပိုင်းခရိုင် ၊ လှည်းကူးမြို့နယ်ထဲမှ ဆင်ဖုံကျေးရွာသည် မင်္ဂလာဒုံ မြို့ နယ်နှင့်မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့ သစ်တို့နှင့်နယ် နမိတ်ချင်းထိစပ်နေပြီးဆင်ဖုံကျေး ရွာမလစ်ကျေးရွာ
၊ စစ်ပင် ကျေး ရွာသို့အားထားနေရသော ရွှေ ပေါက်ကံမြို့သို့  ဆက်သွယ်ထား သောလမ်းကို အသုံးပြုနေခြင်းမှာ နှစ်ပေါင်းမြောက်များ စွာကြာ မြင့်နေပြီဖြစ်သည်။

အမရဌာနီအရှေ့ NLD ရုံးဖွင့်ပွဲ


  
ယနေ့ သြဂုတ် (၅) ရက်နေ့  မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့
ရပ်ကွက်တွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးဖွင့်ပွဲ
အခမ်းအနား ကျင်းပခဲ့ပါသည်။ 

ချောင်းဖျားရွာသားတွေရဲ့ စာ

ကျးရွာ လျှပ်စစ်မီးရရေးကိစ္စအတွက် တိုင်းဝန်ကြီးရုံးကို ပေးပို့တဲ့ မကွေးတိုင်း ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာအုပ်စု ချောင်းဖျားရွာသားတွေရဲ့ စာပါ။

" ခေတ်သစ် သစ်ခုတ်သမားပုံပြင်

တစ်နေ့ မှာ သစ်ခုတ်သမားတစ်ယောက်ဟာ မြစ်ကမ်းထက်နားက သစ်ပင်တစ်ပင်ရဲ့ အကိုင်းကို အားရပါးရ ခုတ်နေ ပါတယ် ။ အဲ....အဲလိုခုတ်နေရင်းနဲ့ သူ့ ရဲ့ လက်စွဲတော် ပုဆိန်ဟာ မြစ်ထဲကို ပြုတ်ကျသွားပါလေရော။



သူလဲဘာလုပ်ရမှန်းမသိတော့တာနဲ့ ပဲ မြစ်ကမ်းနဖူးမှာ ထိုင်ငိုနေမိတယ်။အဲဒီအချိန်မှာ မြစ်ကို စောင့်တဲ့ နတ်မင်းကြီးပေါ်လာပြီး

သစ်ခုတ်သမားကို အခုလိုမေးသတဲ့ ။

ဟာသပုံလေးများ... ရယ်မောနိုင်ကြပါစေ

KNU နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် မြ၀တီမှာ တွေ့ဆုံ


ဓာတ်ပုံ- Hla Maugn Shwe's facebook
မြန်မာ အစိုးရ မီးရထား ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကြိုးစားသူများ အဖွဲ့ဟာ ကရင် အမျိုးသား အစည်းအရုံး ( KNU ) ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေး ခရီးစဉ် အကြို ဆွေးနွေးပွဲ တခုကို ဒီကနေ့ သြဂုတ်လ ၅ ရက်နေ့ နံနက် ၁၁ ကျော်လောက်က ထိုင်း- မြန်မာနယ်စပ် မြို့တခုဖြစ်တဲ့ မြ၀တီ မြို့ မှာ ဆွေးနွေးခဲ့ကြပါတယ်။

ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်ကို လေးခွနှင့်ပစ်၍ထောင်ကျသည့်ကိစ္စနောက်ကွယ်တွင် ရွာသားများ မကျေမနပ်ဖြစ်နေကြ

သြဂုတ် ၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျောက္ကလပ်ကျေးရွာအုပ်စု ပြည်ခိုင် ဖြိုးပါတီဆိုင်းဘုတ်ကို မူးယစ် သောက်စား လေးခွနှင့်ပစ်၍ ထောင်ခုရက်ကျခံရသူမှာ ရပ်ရွာမှ ကြင်နာသနားခံရသူ အိမ်ယာမဲ့တစ် ဦးဖြစ်ရာ အမှုကိစ္စအတွက် ၀ိုင်းဝန်း ထောက်ပံ့ငွေလည်းကုန် ထောင် ဒဏ်လည်းကျခံရသဖြင့် မကျေမနပ် ဖြစ်နေကြကြောင်းသိရသည်။

၈၈ ကျောင်းသားများ အဖွဲ့ မုံရွာသို့ သွားရောက်မည်

ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့အစည်း ဖော်ဆောင်ရန်အတွက် သြဂုတ်လ ၉ ရက် နေ့တွင် ကိုမင်းကိုနိုင် အပါအဝင် ၈၈ကျောင်းသား ၁၂ ဦးသည် မုံရွာမြို့သို့ လာရောက်မည် ဖြစ်ကြောင်း မုံရွာမြို့မှ ကြိုဆိုရန်နှင့် ယင်းအဖွဲ့လာရောက်စဉ်တွင် အကူအညီပေးရန် စီစဉ် ဆောင်ရွက်နေသည့် မုံရွာမြို့ခံတစ်ဦးက ပြောကြားသည်။

 သီလ၀ါဆိပ်ကမ်းဒေသ အထူးစီးပွားရေးဇုန်၌ ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်မည့် Myanko မြို့တော်စီမံကိန်းနှင့်ပတ်သက်၍ တရားဝင်ခွင့်ပြုထားခြင်း မရှိဟု သိရ


သီလ၀ါ ဆိပ်ကမ်းဒေသ အထူးစီးပွားရေးဇုန်၌ ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်မည့် Myanko မြို့တော် တည်ဆောက်ရေး စီမံကိန်းနှင့် ပတ်သက်၍ တရားဝင် ခွင့်ပြုထားခြင်း မရှိဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်၏ ပြောကြားချက်အရ သိရပါသည်။
"မြန်-ကို စီးပွားရေးမြို့တော်စီမံကိန်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့နဲ့ တိုက်ရိုက်မပတ်သက်ခဲ့ပါဘူး။ မြန်-ကိုကနေ ဒီလိုလုပ်ဖို့လူကြီးတွေကို တင်ပြဖူးတာရှိပါတယ်။

 မြေဈေးနှုန်းအမှန်တကယ် လျော့ကျမည့် ကာလကို ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံသားလုပ်ငန်းရှင်များအပြင် နိုင်ငံခြားသား လုပ်ငန်းရှင်များပါ စောင့်မျှော်နေ လတ်တလောထွက်ပေါ်နေသည့် သတင်းများအရ အိမ်ခြံမြေအခွန်စနစ်သစ်မှာ သက်သမ်းတိုးဖွယ်မရှိကြောင်း သိရ



မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေဈေးနှုန်းမှာ အာရှတိုက်တွင် ဈေးနှုန်း အမြင့်ဆုံးဖြစ်နေသောကြောင့် စက်မှုဇုန်မြေဈေးနှုန်းများအား ကားဈေးကွက်ကဲ့သို့ ဈေးနှုန်းလျော့ကျသွားအောင် ပြုလုပ်မည်ဟု ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြော ကြားခဲ့ခြင်းကြောင့် အမှန်တကယ် ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံသားလုပ်ငန်းရှင်များအပြင် နိုင်ငံခြားသား လုပ်ငန်းရှင်များပါ စောင့်မျော်နေကြကြောင်း၊ ထို့ပြင် သြဂုတ်လတွင် သက်တမ်း ကုန်ဆုံးတော့မည့် အခွန်စနစ်သစ်ကြောင့် မြေရောင်းဝယ်မှုများ ရပ်တန့်သွားကြောင်း အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းများမှ သိရှိရပါသည်။

အိတ်နှင့်ဖိနပ်မျိုးစုံထုတ်လုပ်သည့် အမေရိကန် Company တစ်ခုဖြစ်သော ICON SHOES AND HANDBAGS က ဗုဒ္ဓမြတ်စွာဘုရားပုံတော်ကို ကပ်နှိပ်ဖော်ပြပြီး ဖိနပ်တစ်မျိုးထုတ်လုပ်ခဲ

အိတ်နှင့်ဖိနပ်မျိုးစုံထုတ်လုပ်သည့် အမေရိကန် Company တစ်ခုဖြစ်သော ICON SHOES AND HANDBAGS က ဗုဒ္ဓမြတ်စွာဘုရားပုံတော်ကို ကပ်နှိပ်ဖော်ပြပြီး ဖိနပ်တစ်မျိုးထုတ်လုပ်ခဲ့ကြောင်းသိရသည်။

ထို့ကြောင့် ကမ္ဘာတစ်ဝန်းလုံးမှ ဗုဒ္ဓဘာသာကိုးကွယ်သူများ၊ဘာသာရေးစောင့်ကြည့်လေ့လာသူများက ထိုကိစ္စနှင့် ပတ်သက်ပြီး အပြင်းအထန် ကန့်ကွက်နေကြကြောင်းသိရသည်။

မြန်မာနိုင်ငံမှာ အွန်လိုင်းအသုံးပြုသူများအနေဖြင့်လဲ အဆိုပါ ICON SHOES AND HANDBAGS Company ၏ Facebook စာမျက်နှာဖြစ်သည့် 

https://www.facebook.com/iconshoesandhandbags သို့ ကန့်ကွက်နိုင်ကြောင်း အသိပေးလိုက်ပါသည်။

ဗုဒ္ဓမြတ်စွာဘုရားပုံတော်ကို ကပ်နှိပ်ဖော်ပြပြီး ဖိနပ်တစ်မျိုးထုတ်လုပ်ခဲ့သည့် ICON SHOES AND HANDBAGS Company ၏ Website စာမျက်နှာမှာhttp://www.iconshoes.com/ ဖြစ်သည်။

အောက်ပါပုံကို အွန်လိုင်းတွင် မျှဝေပေးခြင်းဖြင့် ကန့်ကွက်ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။


By News of Myanmar

ဓါးတွေထမ်းပြီး



ဓာတ်ပုံ- satekuupuyar.blogspot.com
ဓါးတွေထမ်းပြီး
************

“အလုပ်ဖြစ်ရေး”ဟာ
သေချာစိုက်ကြည့်လိုက်တော့ “အလစ်ဖြုတ်ရေး”

လယ်သမားတွေ ဆန္ဒပြကုန်ပြီတဲ့။
သမ္မတကြီး နောက်ကြောင်း ပြန်မလှည့်ရေးအတွက်
အဲဒီ့အခန်းဖြတ်။

ဘာသာရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေတာတွေကို သတိမူကြပါ





အရှင်ရာဟုလာ (မစိုးရိမ်)



“လူတစ်ယောက်အနေနှင့် မိမိတစ်စုတစ်ဖွဲ့၏ အတွေးအခေါ်အယူအဆကို လေးစားကြည်ညိုယုံမျှနှင့် မပြီး။ အခြားတစ်ပါးသောသူများ၏ အတွေးအခေါ်အယူဆများကိုလည်း ကျိုးကြောင်းခိုင်လုံမှု မရှိပဲ ဝေဖန်နှိပ်နှယ်ခြင်း မပြုသင့်” ။ (အသောကကျောက်စာ) ။

“မတူသော အယူအဆများ ညှိနိုင်းဆွေးနွေးကြရာတွင်၊အစဉ်အလာကြောင့် အယူများအပေါ်အားပြုသည်ထက်၊ ဆင်ခြင်တုံ တရားကို ရှေ့တန်းတင်သည်က လူမှုရေးသဟဇာတမျှမှုကို ပိုမိုဦးတည်စေနိုင်လိမ့်မယ်” ။ (အက္ကဗာနန်းရင်ပြင်တွင် ဘာသာပေါင်းစုံ နှီးနောဖလှယ်ပွဲကျင်းပပေးခဲ့သော အက္ကဗာမူဆလင် ဘုရင်ကြီး)။

နိုင်ငံတော် အလံ




ကိုယ်တိုင်က ကျောင်းဆရာ။ တပည့်ပေါင်းများစွာကို နိုင်ငံတော်အတွက် လူချွန် လူမွန်များ ဖြစ်အောင် မွေးထုတ် သင်ကြားပေးလာသူ။ သည်မြေး တစ်ကောင်ကျမှ အရှုံးပေးရတော့မည်လား။ သူနှင့်အတူ ပူးပူးကပ်ကပ် နေရင်း ထိုင်ရင်း စားရင်း သောက်ရင်း သွန်သင် လမ်းတည့်ပေးမှ ဖြစ်တော့မည့် အနေအထား။


သမီးဖြစ်သူက ရုပ်ရှင် လက်မှတ် ၀ယ်လာသည်။ ရုပ်ရှင်ရုံတွင် ရုပ်ရှင်မကြည့် ဖြစ်သည်မှာ ဆယ်စုနှစ်ချီ၍ ကြာခဲ့ပြီ။ ရုပ်မြင်သံကြားများမှ ဇာတ်လမ်းတွဲများ ရုပ်ရှင်များ ကာတွန်းကားများကို အိုးမကွာ အိမ်မကွာ ကြည့်နိုင်ကတည်းက ရုပ်ရှင် ရုံများသို့ မသွားဖြစ်။

ယဉ်ကျေးမှုနဲ့ ညီအောင် ဖက်ရှင်ကို လေ့လာဖြစ်တယ် အိချောပို




ခေတ်နောက် မကျဘဲ ယဉ်ကျေးမှုနဲ့ ညီအောင် ဖက်ရှင်ကို လေ့လာဖြစ်တယ် အိချောပိုအိချောက ဇာတ်ကားတစ် ကားမရိုက်ခင် ရုပ်ရှင်တွေ အများ ကြီးကြည့် တယ်။ ဝတ္ထုတွေအများ ကြီးဖတ်တယ်။ ပြီးတော့ အပြင်မှာ လူတွေ ဘယ်လို လှုပ်ရှား သွားလာနေ လဲဆိုတာကို လေ့လာ အကဲခတ် တယ်။ ကိုယ်ရိုက်ရမယ့်ဇာတ်လမ်း တစ်ခု ကိုယ့်ဆီရောက်လာပြီဆိုရင် ကိုယ်က ကလေးလိုသရုပ်ဆောင်ရ မှာလား၊ ဘယ်လိုသရုပ်ဆောင်ရမှာ လဲ။ ဥပမာ ဆင်းရဲတဲ့အခန်းကာ ရိုက်တာလား၊ စရိုက်ကြမ်းကြမ်း လား၊ အဆင့်မြင့်မြင့်လား အဲလိုမျိုး ကာရိုက်တာကိုအရင်ဆုံးခွဲပြီး mood သွင်းပြီးရိုက်ပါတယ်။ ကြော် အမူအရာတွေလုပ်ပြရတာပေါ့။ ဇာတ်ကားရိုက်တာကျတော့ အဲလို မဟုတ်ဘဲနဲ့ ကာရိုက်တာပေါ်မူတည် ပြီး အသံနဲ့အမူအရာ အားလုံးကို သရုပ်ဆောင်ပြရတော့ ကွာခြားမှု တွေအများကြီးရှိပါတယ်။ သီချင်း ဆိုတာကိုလည်း အိချောဝါသနာပါ တယ်။

တာရာမင်းဝေ ၅ နှစ်ပြည့် အောက်မေ့ဖွယ်



ဓာတ်ပုံ- ငယ်လေး


"ဒေါင်းအလံကိုင်တဲ့ ရွှေဘုန်းလူကို ထောင်ထဲ ပို့တော့ ကလောင်ကိုင်တဲ့ တာရာ မင်းဝေအဖြစ် ပြန်ခဲ့သူ ( သို့မဟုတ်) လွတ်လပ်ခြင်း နတ်သမီးနှင့် မပေါင်းဖက်ခဲ့ရတဲ့ ကြယ်ကြွေသတို့သားသို့ နောက် ဆုံး နှုတ်ဆက်ခြင်း" 
ဆိုတဲ့ စာတမ်းပါ အဖြူရောင် ဆိုင်းဘုတ်နဲ့ အတူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့အဖွဲ့ဟာ တာရာ မင်းဝေရဲ့ ဈာပန ခရီးကို လိုက်ပါပို့ဆောင်နေတဲ့ မြင်ကွင်းပါ။ လွန်ခဲ့တဲ့ ၅ နှစ်က ဖြစ်ပါတယ်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်မှုအတွက် လိုအပ်သည့် ပစ္စည်းများ စတင်ရောက်ရှိ အဆိုပါ စီမံကိန်းမှ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့ကို ဇူလိုင်လတွင် ပြည်ပသို့ စပို့မည်



ကျောက်ဖြူ ရေနက်ဆိပ်ကမ်း နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုအတွက် လိုအပ်သည့် ပစ္စည်းများသယ်ယူခြင်းကို ခွင့်ပြုပေးထားခဲ့ပြီး ယခုအခါ သင်္ဘောသုံးစီး ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။
“ကျောက်ဖြူရေနက်ဆိပ်ကမ်း နဲ့ သဘာဝဓာတ်ငွေ့စီမံကိန်း တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်း တွေ သယ်ယူခွင့်ကို MIC ကခွင့်ပြု ထားပြီးသားပါ။ အခုသင်္ဘောတွေ ရောက်နေပြီ။ သောင်တူးတာတို့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေ စပြီးသယ်ယူတာပါ”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

UMFCCI ၏ ထိပ်ပိုင်းနေရာ တာဝန်ယူထားသည့် လုပ်ငန်းရှင်ကြီး အချို့ အပါအ၀င် လုပ်ငန်းရှုံး၍ အခွန်မဆောင်နိုင်ကြောင်း ၀င်ငွေခွန်ကြေညာလွှာ တင်ထားသူများနှင့် အခွန်မဆောင်၊ ၀င်ငွေခွန်ကြေညာလွှာပါ မတင်သည့် လုပ်ငန်းရှင်များ၏ လုပ်ငန်းများကို စတင်စစ်ဆေးနေ



UMFCCI အသင်းချုပ်တွင် ထိပ်ပိုင်းနေရာ တာဝန်ယူထားသည့် လုပ်ငန်းရှင်ကြီးအချို့ အပါအ၀င် လုပ်ငန်းရှုံး၍ အခွန်အပြည့်အ၀ မဆောင်နိုင်ကြောင်း အခွန်ကြေညာလွှာ တင်ထားသည့် လုပ်ငန်းရှင်များ နှင့် အခွန်အပြေအကြေ ပေးဆောင်မှု မရှိ၊ ပေးဆောင်နိုင်ခြင်း မရှိသည့်အကြောင်းကိုလည်း အခွန်ကြေညာလွှာ မတင်သော လုပ်ငန်းရှင်များ၏ လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်တွင်း အခွန်များဦးစီးဌာနမှ စတင်စစ်ဆေး နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဟာသအတိုအထွာလေးတွေပါ

ဆေးခန်းတစ်ခုတွင် ဖြစ်သည် ~~ 
ဆရာဝန် ။ ။ ခင်ဗျား ဘယ်လိုလဲ ကျွန်တော်ပေးလိုက်တဲ့ ဆေးအဆင်ပြေလား..
လူနာ။ ။ ဆရာပေးလိုက်တဲ့ ဆေး သုံးခွက်က တစ်ခွက်ပဲ သောက်ရသေးတယ် ပျောက်သွားတယ် ဗျာ..
ဆရာဝန်။ ။ ကဲ ကျွန်တော်မပြောဘူးလား ကျွန်တော့ ဆေးက စွမ်းပါတယ်ဆို အခုခင်ဗျားရောဂါ ပျောက်သွားပြီ ဟုတ်..
လူနာ။ ။ အာ ဘယ်ကလာ ဆရာပေးတဲ့ ဆေး တစ်ခွက်ပဲ သောက်ရသေးတယ် ကျန်တဲ့ နှစ်ခွက်က ပျောက်သွားတယ်လို့ ပြောတာ ဗျ .
ဆရာဝန် ။ ။ဗျာာာာာာာာ




ဟာသပုံလေးများ...

ကွန်ပျူတာသုံနေရင်းနဲ့ ဒီလိုဖြစ်ဖူးကြတယ်မလား





လုပ်ရဲရင်လုပ်ကြည့်ပေါ့





By ဟာသဓာတ်ပုံများ http://www.facebook.com/FUNNIESTPHOTOS

မြစ်ရေကြီးမှု အခြေအနေသတင်း


(၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၄)ရက် (၁၃း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ဟင်္သာတမြို့တွင် (၁၃၆၄)စင်တီမီတာသို့ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် (၂၂)စင်တီမီတာ (၀.၇-ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၃)ရက်အတွင်း (၇)စင်တီမီတာခန့် ဆက်လက်တက်လာနိုင်ပြီး၊ ယင်းမြို့၏ စိုးရိမ်ရေမှတ် (၁၃၄၂)စင်တီမီတာ အထက်တွင် 

ဆက်လက် တည်ရှိနိုင်ပါသည်။


စစ်တောင်းမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ မဒေါက်မြို့တွင် (၁၂၃၀)စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် (၁၆၀)စင်တီမီတာ (၅.၂ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် (၁၀၇၀)စင်တီမီတာ အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။


ရွှေကျင်မြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင် မြို့တွင် (၇၈၄)စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် (၈၄)စင်တီမီတာ (၂.၈-ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှနောက် (၄၈)နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် (၇၀၀)စင်တီမီတာအထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။


By The Voice Weekly

နေ့စဉ်မိုးလေ၀သသတင်း

(၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၅)ရက် နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ယနေ့ မြန်မာစံတော်ချိန်(၀၆း၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း တွင်ဖြစ်ပေါ်နေခဲ့သောလေဖိအားနည်းရပ်ဝန်းသည်ဆက်လက်တည်ရှိနေပါသည်။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအားအလွန်ကောင်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မ

န္တလေးတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင်နေရာကွက်ကျား၊ရှမ်းပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်

မြန်မာ လုပ်သားများ၏ ၂၀၁၅ အတွက် စင်ကာပူက ဒေါ်လာနှစ်သိန်း ကူညီမည်




 မြန်မာလုပ်သားများ၏ ၂၀၁၅ အရေးအတွက် စင်ကာပူက ဒေါ်လာနှစ်သိန်း အကုန်ခံကာ ကူညီမည်လာမည့် ၂၀၁၅ ကို ရင်ဆိုင်နိုင်ရေး အတွက် မြန်မာနိုင်ငံမှ လုပ်သားများ၏ ကျွမ်းကျင်မှု စံသတ်မှတ် ပြဋ္ဌာန်းရေးကို စင်ကာပူနိုင်ငံက ကူညီ  သွား မည်ဖြစ်ပြီး၊ မြန်မာ လုပ်သားများ အရည် အချင်း မြှင့်တင်ရေး မြန်မာ ဘက်က တောင်းဆို ထားသည်ဟု ၂၄-၇-၂၀၁၂ ရက်က သိရသည်။ လွတ်လပ်စွာ ကုန်သွယ်မှု ဧရိယာကာလအတွင်း မြန်မာလုပ်သားများ နောက်ကို မကျန်ခဲ့စေရေး ဦးတည်ကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ဆီကို ရင်းနှီးမြှုပ်နှံမှုတွေ လာမယ်၊ ကျွန်တော်တို့ဆီက တတ်ကျွမ်းနားလည်ထားတဲ့ လုပ်သားရင်းမြစ် နည်းတယ်၊ ဒီအတွက် ရည်ရွယ်ထားသလို ၂၀၁၅ ရဲ့ လွတ်လပ်စွာ ကုန်သွယ်မှုတွေနဲ့ ရင်ပေါင်တန်းနိုင်အောင် လုပ်သားရင်းမြစ် ကျွမ်းကျင်လက်မှတ်တို့ ရရှိစေဖို့ ပြင်ဆင်နေတာပါပဲ” ဟု အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ပြောကြားသည်။စင်ကာပူနိုင်ငံမှ Temasek နှင့် စင်ကာပူ ပိုလီတက်ကနစ်ကျောင်းမှ မြန်မာလုပ်သားများအတွက် ကူညီမည့် အစီအစဉ်အရ အမေရိကန်ဒေါ်လာ နှစ်သိန်းကို အကုန်အကျခံကာ Temasek က ဆောင်ရွက်ပေးရွက်ပေးမည် ဖြစ်ပြီး လာမည့် စက်တင်ဘာလ အတွင်းမှာပင် ယင်းကိစ္စနှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

By ရိုးရာလေး

ရခိုင်ပဋိပက္ခအရေး အထူးစုံစမ်းမှု လုပ်ရန် ကင်တာနာ ပြော






မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာဟာ လွန်ခဲ့တဲ့ လက ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအနေနဲ့ လွတ်လပ်တဲ့ အထူးစုံစမ်းစစ်ဆေးရေး အမြန်ဆုံး လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။

သူ့အနေနဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတဲ့ ကိစ္စတော်တော်များများ ကြားခဲ့ရပြီး အလွန်စိုးရိမ်မိတယ်လို့ သူက ထုတ်ဖော်ပြောဆိုလိုက်တာပါ။ တင်းမာမှုတွေနဲ့ အမုန်းတရားတွေ ကလည်း အလားအလာ မကောင်းနိုင်သေးဘူးလို့ သူက ဆိုပါတယ်။

အခုဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခဟာ ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်နေတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ လမ်းကြောင်းကို ထိခိုက်နစ်နာစေတယ်လို့ သူက ထောက်ပြခဲ့ပါသေးတယ်။

သူတွေ့ခဲ့ရ တဲ့ ဒုက္ခသည်တွေအတွက်လည်း စာနာကြောင်းကို အလေးအနက်ပြောခဲ့ပါသေးတယ်။

မြန်မာနိုင်ငံခရီးစဉ် အတွင်း အထူးသဖြင့် ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး မနေ့ ညနေ ၆ နာရီခွဲ က မြန်မာနိုင်ငံက အပြန် ရန်ကုန် လေဆိပ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။ သူဟာ မြန်မာနိုင်ငံကို ဇူလိုင်လ ၂၉ ရက်နေ့က ရောက်ခဲ့ပြီး ယမန်နေ့ သြဂုတ်လ ၄ ရက်နေ့ ညနေ က မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာအစိုးရက သူ့ကို ပူးပေါင်းဆောင်ရွက်တဲ့အတွက်လည်း သူက ကျေးဇူးတင်ကြောင်းပြောပါတယ်။ ဒီအပြင် ထိမ်းထိမ်းသိမ်းသိမ်း ကိုင်တွယ်နေတာကိုလည်း သူက အသိအမှတ်ပြုကြောင်း ပြောပါတယ်။

သူဟာ ခရီးစဉ်အတွင်းမှာ ရခိုင်ပြည်နယ်ကိုသွားရောက်ပြီး ဒုက္ခသည်တွေကိုလည်းတွေ့ဆုံခဲ့သလို ရခိုင်ပဋိပက္ခကြောင့် အစိုးရက ဖမ်းဆီးထားတဲ့ ကုလသမဂ္ဂနဲ့ NGO ၀န်ထမ်းတွေနဲ့ လည်း တွေ့ဆုံခဲ့ သလို၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လွှတ်တော်အမတ်တွေ၊ အစိုးရ တာဝန်ရှိသူတွေ စသဖြင့် တွေ့ခဲ့တာပါ။

အခု တခေါက် ကင်တာနာရဲ့ ခရီးစဉ်ဟာ ရခိုင် အရေး အလေးထားတဲ့ခရီးစဉ်လို့ ပြောလို့ ရပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ ချက်ချင်းခြွင်းချက်မဲ့ လွှတ်ဖို့ လိုကြောင်းလည်း ပြောပါတယ်။ သူ့ ခရီးစဉ်အတွင်း မှာ သေဒဏ်ကျခံနေရတဲ့ ကိုဖြိုးဝေအောင်ကို အစိုးရက ပြန်လွှတ်ပေးခဲ့ပါတယ်။



By Irrawaddy

လွှတ်တော်ကိုယ်စားလှယ်များ လုံခြုံ ရေးသတိရှိရန် လွှတ်တော်က သတိ ပေးပြောကြား



Yangon Media Group
============================== ==========
ဝေမာသိမ့်
========================================
လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် လုံခြုံရေးကိုအ ထူးဂရုပြုရန် အမျိုးသား လွှတ်တော် ဥက္ကဌ နှင့် ပြည်သူ့ လွှတ်တော်ဥက္ကဌ တို့ကလွှတ်တော်ကိုယ် စားလှယ်များ သို့ဇူလိုင်(၃၁) ရက်နေ့ က သတိပေး ပြောကြား ခဲ့ကြောင်းလွှတ်တော်ကိုယ် စားလှယ်များထံမှသည်။
အမျိုးသားလွှတ်တော် နှင့်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး(၁၈)ရက်မြောက်နေ့ တွင် အစည်းအဝေး အပြီးတွင်အထက် ပါအတိုင်း သတိပေးပြောကြားခဲ့ ခြင်း ဖြစ်သည်။

''လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့်လုံခြုံရေးနဲ့စည်း ကမ်းထိန်းသိမ်းကိုပါဝင်ရမှာဖြစ်ပါ တယ်။ လက်ရှိ အခြေအနေမှာ မိမိတို့ လွှတ်တော်နဲ့လွှတ်တော်ကိုယ်စား လှယ်များရဲ့လုံခြုံရေးအတွက်ပြန် လည်သုံး သပ်ပြီးတိုးမြှင့်ဆောင်ရွက်ရ မှာဖြစ်တဲ့အတွက် လွှတ်တော်ကိုယ် စားလှယ်များအနေဖြင့် သတိ အသိနဲ့ ပါဝင်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ကျွန် တော်အနေနဲတင်ပြပါတယ်''ဟုပြည် သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ကပြောကြားခဲ့သည်။

ထိုသို့ကိုယ်စားလှယ်လုံ ခြုံရေးနှင့်ပက်သက်၍ သတိပေးပြော ကြားသည့်အပေါ် ကိုယ်စားလှယ် များက ယခုဖြစ်ပွား နေသည့် ရိုဟင် ဂျာကိစ္စပေါ်အခြေခံ၍သတိပေးပြော ကြားခြင်းဖြစ်နိုင်ကြောင်း ဝေဖန်သုံး သပ်ကြ သည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် က''ကျွန်တော်တို့ အမျိုးသားလွှတ် တော်မှာလည်း လွှတ်တော်နဲ့ လွှတ် တော်ကိုယ်စားလှယ်တွေ အနေနဲ့လုံ ခြုံရေးကို အထူးဂရုစိုက်ဖို့ ဥက္ကဌက ပြောခဲ့ တယ်။ ကျွန်တော်တို့ထင်တာ တော့ ရိုဟင်ဂျာကိစ္စနဲ့ပက်သက်ပြီး လုံခြုရေးသတိပေး တယ်လို့ ယူဆ တာပဲ''ဟုဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားဦးမန်းမောင်မောင်ဉာဏ် က''လုံခြုံရေးသတိပေး တယ်ဆိုတာ ရခိုင်ပြည်နယ် မှာဖြစ်ပွားခဲ့တာ နဲ့ဆက် စပ်ပြီး ပြောတယ်လို့တော့ ထင်တယ်'' ဟုဆိုသည်။

''လွှတ်တော်မှာ လုံခြုံ ရေးတိုးမြှင့်မယ်လို့ပြောပြီး နောက် နေ့မှာ ကျွန်တော်တို့မီဒီယာသမား တွေဝင်တဲ့ဂိတ် (၁) မှာအရင်ကအရပ်ဝတ်တွေ နဲ့လုံခြုံရေးရှိတာ အဲ့ဒီနေ့ ကတော့ ယူနီဖောင်းဝတ် တွေပါချ ထားတယ်''ဟု လွှတ်တော်တွင် သ တင်းရယူလျှက်ရှိသည့် အမျိုးသား သတင်းထောက် တစ်ဦးက ဆိုသည်။

အဆိုပါအမျိုးသား လွှတ်တော်နှင့်ပြည်သူ့လွှတ်တော် အစည်းအဝေးများ တွင်ထိုသို့လုံခြုံရေးကို သတိ ပေးပြော ကြားခြင်း သည်ပထမဆုံးအ ကြိမ်ဖြစ်ပြီးရိုဟင်ဂျာအရေးနှင့်ပက် သက်သတင်းများ ထွက်ပေါ်ခဲ့ မှုအပေါ် လွှတ်တော်ကိုယ်စား လှယ်များ နှင်လွှတ်တော်လုံခြုံရေးအတွက် လွှတ်တော် ကိုယ်စား လှယ်များပါ ဝင်လျှက်လုံခြုံရေးတိုးမြှင့်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

တားဆီးတဲ့ လုံခြုံရေးဝန်ထမ်းတွေနဲ့ စကားပြောနေတဲ့ မင်းကိုနိုင်




ရန်ကုန်မြို့ မြေနီကုန်း Envoy ဂျာနယ်တိုက်ရှေ့

အခု ခင်ဗျားတို့ဟာ ဥပဒေချိုးဖေါက်နေတာ ဖြစ်တယ်။ စီတန်းလှည့်လည် ချင်တယ်ဆိုရင် ငါးရက်ကြိုပြီး ခွင့်ပြုချက် တင်ပါ ဆိုတဲ့ စမ်းချောင်းမြို့နယ် စခန်းမှူး နှင့် ဥပဒေမဲ့ လုပ်ရပ်ဖြစ်နေရင် သူတို့ ဂျာနယ်တိုက်ကို ထိခိုက်မှာ စိုးပါတယ် ဆိုတဲ့ Envoy ဂျာနယ် ထုတ်ဝေသူ ဇင်ယော်မောင်မောင်..
 


   



photo: Ko Marky 



By yeyintnge

မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၈-၂၀၁၂ - နံနက်ပိုင်း)

မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၈-၂၀၁၂ - နံနက်ပိုင်း) သတင်းများကိုအောက်ပါလင့်တွင်သွားရောက်
ဖတ်ရှုနိုင်ပါသည်။


သတင်းများဖတ်ရန် ဒီနေရာကိုနှိပ်ပါ။


By Dr.LunSwe

နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီး ထောင် အနှစ် ၄၀ ချခံရ

မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော မွတ်ဆလင်များ၏ အကြမ်းဖက်တိုက်ခိုက်မူ အပေါ် လက်ပိုက်ကြည့်နေခဲ့သော နယ်စပ်ဒေသ လူဝင်မူ စစ်ဆေးကွပ်ကဲရေး ဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကြီးကို ထောင်အနှစ် ၄၀ ချမှတ်လိုက်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက် အရ သတင်း ရရှိသည်။
သွေးလန့်တတ်သည်ဆိုသော ယခင် နစကမှူး ဗိုလ်မှူကြီး အောင်ကြီး (ဓါတ်ပုံ- နိရဉ္စရာ)

ယခုအခါ ဗိုလ်မှူးကြီး အောင်ကြီး ကို ထိုသို့ နှစ်ရှည် ထောင်ဒဏ် ချမှတ်လိုက်သဖြင့် ဇနီးဖြစ်သူမှာ အထူး ပူပင်သောက ရောက်နေကြောင်း သိရသည်။

“ ဟုတ်ပါတယ်။ သူ့မိန်းမ ဒေါ်လတ်လတ်သိန်းက ဗိုလ်မှူးကြီး အောင်ကြီးကို ထောင် နှစ် ၄၀ ချလိုက်တယ်လို့ ပြောတာပါ။ အခု ဒေါ်လတ်လတ်သိန်းက အရမ်းပူပင်သောက ရောက်နေပါတယ်။ သူမယောင်္ကျား မွတ်ဆလင် တွေဆီက ပိုက်ဆံ တစ်ပြားမှ မစားခဲ့ဘူးဆိုပြီး ပြောနေပါတယ်” ဟု ဒေါ်လတ်လတ်သိန်းကို ကိုးကားပြီး အမည် မဖေါ်လိုသူ တစ်ဦးက နိရဉ္စရာကို ပြောသည်။

ယခုအခါ ဗိုလ်မှူးကြီး အောင်ကြီး ဇနီးဖြစ်သူ ဒေါ်လတ်လတ်သိန်းမှာ ရန်ကုန်ကို ရောက်ရှိနေကြောင်း သူက ဆိုသည်။

ဗိုလ်မှူးကြီးအောင်ကြီးအား ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနှင့် အဖွဲ့ ဇူလိုင်လ ၇ ရက်နေ့က မောင်တောမြို့ကို လာရောက် လည်ပတ်ပြီး အပြန်တွင် ရာထူးချကာ စစ်တွေသို့ ခေါ်ယူသွားပြီး၊ စစ်တွေမှ တဆင့် နေပြည်တော်သို့ ခေါ်ယူခဲ့ကြောင်း သိရသည်။

“ အခု သူ့ကို ထောင်ချလိုက်တာက နေပြည်တော်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ သူ့ကို စရဖ အဖွဲ့က တော်တော် ပြင်းပြင်းထန်ထန် စစ်ဆေး မေးမြန်းခဲ့တယ်လို့ ပြောပါတယ်” ဟု သူက ဆိုသည်။

ဒေါ်လတ်လတ်သိန်း အပြောအရ ဗိုလ်မှူးကြီးအောင်ကြီးမှာ သွေးကို လန့်တတ်သူ ဖြစ်သဖြင့် ဆန္ဒပြသူ ဘင်္ဂလီမွတ်ဆလင် များအား ပစ်မိန့် မပေးခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။

“ သူမရဲ့ယောင်္ကျားက သွေးကို အရမ်းကြောက်တယ်လို့ ပြောပါတယ်။ ဆန္ဒပြသူတွေကို ပစ်မိန့်ပေးရင် သွေးတွေကို မြင်ရမယ်။ လူတွေ သေမယ်။ ဒါကြောင့် ပစ်မိန့်မပေးတာလို့ ပြောပါတယ်။ ပိုက်ဆံတွေ ယူပြီး ပစ်မိန့် မပေးတာ မဟုတ်ဘူးလို့ ဒေါ်လတ်လတ်သိန်းက ပြောပါတယ်” ဟု ဆက်ပြောသည်။

မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူတွင် ဗိုလ်မှူးကြီး အောင်ကြီး သည် လာဒ်ငွေ အမြောက်အများ ယူပြီး အလိုတူ အလိုပါ ပူးပေါင်းကြံစည်ခဲ့သူ အဖြစ် အများ ပြည်သူများက စွပ်စွဲထားကြသည်။

ဆူပူ အကြမ်းဖက်သူ မွတ်ဆလင် လူအုပ်သည် ရခိုင်အမျိုးသားများနေထိုင်သော အိမ်များကို စတင်တိုက်ခိုက်စဉ် ဗိုလ်မှူကြီး အောင်ကြီးမှာ အခြံအရံများဖြင့် ရောက်ရှိလာရာ ဆန္ဒပြ ဆူပူ အကြမ်းဖက်သူများက လက်ခုပ်လက်ဝါးတီးကာ သြဘာပေးခဲ့ကြသည်ဟု အနီးအနားရှိ မျက်မြင်များက ပြောသည်။

၎င်းနောက် သူ့၏ ရှေ့တွင် ပင် အကြမ်းဖက်သူများသည် ရခိုင်အမျိုးသားများ ပိုင်ဆိုင်သော အိမ်များ၊ ဈေးဆိုင်များကို မီးရှို့ပြီး လူများကို သတ်ဖြတ်မူများ ကျူးလွန်ခဲ့ကြသည်ဟု ဆိုသည်။ သို့သော်လည်း ဗိုလ်မှူးကြီး အောင်ကြီးသည် တစ်စုံတစ်ရာ ဟန့်တာခြင်း မရှိဘဲ အနီးအနားရှိ ဆေးရုံထဲသို့ ဆုတ်သွားကာ အဆိုပါ ဆေးရုံဝင်းထဲမှ နေပြီး ဆူပူ အကြမ်းဖက်သူများ၏ ကျူးလွန်နေမူများကို ရပ်ကြည့်နေခဲ့သည်ဟု ဆိုသည်။

ဗိုလ်မှူးကြီးအောင်ကြီးမှ ပစ်မိန့် မပေးသဖြင့် ဆူပူ အကြမ်းဖက်သူများသည် နစက စခန်းအနီးရှိ ကျေးရွာများကို သာမက မောင်တောမြို့ပေါ်ရှိ ရခိုင်အိမ်များ၊ နစက ကင်းစခန်းမျာ ချထားသော ကျေးရွာများကိုပါ တစ်ရွာပြီး တစ်ရွာ ၀င်ရောက် မီးရှို့သွားခဲ့ဟု ဆိုသည်။ သို့အတွက် အိမ်ခြေပေါင်း ၅၀၀ ကျော် မီးရှို့ခံရကာ လူပေါင်း သောင်းချီ၍ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြရသည်။

ဗိုလ်မှူးကြီးအောင်ကြီးအား  ထောင် အနှစ် (၄၀) ချလိုက်သည်ဟု အပြင်တွင် သတင်းများ ထွက်နေသော်လည်း အစိုးရပိုင်းမှ ယခု အချိန်ထိ တစ်စုံတစ်ရာ တရားဝင် ထုတ်ပြန်သေးခြင်း မရှိသေးပါ။

နိရဉ္စရာ သတင်းဌာန



By သစ်ထူးလွင်

ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်

(Photo: NLD)
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ရန်ကုန်မြို့  
ကမာရွတ်မြို့နယ်မှာ ရှိတဲ့ မြန်မာနိုင်ငံ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ သာသနာ့
 ရိပ်သာကို ဒီကနေ့ သွားရောက်ပြီး ငြိမ်းချမ်ရေးနဲ့ ပြန်လည် သင့်မြတ်ရေး
ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။ 

အဲဒီအခမ်းအနားဟာ မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသတွေမှာ လိုအပ်နေတဲ့
ငြိမ်းချမ်းရေး ကိစ္စတွေမှာ ခရစ်ယာန် အသင်းအဖွဲ့တွေ အနေနဲ့ ဘယ်လို
အခန်းကနေ ကူညီပါဝင် ဆောင်ရွက်နိုင်မလဲ ဆိုတာတွေကို အဖြေရှာ
ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် လူတိုင်းက ၀ိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်တယ်လို့ ဆွေးနွေးပွဲအပြီးမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောကြားခဲ့ပါတယ်။

"ဘယ်ကောင်စီမဆိုပေါ့နော်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကြိုးစားတယ်
ဆိုလို့ ရှိရင်တော့ အန်တီတို့ကတော့ ကျေးဇူးတင်တာပဲ။ လူတိုင်းက
အားလုံး ၀ိုင်းပြီးတော့ ကြိုးစားပေးရမယ်လို့ ယုံကြည်လို့ပါ။"

အခမ်းအနားကို ကမ္ဘာ့ ခရစ်ယာန် အသင်းတော်များ ကောင်စီ၊ အာရှ
ခရစ်ယာန် အသင်းတော်များ ကောင်စီနဲ့ မြန်မာနိုင်ငံ ခရစ်ယာန်
အသင်းတော်များ ကောင်စီတို့ ပူးပေါင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။

RFA Burmese



By သစ်ထူးလွင်