Sunday 5 August 2012

ကျောက်တော်တွင် ဘင်္ဂလီမူဆလင်များ ထပ်မံအကြမ်းဖက်

 Kyauk Tawယနေ့ ညနေ ၄နာရီခန့်တွင်
 ကျောက်တော်မြို့မှ ဘု
ရားပေါင်းနှင့် ငတပေါင်းကျေး
ရွာများသို့ အပြန်လမ်းတွင်
 ဒေသခံများအား ကျောက်
တော်မြို့ ပိုက်သယ်ရပ်ကွက်မှ 
ဘင်္ဂလီမူဆလင်များ အကြမ်း
ဖက်တိုက်ခိုက်ခဲ့ကြောင်း 
သတင်းရရှိသည်။
ကျောက်တော်မြို့နယ် ဘုရားပေါင်းကျေးရွာနှင့် ငတပေါင်းကျေးရွာမှ ဒေသခံများ ကျောက်တော်
မြို့သို့ ဈေးလာဝယ်ပြီး အပြန်လမ်းတွင် ပိုက်သယ်ရပ်ကွက်မှ ဘင်္ဂလီမူဆလင် ၆၀ကျော်ခန့် ဓါး၊
 ဒုတ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
" ဘုရားပေါင်းကျေးရွာနဲ့ ငတပေါင်းရွာကလူတွေ ကျောက်တော်မြို့ဈေးမှာ ဈေးဝယ်ပြီး သူတို့
ရွာကို သုံးဘီးဆိုင်ကယ်တွေနဲ့ ပြန်ကြတာ၊ ပိုက်သယ်ရွာရှေ့ကိုရောက်တော့ ရွာက ဘင်္ဂလီမူ
ဆလင်တွေက ထွက်လာပြီး ဓါးတွေ၊ ဒုတ်တွေနဲ့ လိုက်ခုတ်ကြပါတယ်။ လိုက်ခုတ်ကြတော့ 
သုံးဘီးဆိုင်ကယ်တွေက ကျောက်တော်မြို့ထဲကို ပြန်လှည့်ပြီး ပြေးလာကြတယ်။ သုံးဘီးဆိုင်
ကယ်သမားတစ်ဦး ပေါင်မှာဓါးဒဏ်ရာရသွားလို့ ခုဆေးရုံပို့ထားတယ်။ နောက်တစ်ခြားလူ
တွေတော့ ဒဏ်ရာအထွေအထူးရရှိထားတာ မရှိပါဘူး။ ဒါပေမယ့် သူတို့ပြန်ဖို့ကို အလွန်စိုး
ရိမ်ကြောက်လန့်နေကြပါတယ်။ " ဟု ကျောက်တော်မြို့ဈေးဆိုင်ပိုင်ရှင် ကိုကျော်ခင်မှ ပြော
သည်။
စစ်တပ်မှ ကျောက်တော်မြို့၊ ဂစ္စပနဒီ တံတားနှင့် ၄င်းဘင်္ဂမူဆလင် ပိုက်သယ်ရပ်ကွက်များ
တွင် လုံခြုံရေးယူထားပြီး ပိုက်သယ်ရပ်ကွက်များထဲသို့ အကြမ်းဖက်သွားသူများအား ၀င်ရောက်
စုံစမ်း နေကြောင်းသိရှိရသည်။
ယင်းသို့အကြမ်းဖက်ပြီးနောက် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတွင်လည်း ဘင်္ဂလီ
မူဆလင်တစ်ဦး မိမိအိမ်ကို မိမိ မီးရှို့ထွက်ပြေးသွားသဖြင့် ဒေသခံများ အလျင်မြန် မီးငြိမ်း
သတ်လိုက်နိုင်၍ ၄င်းဘင်္ဂလီမူဆလင် အိမ်တစ်အိမ်တည်းသာ မီးလောင်ကျွမ်းသွားကြောင်း 
သိရှိရသည်။
ကျောက်တော်မြို့နယ်မှ ၁၄မိုင်ခန့် ကွာဝေးသော ကျောက်တော်အောက်ပိုင်း ဂုတ်ပီထောက်ကျေး
ရွာတွင် ဘင်္ဂလီမူဆလင်များ မိမိအိမ်ကို မိမိ မီးတိုက်ထွက်ပြေးသောကြောင့် အိမ်ခြေ ၇၀ခန့်မီး
လောင်ကျွမ်းသွားကြောင်း သိရှိရသည်။
" ကျွန်တော်တို့ကျေးရွာက ဘင်္ဂလီမူဆလင်တွေနဲ့ ရခိုင်တွေရောပြီး နေထိုင်ကြတာပါ။ အဲဒီတော့
 သူတို့က ရခိုင်အိမ်တွေကိုမီးရှို့ချင်တာနဲ့ သူတို့အိမ်တွေ သူတို့မီးရှို့ပြီး ထွက်ပြေးကြတယ်။ 
ခုကျောက်တော်က စစ်တပ်နဲ့ တာဝန်ရှိသူတွေ စက်လှေနဲ့ လိုက်သွားကြပါတယ်။ ဘင်္ဂလီမူဆလင်နဲ့ 
ရခိုင်အိမ်စုစုပေါင်း ၇၀ကျော်လောက် မီးလောင်သွားတယ်လို့ ကြားရပါတယ် " ဟု ကျောက်တော်မြို
သို့ရောက်ရှိနေသော ဂုတ်ပီထောက်ကျေးရွာသား ကိုအစိုးမောင်က ပြောသည်။
ကျောက်တော်မြို့နယ်အတွင်းရှိသော ဘင်္ဂလီမူဆလင်များထပ်မံပြီး အကြမ်းဖက်လာမည်ကို
 ကျောက်တော်ဒေသခံများ အလွန်စိုးရိမ်နေကြကြောင်း သိရှိရသည်။

By Arakan Times

No comments:

Post a Comment