Sunday 5 August 2012

ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်ကို လေးခွနှင့်ပစ်၍ထောင်ကျသည့်ကိစ္စနောက်ကွယ်တွင် ရွာသားများ မကျေမနပ်ဖြစ်နေကြ

သြဂုတ် ၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျောက္ကလပ်ကျေးရွာအုပ်စု ပြည်ခိုင် ဖြိုးပါတီဆိုင်းဘုတ်ကို မူးယစ် သောက်စား လေးခွနှင့်ပစ်၍ ထောင်ခုရက်ကျခံရသူမှာ ရပ်ရွာမှ ကြင်နာသနားခံရသူ အိမ်ယာမဲ့တစ် ဦးဖြစ်ရာ အမှုကိစ္စအတွက် ၀ိုင်းဝန်း ထောက်ပံ့ငွေလည်းကုန် ထောင် ဒဏ်လည်းကျခံရသဖြင့် မကျေမနပ် ဖြစ်နေကြကြောင်းသိရသည်။



ပေရှစ်ဆယ်ကျေးရွာနေ ခင် မောင်ဦး (၄၂ နှစ်) သည် ဇူလိုင် ၁၉ ရက် ညနေက မူးယစ်သောက် စားပြီး ကျောက္ကလပ်ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ဗီနိုင်းဆိုင်းဘုတ်ကို လေးခွနှင့်ပစ်သဖြင့် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာအုပ်စု စည်းရုံးရေးမှူး၏ သ တင်းပေးပို့ချက်အရ သိမ်ဇရပ်ရဲစ ခန်းက ရဲအက်ဥပဒေပုဒ်မ ၄၇ နှင့် အရေးယူပြီး ကျိုက်ထိုမြို့နယ်တရား ရုံးတွင် တရားစွဲဆိုခဲ့ရာ ထောင်ဒဏ် ခုနစ်ရက်ပြစ်ဒဏ်ကျခံခဲ့ရသည်။ (မြန်မာပို့စ်ဂျာနယ် အတွဲ-၄၊ အမှတ် ၄၇ တွင် သတင်းဖော်ပြပြီး) ခင် မောင်ဦးသည် အိမ်ယာမဲ့တစ်ဦးဖြစ် ကာ ကိုယ်ရေးကိုယ်တာနာကျည်းခံ စားချက်များကြောင့် အရက်ကျေး ကျွန်ဖြစ်ပြီး စိတ်နေစိတ်ထားပုံမှန်မ ရှိသော်လည်း ရမ်းကားတတ်သူတစ် ဦးမဟုတ်သည့်အပြင် ရပ်ရွာတွင်လူ မှုရေးကိစ်္စများ၌ အားတက်သရော ပါဝင်ကူညီတတ်သူဖြစ်သဖြင့် တစ် ရွာလုံးက သနားကြင်နာခြင်းခံရသူ ဖြစ်သည်။ ခင်မောင်ဦးသည် အိမ် ယာမဲ့ဖြစ်သည့်အလျောက် နေ့ဘက် တွင် ကြုံရာကျပန်းအလုပ်လုပ်ပြီး ည ဘက်တွင် ပြည်ခိုင်ဖြိုးပါတီရုံးရှေ့ လိပ်သည်းကျောက်ကွင်းမှ တဲတစ် လုံးတွင် ဖြစ်သလိုအိပ်ရသူဖြစ် ကြောင်း ရွာသားများကပြောသည်။
ထောင်မှလွတ်လာသော ခင် မောင်ဦးက “အဲဒီနေ့က အလှူမှာ သွားဝိုင်းလုပ်လို့ပြီးသွားတော့ အ ရက်သောက်တယ်။လေးခွတစ်လက် တွေ့လို့ယူခဲ့တယ်။ တဲရှေ့မှာထိုင်ပြီး တွေ့ကရာကိုစမ်းပစ်ကြည့်တာပါ။ အဲဒါဆိုင်းဘုတ်ကိုထိတယ်ဆိုပြီးဖမ်း တယ်။ တရားသူကြီးမေးတော့လည်း လေးခွပစ်တယ်ပြောလိုက်တယ်။ သ ထုံထောင်ကိုပို့ကြတယ်။ လေးငါး ရက်နေရတယ်။ပြန်လွှတ်လိုက်တော့ ပိုက်ဆံလည်းတစ်ပြားမှမရှိတော့ လမ်းဘေးကွမ်းယာဆိုင်မှာ ညအိပ်ပြီးနောက်နေ့လမ်းလျှောက်ပြန်ခဲ့ တယ်။ ကားတစ်စီးတားပြီး အကျိုး အကြောင်းပြောပြတော့ ဒီအ ရောက်တင်ခေါ်ခဲ့လို့ ပြန်ရောက်လာ တယ်” ဟု မြန်မာပို့စ်သို့ပြောသည်။ သထုံနှင့်ပေရှစ်ဆယ်ရွာမှာ မိုင် ၆၀ ခန့်ဝေးသည်။ ခင်မောင်ဦး၏အမှု လိုက်ပါဆောင်ရွက်ပေးသူရွာသား တစ်ဦးက
“ခင်မောင်ဦးအဖမ်းခံရတယ်ဆို တော့ တစ်ရွာလုံးက စိတ်မကောင်း ကြဘူး။ ဆိုင်းဘုတ်ကို တမင်ပစ်တာ တော့ဟုတ်ဟန်မတူပါဘူး။ သူက အချိန်ပြည့်အရက်မူးပြီး ဦးနှောက်မ မှန်တာကလွဲလို့ ရမ်းကားသူမဟုတ် ဘူး။ လူမှုရေးကိစ်္စတွေဆိုလည်း အ မြဲပါတယ်။ ရွာလယ်ကလမ်းကို သူ့ တစ်ယောက်တည်းလုပ်အားနဲ့ပြင် တယ်။ အချိန်မရွေးမေးကြည့်လို့ရပါ တယ်။ ခင်မောင်ဦးဒီလိုဖြစ်တော့ တစ်ရွာလုံးကသနားပြီး လွတ်ရာ လွတ်ကြောင်းအတွက် ၀ိုင်းဝန်း ထောက်ပံ့ကြတာ ငွေငါးသောင်း ကျော်ရတယ်။ သိမ်ဇရပ်မှာ အမှုပြီး အောင်လုပ်လို့မရဘူး။ ကျိုက်ထို ရောက်မှ ဆရာသမားကိုသုံးသောင်း ခွဲပေးလိုက်ရတယ်။ (၀န်ထမ်းမဟုတ် သော ထိုဆရာသမား၏အမည်ကို မြန်မာပို့စ်သို့ပြောပြ) ဒီလိုပေးလိုက်ရ ပြီး ထောင်ခုနစ်ရက်ကျသွားတော့ ကျွန်တော်တို့တင်မဟုတ်ဘူး။ တစ် ရွာလုံးကစိတ်မကောင်းဘူး။ မကျေ နပ်ဘူး။ ဒီကိစ္စတာဝန်ရှိတဲ့သူတွေ မေးရင် ရဲရဲဝံ့ဝံ့ထွက်ဆိုဖို့အဆင်သင့် ပါပဲ။ ကျွန်တော်တို့မှာကျန်တဲ့ငွေနဲ့ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်ပြန်ပြင် ပေးဖို့ရှိပါတယ်။တစ်သောင်းလောက်ကျမယ်လို့ပြောပါတယ်” ဟုပြော သည်။
ခင်မောင်ဦးအမှုအား ရဲအက်ဥ ပဒေဖြင့်စွဲဆိုခဲ့သည့်အပြင် အကျိုး ဖျက်ဆီးမှုအတွက် ဦးတိုက်စွဲဆိုခဲ့ပြီး မှ စည်းရုံးရေးမှူးက ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။ (မြန်မာပို့စ်၌ဖော်ပြပြီး)
သိမ်ဇရပ်ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက “ခင်မောင်ဦးပုံစံကိုကြည့် ပြီးကျွန်တော်တို့လည်းမလုပ်ချင်ဘူး။ ဒါပေမဲ့လည်း ဖုန်းဆက်တိုင်ထား တာဆိုတော့ မလုပ်လို့လည်းမဖြစ် ပြန်ဘူး။ ဒီအမှုမှာ ရဲကတရားလိုဆို ပေမယ့် ဖုန်းဆက်တိုင်တာက ပါတီ စည်းရုံးရေးမှူးဆိုတော့ ကိုယ့်ဘက် က လုပ်ငန်းကုန်အောင်လုပ်လိုက်ရ တာပါပဲ။ တရားရုံးနောက်မှရှင်းပေါ့”” ဟုပြောသည်။
ပါတီနိုင်ငံရေးစိတ်ဝင်စားသူတစ် ဦးက “ကျူးလွန်ခဲ့တဲ့သူရဲ့အခြေအ နေလည်းသိတယ်။ နောက်ကွယ်က ကြိုးကိုင်စေခိုင်းတဲ့ လူပုဂ်္ဂိုလ်အဖွဲ့အ စည်းမရှိဘူးဆိုရင် ချင့်ချင့်ချိန်ချိန် လုပ်သင့်တယ်။ အခုရွာကလူတွေမ ကျေနပ်ကြတာက ငွေသုံးသောင်းခွဲ အကုန်ခံပြီး ခင်မောင်ဦးကိုထောင် ချသလိုဖြစ်နေတယ်။ တစ်ယောက် ကိုပေးလိုက်တော့ သုံးသောင်းခွဲ၊ နောက်တစ်ယောက်လက်ထဲရောက် တော့ နှစ်သောင်းလို့သိရတယ်။ အဲ ဒီနှစ်သောင်းကလည်း ခေါ်သွားတဲ့ သက်သေတွေအတွက် စားစရိတ်၊ လမ်းစရိတ်ပေးရလိုက်တယ်ပြော တယ်။ အခု ခင်မောင်ဦးကိုချတဲ့ပြစ် ဒဏ်က ရဲပုဒ်မ ၄၇ အတွင်အမြင့် ဆုံးပဲ။ ဒါဆိုတစ်ပြားမှအကုန်မခံရင် ကောဘာဖြစ်မလဲ မေးစရာရှိလာ တယ်။ နားလည်ထားသလောက် တော့ ရွာကခင်မောင်ဦးအတွက် ထည့်ဝင်ငွေဟာ သက်သာရာ သက် သာကြောင်းအတွက်လို့ပဲထင်တယ်။ အောက်ခြေအဆင့်တွေမှာ ဒီလိုမ ဖြစ်သင့်တာတွေဖြစ်ပြီး ပါတီစည်းရုံး ရေးထိခိုက်တာမျိုးကျတော့မဖြစ်သင့် ဘူး””ဟုပြောသည်။

ဗညားသွေး





By The Myanmar Post News Journal

No comments:

Post a Comment