Sunday 5 August 2012

ဟံလင်းကျေးရွာမှလယ်မရှိဘဲ စိုက်ပျိုးစရိတ်ထုတ်ပေး

၃၀-၇-၂၀၁၂ နေ့က စစ် ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ် ဟံလင်းကျေး ရွာတွင် မိုးရွာသီစိုက်ပျိုးထုတ် စရိတ်ထုတ်ချေးရာ၌ နိုင်ငံတော်မှ သတ်မှတ်ထားသည့် လယ်တစ် ဧကလျှင် ငွေကျပ်(၅၀၀၀၀)နှုန်း ထုတ်ချေးနေကြောင်း နေပြည် တော်ပိတောက်မြေ အသံလွှင့် ဌာနမှလည်းကောင်း၊ နိုင်ငံပိုင် သတင်းစာများမှလည်းကောင်း၊ ထုတ်လွှင့်ရေးသားသော်လည်း ဟံလင်းစံပြကျေးရွာတွင်
ငွေထုတ် ချေးပုံမှာ ထိုသို့မဟုတ်ကြောင်း၊   လယ်သမားများ အမှန်တကယ်ရှိ သည့် မြေဧကအတိုင်း ငွေထုတ် မချေးဘဲ အုပ်ချုပ်ရေးမှူး၊ ဘဏ် ကော်မတီရာအိမ်မှူး အပါအ၀င် (၂၁)ဦးသည် ဆည်ရေ၀င် ၉ဧက ရှိသူကို ငွေကျပ်တစ်သိန်းနှစ် သောင်း၊ မိုးကောင်း ၂ဧကနှင့် ယာ(၁)ဧကရှိသူကို ငွေကျပ်လေး သိန်း၊ လယ်ယာမြေလုံးဝမရှိသူကို ငွေကျပ် သုံးသိန်းခွဲ၊ ထုတ်ချေးနေ ကြောင်း သိရသည်။
ထိုသို့ဖြစ်နေသည်ကို လယ် သမားများကစုံစမ်းကြည့်ရာလယ် မြေလုံးဝမရှိသူများနှင့် လယ်ယာ မြေဧကနည်းပြီး စိုက်ပျိုးစရိတ် များစွာ ရရှိသူများမှာ အုပ်ချုပ် ရေးမှူး၊ ရာအိမ်မှူးများနှင့် နီးစပ် သူများဖြစ်ကြောင်း မိုးရွာသီစိုက် ပျိုးရန် ဓာတ်မြေသြဇာထုတ်ပေး သောာအခါတွင်လည်း လယ်မြေ မရှိသူကို ဓာတ်မြေသြဇာအိတ် များစွာရကြောင်း၊ ဟံလင်းစံပြ ကျေးရွာတွင် လယ်စိုက်သူ ၉၀၀ ခန့်ရှိသည့်အနက် တစ်ဝက်ခန့်က လုံးဝမကျေနပ်ကြကြောင်း၊ မည် သူ့ကိုမှလည်း မတိုင်ရဲကြကြောင်း သိရသည်။
““နိုင်ငံတော် သမ္မတနဲ့ လွှတ် တော်ဥက္ကဋ္ဌတို့က Rule of Lawဟု တဖွဖွပြောကြားထားတဲ့ကြား က အခုလို အကျင့်ပျက်တာတွေ ရှိနေတာကို သိစေချင်ပါတယ်။ တကယ်လယ်လုပ်စားတဲ့လယ်သ မားတွေဟာ ပင်ပန်းဆင်းရဲကြပါ တယ်။ ယခုနှစ်မေလ(၁၁)ရက်နေ့ က သမ္မတကြီးက အခုကောင်း မွန်တဲ့မူတွေချပေးထားပါတယ်။ မူတွေကောင်းသော်လည်းလူတွေ မကောင်းရင် မအောင်မြင်ဘူးလို့ အတိအလင်း လမ်းညွှန်မိန့်ထား ပြီး ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ရွာကို အာဏာပိုင် အဖွဲ့အစည်းများ ဆင်းပြီး မျှ မျှတတဖြစ်အောင် ဆောင်ရွက် ထားစေချင်ပါတယ်””ဟု ဟံလင်း စံပြကျေးရွာသားတစ်ဦးက ပြော သည်။


By Hot News Weekly


No comments:

Post a Comment