Sunday 5 August 2012

ဆင်ဆာအဖွဲ့ကို သေနတ်ပေးမကိုင်နဲ့


The Nation News Journal အတွဲ ၁၊ အမှတ် ၁၈ မျက်နှာဖုံးအား
စာပေစိစစ်ရေးသို့တင်ပြီး ပြန်ကျလာသော မျက်နှာဖုံး။

ကမ္ဘာလဆန်းတရက်နေ့မှာ ဖျက်မယ် ဆိုတဲ့ စာပေစိစစ်ရေးအဖွဲ့ရဲ့ လက်ရာကြမ်း အွန်လိုင်းကို ရောက်လာပါတယ်။



ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းမထူနိုင်အောင် လုပ်ချင်နေပုံရပါတယ်။ စိစစ်ရေးက ဆင်ဆာဖြတ်တာပဲ လုပ်နိုင်ခွင့်ရလို့ တော်သေးတာပေါ့။ ဒါထက်ပိုပေးလိုက်ရင် ဒီဆရာ ဆရာမတွေက ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ပြန်ချဖွယ် ရှိတယ်။



သတင်းလွတ်လပ်ခွင့်ရရှိရေးအတွက် ပြည်တွင်းသတင်းသမားများ လက်မှတ်စုဆောင်းရေးထိုးသည့် လှုပ်ရှားမှု စတင် ဆိုတဲ့ ခေါင်းစဉ်ရော ဓာတ်ပုံပါ ကျေးဇူးရှင်တွေက ဖြတ်သဗျ။

လွတ်လပ်ခွင့်တော့ မပေးနိုင်ဘူး ဆိုတဲ့သဘောပေါ့။

ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ကြီး ဦးအောင်သိန်းလင်းသတင်းလည်း ဖြတ်တာပဲ။

စာပေစိစစ်ရေး အဖြတ်ကြမ်းတယ် ဆိုတာ ဒီပုံတကွက်နဲ့ သိသာ ထင်ရှားနေပြီမဟုတ်လား။

အတော် ကြမ်းတမ်းတဲ့သူတွေပဲ။ သူတပါး တပင်တပမ်း ရေးထားတဲ့စာ ရိုက်ထားတဲ့ဓာတ်ပုံတွေကို ဘောပင်လေးနဲ့ ခြစ်ထည့်လိုက်တာနဲ့ အစီအစဉ်တွေ ပျက်ကရော။

စိစစ်ရေးဌာန တင်းကျပ်မှုအောက်မှာ ဂျာနယ်တွေ ရပ်တည်ရတာ မလွယ်ပါလား။

တော်သေးတာပေါ့ သူတို့လက်ထဲ ဘောပင်ပဲ ရှိလို့၊ သေနတ်သာ ရှိလို့ကတော့ ဂျာနယ်လစ်တွေ အပစ်ခံမယ် ထင်ပါရဲ့။

စိစစ်ရေးက လက်ရဲဇက်ရဲ ဦးဦးဒေါ်ဒေါ်တွေကို သေနတ်ပေးမကိုင်ပါနဲ့ သမတဦးသိန်းစိန်ခင်ဗျား။



By Irrawaddy

No comments:

Post a Comment