Sunday 5 August 2012

မရင်းချောင်းရေလျှံမှုကြောင့် စိုက်ပျိုးပြီးလယ်ဧက ၂၀၀ ကျော်ရေနစ်မြုပ်ဆုံးရှုံး


သြဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ လေး မျက်နှာမြို့နယ် အိုင်သပြုအုပ်စု မ ယင်းချောင်းရေလျှံမှုဖြစ်ပွားပြီး စိုက် ပျိုးလယ်ဧက ၂၀၀ ၀န်းကျင်ရေနစ် မြုပ်ဆုံးရှုံးခဲ့ရကြောင်းသိရသည်
အဆိုပါချောင်းနှင့် ဆက်စပ် လျက်ရှိသော သိမ်ကုန်းအုပ်စု၊ ကြက် ကုန်းအုပ်စု၊ ညောင်ဝိုင်းအုပ်စု၊ အိုင် သပြုအုပ်စု၊ ၀န်းကျင်လယ်မြေများ မှ စိုက်ပျိုးလယ်ဧကများ ၂၀၀ ကျော် ရေနစ်မြုပ်ဆုံးရှုံးခဲ့ကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။ 
“လယ်တွေစိုက်ပြီးရုံရှိသေး တယ်၊ လယ်တွေရေမြုပ်သွားတော့ နောက်တစ်ကြိမ်ပြန်စိုက်ဖို့ အရင်း အနှီးထပ်ရှာရတာပေါ့ဗျာ။ ဒုက္ခတွေကတော့ အမျိုးမျိုးရှိနေတယ်။ မနှစ်ကဆို ဒီထက်ပိုဆိုးတယ်ဗျာ။ ပထမတစ်ကြိမ်စိုက်တယ်။ ရေမြုပ်တယ်၊ ဒုတိယအကြိမ်စိုက်တယ် ထပ်မြုပ်ပြန်တယ်ဗျာ အဲဒီတော့ ကျွန်တော်တို့ကို သက်ဆိုင်ရာတာ ၀န်ရှိသူတွေအနေနဲ့ မည်သို့ဆောင် ရွက်ပေးသင့်တယ်ဆိုတာစဉ်းစား ဆောင်ရွက်ပေးစေလိုပါတယ်”ဟု ဒေသခံတောင်သူတစ်ဦးဖြစ်သူ ကို ၀င်းခိုင်စိုးကပြောသည်။

သန့်ဇင်ထွဋ် (ဟင်္သာတ)





By The Myanmar Post News Journal

No comments:

Post a Comment