ဟိုတယ်နှင့် ခရီးသွားလုပ် ငန်းဝန်ကြီးဌာန၏ အဆိုအရ ဗီယက်နမ်ပြင်သစ်နှင့် အိန္ဒိယတို့ သည် မြန်မာ့ဟိုတယ် လုပ်ငန်း တွင် ရင်းနှီးမြှုပ်နှံရန်အတွက် အာ ရုံကျနေကြောင်း ဆိုသည်။
ဒီမိုကရေစီ ပွင့်လင်းမြင်သာ မှု ရှိလာသဖြင့် မြန်မာနိုင်ငံသို့ နိုင်ငံခြား ဧည့်သည်များ အ၀င် များလာရာ မြန်မာ့ဟိုတယ်လုပ်
ငန်းတွင် အခန်းလိုအပ်ချက်များ မြင့်တက်နေကြောင်း
သိရသည်။ ဗီယက်နမ်မှHAG & Landကုမ္ပဏီက ကန်ဒေါ်လာ သန်း ၃၀၀ ဖိုးရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိနေ ပြီး၊ အိန္ဒိယမှ Hotel & Resortsကလည်း သန်းရာနှင့်ချီရင်းနှီးမြှုပ် နှံရန်အတွက် သက်ဆိုင်ရာနှင့် ညှိ နှိုင်းတော့မည်ဖြစ်သည်။
၎င်းအပြင် နိုင်ငံပေါင်း ၉၂ နိုင်ငံတွင် ဟိုတယ်လုပ်ငန်းဖြင့် ရင်းနှီးမြှုပ်နှံထားသော Accor Group သည်Sa Sin ဘန်ကောက် ဖိုရမ်၌ မြန်မာ့ဟိုတယ်နှင့် ခရီး သွားလုပ်ငန်း ဒုဝန်ကြီးဦးဌေး အောင်နှင့် တွေ့ဆုံခဲ့ကြောင်းBangkok Post သတင်းဌာန၏ ဖော်ပြချက်ကို အင်တာနက်၌ တွေ့ခဲ့ရသည်။Shangri-La Group ကလည်း အခန်း(၄၂၀) ပါသော ဟိုတယ်တစ်ခုကိုတည် ဆောက်မည်ဟုလည်း ဖော်ပြပါ ရှိသည်။ ၀န်ကြီးဌာန၏ အစီရင် ခံစာတစ်ခုတွင် မြန်မာနိုင်ငံ၌ ၂၀၁၁ ခုနှစ်စာရင်းအရ လိုင်စင် ရ ဟိုတယ် ၇၃၁ ၌ အခန်းပေါင်း ၂၅၀၀ (၂)ခန်းရှိကြောင်းသိရ သည်။
By Hot News Weekly
No comments:
Post a Comment