Sunday 5 August 2012

ကမ္ဘာ့ အသေးဆုံး ဆီမီး ကွန်ဒက်တာ လေဆာ ဆိုတာ



ကမ္ဘာ့ အသေးဆုံး ဆီမီး ကွန်ဒက်တာ  လေဆာ ဆိုတာတရုတ် (တိုင်ပေ) နဲ့ တရုတ်နိုင်ငံမှာ ရှိတဲ့ ပညာရှင်တွေနဲ့ တက်ဆက် တက္ကသိုလ် က ရူပဗေဒ ပညာရှင်တွေ ပူးပေါင်းပြီး နောက်ဆုံး ဖန်တီးလိုက်တဲ့ နည်းပညာ ကတော့ ကမ္ဘာ့ အသေးငယ်ဆုံး ဆီမီး ကွန်ဒက်တာ လေဆာပဲ ဖြစ်ပါတယ်။
ဒီနည်းပညာဟာ အလင်းနဲ့ ပတ်သက်ပြီး ကွန်ပျူတာ နည်းပညာကနေ ဆေးပညာအထိ အထောက်အပံ့ပေးနိုင်မယ့် နောက်ဆုံးတွေ့ရှိမှု တစ်ခုလို့ သိပ္ပံပညာရှင်တွေက အတိအလင်း ပြောကြားလိုက်ပါပြီ။
အလင်းရဲ့ လှုပ်ရှားမှု မြန်ဆန်ခြင်း၊ ပိုပြီးသေးငယ်ခြင်းနဲ့ စွမ်းအားအသုံးချမှု နည်းပါးခြင်း စတဲ့ ဂုဏ်သတ္တိတွေအပေါ် အခြေခံပြီး
ဖန်တီးလိုက်တဲ့ ဒီနည်းပညာဟာ အနာဂတ်ရဲ့ ကမ္ဘာ့အမြန်ဆုံး ကွန်ပျူတာချပ်တွေ ထုတ်လုပ်ရာမှာ ရုပ်လုံးပေါ်လာမယ်လို့ ပညာရှင်တွေက ယုံကြည့်နေကြသလို ရောဂါရှာဖွေရေးနဲ့ ကုသရေးတွေမှာလည်း ထောက်လှမ်းမှုနှုန်း အားကောင်းတဲ့ နည်းပညာတစ်ခု ဖြစ်လာမယ်လို့ ဟောကိန်း ထုတ်လိုက်ပါတယ်။
ဆက်သွယ်မှုနည်းပညာတွေရဲ့ အနာဂတ်မျိုးဆက်တစ်ခု ဖြစ်လာမယ့် ဒီနည်းပညာရဲ့ အနှစ်သာရက လက်ရှိသုံးနေတဲ့ အီလက်ထရွန်းနစ် ဆားကစ်တွေကို အကောင်းဆုံး အစားထိုးနိုင်မယ်လို့လည်း သိရပါတယ်။ တက်ဆက်တက္ကသိုလ်ရဲ့ ရူပဗေဒပါမောက္ခဖြစ်တဲ့ ချီခန်ကင်မ်ကတော့ သူတို့ရဲ့ သုတေသနပြုချက်ဟာ နာနိုနည်းပညာကို အကြီးမားဆုံး ပြောင်းလဲနိုင်မယ်လို့ ဆိုလိုက်ပါတယ်။ အခု သူတို့ ဖန်တီးလိုက်တဲ့ လေဆာဟာ အရမ်းကို သေးကွေးလွန်းပြီး သာမန်မျက်စိနဲ့ လုံးဝ မြင်နိုင်စွမ်းရှိမှာ မဟုတ်ပါဘူး။

By ရိုးရာလေး

No comments:

Post a Comment