Sunday 5 August 2012

မြန်မာ့စက်မှုဆိပ်ကမ်း စီမံခန့်ခွဲသော ကုမ္ပဏီ ကမ်းနားလမ်းပေါ်ရှိ အစိုးရပိုင်မြေ ၁၇ ဧကကျော်ကို နှစ် ၃၀ ငှားရမ်းခွင့်

ရန်ကုန်၊သြဂုတ်-၎

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က မြန်မာ့အဏ္ဏ၀ါစွမ်းအားရှင်ဂရု(ပ်) အက်(စ်)ကုမ္ပဏီသို့ ရန်ကုန်မြို့ ကမ်းနားလမ်းမပေါ်ရှိ ဌာနပိုင်မြေ ၁၇ ဒသမ ၃၆ ဧကအား ဆိပ်ခံတံတားသုံးစင်းနှင့် ကုန်သေတ္တာလွင်ပြင်သိုလှောင်စခန်း တည်ဆောက်နိုင်ရန် B.O.T စနစ်ဖြင့် နှစ် ၃၀ ငှားရမ်းလုပ်ကိုင်ခွင့်ပေး သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ယုနေ့ကျင်းပသော ထိုကုမ္ပဏီနှင့် မြေငှားစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြောသည်။


ဆိပ်ခံတံတားသုံးစင်းနှင့် ကုန်သေတ္တာသိုလှောင်လွင်ပြင်စီမံကိန်းအား ၃ နှစ်အတွင်း အကောင်အထည်ဖော် သွားမည်ဖြစ်ပြီး စီမံကိန်းပြီးစီးပါက တန်ချိန်သုံးသိန်းသုံးသောင်းခွဲရှိသော နိုင်ငံခြား သင်္ဘောငါးစီးတစ်ပြိုင်နက်တည်း ဆိုက်ကပ်နိုင်မည်ဟုဆိုသည်။ ထို့အပြင် ကွန်တိန်နာအလုံးရေ ၃၂၀၀၀ အား သိုလှောင်နိုင်မည်ဖြစ်ကြောင်း မြန်မာ့အဏ္ဏ၀ါစွမ်းအားရှင်ဂရု(ပ်)အက်(စ်)
ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးကိုကိုထူးက ပြောသည်။ အထက်ပါကုမ္ပဏီမှာ ရန်ကုန်မြို့ ကမ်းနားလမ်းရှိ မြန်မာ့စက်မှုဆိပ်ကမ်းကို စီမံခန့်ခွဲလုပ်ကိုင်နေသောကုမ္ပဏီဖြစ်သည်။





 By 7Day News Journal

No comments:

Post a Comment