Sunday 5 August 2012

ဆိပ်ကမ်းတစ်ဝိုက်မှလောင်စာဆီ ဆိုင်များကိုဖယ်ရှားပေးရန် ရပ်ကွက်(၂)ခုရှိပြည်သူများက နိုင်ငံတော်သမ္မတကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ထံသို့  တောင်းဆို



ဗန်းမော်မြို့လယ် လူနေစိပ် သော မြို့မရပ်၊ အလယ်ရပ်ကွက် ဆိပ်ကမ်းတစ်ဝိုက်တွင် တရားမ ၀င်ရောင်းချနေကြသော လောင် စာဆီဆိုင်များကြောင့် (၇)လခန့် အတွင်း မီးလောင်မှု(၂)ကြိမ်ဖြစ် ပွားခဲ့ပြီးနောက် ၎င်းဆိုင်များကို ဖယ်ရှားပြောင်းရွှေ့ပေးနိုင်ဖို့ ရပ် ကွက်နေပြည်သူများက နိုင်ငံ တော်သမ္မတကြီးနှင့် ကချင်ပြည် နယ်ဝန်ကြီးချုပ်တို့ထံ (မီးလောင် မှုအထောက်အထား ဓာတ်ပုံများ နှင့်အတူ) စုပေါင်းလက်မှတ်ရေး
ထိုးစာများ
ပေးကပို့တောင်းဆို လိုက်ကြကြောင်း သိရပါသည်။
နယ်မြေအခြေအနေကြောင့် တစ်နှစ်ကျော်ကြာ ကားလမ်းများ ပြတ်တောက်ကုန်သဖြင့် ဆင်ဘို၊ မြစ်ကြီးနား ရေလမ်းတစ်လျှောက် ရှိရွှေတူးဖော်ရေးလုပ်ငန်း၊ သစ်  လုပ်ငန်းများအတွက် ဒီဇယ်၊ဓာတ် ဆီများကို ဗန်းမော်ဆိပ်ကမ်းမှ အကြီးအကျယ် တင်ပို့နေကြ ကြောင်း၊ ဆိပ်ကမ်းတစ်ဝိုက်မှ (မနက်လာညနေပြန်) လောင်စာ ဆီဆိုင်တစ်ချို့သည် အရေးပေါ် မီးသတ်ဆေးဗူး၊ ဆေးရည်၊ မီး ချိတ်၊ မီးကပ်များထားရှိခြင်း၊ ကြို တင်ပြင်ဆင်ခြင်းများလဲမရှိကြ ကြောင်း၊ အလယ်ရပ်၊ မြို့မရပ်၊ မင်းကုန်းရပ်တို့သည် အိမ်ခြေစိပြီး တစ်ဆက်စပ်တည်း ရပ်ကွက်များ ဖြစ်ကာ အချို့နေရာများသည် အရေးပေါ် မီးသတ်ကားဝင်ဖို့ မလွယ်ကူသလို အရေးပေါ်ထွက် ပြေးဖို့တောင် မလွယ်ကြောင်းသိ ရသည်။
၃၁-၁၁-၂၀၁၁ နေ့တွင် ကို ကျော်ကြီးဆီဆိုင် ၁၇-၆-၂၀၁၂ နေ့တွင် ကိုတင်နွယ်ဆီဆိုင်တို့ တွင် လူစည်ကားချိန်၌ မီးလောင် မှုဖြစ်ပွားခဲ့ရာ ရပ်ကွက်နေပြည်သူ များ၊ မီးသတ်၊ ကုန်တင်ကုန်ချ အလုပ်သမားများ၊ ထော်လာဂျီ သမားများနှင့် ဈေးသွားဈေးပြန် များမှ အချိန်မီ စုပေါင်းငြိမ်းသတ် နိုင်ခဲ့ခြင်းကြောင့် လူနေအိမ်များ ကို မကူးစက်ခဲ့ကြောင်း၊ ၁၇-၆-၂၀၁၂ နေ့ မီးလောင်သည့်နေရာ နှင့် ကိုက်(၇၀)ခန့်အကွာတွင် ကုန်တင်၊ ကုန်ချလုပ်နေသော အစိုးရပိုင်ပြည်ကြီးတံခွန်(၂)ထပ် အမြန်သင်္ဘောနှင့် အမြန်မော် တော်များမှာ အချိန်မီ ထွက်ခွာ တိမ်းရှောင်ခဲ့ရကြောင်း၊ ဆိပ်ကမ်း အလုပ်သမားတစ်ဦးက ပြော သည်။
နွေရာသီသာဖြစ်ခဲ့ပါက ထိန်းမနိုင်၊ ငြိမ်းမရ ဖြစ်နိုင်ပြီး တစ်မြို့လုံးအကြီးအကျယ် ဒုက္ခ ရောက်နိုင်တာကြောင့် နိုင်ငံတော် သမ္မတကြီးထံသို့ မြို့မရပ်ကွက် ပြည်သူ(၄၆)ဦးတို့ကလည်းကောင်း၊ နိုင်ငံတော်သမ္မတကြီးနှင့် ကချင်ပြည် နယ်ဝန်ကြီးချုပ်တို့ထံသို့ မြို့မရပ် မှ (၄၆)ဦးနှင့် အလယ်ရပ်မှ(၄၁) ဦးတို့က စုပေါင်းလက်မှတ်ရေးထိုး ကြပြီး ဓာတ်ပုံများနှင့်အတူ ပေး ပို့ခဲ့ကြကာ၊ မီးသတ်ညွှန်ကြားရေး မှူးချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ခရိုင်ရဲတပ် ဖွဲ့မှူး၊ စည်ပင်အမှုဆောင် အရာ ရှိ၊ မြို့နယ် မီးသတ်ဦးစီးမှူးနှင့် ဒေါက်တာ ထွန်းလွင်(အမျိုးသား လွှတ်တော်ကိုယ်စားလှယ်)တို့ထံ မိတ္တူများပေးပို့ခဲ့ကြောင်း စုံစမ်း သိရှိရပါသည်။


By Hot News Weekly



No comments:

Post a Comment