Sunday 5 August 2012

ဟာသအတိုအထွာလေးတွေပါ

ဆေးခန်းတစ်ခုတွင် ဖြစ်သည် ~~ 
ဆရာဝန် ။ ။ ခင်ဗျား ဘယ်လိုလဲ ကျွန်တော်ပေးလိုက်တဲ့ ဆေးအဆင်ပြေလား..
လူနာ။ ။ ဆရာပေးလိုက်တဲ့ ဆေး သုံးခွက်က တစ်ခွက်ပဲ သောက်ရသေးတယ် ပျောက်သွားတယ် ဗျာ..
ဆရာဝန်။ ။ ကဲ ကျွန်တော်မပြောဘူးလား ကျွန်တော့ ဆေးက စွမ်းပါတယ်ဆို အခုခင်ဗျားရောဂါ ပျောက်သွားပြီ ဟုတ်..
လူနာ။ ။ အာ ဘယ်ကလာ ဆရာပေးတဲ့ ဆေး တစ်ခွက်ပဲ သောက်ရသေးတယ် ကျန်တဲ့ နှစ်ခွက်က ပျောက်သွားတယ်လို့ ပြောတာ ဗျ .
ဆရာဝန် ။ ။ဗျာာာာာာာာ






~ အားမနာပါနဲ့ ~ 

တစ်ခါက အိမ်တစ်အိမ်တွင် အိမ်ဖော်အသစ်ခေါ်သဖြင့် သူတို့ အိမ်၏ စည်းကမ်းများ အကျင့်များကိုပြောပြနေ၏

အိမ်ရှင်။ ။ ငါတို့ အိမ်က လူတွေက စောစောထတတ်တယ် ပြီးရင် မနက်စာကို ထမင်းကြော်စားလေ့ရှိတယ် ဒါကြောင့် မနက်ကို စောစောထနိုင်အောင် ကြိုးစားပါ ..
အိမ်ဖော် ။ ။ ဟုတ်ကဲ့ပါ ဒါနဲ့ တကယ်လို့ ကျွန်မ မနိုးရင်လည်း ကျွန်မကို စောင့်မနေပါနဲ့ စားနှင့်လိုက်ပါ နော် အားမနာပါနဲ့ ..

@_@



By ဟာသကမ္ဘာ (Funny World)
http://www.facebook.com/keepsmile.funnyworld

No comments:

Post a Comment