Wednesday 18 July 2012

ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ပညာရေး ဥပဒေကြမ်းကို ဥပဒေရေးရာကိစ္စရပ်များ ညှိနှိုင်းပြင်ဆင်ပြီးပါက လွှတ်တော်၌ ဆွေးနွေးမည်


ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဒေါ်အောင်ဆန်းစုကြည်၏ လွှတ်တော်သို့ ပထမဆုံး တင်သွင်းခဲ့သည့် တက္ကသိုလ်ပညာရေး ဥပဒေကြမ်းမှာ ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီသို့ ရောက်ရှိသွားပြီဖြစ်ပြီး ဥပဒေရေးရာ ကိစ္စရပ်များ ညှိနှိုင်းပြင်ဆင်ပြီးပါက လွှတ်တော်တွင် တင်သွင်းဆွေးနွေးသွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးအုန်းကြိုင်က''လွှတ်တော်က ဆောင်ရွက်တဲ့ procedure က ဥပဒေကြမ်းတစ်ခုကို လွှတ်တော်အမတ်တစ်ယောက်က တင်လိုက်မယ်။ တင်လိုက်ရင် ဒါကို ဥပဒေကြမ်းအဖြစ်နဲ့ လက်ခံလိုက်မယ်ဆိုရင် ဥပဒေအဖြစ် ပုံစံတကျလုပ်ပေးမယ့် ဥပဒေရေးရာကော်မတီဆိုတာ ရှိတယ်။ အဲဒီဥပဒေရေးရာကော်မတီက တင်တဲ့သူရဲ့ idea ကိုယူပြီး မြန်မာပြည်မှာ ကျင့်သုံးနေတဲ့ အခြားအခြားသော ဥပဒေတွေရဲ့ ပုံစံ၊ ရေးထုံးအတိုင်းဖြစ်အောင် အဲဒီဥပဒေကြမ်းကော်မတီက စိစစ်တယ်။ ပြီးတော့ ဥပဒေကြမ်းကော်မတီရဲ့ စိစစ်ချက်ဆိုတာ ထွက်လာတယ်။ ပြီးတော့ မူလလူက ဒီလိုရည်ရွယ်ချက်နဲ့ အပုဒ်မှာ ဒီလိုရေးထားတယ်။ ဥပဒေပုံစံနဲ့ စိစစ်လိုက်တဲ့အခါ ဖြစ်သင့်တဲ့စာသားက ရည်ရွယ်ချက်ခြင်း အတူတူပဲ ဒီစာသားဖြစ်သင့်တယ်။ ဒီလိုစိစစ်ထားတယ်။ ပြင်ပေးပါ။ အခုရောက်နေတာက ဒီအဆင့်ကို ရောက်နေတာ။ ဥပဒေကြမ်းကော်မတီနဲ့ တစ်ခါတည်းတွေ့ပြီး ပြင်ဆင်လိုက်တဲ့အခါမှာ ဥပဒေကြမ်းကော်မတီရော၊ ဥက္ကဋ္ဌ ညှိနှိုင်းချက်ရော တစ်ခါတည်းထွက်လာမယ်။ ပြီးရင် လွှတ်တော်မှာ ဆွေးနွေးအတည်ပြုချက်ဆိုတာ နောက်တစ်ဆင့်ဖြစ်လာမယ်''ဟု ပြောကြားခဲ့သည်။

No comments:

Post a Comment