Wednesday 18 July 2012

"ဗိုလ်ချုပ်အောင်ဆန်းကို သီချင်းနဲ့ ဂုဏ်ပြုတဲ့ ၁၁နှစ် သမီးလေး ခိုင်ချမ်း"

အနုပညာမျိုးရိုးမရှိပေမယ့် မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ အနုပညာလမ်းပေါ် လျှောက်လှမ်းလာသူကတော့အသက် ၁၁ နှစ် သာရှိသေးတဲ့ ခိုင်ချမ်းပဲဖြစ်ပါတယ်။ ခိုင်ချမ်း ကအနုပညာကို တန်ဖိုး ထားမြတ်နိုးလို့ ကျောင်း စာတစ်ဖက်နဲ့အတူအချိန် ၁နှစ်နီးပါးယူပြီး တစ်ကိုယ်တော်အခွေ ကြိုးစားခဲ့ပုံကို "သီချင်း ဆိုတာဝါသနာပါတယ်။ သမီးရဲ့အိပ်မက်လို့လည်းပြောလို့ရပါတယ်။ ပြိုင်ပွဲတွေမှာလည်း ဝင်ပြိုင်တယ်ဆုတော့ မရခဲ့ဘူး။ ပြိုင်ခွင့်ရ လို့ပဲပျော်တယ်။ အခုကိုယ်ပိုင် သံစဉ်တွေ ပရိ သတ်များကို ချပြနိုင်လို့ အတိုင်းမသိ ဝမ်းသာ တယ်။ သီချင်းအားလုံးကို အချစ်ရော၊ အသည်းကွဲသီချင်းရော စိတ်ကိုနှစ်ထားပြီး သီဆိုထားတာ။ သီချင်းအားလုံးထဲမှာ သမီး ရင်ကိုအငြိတွယ်ဆုံး ကတော့ သမီးတို့ရဲ့ နိုင်ငံ တော်ကြီးကို လွတ်လပ်ရေးရအောင် အသက် ကို စတေးပေး သွားတဲ့ ဗိုလ်ချုပ်ကို တင်စား ဂုဏ်ပြုထားတဲ့ သီချင်းလေးပါပဲ။ ရက်၊လ၊ နှစ်တွေပြောင်းပေမယ့် မပြောင်းတာက သူ့ရဲ့ ကောင်းမြတ်တဲ့ ရာဇဝင်သမိုင်းပါ။ 'တို့နိုင်ငံ ခေါင်းဆောင်ပေးခဲ့တဲ့ ကြယ်စင်စုကြီးများ လွတ်လပ်ရေးကြီး ရယူနိုင်ရာဇဝင် သူရဲကောင်း များအားလုံးရှေ့ က ခေါင်းဆောင်ခဲ့တယ်။ သခင်ဗိုလ်အောင်ဆန်းဦး ညွတ်လို့ကောင်း ကင်ထက်က သူရဲကောင်းများ'ဒီသီချင်းအပိုဒ် လေးဆိုရင် သမီးတအား ကြိုက်တယ်။ ဆိုရင်း နဲ့ ဗိုလ်ချုပ်ကိုစိတ်ထဲမှာ မြင်ယောင်လာမိ တယ်။ ဗိုလ်ချုပ်နဲ့အတူအသက်ပေးသွားတဲ့ နိုင်ငံ့ ခေါင်းဆောင်ကြီးများကိုလည်း ဂုဏ်ပြုထိုက် တဲ့၊မမေ့အပ်တဲ့ နိုင်ငံတော်ကြီးရဲ့ သူရဲကောင်း တွေပါ" လို့ ဖြေကြားပေးသွားခဲ့ပါတယ်။
ကျောင်းစာနဲ့ အနုပညာအလုပ်ကို သတ် သတ်စီခွဲထားတဲ့အကြောင်း ကိုလည်း သမီးလေး ခိုင်ချမ်းက"ကျောင်းစာနဲ့ အလုပ်ကို ခွဲထားပါ တယ်။ မေမေကသမီးကို သီချင်းဆိုစေချင် တာထက်ပညာရေးမှာ ထူးချွန်စေ ချင်တဲ့စိတ် ရှိတယ်။ ဒါကြောင့် သမီးကျောင်းမှာ (အေ)အခန်း အမြဲရအောင် ကြိုးစားတယ်။ သမီး အားလပ်ချိန် စိတ်အပန်းဖြေတာကတော့ ဂိမ်း ဆော့တယ်။ ကာတွန်းကားတွေ ကြည့်တယ်ပြီး တော့ပြည်တွင်း အဆိုတော်တွေ သီချင်း ဆိုတာ ကို လေ့လာတယ်။ အခုပြည်ပ အဆိုတော်တွေ ကိုလည်းစ ပြီးလေ့လာနေပါပြီ။ ပထမအခွေကို ဇူလိုင်လ ၂၃ရက်နေ့မှာ ထင်းရှူးရိပ်က ဖြန့်ချိပေးမှာပါ။ နောက် အခွေအတွက်လည်း သီချင်းစုနေပါပြီ။ ပထမ အခွေတုန်းက မထည့်ဖြစ်တဲ့သီ ချင်း၂ပုဒ်ကိုလည်း ဒုတိယ အခွေမှာထည့် ပါ မယ်"လို့ ပြော ပါတယ်။

By AF Ijournal

No comments:

Post a Comment