Wednesday 18 July 2012

ကန့်သတ်မှုများနှင့် စုဝေးစီတန်းလှည့်လည်ခွင့်

သီဟရေးသား၍ ခိုင်ထွန်းအား ဖြည့်သည်။
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်း စွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေအား ပြည်ထဲရေးဝန် ကြီးဌာနက ၂၀၁၂ ခုနှစ် ဇူလိုင် ၁၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက် သည်။ အဆိုပါ နည်းဥပဒေ၏ မိခင်ဥပဒေအား ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက် ပြည် ထောင်စုလွှတ်တော်က အတည် ပြုပြဋ္ဌာန်းပြီး ဖြစ်သော်လည်း နည်း ဥပဒေမှာမူ ယခုမှ ထွက်ရှိခြင်းဖြစ် သည်။ဥပဒေများ၏ သဘောတ ရားသည် နည်းဥပဒေထွက်ရှိပြီးမှ သာ အသက်ဝင်ရိုးထုံးစံရှိသော်လည်း အဆိုပါ ငြိမ်းချမ်းစွာ စုဝေး ခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခွင့်ဆိုင်ရာ ဥပဒေသည် နည်း ဥပဒေ မထွက်ရှိသေးမီကပင် နိုင် ငံသားများသည် ဒီမိုကရေစီ၏ အ နှစ်သာရအရ မိမိတို့၏ အခက်အ ခဲများအား ငြိမ်းချမ်းစွာဖြင့် ဖော် ထုတ်လျက်ရှိကြသည်ကို တွေ့နေ ရသည်။လျှပ်စစ်မီး အပြည့်အ၀ရရှိ ရန်အတွက် ဖယောင်းတိုင်လှုပ် ရှားမှု၊ အလုပ်သမားအခက်အခဲ ဆိုင်ရာ လှုပ်ရှားမှုများ၊ မြေယာ သိမ်းယူမှုဆိုင်ရာ လှုပ်ရှားမှုများ စသည့် လှုပ်ရှားမှုများသည် ငြိမ်း ချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေကို အသုံးချပြုလုပ်နေခြင်းပင်ဖြစ် သည်။အာဏာပိုင်များဘက်မှ လည်း နည်းဥပဒေမထွက်ရှိသေး သော်လည်း ငြိမ်းငြိမ်းချမ်းချမ်းဖြင့် မိမိတို့၏ ဆန္ဒအား ဖော်ထုတ် လျက်ရှိသည့် ပြည်သူများအား သ ဘောထားကြီးစွာဖြင့် အကာအ ကွယ်ပေးမှုများလည်း ပြုလုပ်ပေး လျက်ရှိသည်။ယခုနည်းဥပဒေထွက်ရှိလာ သည့်အခါတွင် ဥပဒေကပေး သည့် နိုင်ငံသားဆိုင်ရာ အခွင့်အ ရေးများအား အပြည့်အ၀အသုံး ချနိုင်ပြီဖြစ်ကြောင်း ဥပဒေပညာ ရှင်များက သုံးသပ်သည်။
““နည်းဥပဒေထွက်တာနဲ့ မ ထွက်တာနဲ့ ဘာကွာသလဲဆိုတော့ အခုထွက်လာတဲ့ နည်းဥပဒေက ကန့်သတ်ချက်တွေ လုပ်ထုံးလုပ် နည်းတွေနဲ့ ထွက်လာတယ်ဆိုပေ မယ့် ဖွင့်တဲ့လမ်းစ ပေါ်လာတယ် ပေါ့။ အဲဒီအပေါ်မှာပဲ များများ ထွင်သွားရမယ်””ဟု ဥပဒေပညာ ရှင် ဦးအောင်သိန်းက ပြောသည်။ယခုထွက်ရှိလာသည့် ငြိမ်း ချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်း ဥပဒေတွင် အခန်း ၁ အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ အခန်း ၂ ခွင့်ပြုမိန့်လျှောက်ထားခြင်း၊ အ ခန်း ၃ ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်းနှင့် အယူခံဝင်ခြင်း၊ အခန်း ၄ အထွေထွေနောက်ဆက် တွဲများဟူ၍ အခန်းလေးခန်းပါ ၀င်သည်။အဆိုပါ ဥပဒေ၏ အခန်း ၂ တွင် ပါရှိသည့် ငြိမ်းချမ်းစွာစုဝေး ခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခွင့်ကို ရရှိလိုသူသည် မိမိ ဆောင်ရွက်လိုသည့် ရက်မတိုင်မီ ၅ ရက် ကြိုတင်ပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ လျှောက် ထားရမည်ဟု ပါရှိသည်။အထက်ပါအကြောင်းအရာ နှင့် ပတ်သက်၍ အလုပ်သမားအ ရေးနှင့် တောင်သူလယ်သမားအ ရေးများတွင် ပါဝင်အကျိုးဆောင် ပေးနေသူ ရှေ့နေကိုဖိုးဖြူက““ဒီအ ချက်က ကောင်းတယ်။ အရင်က ရှိခဲ့တဲ့ ဗျူရိုကရက်စနစ်ကြီး တစ် ခုလုံးမှာ ဘယ်သူက တာဝန်ခံမှန်း မသိဘူး။ ဘယ်သူ့ဆီရောက်မယ် မှန်းလည်း မသိဘူး။ အထက်က လူကလည်း အောက်ကိုလှမ်းပုတ် တယ်။ အောက်ကလူကလည်း အ ထက်ဆိုပြီး ပြောတယ်။ အခုက မြို့နယ်ရဲတပ်ဖွဲ့မှူးကို တင်ရမယ် ဆိုတဲ့အတွက် သက်ဆိုင်ရာအာ ဏာပိုင်နဲ့ တိုက်ရိုက်ဆက်ဆံခွင့် ရသွားတယ်””ဟုပြောသည်။
ထို့အပြင် အဆိုပါ နည်းဥပ ဒေတွင် ခွင့်ပြုမိန့်တောင်းခံမှုများ အား ဆောလျင်စွာတင်ပြရမည်။ ဆောလျင်စွာ ပြန်လည်အကြောင်း ကြားရမည်ဟူသော စာပုဒ်များပါ ရှိသည့်အတွက် ဆောင်ရွက်ရ မည့် ကိစ္စများတွင် နှောင့်နှေးစေ ရန် ပြုလုပ်မည့်အချက်များ မပါ ၀င်ဘဲ တာဝန်ယူမှု တာဝန်ခံမှုများ အား အကောင်အထည်ဖော်ပြီး သား ဖြစ်စေကြောင်း ကိုဖိုးဖြူက အထက်ပါဥပဒေအား သုံးသပ် ပြောကြားသည်။ သို့သော် ဥပဒေတွင် ငြိမ်း ချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်များအား ခွင့်မပြုနိုင်ဟူသော အချက်များတွင် ခွင့်မပြုနိုင်သည့် အကြောင်းအ ရင်းအား ခိုင်လုံစွာဖော်ပြရမည် ဟု ပါရှိသည်။ခွင့်မပြုနိုင်သည့် အကြောင်း များတွင် နိုင်ငံတော်လုံခြုံရေး၊ တ ရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေး ချမ်းသာယာရေး သို့မဟုတ် ပြည် သူတို့၏ ကိုယ်ကျင့်တရား အကျိုး ဌာပြဋ္ဌာန်းထားသည့် ဥပဒေများ ကို ဆန့်ကျင်လျှင် ခွင့်မပြုနိုင် ကြောင်း ပါရှိသည်။ ထိုအကြောင်းများနှင့် စပ် လျဉ်း၍ ““ဘယ်လိုကိစ္စမျိုး ဘယ် လိုအကြောင်းအရာကြောင့် ခွင့်မ ပြုသင့်ဘူးဆိုတာတော့ ဥပဒေမူ တော့ မရှိဘူးဖြစ်နေတယ်။ ငြိမ်း ချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပ ဒေမှာတော့ ပါတယ်။ အဲဒါကို မူ တစ်ရပ်လို့တော့ ပြောလို့တော့ရ ပါတယ်””ဟု ကိုဖိုးဖြူကပြောသည်။သို့သော် ““ရပ်ရွာအေးချမ်း သာယာရေးကို ထိခိုက်စေတာက ဘာလဲ၊ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတာက ဘယ်လိုလဲဆို တာတွေအတွက် ဘယ်လိုကိစ္စရပ် တွေအတွက်တော့ ဆန္ဒပြခွင့်လိုင် စင်ကို ခွင့်ပြုမယ်။ ကန့်သတ်မယ် ဆိုတဲ့ အကြောင်းအချင်းအရာ မူ တွေတော့မပါဘူး။ လုပ်ထုံးလုပ် နည်းဆိုင်ရာ မူတွေကို ပြဋ္ဌာန်း ထားသော်ငြားလည်းပဲ ဆန္ဒပြခွင့် ပေးမယ်၊ မပေးဘူးဆိုတဲ့ အ ကြောင်းခြင်းရာမူတော့ မပါဘူး”” ဟု ကိုဖိုးဖြူက ဆက်လက်ပြော ကြားသည်။
ဆန္ဒပြရန် တောင်းခံရာတွင် တကယ်တန်း အမှန်တကယ် တောင်းခံသည့်အချိန်တွင်မှ မ မျှော်လင့်သည့် အတားအဆီး အ ခက်အခဲများလည်းရှိကြောင်း သိ ရသည်။ဆန္ဒပြရန်အတွက် သက် ဆိုင်ရာသို့ ဇူလိုင် ၁၀ ရက်က ခွင့် ပြုမိန့်လျှောက်ထားခဲ့ကြောင်း နည်းဥပဒေထွက်ရှိပြီးနောက် ဥပ ဒေအတိုင်း ဆန္ဒပြခွင့်လျှောက် ထားခဲ့သူ မတူကွဲပြားခြင်း ငြိမ်း ချမ်းရေးပါတီမှ ဥက္ကဋ္ဌ ဦးနေမျိုး ဝေကပြောသည်။ဆန္ဒပြရန်လျှောက်ထားသည့် အချိန်မှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိဖြစ်ပြီး ဆန္ဒပြမည့် ရက်များမှာ ၁၄၊ ၁၅၊ ၁၆၊ ၁၇ နှင့် ၁၈ ရက်များဖြစ်ကြောင်း သိရ သည်။သို့သော် တကယ်တန်းခွင့် ပြုချက်တွင်မူ အချိန်အား နံနက် ၉ နာရီမှ ၁၁ နာရီအထိသာ ခွင့် ပြုခဲ့ပြီး ရက်များကိုလည်း ၁၄ ရက် နေ့သည် လျှောက်ထားသည့် ငါး ရက်မပြည့်သဖြင့် ခွင့်ပြုချက်မရရှိ ဘဲ ၁၇ နှင့် ၁၈ ရက်များသည် အာဇာနည်နေ့နှင့် နီးကပ်သည်ဟူ သော အကြောင်းပြချက်ဖြင့် ခွင့် ပြုချက်မရခဲ့ဘဲ ၁၅ နှင့် ၁၆ နှစ် ရက်သာ ခွင့်ပြုချက်ရရှိခဲ့ကြောင်း သိရသည်။
ခွင့်ပြုချက်ရရှိသည့် နှစ်ရက်အပေါ်တွင်တော့ ကျေနပ် မှုရှိကြောင်း ဦးနေမျိုးဝေက ပြော သည်။ဆန္ဒပြရန် ခွင့်ပြုမိန့်တောင်း ခံရာတွင် သက်ဆိုင်ရာမြို့နယ် ရဲ စခန်းသို့ မကြာခဏသွားရောက် ရခြင်းသည်လည်း အခက်အခဲ တစ်ခုဖြစ်ကြောင်း အကယ်၍ မြို့ နယ်ဖြတ်ကျော် ဆန္ဒပြမှုများ ပြု လုပ်မည်ဆိုပါက မြို့နယ်အားလုံး ရှိ ရဲစခန်းများသို့ မကြာခဏသွား ရောက်ရန် အခက်အခဲရှိနိုင် ကြောင်း ဦးနေမျိုးဝေက ပြော သည်။အထက်ပါ နည်းဥပဒေတွင် မိမိတို့ ဆန္ဒပြမည့် လမ်းကြောင်း များ၊ ပါဝင်မည့်လူအင်အားနှင့် ကြွေကးကြော်သံများ ကြိုတင်တင်ပြ ရမည်ဟု ပါရှိသည်။
သို့သော် တင်ပြရာတွင် အကန့်အသတ်ခွင့် ပြုမှုများရှိနေသည်။ ဇူလိုင် ၁၅ ရက်နှင့် ၁၆ ရက် တွင် ဆန္ဒပြမည့်အဖွဲ့မှ တင်ပြသည့် ပိုစတာများအား သက်ဆိုင်ရာက ငါးခုခန့်အား ကိုင်ဆောင်ခွင့်ငြင်း ပယ်ခဲ့ကြောင်း သိရသည်။
အလားတူ လူဦးရေနဲ့ ပတ် သက်၍လည်း ““တကယ်လို့ လူ ၅၀ နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့် လည်မှု လုပ်နေတဲ့သူတွေကို တစ် ဖက်အဖွဲ့က လူလေးဆယ် ငါး ဆယ်လောက် လာပေါင်းပြီး ယုတ် ယုတ်လုပ်ရင် ဘယ်လိုလုပ်မလဲ။ုဒါမှမဟုတ် စီတန်းလှည့်လည်လာ တဲ့သူတွေကို စိတ်ပါဝင်စားလို့ လိုက်လာတဲ့သူတွေရှိရင် အဲဒီလူ တွေ အကုန်လုံးအရေးယူခံရမယ့် သဘောရှိတယ်””ဟု ဦးအောင်သိန်း ကပြောသည်။စီတန်းလှည့်လည်ခွင့်အား ငြင်းပယ်ခံရပါက ငြင်းပယ်ခံရသူ သည် သက်ဆိုင်ရာ ခရိုင် တိုင်း ရဲတပ်ဖွဲ့မှူးထံ အယူခံဝင်နိုင်သည် ဟူသည့် အချက်အပေါ်တွင် ဘ ၀င်မကျသည်များလည်း ရှိကြောင်း သိရသည်။““မြို့နယ်အဆင့် အရာရှိက ငြင်းပယ်တာကို ခရိုင်အဆင့် တိုင်း အဆင့် အရာရှိက ပြန်ခွင့်ပြုမယ် ဆိုတာ သိပ်တော့အဓိပ္ပာယ် မရှိ ဘူးဖြစ်နေတယ်။ ဒီကိစ္စတွေက ဥ ပဒေမှာသာ မြို့နယ်အဆင့် အရာ ရှိက တာဝန်အရှိဆုံးဆိုပေမယ့် သူ တို့ရဲ့ တင်ပြချက်တွေက ခရိုင်တို့ တိုင်းတို့တော့ ရောက်မှာပဲ””ဟု ဥ ပဒေပညာရှင်တစ်ဦးက ဆိုသည်။ထို့ကြောင့် အယူခံဝင်ရမည့် အဖွဲ့အစည်းများသည် လူ့အခွင့် အရေးကော်မရှင်ကဲ့သို့ မည်သည့် သြဇာခံမှမဟုတ်သည့် အဖွဲ့အ စည်းဖြစ်စေလိုကြောင်း ဥပဒေပ ညာရှင်များက ပြောသည်။““ဒီအဖွဲ့အစည်းကမှ သူတို့ သတ်မှတ်ထားတဲ့ အချက်သုံးချက် နဲ့ညီလို့ ပယ်တယ်ဆိုရင်တော့ မ တတ်နိုင်ဘူးပေါ့””ဟု ဦးအောင် သိန်းက ပြောသည်။မည်သို့ပင်ဆိုစေ ဆယ်စုနှစ် ပေါင်းများစွာ ရရှိခဲ့ခြင်းမရှိခဲ့သည့် အခွင့်အရေးတစ်ခုအား ယခုအ ချိန်တွင် ရရှိလာခြင်းအတွက် မြန် မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲ ရေးဖြစ်စဉ်တွင် အပေါင်းလက္ခ ဏာဆောင်သော ဖြစ်ရပ်တစ်ခု ပင်ဖြစ်သည်ဟု မြန်မာနိုင်ငံ၏ ပြောင်းလဲမှုဖြစ်စဉ်အား လေ့လာ နေသူများက သုံးသပ်ကြသည်။



By 7Day News Journal

No comments:

Post a Comment