Wednesday 18 July 2012

အာရှ ယူ-၁၄ ဘောလုံးပြိုင်ပွဲ စတင် ကျင်းပရန် ဦးဇော်ဇော် ဦးဆောင် ကြိုးပမ်း


မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ဇူလိုင်လ ၁၇ရက်နေ့က မလေးရှား နိုင်ငံတွင် ပြုလုပ်ခဲ့သည့် အာရှ လူငယ် ဘောလုံး ကော်မတီ အစည်းအဝေးတွင် အာရှ ယူ-၁၄ ဘောလုံးပြိုင်ပွဲ တစ်ရပ်အား စတင် ကျင်းပရန် အတွက် ဦးဆောင် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

အာရှ လူငယ် ဘောလုံး ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးဇော်ဇော်သည် အစည်းအဝေး၌ ယခင်က အာရှ လူငယ် ဘောလုံးပွဲတော် အဖြစ်သာ ကျင်းပခဲ့သည့် သက်တမ်းအလိုက် ပြိုင်ပွဲအား ပြိုင်ပွဲကြီး တစ်ရပ် အသွင် ပြောင်းလဲ ကျင်းပရန် ကြိုးပမ်းခဲ့ရာ အဆုံးသတ်တွင် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲအတွက် ခြေစစ်ပွဲ များအား လာမယ့် ၂၀၁၃ခုနှစ်တွင် စတင် ကျင်းပစေမည် ဖြစ်ကာ အသင်း (၈)သင်း ပါဝင်မည့် နောက်ဆုံးအဆင့် ပြိုင်ပွဲကိုမူ ၂၀၁၄ခုနှစ်တွင် ကျင်းပမည် ဖြစ်သည်။
အာရှလူငယ်ဘောလုံး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဇော် (၀ဲ)

အဆိုပါ အစည်းအဝေးတွင် ယူ-၁၄ ဘောလုံး ပြိုင်ပွဲအပြင် အနာဂတ်တွင် ကျင်းပမည့် အာရှ ယူ-၁၆နှင့် အာရှ ယူ-၁၉ ဘောလုံးပြိုင်ပွဲ အိမ်ရှင်လုပ်မည့် နိုင်ငံများအား ခြေစစ်ပွဲ မ၀င်ဘဲ ယှဉ်ပြိုင်ခွင့် ပြုရန်လည်း ဆုံးဖြတ်ခဲ့သည်။ ထို့အတူ အနာဂတ် ပြိုင်ပွဲများ၏ ခြေစစ်ပွဲများအား ညီတူညီမျှ ရှိစေရန် အတွက် လက်ရှိ စနစ်အရ တစ်အုပ်စုလျှင် ၅သင်း (သို့) ၆သင်း ပါဝင်စေလျှက် ရှိရာမှ ၄သင်း တစ်အုပ်စု စီဖြင့်သာ ယှဉ်ပြိုင်စေရန် အဆိုပါ ကော်မတီက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆုံးဖြတ်ချက်များ အားလုံးအား အေအက်ဖ်စီ ပြိုင်ပွဲကျင်းပရေး ကော်မတီနှင့် အမှုဆောင် ကော်မတီ တို့က ထပ်မံ အတည်ပြု ဆုံးဖြတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ဦးဇော်ဇော်သည် လာမည့် ဇူလိုင် ၁၉ရက်နေ့တွင် ပြုလုပ်မည့် အေအက်ဖ်စီ အမှုဆောင် ကော်မတီ အစည်းအဝေးသို့ ထပ်မံ တက်ရောက် ဦးမည် ဖြစ်ကြောင်း သိရသည်။




http://www.soccermyanmar.com/index.php?option=com_content&view=article&id=15901%3A2012-07-17-15-10-31&catid=102%3Aothers&Itemid=95#.UAWHfCKVTew.facebook

No comments:

Post a Comment