Wednesday 18 July 2012

ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုဘွဲ့ ရန်ကုန်နှင့် မန္တလေးတွင် တက်ရောက်နိုင်


ရန်ကုန်မြို့ရှိ အမျိုးသားစီမံခန့်ခွဲမှု ပညာကောလိပ်နှင့် မန္တလေးမြို့ရှိ မန္တလာကောလိပ်တို့တွင် ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှု(Tourism) ဘွဲ့သင်တန်းများကို ယခုပညာသင်နှစ်မှ စတင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကောလိပ်များတွင် ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှု ဒီဂရီဘွဲ့သင်တန်း အတွက် ကျောင်းသား ၁၀၀ စီလက်ခံ ပညာသင်ကြားသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ လေးနှစ်၊ အချိန်ပြည့် တက်ရောက်ရမည်ဖြစ်ကြောင်း တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင် ဖော်ပြထားသည်။ ယခုနှစ်တွင် အမျိုးသားစီမံခန့်ခွဲမှု ပညာကောလိပ်သည် English for Professional Purposes၊ BA (EPP) ဘွဲ့သင်တန်းအတွက် ကျောင်းသား ၂၀ ဦး တိုးမြှင့်ခေါ်ယူမည်ဖြစ်ပြီး Bachelor of Business Management (BBM) သင်တန်းအတွက် ကျောင်းသား ၅၀ ဦး တိုးမြှင့်ခေါ်ယူမည်ဖြစ်သည်။ ယခင်နှစ်က BA (EPP) ဘွဲ့သင်တန်းအတွက် ကျောင်းသား ၃၀ ဦးနှင့် BBM ဘွဲ့သင်တန်းအတွက် ကျောင်းသား ၅၀ ဦးကို ကျောင်းဝင်ခွင့် လက်ခံခဲ့သည်။ အထက်ပါ ဘွဲ့သင်တန်း တက်ရောက်မည့် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသော ကျောင်းသားများအနေဖြင့် နိုင်ငံပိုင် သတင်းစာများတွင် သီးခြားကြော်ငြာ ခေါ်ယူချိန်၌ သက်ဆိုင်ရာ ကောလိပ်များသို့ တိုက်ရိုက်လျှောက်ထားရမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment