Thursday 26 July 2012

သံလျင်မြို့နယ်အတွင်းမှာ စစ်တပ်က လယ်သမားတွေကို ဒီကနေ့ တပ်စိတ် တစိတ်နဲ့ ဝိုင်းထား


ရန်ကုန်တိုင်း သံလျင်မြို့နယ်အတွင်း စစ်တပ်က အဓမ္မ သိမ်းယူထားတဲ့ လယ်မြေတွေ ပေါ်မှာ မူလပိုင်ရှင် လယ်သမားတွေက ဒီကနေ့ သွားရောက် ထွန်ယက်ခဲ့ကြတဲ့ အတွက် စစ်တပ်က တပ်စိတ် တစိတ်နဲ့ ဝိုင်းထားတယ်လို့ သိရပါတယ်။

လယ်သမားတွေဟာ တားဆီးပိတ်ပင်ထားတဲ့ ကြားက ဒီလယ်မြေတွေမှာ သွားရောက်ထွန်ယက် ခဲ့ကြတာ ဒီကနေ့ပါ ဆိုရင် (၄) ကြိမ် ရှိသွားပြီ
ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အခေါက်တွေက သွားရောက်ထွန်ယက်ရာမှာ စစ်တပ်က အင်အားသုံးပြီး လာရောက် တားမြစ်တဲ့အတွက် ဆက်မထွန်ယက်ဘဲ ရပ်ဆိုင်းခဲ့ကြပေမယ့် အခုတကြိမ်မှာတော့ ဆက်လက် ထွန်ယက်သွားမယ်
လို့ လယ်သမားတွေက ပြောပါတယ်။

သံလျင်မြိုနယ် အလွမ်းဆွတ်ကျေးရွာက လယ်မြေဧက ၂ ရာကျော်ကို လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်လောက်က ခလရ (၉ဝ) က ကနဦး သိမ်းယူခဲ့
တာဖြစ်ပြီး၊ လယ်သမားတွေကို သီးစားခ ချထားပေးခဲ့တာပါ။

နောက်ပိုင်းမှာ အမှတ် (၁) ဗျူဟာ စစ်ရေယာဉ်စုတပ်ကို လယ်မြေတွေ လွှဲပြောင်းပေး ခဲ့ပြီးနောက် အခုနှစ်ဆန်းပိုင်းကစလို့ သီးစားစိုက်ပျိုးခွင့်
ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ သိမ်းယူခံထားရတဲ့ လယ်မြေတွေပေါ်မှာ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်ခွင့် ရရှိရေးအတွက် လယ်သမားတွေက သမ္မတ ဦးသိန်းစိန်ကို အသနားခံစာ ပေးပို့ထားတယ်
လို့လည်း သိရပါတယ်။

RFA Burmese


No comments:

Post a Comment