Thursday 26 July 2012

"မြန်မာနိုင်ငံသို့ ငြိမ်းချမ်းရေးတပ်ဖွဲ့စေလွှတ်ရန် အီရန်တောင်းဆို"

အီရန်လွှတ်တော်ဥက္ကဋ္ဌက ကမ္ဘာ့ကုလသမဂ္ဂအား မြန်မာနိုင်ငံသို့ ငြိမ်းချမ်းရေးတပ်ဖွဲ့များစေလွှတ်ရန် တောင်းဆိုလိုက်သည်။ 
အီရန်လွှတ်တော် ဥက္ကဋ္ဌအလီ လာရီဂျာနီ (Ali Larijani) သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းအား မြန်မာနိုင်ငံတွင် အစ္စလာမ် ဘာသာဝင်များ နောက်ထပ် ဖြစ်ရပ်ဆိုးများကို ရှောင်လွှဲ နိုင်စေရန်အတွက် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ စေလွှတ်ရန် တောင်းဆိုလိုက်ကြောင်း IRNA သတင်းဌာနက ဇူလိုင်လ ၂၂ ရက် တွင် ဖော်ပြထားသည်။
ထို့အတူ အဆင့်မြင့် အရာရှိ ကြီးများ သေဆုံးခဲ့ရသော ဆီးရီးယား နိုင်ငံတွင်း အကြမ်းဖက်တိုက်ခိုက်မှု အား အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့က အရေးယူရန် ပျက်ကွက်ခဲ့ခြင်းကိုလည်း ပြစ်တင် ဝေဖန်ခဲ့ပြီး ဆီးရီးယား အစိုးရအား အပြောင်းအလဲလုပ်ရလိမ့်မည်ဟု ၄င်းက မှတ်ချက်ပြုသည်။
''အုပ်စုလိုက် အကြမ်း ဖက်မှု တွေစဖြစ်ကတည်းက မြန်မာနိုင်ငံ ရခိုင်ပြည် နယ်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ တိုက်ခိုက်ခံနေရပြီး တစ်ဖက် သတ် ဖမ်းဆီးခြင်းခံ နေရပါတယ်''ဟုအပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့ကြီး (AI)က ဇူလိုင်လ ၂ဝ ရက်တွင် ပြောသည်။
BBC ၏ သတင်းဖော်ပြချက် အရ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များ ကြား ပဋိပက္ခများဖြစ်ပွားပြီး နောက်ပိုင်း ဇွန်လ တွင် ရခိုင်ပြည်နယ်သို့ အရေးပေါ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့သည်ဟု သိရ သည်။ ထိုအချိန်မှစ၍ အစ္စလမ်ဘာသာဝင် ရိုဟင်ဂျာများနေထိုင်ရာဒေသ များ၌ လူရာပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်ဟု ပြောရေးဆိုခွင့် ရှိသူတစ်ဦးကဆိုသည်။
အစိုးရ၏ ရခိုင်ပြည်နယ် ရေးရာ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က စွပ်စွဲ မှုများသည် လက်ရှိ အမှန် ဖြစ်ပျက်နေသည်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေ ပြီး ယခုအခါ ထိုဒေသများ၌ အခြေအနေအေးချမ်းလျက်ရှိသည်ဟု AFP သို့ ပြောသည်။
သို့ရာတွင် ဇွန်လအတွင်း ဖြစ်ပျက်ခဲ့သည့် အုပ်စုလိုက်အကြမ်းဖက်မှု များ လျော့ပါးသွားခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကြမ်း ဖက်မှုများ တိုးပွားလာနေသည်ဟု လူ့ အခွင့်အရေးအဖွဲ့များက ဆိုသည်။



By Popular Myanmar News Journal

No comments:

Post a Comment