Thursday 26 July 2012

သိမ်းယူထားတဲ့ လယ်မြေတွေကို ပြန်မပေးနိုင်ဘူးလို့  လွှတ်တော်မှာ ဇေကမ္ဘာခင်ရွှေ ပြောဆို


စက်မှုမြေအဖြစ် ရောင်းပြီးတဲ့ လယ်မြေတွေကို ပြန်မပေးနိုင်တဲ့အကြောင်း ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် (၉) က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ဇူလိုင်လ ၂၃ ရက်နေ့ မှာ
ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

ဒါ့အပြင် - လယ်မြေတွေကို ကုမ္ပဏီတွေက သိမ်းယူပြီးနောက် စက်မှုဇုန်နဲ့ အိမ်ရာ စီမံကိန်းတွေ ဆောင်ရွက်နေတယ်ဆိုပြီး သတင်းမီဒီယာ တွေကနေ တဆင့် လယ်သမားတွေကို သွေးထိုးမြှောက်ပင့် အရေးဆိုနေကြတဲ့ စွပ်စွဲချက်တွေ ဟာလည်း လွဲမှားနေတယ်လို့ ဦးခင်ရွှေက ပြောပါတယ်။

ဦးခင်ရွှေရဲ့ ဇေကမ္ဘာ ကုမ္ပဏီဟာ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာ ကျေးရွာ
အုပ်စုက လယ်မြေဧက ၁ ထောင် ကျော်ကို တိုးချဲ့စက်မှုဇုန် ဖော်ထုတ်ဖို့
ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂ဝ၁ဝ ခုနှစ်က သိမ်းယူခဲ့ပါတယ်။

လယ်တဧက အတွက် ကျပ် ၅ သောင်းပေးပြီး ဒီလယ်တွေကို စွန့်လွှတ်ကြောင်း လက်မှတ်ထိုးဖို့ လယ်သမားတွေကို ပြောဆိုခဲ့ပေမယ့် လယ်သမားတွေက လက်မခံခဲ့ပါဘူး။

အဲဒီနောက် ငွေ မယူရင် လယ်တွေကို သိမ်းယူမယ် ဆိုပြီး ဇေကမ္ဘာကုမ္ပဏီက
လယ်သမားတွေကို ခေါ်ယူ ပြောဆိုခဲ့တယ်လို့ သိရ ပါတယ်။

RFA Burmese



http://www.thithtoolwin.com/2012/07/blog-post_1097.html#.UBAmk5PbXbM

No comments:

Post a Comment