Friday 20 July 2012

၂၀၊၇။၂၀၁၂ ညနေပိုင်းသတင်းတိုများစုစည်းတက်ဆက်မှု

လမ်းဘေးဆီဆိုင်တွေ တရားဝင်ဖြစ်အောင် ကူညီမည် 


စက်သုံးဆီ ရောင်းချနေတဲ့ မြို့နယ်တိုင်းရှိ လက်လုပ်လက်စား ပျံကျရောင်းချနေသူတွေကို တရားဝင် ခွင့်ပြုနိုင်တဲ့ အဆင့်ဖြစ်အောင် တတ်နိုင်သမျှ ဆောင်ရွက်ပေးပါမယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောပါတယ်။ တရားမဝင် စက်သုံးဆီ ပပျောက်အောင် နည်းမျိုးစုံနဲ့ ဆောင်ရွက်ဖို့ရှိနေပါတယ်။ တရားမဝင် ရောင်းချနေသူတွေကို တရားဝင်အောင် တစ်ဖက်က ဆောင်ရွက်ပေးမှာ ဖြစ်သလို စီးပွားရေးလုပ်ငန်းရှင်နဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေ ပါဝင်ကူညီ ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ဒေါက်တာဝင်းမြင့်က ‘လမ်းဘေးမှာ ရောင်းချနေတဲ့ လက်လုပ်လက်စားတွေ လက်မဲ့မဖြစ်ဖို့ အားလုံးပူးပေါင်းပြီး ဆောင်ရွက်စေချင်တယ်’ လို့ ပြောပါတယ်။ တရားဝင် ရောင်းချနေတဲ့ လုပ်ငန်းရှင်ချည်းပဲ သည်လုပ်ငန်းကို လုပ်သွားတာမျိုး မဖြစ်စေပဲ သူတို့နဲ့ စီးပွားရေး ဆက်စပ်နေတဲ့ ပျံကျရောင်းချသူတွေကိုပါ တရားဝင်ဖြစ်နိုင်ဖို့ လက်ကမ်းကြိုဆို ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ မြို့တွင်းမှာ ပျံကျရောင်းဖို့ ဥပဒေအရ ခွင့်ပြုလို့မရဘူး ဆိုရင်လည်း မြို့ပြင်လိုနေရာမျိုးမှာ ရောင်းချမယ့်နေရာ သတ်မှတ်ပေးဖို့ လိုပါတယ်။ နောက်တစ်ချက်က ဆီထည့်တဲ့ ပန့်တွေ ဝယ်ပေးတာ ဒါမှမဟုတ် ရောင်းတဲ့စနစ် ကျင့်သုံးပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် လုပ်ငန်းရှင်တွေရဲ့ စီးပွားရေးလည်း ဖွံ့ဖြိုးလာမှာ ဖြစ်သလို လက်လုပ်လက်စားတွေလည်း အဆင်ပြေလာနိုင်မှာ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။ 


http://www.khitlunge.net.mm/news/news_detail.aspx?info_id=26299








အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ်ကြောင့် ကားဈေးထပ်မံ လျော့ကျနိုင်
ဈေးနှုန်းများ ကျဆင်းလျက်ရှိသော ရန်ကုန်မော်တော်ကား ဈေးကွက်အတွင်း နောက်ပိုင်းကာလများတွင် အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ်တွင် ပါရှိသည့် အခွန်နှုန်းထားအတိုင်း ဝယ်ယူမည်ဆိုပါက ဈေးထပ်မံကျဆင်းနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။ အာဆီယံနိုင်ငံများသာမက ဂျပန်၊ ကိုရီးယား၊ အိန္ဒိယစသော အာဆီယံနှင့် ဆွေးနွေးဖက် နိုင်ငံများတွင်ပါ မိမိဝယ်ယူမည့် ကုမ္ပဏီကို အဆိုပါ သဘောတူစာချုပ် တောင်းယူနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းဆွေးနွေးဖက် နိုင်ငံများ၏ အကောက်ခွန်နှုန်းထား သက်သာခွင့်တွင် အာဆီယံ-တရုတ်အတွက် Form E ၊ အာဆီယံ-ဂျပန် အတွက် AJ Form နှင့် အာဆီယံ-ကိုရီးယားအတွက် AK Form တို့ပါရှိလျှင် သက်ဆိုင်ရာ သဘောတူစာချုပ်များအလိုက် အခွန်လျှော့ချပေးမည်ဖြစ်ကြောင်း သိရသည်။ “နောက်ပိုင်း လျှောက်လွှာတွေနဲ့ လာလျှောက်လို့ အခွန်သက်သာခွင့်ရရင် မော်တော်ယာဉ်ဈေးနှုန်း ထပ်ကျနိုင်သေးတယ်။ အကန့်အသတ် လုပ်ထားတဲ့ ပမာဏက တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာတဲ့အတွက် ဈေးထပ်ကျနိုင်ပါတယ်။ အားလုံးကလည်း အဲဒီအခြေအနေကို မျှော်လင့်ထားကြတယ်။ ဘယ်လောက်ထိ ဈေးကျမယ် ဆိုတာကိုသာ ခန့်မှန်းလို့ မရသေးတာ” ဟု ၄င်းက ပြောသည်။ အကောက်ခွန်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ အာဆီယံနိုင်ငံများမှ ထုတ်လုပ်သော ကားသစ်တင်သွင်းမည်ဆိုလျှင် အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ် ATIGA Form D ပါရှိလာလျှင် အကောက်ခွန် ငါးရာခိုင်နှုန်းသာ ကောက်ခံမည်ဟု ပါရှိသည်။ ထို့ကြောင့် Form D အာဆီယံ ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် ပါရှိရန် လိုအပ်ပြီး မရှိလျှင် မြန်မာ့အကောက်ခွန်နှုန်းထား ၂၀၁၂ ပါ ဇယားအတိုင်း ကောက်ခံမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ 


http://www.khitlunge.net.mm/news/news_detail.aspx?info_id=26303










မြန်မာ့ပထမဆုံး အွန်လိုင်းမှ ဈေးဝယ်ခြင်းကို AGD ဘဏ်မှ စတင်မည်





မြန်မာနိုင်ငံ၏ ပထမဦးဆုံးအဖြစ် အွန်လိုင်းမှ ဈေးဝယ်ယူခြင်းကို အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD Bank) မှ စတင်မည်ဖြစ်ကြောင်း အဆိုပါဘဏ်က ဇူလိုင် ၁၆ ရက်တွင် တရားဝင် ထုတ်ပြန်လိုက်သည်။ အဆိုပါ ဘဏ်တွင် ငွေစာရင်း ဖွင့်လှစ်ထားသူများအနေဖြင့် အွန်လိုင်းမှ ဈေးဝယ်ယူခြင်းကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်နှင့် ရတနာပုံတယ်လီပို့တို့ ပူးပေါင်းကာ အင်တာနက်တွင် ဈေးဝယ်ယူခြင်းကို စမ်းသပ်တည်ဆောက် ရေးဆွဲမှုများ ပြီးစီးပြီဖြစ်ကြောင်း၊ ယင်းနောက် စမ်းသပ်၍ သုံးသပ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့လည်း အဆိုပါ စနစ်ကို ခွင့်ပြုချက် တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။ စမ်းသပ်မှုများ အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကလည်း ၎င်းတို့အား ခွင့်ပြုချက် ပေးလိုက်ကြောင်း၊ ယင်းကြောင့် မကြာတော့သည့် ကာလအတွင်း အများပြည်သူတို့ အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ယူခြင်းကို စတင်နိုင်ပြီ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ 







စိုက်ပျိုးရေးဆိုင်ရာ အများပိုင်ကုမ္ပဏီ မြို့ကြီးသုံးမြို့တွင် အစုရှယ်ယာများ စတင်ရောင်းချသွားမည်

မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက တည်ထောင်ထားသည့် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ အများပိုင်ကုမ္ပဏီ (Myanmar Agribusiness Public Corporation, MACPO) ၏ အစုရှယ်ယာများကို လာမည့်သြဂုတ်လဆန်းတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့တို့တွင် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း ၄င်းကုမ္ပဏီ တည်ထောင်ရာတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ဒါရိုက်တာ ဦးရဲမင်းအောင်က ပြောသည်။ ရှယ်ယာဝယ်ယူလိုသူများအား ရှယ်ယာတစ်စုလျှင် ကျပ်ငွေတစ်သောင်းဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ကျပ်ငွေတစ်ဘီလီယံထက် ပိုမိုဝယ်ယူခွင့် မရှိကြောင်း ၄င်းဒါရိုက်တာက ပြောသည်။ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းတွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ပြီး ဆန်တင်ပို့ရာတွင် ထိပ်တန်းကုမ္ပဏီ ၃ ခုတွင် ရပ်တည်သည့် လုပ်ငန်းရှင်တစ်ဦးက “နိုင်ငံတကာမှာ အများပိုင်ကုမ္ပဏီဆိုတာ Private ကုမ္ပဏီကနေ Public ကုမ္ပဏီဖြစ်လာတာ။ Private ကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေ အောင်မြင်လာရင် လုပ်ငန်းတွေ ကြီးလာရင် သူ့ငွေနဲ့သူ မနိုင်တော့ဘူး။ ဒီတော့ အများပိုင်ကုမ္ပဏီအနေနဲ့ ထူထောင်ပြီး ရှယ်ယာထုတ်ရောင်းတာ။ ရှယ်ယာ ဝယ်တဲ့သူက Private ကုမ္ပဏီမှာ ဘယ်လောက် အောင်မြင်ခဲ့သလဲ၊ သူ့အကျိုးအမြတ်တွေ ဘယ်လောက်ရှိသလဲ၊ တစ်နှစ်စာ တစ်နှစ် ရှင်းတမ်းတွေကို ကြည့်ပြီးတော့မှ စိတ်ဝင်စားပြီး ဒီကုမ္ပဏီကတော့ လုပ်ငန်းကောင်းတယ်၊ အကျိုးအမြတ်တွေ ရှာနိုင်တယ်ဆိုတာ ကြည့်ပြီးမှ ရှယ်ယာထည့်မယ့်သူက ရှယ်ယာဝယ်တာ။ နိုင်ငံတကာမှာ အများပိုင်ကုမ္ပဏီကို ချက်ချင်းထောင်ပြီး ချက်ချင်းထုတ်ရောင်းတယ်ဆိုတာ မရှိပါဘူး။ မြန်မာနိုင်ငံမှာ ပြောင်းပြန်ဖြစ်နေတာ။ အခုမှ ထောင်တယ်၊ အခု ချက်ချင်းရှယ်ယာထုတ်ရောင်းတယ်၊ ဒါလုံးဝ မဖြစ်သင့်ဘူး” ဟု ထောက်ပြပြောကြားသည်။ ၄င်းအများပိုင်ကုမ္ပဏီ တည်ထောင်ခွင့်ကို ယခုနှစ် ဧပြီလအတွင်း သက်ဆိုင်ရာက ခွင့်ပြုခဲ့ပြိး ကုမ္ပဏီမတည် ရင်းနှီးငွေပမာဏသည် ကျပ်ဘီလီယံ တစ်ထောင် ရှိကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 






ရုပ်သံလိုင်းများ လန်ဒန်အိုလံပစ်ပြိုင်ပွဲကို အပြိုင်ပြသမည်

ယခုလနှောင်းပိုင်းတွင် စတင်မည့် လန်ဒန်အိုလံပစ်ပြိုင်ပွဲတွင် နိုင်ငံအသီးသီးမှ အိုလံပစ်လက်ရွေးစင် အားကစားသမားများ အကြိတ်အနယ် အနိုင်မခံ အရှုံးမပေး ယှဉ်ပြိုင်ကြတော့မည် ဖြစ်သကဲ့သို့ မြန်မာပြည်တွင်း ရုပ်သံလိုင်းများကလည်း အိုလံပစ်ပြိုင်ပွဲအား သူ့ထက်ငါအပြိုင် ထုတ်လွှင့်ကြမည်ဖြစ်သည့် အတွက် လန်ဒန်အိုလံပစ် ပြိုင်ပွဲများနှင့် ပတ်သက်၍ ပြိုင်ဆိုင်မှုက ပြည်တွင်း၌လည်း ရှိနေသည်။ ပြည်တွင်းပြည်ပ အားကစားပြိုင်ပွဲများအတွက် ရုပ်သံထုတ်လွှင့်ခွင့်များကို အရယူကာ Sky Net ရုပ်သံလိုင်းသည် မြန်မာပြည်တွင် အားကစားအစီအစဉ်များ ထုတ်လွှင့်ရာ၌ ဦးစီးဦးဆောင် အခန်းကဏ္ဍ၌ ရှိနေသည့် အထင်ကရ ရုပ်သံလိုင်းတစ်ခုဖြစ်သည့် အားလျော်စွာ Sky Net မှ လန်ဒန်အိုလံပစ် ပြိုင်ပွဲအား တိုက်ရိုက်ထုတ်လွှင့်မည်ဟု ပြီးခဲ့သည့် ဇွန်လက မြန်မာပရိသတ်များအား ကြေညာခဲ့သည်။ “တခြားရုပ်သံလိုင်းတွေက ပြမယ်၊ မပြဘူးဆိုတာတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ကမ္ဘာ့အားကစားပွဲကြီးတွေကို ပြသမယ့် တစ်ခုတည်းသော ရုပ်သံလိုင်းအနေနဲ့ ရပ်တည်နိုင်ဖို့ ပြုလုပ်သွားမယ်” ဟု Sky Net မှ အကြီးတန်းအထွေထွေ မန်နေဂျာ ဦးဇော်သက်မောင်က ပြောကြားခဲ့သည်။ သို့သော် Forever Group ကုမ္ပဏီလက်အောက်တွင် ရှိသော 5 Movie ရုပ်သံလိုင်းသည် ဇူလိုင် ၁၀ ရက်ထုတ် ကြေးမုံ သတင်းစာတွင် အိုလံပစ်ပြိုင်ပွဲအား တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည်ဟူသော ခေါင်းစဉ်ဖြင့် ကြော်ငြာထည့်သွင်းခြင်းအားဖြင့် ရုပ်သံပြိုင်ဆိုင်မှုထဲ ဝင်ရောက်လာသည်။ Forever Group ကုမ္ပဏီလက်အောက်ရှိ အခမဲ့ရုပ်သံလိုင်းများဖြစ်သော MRTV-4 နှင့် Channel-7 တို့သည်လည်း လန်ဒန်အိုလံပစ်ပြိုင်ပွဲအား တိုက်ရိုက်သော်လည်းကောင်း၊ ထပ်ဆင့်သော်လည်းကောင်း၊ Highlight ပြသခြင်းဖြင့် သော်လည်းကောင်း ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ 






မြန်မာအင်ဖိုတက်ခ်၌ လွတ်လပ်ပွင့်လင်းစွာ ရှာဖွေရေး ဆွေးနွေးပွဲ ကျင်းပမည် 

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှု စတင်လုပ်ဆောင်ရာ၌ အဓိကကျသော Data (အချက်အလက်)များ၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် ကွန်ပျူတာနှင့် ပတ်သက်သော ICT နည်းပညာကို အသုံးပြုနိုင်ရန် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအဖွဲ့နှင့် အိုင်စီတီ အချက်များကို လွတ်လပ်ပွင့်လင်းစွာ ရှာဖွေရေး ဆွေးနွေးပွဲမှ (Barcamp Yangon) ကို လာမည့် သြဂုတ်၃ ရက်တွင် လှိုင်မြို့နယ်ရှိ မြန်မာအင်ဖိုတက်ခ်၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးနှင့် ပညာရေး စသည်များမှ အိုင်တီနည်းပညာနှင့် ပေါင်းစပ်လုပ်ဆောင်ရန် စိတ်ပါဝင်စားသည့် လူငယ်များကို ဖိတ်ခေါ်ပြီး သြဂုတ် ၃ ရက်မှစပြီး ကဏ္ဍတစ်ခုစီ အတွက် တစ်ရက်စီ ဆွေးနွေးမှု ပြုလုပ်သွားမည် ဖြစ်သည်။ လူငယ်များ၏ စွန့်ဦးတီထွင်သည့် စွမ်းရည်များကို မြင်ချင်ပါကြောင်း၊ နိုင်ငံတကာတွင် ICT နည်းပညာကို အသုံးပြု၍ Data များရှာဖွေခြင်း၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ ကိစ္စများကို ဆောင်ရွက်နေသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်သင့်ကြောင်း၊ အထူးသဖြင့် စွန့်ဦးတီထွင်လိုသည့် လူငယ်များအနေဖြင့် ပါဝင်ဆောင်ရွက်ခြင်းဖြင့် တိုင်းပြည်အတွက် များစွာ အထောက်အကူ ပြုနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။ 






မြန်မာနိုင်ငံ၏ စီးပွားရေး အခွင့်အလမ်းများအကြောင်း မိတ်ဆက်ပြောကြားခြင်းကို ထိုင်းနိုင်ငံ၌ ပြုလုပ်မည်




မြန်မာနိုင်ငံသို့ နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်များ ၀င်ရောက်လာပါက ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်သည့် နယ်ပယ်၊ လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများအကြောင်း မိတ်ဆက်ပြောကြားခြင်းကို ထိုင်းနိုင်ငံ၌ သွားရောက် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ တက်ရောက်ဆွေးနွေးမည့် သူများမှာ စီးပွားရေးအရင်းအမြစ်ဌာန ကော်မတီမှ ဥက္ကဋ္ဌ ဦးဇော်နိုင်၊ အထွေထွေ အတွင်းရေးမှူး ဒေါ်ချိုသီရိ၊ စက်မှုဇုန် စီးပွားရေးပညာရှင် ဦးကောင်းငြိမ်းစိုးနှင့် ရင်နှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေအတိုင်ပင်ခံ ဒေါ်ချိုချိုမြင့်တို့ ဖြစ်သည်။ “မြန်မာနိုင်ငံအကြောင်း ပိုမိုသိစေလိုတဲ့အတွက် မိတ်ဆက်ပြောကြားခြင်းကို ထိုင်းနိုင်ငံမှာ သွားရောက်ပြုလုပ်ဖို့ စီစဉ်ရခြင်း ဖြစ်ပါတယ်။ ပြောမယ်ဆို ကိုယ့်နိုင်ငံကိုယ် ကြော်ငြာတာပေါ့။ ပြည်တွင်းမှာ လာပြီး ရင်းနှီးမြှုပ်နှံချင်တဲ့ နိုင်ငံခြားသားတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ဘယ်လိုစီးပွားရေး အခွင့်အလမ်းတွေ ရှိတယ်ဆိုတဲ့အကြောင်း သိစေချင်တဲ့အတွက် ဒီအကြောင်းအရာကို အဓိက မိတ်ဆက်ပြောကြားသွားမှာ ဖြစ်ပါတယ်” ဟု ဦးဇော်နိုင်က သွားရောက် ပြုလုပ်မည့် ဆွေးနွေးပွဲနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ Asia Knowledge Institute (AKI) ၌ ဇူလိုင် ၂၃ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ကြောင်းနှင့် မြန်မာနိုင်ငံမှ တက်ရောက်လိုသူများ အနေဖြင့်လည်း MBE သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း၊ ဆွေးနွေးပွဲနှင့် ပတ်သက်၍ www.akiedu.org သို့ ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။







နိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာများ တိုးချဲ့ဖွင့်လှစ် 

မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားဧည့်သည်များ နိုင်ငံခြားငွေ လွတ်လပ်စွာ လဲလှယ်ရောင်းဝယ်နိုင်စေရန် နိုင်ငံခြား ငွေလဲလှယ်ရေး ကောင်တာများကို မန္တလေးမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ၊ သမဝါယမဘဏ်ခွဲ (၁၊၂၊၃)၊ မြဝတီဘဏ်ခွဲ၊ မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်ခွဲ၊ ဧရာဝတီဘဏ်ခွဲ၊ ယူနိုက်တက် အမရဘဏ်ခွဲ၊ မြန်မာအရှေ့တိုင်းဘဏ်၊ အင်းဝဘဏ်၊ ပထမပုဂ္ဂလိက ဘဏ်ခွဲနှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ဖွင့်လှစ်ထားသည်။ နိုင်ငံခြားငွေများ လဲလှယ်ရောင်းဝယ်ရာတွင် အဆင်ပြေလွယ်ကူစေရန် မန္တလေးမြို့၌ နိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာများ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ရာ နိုင်ငံခြားငွေ လဲလှယ် ရောင်းဝယ်လိုသူများ အနေဖြင့် သတ်မှတ်နေရာများတွင်သာ လဲလှယ်ရောင်းဝယ်မှု ပြုကြရန်နှင့် တရားမဝင် ရောင်းဝယ်သူများအား တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။ 






ဗန်းမော်-ကသာသွား ရှပ်ပြေးရေယာဉ်တစ်စင်း တာပိန်မြစ်အတွင်း ယနေ့ နံနက်ပိုင်းတွင် တိမ်းမှောက်မှုဖြစ်ပွား

ဇူလိုင်လ ၂၀ရက်နေ့ နံနက် ၉နာရီဝန်းကျင်ခန့်က ဗန်းမော်မှ ကသာသို့ စုန်ဆင်းလာသော ရှပ်ပြေးရေယာဉ်တစ်စင်းသည် တာပိန်မြစ်အတွင်း တိမ်းမှောက် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

ဗန်းမော်မြို့၊ မြို့မရပ်ကွက် ဆိပ်ကမ်းမှ စတင်ထွက်ခွာလာသော ချမ်းမြေ့အောင် ရှပ်ပြေးရေယာဉ်သည် ဆိပ်ကမ်းမှ နံနက် ၉ နာရီခန့် စတင်ထွက်ခွာချိန်...တွင် ရေကြောင်းအကွေ့၌ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ယင်းရေယာဉ်ပေါ်တွင် ခရီးသည် ငါးဆယ်ကျော်ခန့် လိုက်ပါလာခဲ့ပြီး နံနက် ၁၁နာရီ ၀န်းကျင်ခန့်တွင် လူ ၂၀ ခန့်ကို ကယ်ဆယ်ထားကြောင်းနှင့် အသက် ၁၆ နှစ် အရွယ်ခန့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

"အခုချိန်ထိတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေရတာကြောင့် ဖြစ်ပွားပုံ အခြေအနေကို တိတိကျကျ ပြောရခက်ပါသေးတယ်။ ဘယ်အချိန်ထိ ဆက်လက် လုပ်ဆောင်ရမယ်ဆိုတာကိုလည်း မသိနိုင်သေးပါဘူး။ လောလောဆယ်တော့ တစ်ယောက်သေဆုံးတယ်လို့ သိရတယ်" ဟု ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဗန်းမော်မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ နံနက် ၁၁ နာရီ ခန့်က ပြောကြားခဲ့ပါသည်။Ref:EMG
By News of Myanmar





အမြို့မြို့အနယ်နယ် အခွန်ဆိုင်ရာ ရှင်းလင်းဟောပြောပွဲများ

သရက်မြို့

မကွေးတိုင်းဒေသကြီး သရက်မြို့နယ် အခွန်ဦးစီးဌာနရုံး၏ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား အခွန်ပညာပေးရှင်းလင်း ပွဲကို ဇူလိုင် ၁၇ ရက် မွန်းလွဲ ၂ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စိန်ရတုခန်းမ၌ကျင်းပရာ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးဇော်မြင့်ဦးက အခွန်ဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဟောပြောရှင်းလင်းပွဲသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေး၊ ကျောင်းအုပ်ဆရာကြီး ဦးမြင့်ကြည်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၅ဝဝ ကျော်တက်ရောက်ခဲ့သည်။Ref:မြ၀တီ
By News of Myanmar





ကချင်နှင့် ရှမ်းမြောက်ရှိ စစ်ဘေးဒုက္ခသည်များအား အမေရိကန်မှ ခြောက်လစာ ဆန်ထောက်ပံ့မည်။
ရန်ကုန်၊ဇူလိုင်-20
အမေရိကန်အစိုးရမှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အစိုးရထိန်းချုပ်နယ်မြေနှင့် အစိုးရထိန်းချုပ်နယ်မြေမဟုတ်သည့် ဒေသများမှ စစ်ဘေးဒုက္ခသည် ငါးသောင်းငါးထောင်အတွက် ခြောက်လစာ ဆန် မတ်ထရစ်တန် သုံး
သောင်းလေးထောင်အား ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP မှတဆင့် လှူဒါန်းမည်ဖြစ်ကြောင့် မြန်မာနိုင်ငံဆိုင်ရာ အ...မေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်ကယနေ့ပြောကြားသည်။
နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း သံအမတ်အဆင့် ဆက်ဆံရေးမရှိခဲ့သည့် အမေရိကန်နှင့် မြန်မာနိုင်ငံအကြားတွင် ပထမဆုံး သံအမတ်အဖြစ်ပြန်လည်ခန့်အပ်ခြင်း ခံရသည့် မစ္စတာ ဒဲရစ်မစ်ချယ်သည် သူ၏ မြန်မာနိုင်ငံဆိုင်ရာသံအမတ်
သက်တမ်း ၁၀ ရက်အတွင်း ပထမဆုံးအကြိမ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားသွားခြင်းဖြစ်သည်။
သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ၊သမ္မတနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ ကမ္ဘောဒီးယားတွင် တွေ့ဆုံမှုများနှင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းများအ
ကြောင်းလည်း ပြောကြားသွားသည်။
By 7Day News Journal





ယနေ့ နံနက်၉နာရီ အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ ဗိုလ်ချုပ်အောင်ဆန်း နေရာတွင် သရုပ်ဆောင်ရန် ပဏာမ ၇ဦး နှင့် ဒေါ်ခင် ကြည် နေရာတွင် သရုပ်ဆောင်ရန် ၄ဦးတို့ အား ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော် မတီ နှင့်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လူတွေ့ စစ်ဆေးခဲ့ကြောင်းသိရသည်။
By Popular Myanmar News Journal





အမေရိကန် အနေဖြင့် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှပ်နှံမှုများ တိုးတက်လုပ်ဆောင်သည်နှင့်အမျှ ဖွံဖြိုးရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို တိုးမြှင့်ပေးအပ်သွားမည်ဟု အမေရိကန်သံအမတ် Mr. Derek J.Mitchell ကယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပ...ွဲတွင် ပြောသည်။
" ကျွန်တော်တို့ အနေနဲ့ ယုံကြည်တာက ဒီတာဝန်သိတတ်မှုရှိတဲ့ ရင်းနှီးမြှပ်နှံမှုတွေဟာ ကာလရှည်ကြာစွာ စီးပွားရေး အကျိုးအမြတ်တွေကို နှစ်နိုင်ငံပြည်သူတွေအတွက် ဖြစ်စေမှာပါ"ဟု ၎င်းကဆိုသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ နေရပ်ရှောင် စစ်ဘေးဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာသုံးသန်းတန်ဖိုးရှိသော စားနပ်ရိက္ခာများကိုUSAIDမှတဆင့် WFP၏အစီအစဉ်ဖြင့် အကူအညီပေးအပ်သွားမည်ဟု ပြောသည်။ ၃၄၀၀ မက်ထရစ်တန်ချိန်ရှိသော ဆန်တန်ချိန်များကို ၀ယ်ယူ၍ ၅၅၀၀၀ ရှိသော လူဦးရေအတွက် ၆လစာခန့်ရနိုင်မည်ဟု ခန့်မှန်းထားကြောင်း ၎င်းကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် စက်တင်ဘာလတွင် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်မည်ဖြစ်ရာ သမ္မတအိုဘားမားနှင့် တွေ့ ဆုံဖြစ်၊ မဖြစ်ကို ၎င်းအနေဖြင့်သေချာစွာ မပြောနိုင်ဟု အမေရိကန်သံအမတ် Mr. Derek J.Mitchellက ပြောသည်။
" ကျွန်တော်အနေနဲ့ သမ္မတအိုဘားမားရဲ့ schedule ကို သေချာမသိတဲ့အတွက် မပြောနိုင်ပါဘူး"ဟု ပြောသည်။
သို့သော်၎င်းအနေဖြင့် သေချာပြောနိုင်သည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် နာမ်မည်ကျော် Hero တစ်ဦးဖြစ်သည့်အလျှောက် သူမအနေဖြင့်လိမ္မာပါးနပ်စွာဖြင့်ချိတ်ဆက်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။
By Messenger News Journal





တင်သွင်းလာသည့် ကားအသစ်များ ပရီမီယံကြေး ထားရှိရမည်
ရန်ကုန်၊ဇူလိုင်-၂၀
တင်သွင်းလာသည့် ကားအသစ်များအား အလုံးစုံအာမခံ ပရီမီယံကြေး အနိမ့်ဆုံး ကျပ်သိန်း ၁၀၀ မှ ၂၀၀ အထိထားရှိရတော့မည်ဖြစ်ပြီး ယင်းကဲ့သို့ အာမခံထားရှိသည့် ကားများ ယဉ်တိုက်မှုဖြစ်ပါက အာမခံကြေးကို အချိန်နှင့် တပြေးညီ
ပေးလျော်သွားမည်ဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ၀ဘ်ဆိုဒ်သတင်းတွင် ဖော်ပြထားသည်။
ပရီမီယံကြေး ထားရှိရမည့် မော်တော်ကားများသည် ကာလတန်ဖိ...ုးအပေါ်မူတည်ပြီး ထားရှိရမည်ဖြစ်ပြီး ကာလတန်ဖိုး ကျပ် သိန်း ၃၀၀ တန်ကားဖြစ်ပါက အလုံးစုံအာမခံကြေး သိန်း ၁၀၀ ထားရှိရမည်ဖြစ်ပြီး နှစ်စဉ်ကြေးမှာ တစ်နှစ်လျင် ကျပ်
ခုနှစ်သောင်းငါးထောင် သို့မဟုတ် ရှစ်သောင်းငါးထောင်ပေးသွင်းရမည်ဖြစ်ပြီး ယဉ်တိုက်မှုဖြစ်ပါက အလုံးစုံပြင်ဆင်စရိတ်ထုတ်ပေးမည်ဖြစ်သည်။ယင်းနှစ်စဉ်ကြေးမှာ ကိုယ်ပိုင်ယဉ်များအတွက်ဖြစ်ပြီးအငှားယဉ်များအတွက် နှစ်စဉ်ကြေးမှာ
တစ်နှစ်ကျပ် တစ်သိန်းခြောက်သောင်းကုန်ကျမည်ဖြစ်ကြောင်း သိရသည်။See More
By 7Day News Journal





ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် တွေအတွက် အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၃သန်း
ပေးအပ်မယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ဒီကနေ့ ကြေညာလိုက်ပါတယ်။

ဒီ ထောက်ပံ့ငွေ ၃သိန်းကို USAID ခေါ် အမေရိကန် အစိုးရ နိုင်ငံတကာ အကူအညီပေးရေး ဌာနကတဆင့် ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဒီထောက်ပံ့ငွေတွေနဲ့ WFP ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ကနေ ဆန်တန်ချိန် ၃ ထောင့် ၄ ရာ ဝယ်ယူပြီး ဒုက္ခသည် ၅ သောင်း ၅ ထောင် အတွက် ၆ လစာ အကူအညီ ပေးသွားမယ်လို့ အမေရိကန် သံအမတ်ကြီးက ဆိုပါတယ်။

အမေရိကန် အစိုးရဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ရခိုင်ဒေသက ဒုက္ခသည်တွေအတွက် အမေရိကန် ဒေါ်လာ ၃ သန်း ကူညီထောက်ပံ့ခဲ့ ပြီး အခုတကြိမ်ဟာ ဒုတိယအကြိမ် ထောက်ပံ့တာ ဖြစ်ပါတယ်။
By RFA Burmese






စစ်တွေမြို့က ဘုန်းတော်ကြီးကျောင်း တချို့မှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည် စခန်းတွေမှာ ရောက်ရှိနေတဲ့ ရခိုင် တိုင်းရင်းသား ဒုက္ခသည်တွေကို သီးသန့် ထားရှိဖို့အတွက် နေအိမ် တန်းလျားတွေ ဆောက်လုပ်ပေးနေပြီ ဖြစ်ပါတယ်။

တန်းလျား တခုစီမှာ အိမ်ထောင်စု ၅ စုစီ နေထိုင်နိုင်မှာ ဖြစ်ပြီး ရေတွင်းနဲ့ အိမ်သာတွေကိုပါ တပါတည်း ဆောက်လုပ်နေတာပါ။

ဒီတန်းလျားတွေကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တာဝန်ယူ
ဆောက်လုပ်ပေးနေတာ ဖြစ်ပြီး စစ်တွေမြို့၊ နပူခံ ရပ်ကွက်က ဒုံးတိုက်ကွင်း၊
ရေတပ်အနီးနဲ့ မင်းဂံရပ်ကွက်က ဝေသာလီ အားကစားကွင်းအနီးမှာ
ဆောက်လုပ်ပေးနေတာပါ။

ဒုက္ခသည်တွေဟာ ဘုန်းတော်ကြီး ကျောင်းတွေကို အဓိက မှီခိုနေထိုင်နေကြပြီး ၊မကြာခင် ဝါတွင်းကာလ ရောက်ရှိတော့မှာ
ဖြစ်တဲ့အတွက် ပြည်နယ်အစိုးရက ဒုက္ခသည် သီးခြားထားရှိ ပေးဖို့ အခုလို ဆောက်လုပ်ပေးနေတာ ဖြစ်တယ်လို့ အစိုးရ အရာရှိတဦးက
ပြောပါတယ်။
By RFA Burmese





သမ္မတဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်မှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်အောင် ထိုင်းအစိုးရ အနေနဲ့ တိုက်တွန်းဖို့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် HRW (ခေါ်) လူ့အခွင့်အရေး စောင့်ကြည့်လေ့လာတဲ့ အဖွဲ့က ထိုင်းဝန်ကြီးချုပ် မစ္စ် ယင်လပ်ကို တိုက်တွန်း လိုက်ပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာ့ နိုင်ငံရေး ပြောင်းလဲမှုမှာ ပါဝင်ကူညီဖို့၊ အထူးသဖြင့်
မြန်မာနိုင်ငံမှာ လူ့ အခွင့်အရေး အခြေအနေ တိုးတက်လာအောင် ဝိုင်းဝန်းဆောင်ရွက်ဖို့ ထပ်ခါတလဲ ကတိပေးထားကြောင်း၊ ပြီးခဲ့တဲ့ တနှစ်တာအတွင်း မြန်မာနိုင်ငံမှာ တိုးတက် ပြောင်းလဲမှုတချို့ ရှိခဲ့ပေမယ့် လူ့ အခွင့်အရေး အခြေအနေ တေ ဆက်လက် ဆိုးဝါးနေဆဲဖြစ်ကြောင်း HRW အဖွဲ့က ပြောပါတယ်။

အထူးသဖြင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတွေမှာ မြန်မာ့
တပ်မတော်က ဒေသခံ တိုင်းရင်းသားတွေကို သတ်ဖြတ်တာ၊ နှိပ်စက်
ညှဉ်းပန်းတာ၊ အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်တာတွေ ဆက်ဖြစ်နေ
တုန်းပဲလို့ ဆိုပါတယ်။

ဒါကြောင့် ဝန်ကြီးချုပ် ယင်လပ် အစိုးရအနေနဲ့ သမ္မတဦးသိန်းစိန်ကို လူ့အခွင့်အရေး ဆိုင်ရာ အချက် ၄ ချက် ဆောင်ရွက်အောင် တိုက်တွန်း
သင့်တယ်လို့ HRW အဖွဲ့က ပြောပါတယ်။

အဲဒီအချက်တွေ ကတော့ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ လွှတ်ပေးဖို့၊ တိုင်းရင်းသား ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရပ်တန့်ပြီး စုံစမ်းစစ်ဆေး အရေးယူဖို့၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံချိန်စံညွှန်း တွေနဲ့ ကိုက်ညီတဲ့ စည်းမျဉ်းဥပဒေတွေ ချမှတ် ဆောင်ရွက်ဖို့နဲ့ ILO အဖွဲ့နဲ့ သဘော တူညီချက်အတိုင်း အဓမ္မ လုပ်အားပေး ခိုင်းစေတာတွေ ရပ်ပြီး အလုပ်သမား အခွင့်အရေး ဖော်ဆောင်ပေးဖို့ ဆိုတဲ့အချက်တွေ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ သဘက်ခါ ဇူလိုင်လ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့ အထိ ထိုင်းနိုင်ငံကို သွားဖို့ စီစဉ်ထားပါတယ်။
By RFA Burmese





မန်မာနိုင်ငံမှာ "အရေးပေါ်အခြေအနေ ကြေညာခြင်း" ဆိုတာ တရားဝင် လူ့ အခွင့်အရေး ချိုးဖောက်ခွင့် ပေးတာမျိုး မဖြစ်သင့်ဘူးလို့ Amnesty International ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က ပြောလိုက်ပါတယ်။

ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ AI အဖွဲ့ရဲ့ ကြေညာချက်မှာ မြန်မာ့အရေး
သုတေသီ ဘန်ဂျမင် ဇဝါကီ (Benjamin Zawacki) က အခုလို
ပြောလိုက်တာပါ။

လူမျိုးမရွေး ဘာသာမရွေး၊ တဖက်နဲ့တဖက် လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိနေပြီဆိုရင် လူ့ အခွင့်အရေး ကို လေးစားလိုက်နာတဲ့ အနေနဲ့ ဘယ်သူ့ကိုမဆို ကာကွယ်ပေးရမှာဟာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ တာဝန်ဖြစ်တယ် လို့ ဆိုပါတယ်။

မြန်မာအစိုးရဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဇွန်လ ၁ဝ ရက် နေ့ ကတည်းက အရေးပေါ်အခြေအနေ ကြေညာထားတာပါ။ အဲဒီကာလ မတိုင်ခင် ကတည်းကလည်း နစခ ခေါ် နယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီရိုဟင်ဂျာ အများစု ရှိတဲ့ ဒေသတွေမှာ အစုလိုက် အပြုံလိုက် နှိပ်စက် ဖမ်းဆီးတာတွေ ရှိခဲ့တယ်လို့ AI အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ဆောင်ရွက်တဲ့အခါမှာ လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့ ဟာလည်း လိုအပ်ချက်တခု ဖြစ်တယ်လို့ မစ္စတာ ဇဝါကီ က ပြောပါတယ်။
By RFA Burmese





NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တွင်း
ဆောင်ရွက်နေကြတဲ့ အခြေအနေ/ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာရှင်းပြဆွေးနွေးခဲ့ကြောင်း
သိရပါတယ်။

NLD ရုံးချုပ်မှာ ကျင်းပတဲ့ အဲဒီအစည်းဝေးမှာ NLD ပါတီတွင်း ရွေးချယ်
တင်မြှောက်ရေးညီလာခံကျင်းပဖို့ ပြင်ဆင်နေတဲ့နောက်ဆုံး အခြေအနေတွေ ကိုလဲဆွေးနွေးကြကြောင်း ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က
ပြောပါတယ်။

ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့လယ်က ခရစ်ယာန် အသင်းချုပ် ဘုရားကျောင်းတခုမှာ လူငယ်တွေနဲ့ တွေ့ဆုံဟောပြောကြောင်း
သိရပါတယ်။
By RFA Burmese





မန်မာ့ အပြောင်းအလဲအတွက် Quality က Speed ထက်ပိုအရေးကြီးကြောင်း ဒဲရစ်မစ်ချယ်ပြောကြား

ဇော်ထိုက် (Yangon Media Group)

မြန်မာ နိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲ လုပ်ငန်းစဉ်များကိုဆောင်ရွက်ရာတွင် speed(လျှင်မြန်ခြင်း) ထက် quality (အရည်အသွေး)ကို ပို၍ အရေးကြီး ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် မကြာမီက ခန့်အပ်ခြင်းခံထားရသော မစ္စတာ ဒဲရစ်မစ်ချယ် ကပြောကြား လိုက်သည်။

ယင်းနှင့် စပ်လျဉ်း၍ ယနေ့ (ဇူလိုင်၂၀)တွင် အမေရိကန်သံရုံး၌ ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

"ကျွန်တော်ကတော့ လုပ်စရာ အလုပ်တွေထက် အချိန်အတိုင်းအတာ ကန့်သတ်ချက်တွေတော့ မထားလိုပါဘူး ပြောချင်တာ ကတော့ အစိုးရအတွက် speed က အဓိကမဟုတ်ပါဘူး quality ကအဓိကဖြစ်ပါတယ် တစ်ခါ တရံမှာ မြန်လွန်းတာကလည်း ရန်သူလို အန္တရယ်ပေးတတ်ပါတယ် ကျွန်တော်တို့ အနေနဲ့ကတော့ အပြောင်းအလဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး သိသာတဲ့ အရာတွေ ကို သေသေချာချာဖြစ်စေချင်ပါတယ် ၊ ကျွန်တော်တို့အနေနဲ့ လုပ်ဖို့လိုအပ်တဲ့အရာတွေကို လုပ်နေ ပါတယ် " ဟု ယင်းကပြောကြားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့တက်ရောက်လာသည့် သတင်းမီဒီယာတစ်ခုက မစ္စတာဒဲရစ်မစ်ချယ် အနေဖြင့်နှစ်၂၀အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဖြစ်လာရာ မြန် မာနိုင်ငံနှစ်စပ်လျဉ်းပြီး မည်သည့်လုပ်ငန်း ကိုကနဦး ဦးစားပေးအဖြစ်ဆောင် ရွက်မည်နည်းဟုမေးမြန်းရာတွင် သံအမတ်ကြီးကထိုကဲ့သို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
By Yangon Media Group






No comments:

Post a Comment