Friday 20 July 2012

မြန်မာပြည်ကို ချောင်းပေါက်အောင် ရောက်တဲ့ အမေရိကန်ပါမောက္ခ

Dr. Karl Jackson (ဓာတ်ပုံ - www.sais-jhu.edu)

ဗုဒ္ဓဟူးနေ့က ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်နဲ့ တွေ့ခဲ့တဲ့ အမေရိကန်ပါမောက္ခ Dr. Karl Jackson ရဲ့ မြန်မာပြည် ခရီးဟာ ၂ နှစ်အတွင်း သူ့ရဲ့ ဆယ်ကြိမ်မြောက် ခရီးစဉ် ဖြစ်ပါလိမ့်မယ်။

ဧပြီလကုန်ပိုင်း အမေရိကန် အထက်လွှတ်တော်၊ နိုင်ငံခြားဆက်ဆံရေးကော်မတီရဲ့ မူဝါဒရေးရာ ကြားနာပွဲတခုမှာ သူက မြန်မာပြည်ကို ၂ နှစ်အတွင်း ၉ ကြိမ် ရောက်ခဲ့ကြောင်း ပြောထားပါတယ်။

သူ့ပြောဆိုချက် အပြည့်အစုံကို ဒီစာ အဆုံးမှာ ပူးတွဲ ဖော်ပြထားပါတယ်။

သံတမန်ဆက်ဆံမှု တိုးတက်ရေး၊ ဒဏ်ခတ်ပိတ်ဆို့မှု ဖြေလျှော့ပေးရေး ဆောင်ရွက်ကြတဲ့ ကာလများအတွင်း မြန်မာပြည်ကို ချောင်းပေါက်အောင် ရောက်ခဲ့သူပါ။

အမေရိကန်မှာ စစ်ပညာ သင်ယူနိုင်ခွင့်တချို့ ကမ်းလှမ်း ပေးအပ်တဲ့နည်းနဲ့ မြန်မာစစ်အုပ်စုထဲက ပြုပြင်ပြောင်းလဲရေးသမားတွေကို အားပေးသင့်ပါတယ် လို့ သူက ကြားနာပွဲမှာ တင်ပြခဲ့ပါတယ်။

အမေရိကန်အစိုးရရဲ့ မူဝါဒအပြောင်းအလဲအတွက် ရှင်းပြ နားချ တိုက်တွန်းတဲ့ ပညာရှင်တဦးဖြစ်ဖွယ်ရှိပါတယ်။

ဒါကတော့ မနေ့က သတင်းစာမှာ တွေ့ရတဲ့ သတင်းတိုပါ။
မြန်မာအမတ်တွေကို သူတို့ဆီ ဖိတ်ခေါ်ဖို့ ပြောဖြစ်ကြပါတယ် တဲ့။

ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်
အမေရိကန်နိုင်ငံ ဂျွန်စ်ဟော့ပ်ကင်း တက္ကသိုလ်မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော် ဇူလိုင် ၁၈

ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် အမေရိကန်နိုင်ငံ Johns Hopkins University မှ Professor, Dr. Karl Jackson ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသားလွှတ်တော် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်များအား အမေရိကန်နိုင်ငံသို့ ဖိတ်ကြားရေးအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ အမျိုးသားလွှတ်တော်ကော်မတီနှင့် ကော်မရှင်တို့မှ ဥက္ကဋ္ဌများ၊ လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ (သတင်းစဉ်)

http://blog.irrawaddy.org/2012/07/blog-post_6152.html

No comments:

Post a Comment