Friday 3 August 2012

၂၊၈၊၂၀၁၂ ညနေပိုင်းသတင်းတိုများစုစည်းမှု

မီးရထား ဆက်သွယ်ရေး အချက်ပြ လုပ်သား ဓာတ်လိုက် သေဆုံး

ရန်ကုန် ၊သြဂုတ် ၁

တာမွေမြို့နယ် ပုသိမ်ညွှန့် (စံပြရပ်ကွက် သတိပဌာန်လမ်းနှင့်မြို့ပတ် လမ်းထောင့် မီးရထားဝန်ထမ်းအိမ်ရာ အမှတ်(၁/က)ခြံဝင်းရှေ့၌ ဇူလိုင်လ၃၁ရက် ည၁၀နာရီ ၁၀မိနစ်တွင် အသက်၂၃နှစ်အရွယ် မီးရထားဆက်သွယ်ရေး အချက်ပြလုပ်သား ဓာတ်လိုက် သေဆုံးသွားကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ထံမှသိရသည်။

အဆိုပါဖြစ်ရပ်မှာ သေဆုံးသူ ဦးနိုင်လင်းမှာ ၎င်းနေထိုင်သည့် ၀န်ထမ်းအိမ်ရာ ရှေ့တွင် ကောင်းကင်ဓာတ်ကြိုး ပြတ်ကျသဖြင့် ဖယ်ရှားရန် သွားရာမှ ဓာတ်လိုက် သေဆုံးသွားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနမှ စုံစမ်း သိရသည်။

By The Voice Weekly



















No comments:

Post a Comment