Friday 3 August 2012

ကျိုက်မှော်ဝန်း ရေလယ် စေတီ ရင်ပြင်ပေါ်တွင် သြဂုတ် ၂ ရက် နေ့က မကြုံစဖူးရေ လွှမ်းမိုးမှု ဖြစ်ပေါ်

ကျိုက်မှော်ဝန်း ရေလယ် စေတီတော်တွင် ဩဂုတ်၂ရက်(ဝါဆို လပြည့်)နေ့၌ နေ့လယ်၃နာရီ မှစ၍စေတီ၏ ရင်ပြင်ပေါ် အထိ မကြုံစဖူး ရေလွှမ်းမိုးမှုများဖြစ်ပေါ် ခဲ့ ကြောင်းဘုရားဖူးသွားရောက် သူများထံမှသိရသည်။

ကျောက်တန်း မြို့နယ်ရှိကျိုက် မှော်ဝန်းရေလယ် စေတီတော်သို့ ဩဂုတ်လ၂ရက်နေ့ ၃နာရီနောက် ပိုင်းဘုရားဖူး ဧည့်များ အန္တရာယ် မဖြစ်ပေါ်စေရန် အတွက်လာရောက် ဖူးမြော်ခွင့်ခေတ္တရပ်ဆိုင်းထားလိုက် ရကြောင်း သိရ သည်။

ကမာရွတ်မြို့နယ်မှ ယင်းစေတီ တော်သို့သွားရောက်ဖူးမြော်ခဲ့သူဦးအောင်ညွှန့်က''အဲဒီအချိန်မှာတော့ ဘုရားပေါ် ရောက်နေကြတဲ့သူတွ အားလုံးကြောက်ပြီး ကမ္ဘာပျက်မတတ်ဘဲ၊ဒီရေတက်ပြီး ဘုရား ရင်ပြင် ပေါ်ရေတွေ တက်လာ တာအရမ်း မြန်တယ်၊ ကျွန်တော်တို့လူကြီး အရပ်တောင် ဒူးလောက်ရေမြှပ်တယ်၊ လပြည့်နေ့ဆိုတော့ လူတွေက လည်း အရမ်းများတယ်၊ ကားလမ်းမပေါ် လှမ်းကြည့်လိုက်တာ လည်းရေ တွေဆိုတာ ဖွေးနေ တာဘဲ၊ ၄နာရီ ကျော်လောက်မှ ရေပြန်ကျ သွား တယ်' ဟုကြုံတွေ့ ခဲ့ရပုံ များကို ပြောပြသည်။

ယင်းသို့ဘုရား ရင်ပြင်တော် ပေါ်သို့ရေများလွှမ်းနေချိန်၌စေတီ တော်၌ ဘုရားဖူးဧည့်သည်များရာနှင့်ချီ ၍ရှိ နေပြီး နိုင်ငံခြားသား ဧည့်သည် များလည်း အယောက် ၃ဝခန့်ရှိနေ ကြောင်း သိရသည်။
ဘုရားဖူး ဧည့်သည် တစ်ဦး ဖြစ်သူဦးအောင်သူ က''စေတီတော် ပေါ်ရောက်နေတဲ့သူတွေကို ဟိုဘက် ကမ်းမှာရှိသမျှ သမ္မာန်အားလုံး လွှတ်ပေးပြီးလာကြိုပေးတယ်၊အားလုံး လုတက်ကြရတာပေါ့၊အဲဒီမှာတင် သမ္မာန်ပေါ်လုတက်နေ ရတာနဲ့ အချိန် နာရီဝက်လောက်ကြာတယ်၊ကလေး တွေနဲ့ မိန်းမတွေကို ဦးစားပေးပြီး တင်ပေးရတယ်၊ ဒုက္ခရောက် နေပေမယ့် ဘုရားကြီး ရဲ့တန်ခိုး ကိုတော့ အပြည့်အဝ ယုံကြည်တယ်၊ ''ဟုဆို သည်။

စေတီတော် ပေါ်သို့ရေများ တက်လာချိန်မှ စ၍စေတီတော်ရှိ တာဝန်ရှိ သူဂေါပက များ မှတစ်ဖက် ကမ်းရှိစက်တပ် သမ္မာန်များ အားလုံး ကိုလွှတ်စေပြီး လာရောက်ဖူးမြော် မည့်ဧည့်များကိုလည်းထပ်မံ မလွှတ် စေရန် အကြောင်း ကြား ထားခဲ့ရ ကြောင်း ယင်းဂေါပကများ ထံမှသိရ သည်။ မြစ်ရေကြီးချိန် နှင့် လပြည့်၊ လကွယ်ရက်များတွင် တွင်ယင်းကျိုက် မှော်ဝန်းရေ လယ်စေတီတော်သို့ ရေများ တက်သော် လည်း ယခုကဲ့သို့ရေ ပြင်တော် ပေါ်အထိရေလွှမ်းမိုးခြင်း များမဖြစ်ပေါ်ခဲ့ ဖူးကြောင်းသိရသည်။

ယင်းစေတီတော်သည်ပြည်တွင်း၊ ပြည်ပဘုရားဖူးဧည့်များအများဆုံးလာရောက်ဖူးမြော်ကြသည့်စေတီ တစ်ဆူဖြစ်ကြောင်း ယင်းစေတီ၏ တာဝန်ရှိသူများထံမှသိရသည်။





By YAngon Media Group

No comments:

Post a Comment